Friday, July 12, 2013

ရန်ကုန်-စစ်တွေလမ်း အပိုင်း(၁)တွင် ယာဉ်မတော်တဆမှုဖြစ်ပွား

ရန်ကုန်-စစ်တွေလမ်း အပိုင်း(၁)တွင် ယာဉ်မတော်တဆမှုဖြစ်ပွား

ဆောက်လုပ်ရေးဝန်ကြီးဌာန

၂၀၁၃ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့ နံနက်(၁၁း၃၀)အချိန်တွင် ယာဉ်မောင်း ဦးကျော်မျိုး မောင်းနှင်၍ ယာဉ်မောင်းအကူ ဦးဘိုကြီး လိုက်ပါလာသော ၁၄ ဘီး ကုန်တင်ယာဉ် KIA ၉ဂ/---- သည် ရန်ကုန် - စစ်တွေလမ်း အပိုင်း(၁) မိုင်တိုင်အမှတ်(၈/၆) မဲတောင်ခြေရင်းအဆင်းတွင် ဘရိတ်ပေါက်ကာ တောင် ကမ်းပါးယံ နှင့်တိုက်မိသော ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါသည် ။

အခင်းဖြစ်ပွားသောနေရာတွင်ပင် ယာဉ်မောင်းသေဆုံးခဲ့ပြီး ယာဉ်မောင်း အကူမှာ ပြင်းထန်စွာဒဏ်ရာရရှိသဖြင့် အမ်းဆေးရုံတွင် ဆေးကုသမှုခံယူ လျက်ရှိပါသည် ။
(ဤသတင်းအား Rakhine Citizen Journalists စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: