Monday, September 9, 2013

ထိုင်းနိုင်ငံ မဲဆောက်မြို့ အုန်းပြန့်ဒုက္ခသည်စခန်းမှ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား

 
ထိုင်းနိုင်ငံ မဲဆောက်မြို့ အုန်းပြန့်ဒုက္ခသည်စခန်း ရပ်ကွက် (၁)တွင် ရခိုင်စေတနာ့ ဝန်ထမ်းလူမှု ကူညီရေးအသင်းရုံး၌ ၇၄ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို နံနက် ၉ နာရီကစပြီး နေ့လယ် ၁၂ နာရီတွင်ပြီးဆုံးခဲ့ပြီး အဆိုပါအခမ်းအနားကို ရခိုင်စေတနာ့ ဝန်ထမ်းလူမှုကူညီရေးအသင်း (ဒုက္ခသည်စခန်း)မှ ဦးဆောင်ကာ ၄င်းအခမ်းအနားသို့ ဒုက္ခသည်စခန်းရှိ ကရင်အဖွဲ့စည်း၊ ကရင်အမျိုးသမီးများအဖွဲ့၊ စခန်းအုပ်ချုပ်ရေးမှူး၊ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးနှင့် ရခိုင်တိုင်းရင်းသားများတို့ တက်ရောက် ဂါရ၀ါပြုခဲ့ကြပြီး လူမှုကူညီရေးအသင်းမှာ တာဝန်ရှိပုဂ္ဂိုလ်များမှ ဦးဥတ္တမ၏ မြန်မာ့သမိုင်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော အကြောင်းအရာနှင့် အတ္ထုပတ္တိ အကြောင်းကိုတို့ ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ တက်ရောက်လာသော ဧည့်တော်များကိုလည်း ရခိုင့်အစားအစာများဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။
(ဤသတင်းအား Arakan Time ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

No comments: