Friday, December 13, 2013

မြောက်ဦးမြို့နယ်မှ ရွာသားအချို့ အကြမ်းဖက်တိုက်ခိုက်မူနှင့် ဆက်စပ်၍ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရ

Sittwe Jail
၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ဒုတိယ အကြိမ်ဖြစ်ပွားခဲ့သည့် ရခိုင် ပဋိပက္ခနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ မြောက်ဦးမြို့နယ်သား အချို့ကို ယနေ့တွင် စစ်တွေခရိုင် တရားရုံးမှ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု သိရသည်။
မြောက်ဦးမြို့နယ် ယိုင်သည် မူဆလင်ရွာ တိုက်ခိုက်မူနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ရခိုင် အမျိုးသား  ၈ ဦးရှိပြီး ထိုအထဲမှ  ၅ ဦးကို တရားသေလွတ်ကာ ကျန် ၃ ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သူတို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန်က ပြောသည်။
“ယိုင်သည်ရွာ အရေးကိစ္စနဲ့ပတ်သက်ပြီး ဇော်မိုးထွန်းပါ ၇ ဦးကို လူသတ်မှုနဲ့ တရားစွဲတယ်။ နောက်ထပ် ဇော်မိုးထွန်းပါ ၈ ဦးကို မီးရှို့မှုနဲ့ တစ်မှု ထပ်စွဲတယ်။ နှစ်မှုစီ ခွဲပြီး စွဲတယ်။ စစ်တွေခရိုင် တရားရုံးက ဒီကနေ့ အမူကို စီရင်ချက်ချတော့ ၅ ဦးကို တရားသေလွှတ်ပေးလိုက်တယ်။ ကျန် ၃ ဦးက ထောင်ချခံရတယ်” ဟု ယင်းက ဆိုသည်။
နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသူများမှာ မြောက်ဦးမြို့နယ် သံရှည်ပြင်ကျေးရွာမှ  မောင်သိန်းနဲ့ မောင်ကျော်လှိုင်တို့ ဖြစ်ပြီး သူတို့ (၂) ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု ဆိုသည်။
မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှ ကိုစောဖြူကို ပုဒ်မ ၁၄၇ အရ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်သည်ဟု သိရသည်။
တရားသေလွှတ်ပေးလိုက်သူများမှာ ဇော်မိုးထွန်း၊ ညီပုခေါ် ဇော်မင်းနိုင်၊ ဦးတင်လှ၊ ဦးအောင်ကျော်စိန်၊ ဦပြေသိန်းအောင်တို့ ဖြစ်ကြသည်။
သူတို့ ၈ ဦးကို စစ်တွေခရိုင် တရားရုံးမှ ယနေ့ (ဒီဇင်ဘာလ ၉ ရက်) ညနေ ၃ နာရီခန့်တွင် စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ် ယိုင်သည်ရွာအကြမ်းဖက် ပဋိပက္ခတွင် လူပေါင်း ၅၀ ကျော်သေဆုံးခဲ့ရသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: