Thursday, July 18, 2013

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ဒုက္ခသည်များအတွက် ကျပ် ၄၉၄၅ သန်းအထိ နယ်စပ်ရေးရာ ၀န်ကြီးဌာန သုံးစွဲခဲ့ရ

bingalibazaar-july17
စစ်တွေမြို့ ဘင်္ဂါလီရပ်ကွက် တစ်ခုရှိ ဈေးတန်းအား ဇွန်လအတွင်းက တွေ့ရစဉ်

၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ နယ်စပ်ရေးရာ ၀န်ကြီးဌာန အနေဖြင့် ကျပ် ၆၄၉၅ ဒသမ ၄၇၈ သန်းကို ဥပဒေနှင့်အညီ ခွဲဝေသုံးစွဲခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကထံပေးပို့သည့် သ၀ဏ်လွှာအရ သိရသည်။
နယ်စပ်ရေးရာ ၀န်ကြီးဌာနသည် ရခိုင်ပြည်နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများမှ ဘင်္ဂါလီ ဒုက္ခသည် မိသားစုများအား မိုးမကျမီ အမိုးအကာအောက် ရောက်ရှိစေရန်အတွက် သီးသန့်ရန်ပုံငွေမှ ကျပ် ၄၉၄၅ သန်း အကုန်အကျခံ သုံးစွဲခဲ့ရကြောင်း သိရသည်။
စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်တို့တွင် ရှစ်ခန်းတွဲတန်းလျား ၉၈၉ လုံး ဆောက်လုပ်ခြင်းအတွက် သုံးစွဲခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ သီးသန့်ရန်ပုံငွေမှ ဥပဒေနှင့်အညီ ခွဲဝေသုံးစွဲခဲ့ရသည့် ရန်ပုံငွေပမာဏ စုစုပေါင်း ကျပ် ၆၄၉၅ ဒသမ ၄၇၈ သန်း (ကျပ် ၆ ဒသမ ၄၉၅ ဘီလျံကျော်) ထဲမှ ဘင်္ဂါလီ ဒုက္ခသည်များအတွက် သုံးစွဲရသည့် ပမာဏမှာ အများဆုံးဖြစ် . . . . .
ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လယ်/ဆည် ၀န်ကြီးဌာန၊ မွေး/ရေ ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနှင့် ကျန်းမာရေး ၀န်ကြီးဌာနတို့မှ ဆောင်ရွက်ခြင်းအတွက် ကျပ် ၁၅၅၀ ဒသမ ၄၇၈ သန်းကို ခွဲဝေသုံးစွဲခဲ့ကြောင်း သိရသည်။
ထို့အတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ သီးသန့်ရန်ပုံငွေမှ ဥပဒေနှင့်အညီ ခွဲဝေသုံးစွဲခဲ့ရသည့် ရန်ပုံငွေပမာဏ စုစုပေါင်း ကျပ် ၆၄၉၅ ဒသမ ၄၇၈ သန်း (ကျပ် ၆ ဒသမ ၄၉၅ ဘီလျံကျော်) ထဲမှ ဘင်္ဂါလီ ဒုက္ခသည်များအတွက် သုံးစွဲရသည့် ပမာဏမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
ထိုသို့ သုံးစွဲခဲ့ရသည့်အပေါ် နိုင်ငံတော် သမ္မတရုံးမှ ဇူလိုင် ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အထက်ပါ သ၀ဏ်လွှာအား ပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယကက ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group- www.first-11.com)

No comments: