Monday, August 19, 2013

စစ်တွေတွင် ကိုးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး

 ရေနစ်သည့် ကန်
ရေနစ်သည့်ကန် (ဓာတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကိုးတန်းကျောင်းသား တစ်ဦး ယနေ့ သြဂတ်စ်လ ၁၈ ရက်နေ့တွင် ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ရေနစ် သေဆုံးသွားသူမှာ စစ်တွေမြို့ ဓည၀တီ (က) ရပ်ကွက်မှ မောင်သန်းဌေးဝင်း အသက် (၁၄) နှစ် ဖြစ်ပြီး အထက (၁) မှ ကိုးတန်းကျောင်းသား တစ်ဦး ဖြစ်သည်။

မောင်သန်းဌေးဝင်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် လောကာနန္ဒာ စေတီဘေးရှိ ရေကန်တွင် ရေဆင်းကူးနေစဉ် ရေနစ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သူ၏ အလောင်းအား နံနက် ၁၁ နာရီခွဲတွင် ရေထဲမှ ပြန်လည် ဆယ်ယူ ရရှိခဲ့သည်။

အလောင်းကို ရှာဖွေနေကြစဉ်။
အလောင်းကို ရှာဖွေနေကြစဉ်


မိသားစုများအပြောအရ၀ိုင်းကျူရှင်တက်ပြီးတစ်ယောက်တည်းအပြန် ရေကန်တွင် ရေနစ် သေဆုံးသွားခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

အနီးအနားရပ်ကွက်ရှိ ဒေသခံ ပြည်သူများအပြောအရအဆိုပါ ရေကန်တွင် နှစ်စဉ်တစ်ဦးစ၊ နှစ်ဦးစ သေဆုံး နေဖြင့် အဆိုပါ ရေကန်တွင် ရေကူးခွင့်ကို သက်ဆိုင်ရာ ပိတ်ပင်ထားရန် လိုလားနေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: