Tuesday, July 16, 2013

စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်



ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့  မွန်းလွဲ ၃ နာရီက စစ်တွေမြို့ ဝေသာလီ အားကစားကွင်းတွင် ကျင်းပ ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားသို့ ပြိုင်ပွဲဝင် ဘော်လုံး အသင်းများ၊ စစ်တွေတက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်းနှင့် အစိုးရအရာရှိများ၊ စစ်တွေတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည်။ စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ်က အဖွင့် မိန့် ခွန်းစကား ပြောကြားပြီး ဘော်လုံးပွဲကို စတင်ဖွင့်လှစ်ပေးခဲ့သည်။ ကွင်းဖွင့်ပွဲ အဖြစ် ရူပဗေဒ မေဂျာ အမျိုးသား ဘောလုံးအသင်းနှင့် ( ရုက္ခဗေဒ+သမိုင်း+စိတ်ပညာ) အမျိုးသား ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရူပဗေဒ မေဂျာဘောလုံး အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။ ဘော်လုံးပွဲစဉ်များကို နေ့စဉ် ဆက်လက် ကျင်းပသွားမည်ဟု သိရသည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- ခိုင်ထူးမြတ်)

No comments: