ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ (၁၈)အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ပြောင်းလဲပြင်ဆင်ရန်နှင့် အဆိုပါ ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲဆိုပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသူအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် စက်တင်ဘာလ ၂၀ ရက်နေ့က ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)မှ ထုတ်ပြန်ချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
မဒေးကျွန်းဒေသခံများမှ ရွာလေးရွာပေါင်းပြီး လူပေါင်း ၄၀၀ ခန့်က CNPC ကုမ္ပဏီကို ဧပြီလ ၁၈ ရက်နေ့တွင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။မဒေးကျွန်းဒေသခံများမှ ရွာလေးရွာပေါင်းပြီး လူပေါင်း ၄၀၀ ခန့်က CNPC ကုမ္ပဏီကို ဧပြီလ ၁၈ ရက်နေ့တွင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
စက်တင်ဘာလ (၁၃) ရက်၊ ၂၀၁၃ ခုနှစ်၊ သောကြာနေ့ မွန်းလွဲ (၁း၃၀) နာရီ၌ တောင်ကုတ်မြို့နယ် တရားရုံးမှ " မြန်မာနိုင်ငံသား မဟုတ်သူ ဘင်္ဂလီလူမျိုးများအား တူရကီနိုင်ငံမှ နေအိမ်ဆောက်လုပ်ပေးခွင့်အပေါ် " ကန့်ကွက် ဆန္ဒထုတ်ပေါ်ခဲ့သော တောင်ကုတ် ရခိုင်လူမှုကွန်ရက်မှ ခေါင်းဆောင် (၃) ဦးအား ပုဒ်မ (၁၈)ဖြင့် တရားစွဲဆို ထောင်ဒဏ် (၃)လ ဖြစ်ဒဏ် ချမှတ်ခဲ့သည်။
မကြာသေးမီကလည်း ကျောက်တော်မြို့မှ ဘင်္ဂလီ ဒုက္ခသည်များကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေရ မစစ်ဆေးဘဲ လုံချင်း အိမ်ဆောက်ပေးမည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့ကြသည့် ဒေါ်လှမေ၊ ဒေါ်တင်တင်အေး၊ ဦးမောင်ဝင်းနှင့် ဦးသိန်းလှိုင်တို့ကိုလည်း ကျောက်တော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့သည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဒေသခံ ၅၀၀ ခန့်သည် ကျွန်းပေါ်တွင် လုပ်ကိုင်နေသော ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် ထိခိုက်နစ်နာမူများ ရှိနေသဖြင့် တရုတ်ကုမ္ပဏီ CNPC ကို ယခုနှစ် ဧပြီလ ၁၈ ရက်နေ့က ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြပြီး ၄င်းအထဲက ခေါင်းဆောင် ၁၀ ဦးကို ခွင့်ပြုချက်မရရှိဘဲ ဆန္ဒထုတ်ဖော်သည်ဟုဆိုကာ စီတန်းလှည့်လည်မူဆိုင်ရာ ဥပဒေပုဒ်မ (၁၈)အရ ကျောက်ဖြူမြို့နယ် ရဲစခန်းမှ တရားစွဲဆိုထားသည်။
ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)မှ အဆိုပါကိစ္စနှင့် ပတ်သက်၍ အချက် (၅)ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
၁။ ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းနေသော ယနေ့အချိန်ကာလ၌ ပြည်သူလူထု၏ သဘောထားဆန္ဒများကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ အလေးထားရန် လိုအပ်သည်။
၂။ ပြည်သူလူထု၏ သဘောထားဆန္ဒထုတ်ဖော်ခွင့်ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်သည်။
၃။ မြန်မာနိုင်ငံသားမဟုတ်သူ ဘင်္ဂလီလူမျိုးများအား နေအိမ်ဆောက်လုပ်ပေးခြင်းအပေါ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ကန့်ကွက်ခြင်းကြောင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးစသည့် အရေးသုံးပါးကို ထိခိုက်ပျက်စီးစေခြင်း လုံးဝမရှိဟူ၍ လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံသားတိုင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် တာဝန်ရှိသည်ဟူ၍ လည်းကောင်း ကျွန်ုပ်တို့ ခံယူထားသည်။
၎။ ယခုကဲ့သို့ ပြစ်ဒဏ်ချက်မှတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြဋ္ဌာန်းထားသော နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကိုလည်းကောင်း ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနေသော အစိုးရအပေါ်ပြည်သူလူထု၏ ယုံကြည်လေးစားမှုကို လည်းကောင်း နည်းဥပဒေ ပုဒ်မ (၁၈)က တားဆီးနေခြင်းဖြစ်သည်။
၅။ သို့ဖြစ်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ (၁၈)အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီပြောင်းလဲပြင်ဆင်ရန်နှင့် အဆိုပါ ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲဆို ပြစ်ဒဏ်ချက်မှတ်ခြင်း ခံထားရသူအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် ကျွန်ုပ်တို့ အလေးအနက် တောင်းဆိုလိုက်သည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အရေးယူရာမှာ အသုံးပြုသော စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ - ၁၈ကို ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့မှာ သြဂုတ်လ ၂၇ ရက်နေ့က လူငယ်များ ခေါင်းဆောင်ပြီး ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဒီဆန္ဒပြပွဲမှာ ပုဒ်မ ၁၈ နှင့် အရေးယူခံထားရသူများ၊ generation youth နှင့် genraation wave အဖွဲ့များက လူငယ်များအပါအ၀င် ဆန္ဒပြသမား ၄၀ လောက်သည် ယင်းနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မြေနီကုန်းကနေ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး မဟာဗန္ဒလပန်းခြံအထိ ပိုစတာများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။