Monday, August 19, 2013

မြန်မာ နယ်ခြားစောင့်တပ်နှင့် RSO တို့ တိုက်ပွဲဖြစ်ပွား

 
ဘင်္ဂလား မြန်မာနယ်စပ် တွင် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က RSO အဖွဲ့နှင့် မြန်မာနယ်ခြားစောင့် တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှာ မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် မိုင်တိုင်အမှတ် ၅၄ နှင့် ၅၅ အနီး မြန်မာဘက် အမှတ် (၁) နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလီသတင်းစာ samakal.net (ချောမော့ကာလ်) သတင်းစာတွင် ဖော်ပြသည်။

တိုက်ပွဲမှာ ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ ကြားသားပတေးနေ့ နေ့လည်ပိုင်းအထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်း တွင် ရေးသားသည်။

နတ်ကျောက်ဆိုးရီးမြို့နယ် အုပ်ချုပ်ရေးမှူး ရော်ချီးအာဟာမတ်နှင့် ပန်းချောင်း အုပ်စု အကြီးအကဲဖြစ်သူ (ဟေရ်မာန်) မောင်နုကလည်း မြန်မာနယ်စပ်တွင် သေနတ်ပစ်ခံသံများ ညလုံးပေါက် ကြားရကြောင်း ပြောဆို သည်ဟု သတင်းတွင် ဖော်ပြသည်။

ယင်းတိုက်ပွဲတွင် အသေအပျောက်နှင့် ဒဏ်ရာရရှိသည့်အခြေအနေကို ဖော်ပြထားမှုမရှိပေ။

တိုက်ပွဲ ဖြစ်ပွားနေစဉ် နတ်ကျောက်ဆိုးရီမြို့နယ် ပန်းချောင်းဒေသခံများမှ သေနတ်ပစ်ခတ်သံများကို ညလုံး ပေါက်ကြားနေရပြီး RSO အဖွဲ့တွင် အာဖဂန်အခြေစိုက် အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင် တချို့ပါဝင်ကြောင်း သတင်းတွင် ရေးသားဖေါ်ပြသည်။

RSO ( Rohingya Solidarity Organization) အဖွဲ့မှာ နတ်ကျောက်ဆိုးရီမြို့နယ် ၀ါချာ့ခါလီချောင်းအ၀တွင် သင်တန်းစခန်းတစ်ခု ဖွင့်လှစ်ထားပြီး လူပေါင်း ၁၅၀ ခန့်ရှိကြောင်းလည်း ရေးသားဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး နတ်ကျောက်ဆိုးရီးမြို့မှ ရဲအရာရှိ ကာမရူးလ်ဟာဆန်းက ဘင်္ဂလားနယ်စပ် တွင် တစုံတရာဖြစ်ပွားမှုမရှိသော်လည်း မြန်မာနယ်စပ်တွင် ပစ်ခတ်သံများကြားရကြောင်း အထက်အရာ ရှိဖြစ်သူ မိုဟာမတ် ရော်ဖိရ်ကို သတင်းပို့ခဲ့ကြောင်း သတင်းက ဆိုသည်။

နတ်ကျောက်ဆိုးရီအခြေစိုက် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိ တစ်ဦးကလည်း သေနတ်ပစ်ခံများကြားရကြောင်း အတည်ပြု ပြောကြားကြောင်း သတင်းတွင် ဖော်ပြသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: