Thursday, September 26, 2013

ဦးရွှေမန်းနှင့်တွေ့ရန် အသင်းအဖွဲ့ (၁၄) ခုမှ တောင်ကုတ်ကိုယ်စားလှယ် (၃) ဦးကို ရွေးချယ်

taungup-meeting
အသင်းအဖွဲ့ ၁၄ ခုမှ ကိုယ်စားလှယ် ၆၀ ခန့်က ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် တွေ့ဆုံရန် တောင်ကုတ်မြို့နယ် ကိုယ်စားလှယ် (၃) ဦးကို မဲစနဖြင့် ရွှေးချယ်လိုက်သည်ဟု သိရသည်။

ရွှေးချယ်ခံရသူ (၃) ဦးမှာ ဦးဇေယျကျော်- ရခိုင်လူမူကွန်ယက် (၅၁) မဲ၊ ဦးမင်းအောင်- NLD (၃၈) မဲနှင့် ဦးမြင့်ဆွေမောင်- ရခိုင်လူမူကွန်ယက် (၂၀) မဲတို့ ဖြစ်ကြသည်။

၎င်းရွှေးချယ်ပွဲကို တောင်ကုတ်မြို့ အမ္ဗရာမ ကျောင်းတိုက်တွင် စက်တင်္ဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် တောင်ကုတ်မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများကို ဆွေးနွေးသွားမည်ဟု သိရသည်။
Taungup-list
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: