Friday, December 6, 2013

မြန်မာ၊ အိန္ဒိယကုလားတန်မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ နောက်ကွယ်မှာ

မြန်မာ၊ အိန္ဒိယကုလားတန်မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေး
စီမံကိန်း၏ နောက်ကွယ်မှာ
==================================
ဦးကျော်ဧ

၆၊ ဒီဇင်ဘာလ။ ၂၀၁၃။ Coral Arakan News [ ဆောင်းပါး]

မြန်မာနိုင်ငံအစိုးရနှင့်အိန္ဒိယအစိုးရတို့၏ နှစ်နိုင်ငံသဘောတူညီချက်ဖြင်ကုလားတန် မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါသည်။၂၀၁၀ ခုနှစ်၊ စက်တင်ဘာလတွင် အဆိုပါစီမံကိန်းကို စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇွန်လကုန်တွင် အပြီးဆောင်ရွက်ရန် သတ်မှတ် ထားကြောင်း သိရပါသည်။စီမံကိန်းလုပ်ငန်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၇၆)သန်း ကုန်ကျမည်ဖြစ်ပါသည်။

စီမံကိန်းနှင့်ပတ်သက်၍အဓိကကျသောပင်လယ်ထွက်ပေါက်"ဆိုသည့် ဝေါဟာရအပေါ်အတိတ်က ဖြစ်ပေါ်ခဲ့ဖူးသောသမိုင်းကြောင်းဆိုင်ရာအချက်အလက်အချို့ကိုလက်လှမ်းမီသမျှတင်ပြလိုပါသည်။
စီမံကိန်း၏အချက်အချာကျသော လမ်းကြောင်းပေါ်တွင် တည်ရှိသည့် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်နှင့်ယင်းပြည်နယ်အတွင်းနေထိုင်ကြသောအိန္ဒိယခွဲထွက်ရေးသမားမီဇိုလူမျိုးတို့၏တစ်ချိန်ကချမှတ်အကောင်အထည်ဖေါ်ခဲ့ကြသောမဟာဗျူဟာရည်မှန်းချက်များသည်ယနေ့အိန္ဒိယအစိုးရမှလက်တွေ့အကောင်အထည် ဖေါ်နေသောလုပ်ငန်းနှင့်တစ်ထပ်တည်းကျနေ၍ ဖြစ်ပါသည်။

၁၉၅၉ ခုနှစ်တွင် အိန္ဒိယအရှေ့မြောက်ဒေသဖြစ်သော မီဇိုရမ်ပြည်နယ်တွင်ရိက္ခာရှားပါးမှုပြဿနာဖြစ်ပေါ်ခဲ့ရာအာသံအာဏာပိုင်များ၏ လစ်လျူရှုမှုကို ခံခဲ့ကြရသော ဒေသခံ မီဇိုများမှာ အထူးတလည် မကျေမနပ်မှုများဖြစ်ပေါ်ခဲ့ပါသည်။ဤမကျေနပ်မှုကို အကြောင်း ပြု၍ အိန္ဒိယစစ်တပ်မှစာရေးလာဒန်လားဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့တစ်ခုပေါ် ပေါက်လာပြီးနောက် အိန္ဒိယခွဲထွက်ရေး မီဇိုသူပုန်အဖြစ် ကူးပြောင်းရောက်ရှိလာခဲ့ပါသည်။ ၄င်းအဖွဲ့သို့ ၁၉၆၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချင်းပြည်နယ်မှ လူရှိုင်းအမျိုးသားများသည် လည်း မီဇိုဟုခံယူပြီး ပူးပေါင်းကာ မီဇိုနယ်ရှင်နယ်တပ်ဦးဖွဲ့စည်း၍ လွတ်လပ်ရေးတောင်းဆို တိုက်ပွဲဝင်လာခဲ့ပါသည်။

၁၉၆၈ ခုနှစ် မေလတွင် ချင်းပြည်နယ်မှ တီးတိန်နှင့်ဖလမ်းမြို့တို့ကို ၀င်ရောက်သိမ်းပိုက်နိုင်သည်ထိအင်အားတောင့်တင်းခဲ့ပါသည်။မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့၏ ပူးတွဲ စစ်ဆင်မှုများကြောင့် ၄င်းတို့၏အခိုင်အမာတပ်စခန်းကိုအရှေ့ပါကိစ္စတန်နိုင်ငံစစ်တကောင်းတောင်တန်းဒေသတွင်အခြေချ၍စစ်ရေးလှုပ်ရှားမှုများကိုဆက်လက် ဆောင်ရွက်ခဲ့ကြပါသည်။

၁၉၇၁ ခုနှစ်တွင် အရှေ့ပါကိစ္စတန်၌ ရှိက်မူဂျီဘူရာမန်ဦးဆောင်သော တော်လှန်ရေးသမားများသည်လွတ်လပ်ရေတိုက်ပွဲတစ်ရပ်ဆင်နွဲကာ ပါကိစ္စတန်နိုင်ငံမှ ခွဲထွက်ရေး စစ်ပွဲကိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြပါသည်။အဆိုပါစစ်ပွဲတွင် အိန္ဒိယအစိုးရသည် တော်လှန် ရေးသမားလွတ်လပ်ရေးတောင်းဆိုသူများဖက်မှ ၀င်ရောက်တိုက်ပေးခဲ့သဖြင့် အရှေ့ ပါကိစ္စတန်သည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံအဖြစ် ပေါ်ပေါက်ခဲ့ပါသည်။မြန်မာနိုင်ငံမောင်တောမြို့ နယ်သည်လည်းအရှေ့ပါကိစ္စတန်နယ်စပ်မြို့မှဘင်္ဂလားဒေ့ခ်ျနိုင်ငံနယ်စပ်မြို့အဖြစ်သို့ ရောက်ရှိလာခဲ့ပါတော့သည်။

အိန္ဒိယအစိုးရနှင့် ကလီးယားလက်နက်ပိုင်ဆိုင်ကြ သော ပြိုင်ဖက်နိုင်ငံများဖြစ်ပါသည်။လွတ်လပ်ရေးမရမီကပင် လူမျိုးရေးအရကွဲပြားမှုရှိခဲ့ သည်ကို အခြေခံ၍ လည်းကောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်းကပ်ခ်ျမီးယားဆိုင်ရာနယ်စပ်ပြဿနာများကြောင့်လည်းကောင်း နိုင်ငံရေးအရ တင်းမာ၍ ဆက်ဆံရေး ပြေလည်ကြသော နိုင်ငံများမဟုတ်ကြပါ။အိန္ဒိယခွဲထွက်ရေးမားဇိုများအားယခင်ကပါကိစ္စတန်အစိုးရမှလက်ခံထားပေးခဲ့သော နိုင်ငံမှာယခုအခါအိန္ဒိယအစိုးရသြဇာသက် ရောက်သော ဘင်္ဂလားဒေ့ခ်ျနိုင်ငံဖြစ်သွားပြီဖြစ်၍ မီဇိုများအတွက်ဆက်လက်ရပ်တည်ရန်နယ်မြေအခက်အခဲဖြစ်လာခဲ့ပါတော့သည်။

အိန္ဒိယခွဲထွက်ရေးသမားမီဇိုများသည် ကွန်မြူနစ်လမ်းစဉ်ကို လက်ခံထားကြသူများ ဖြစ်ပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ သြဇာသက်ရောက်မှုအောက်တွင် ရှိနေသူများဖြစ်ပါ သည်။၁၉၇၀ ခုနှစ်ပါ ၀န်းကျင်မတိုင်မီကပင် ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ)သည် ရခိုင် ပြည်နယ်၌ အခြေစိုက်လှုပ်ရှားလျက်ရှိနေပါသည်။၎င်းတို့သည်လည်း တရုတ်ပြည်ကွန်မြူ နစ်ပါတီ၏ ကြဇာအောက်တွင် ရှိနေသဖြင့် အချင်းချင်းဆက်သွယ်ကူညီပံ့ပို့မှုများရှိနေခဲ့ကြ ပြီးဖြစ်ရာ တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ညှိနှိုင်းစီစဉ်ပေးမှုဖြင့် မီဇိုများသည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ရောက်ရှိအခြေချလာခဲ့ကြပါသည်။

မီဇိုများသည် ရခိုင်ပြည်နယ်တွင် တပ်ရင်း(၅)ရင်းဖွဲ့စည်းပြီး တပ်ရင်း(၂)ရင်းကို ကုလားတန်မြစ်အရှေ့ဖက်ကမ်းတွင် တပ်စွဲလှုပ်ရှားပြီး တပ်ရင်း(၃)ရင်းကို ကုလားတန်မြစ် အနောက်ဖက်ကမ်းတွင် တပ်စွဲလှုပ်ရှားခဲ့ပါသည်။၎င်းတို့၏ရိက္ခာကို ဗမာပြည်ကွန်မြူနစ် ပါတီ(အလံဖြူ)မှ တာဝန်ယူပေးခဲ့ရပြီး နှစ်ဖက်တပ်ဖွဲ့အတွက် လက်နက်ခဲယမ်းများကို မီဇို များမှ ဖြည့်ဆည်းပေးခဲ့ကြပါသည်။၁၉၇၂ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ရသေ့တောင်မြို့ကို ၀င်ရောက်သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ အတော်အသင့် ထိန်းချုပ်နိုင်ခဲ့သော အနေအထားတွင် ရှိခဲ့ပါသည်။

ဒုတိယ ပိုင်းဆက်လက်ဖတ်ရှုပါ။

စီမံကိန်းရေးဆွဲစဉ်က ၂၀၁၃ ဇွန်လတွင် ပြီးစီးရန်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခ များအပြင် ဘဏ္ဍာရေးပြသနာများကြောင့်ပါ စီမံကိန်းနှောင့်နှေးရပြီး ၂၀၁၃ ဒီဇင်ဘာလထိပြီးစီးခြင်းမရှိသေးပါ။ စီမံကိန်းကို ဆောင်ရွက်နေသော ESSAR ကုမ္ပဏီ၏ ပစ္စည်းပေးသွင်းသူ လုပ်ငန်းရှင်တစ်ဦး၏ အပြောအရ နောက်တစ်နှစ်ခန့်( ၂၀၁၅) အထိပင်ကြာမြင့်နိုင်သည်ဟုသိရသည်။

အယ်ဒီတာ။ Coral Arakan News
(ဤသတင်းအား Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: