Wednesday, September 11, 2013

ဝန်ကြီး ဦးအောင်မင်းနှင့် ALP, WLB ခေါင်းဆောင်များ တွေ့ဆုံ

wlb-305
ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတင်းစာရှင်းလင်းပွဲ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်ဲး့ အဖွဲ့ဟာ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ WLB အမျိုးသမီးများအဖွဲ့ချူပ်( မြန်မာနိုင်ငံ)အဖွဲ့က ခေါင်းဆောင်တွေနဲ့ဒီနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီအဖွဲ့ဟာ ၂၁၂ ခုနှစ် ဧပြီလကတည်းက စစ်တွေ့မြို့မှာ  ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အစိုးရနဲ့ လေး ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပြီးဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်အထိ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးအပါအင် ALP ပါတီက တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ သဘောတူညီမှုမရရှိသေးဘူးလို့ ALP ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် က ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ALP ပါတီက  ဒုတိယ ဥက္ကဌ ဦးခိုင်စိုးနိုင်အောင်၊ အလုပ်အမှုဆောင်အဖွဲ့ င် ဒေါ်စောမြရာဇာလင်ဲး့ ရုံးအဖွဲ့င် ခိုင်ရဲလင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အလားတူ ချင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့ပါင်ဖွဲ့စည်းထားတဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုဦးဆောင်တဲ့ အဖွဲ့င် ၅ ဦးဟာလည်း န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အခုလ၂ ရက်နေ့ ရန်ကုန်မြို့မှာကျင်းပဖို့ ရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများဖိုရမ် အစည်းအေး ကျင်းပရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။
အဓိကကတော့ ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံနဲ့ ပြီးတော့အထဲမှာရှိတဲ့ အမျိုးသမီးအဖွဲ့များကွန်ရက် မြန်မာနိုင်ငံတို့က ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံ အမျိုးသမီးများ ဖိုရမ်တစ်ခုကို စက်တင်ဘာလ ၂ဝ၊ ၂၁၊ ၂၂ မှာ ပြုလုပ်သွားဖို့ရှိတယ်လေ၊ ဒါကပထမဆုံးအကြိမ် ကျမတို့အသီးသီးသော အမျိုးသမီးတွေ နယ်စပ်တစ်လျှောက်မှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေ၊ ပြည်နယ်တွေက အမျိုးသမီးတွေပါမယ်၊ နောက်မြို့ပြတွေက အမျိုးသမီးတွေပေါ့နော်၊ အဖွဲ့အစည်းပေါင်းစုံ၊ တသီးပုဂ္ဂလ၊ အထင်ကရ အမျိုးသမီးတွေ၊ နောက်လွှတ်တော်ထဲက အမျိုးသမီးတွေ အပါအဝင်ပေါ့၊ ပထမဆုံးအကြိမ်ပြုလုပ်မယ့် ဖိုရမ်လေးတစ်ခုလုပ်နိုင်ဖို့အတွက်ကို လုံခြုံရေးပိုင်းဆိုင်ရာအရရော၊ ကျမတို့ ခရီးသွားနိုင်ဖို့အတွက်ကအစ ဝိုင်းပြီးတော့မှ ကူညီပံ့ပိုးပေးဖို့ သွားဆွေးနွေးတာဖြစ်တယ်”
အမျိုးသမီးအဖွဲ့က တင်ပြမှုတွေကို န်ကြီး ဦးအောင်မင်ဲး့အဖွဲ့ကခွင့်ပြုပြီး တရားင်ကူညီဆောင်ရွက်ပေးသွားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။ န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အဖွဲ့င် ၁၃ ယောက်ဟာ ဒီနေ့ညနေ ၄ နာရီလောက်မှာ ချင်းမိုင်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

No comments: