Wednesday, April 24, 2013

မဟာမုနိကုန်းတော်တွင်အသစ်တည်သောစေတီကို ဘီလူး(၄)ကောင်ဖြင့် အစောင့်အရှောက်ချထား

ရခိုင်ပြည်နယ် ကျောက်တော်မြို့ နာမည်ကြီး ရှေးဟောင်း သမိုင်းဝင်  မဟာမုနိ ဘုရား ကုန်းတော်ပေါ်တွင် အသစ်တည်ထားသော စေတီ အထက် ခေါင်းလောင်းတွင် ဘီလူး (၄) ကောင်ကို အရပ်လေးမျက်နာကို မျက်နာမူပြီး  ခြံရံ  တည်ထားကြောင်း သတင်း ရရှိသည်။
Mahamuni-temple-Arakanစေတီတော်အား မွန်ပြည်နယ်မှ ဦးမျိုးမြင့်သိန်းနှင့် မိသားစုက ကျောက်တော်မြို့နယ် သံယာနာယက ဥက္ကဌ သိန်းတန် ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ဧပြီလ ၇ ရက်နေ့က စတင် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။
စေတီတော်အား ရှေးဟောင်း သုတေသန ဌာန အပါအ၀င် ဒေသခံ လူထုအား တစ်စုံတစ်ရာ အသိမပေးဘဲ နေ့ရော ညပါ (၉) ရက်နှင့် အပြီး တည်ထားခဲ့ခြင်း ဖြစ်သဖြင့် စေတီတည်ထားမူနှင့် ပတ်သက်ပြီး ရဟန်းရှင်လူ ပြည်သူများ အကြား အမြင် အမျိုးမျိုးထွက်နေကြောင်း သိရသည်။
၎င်းပြင် ဧပြီလ ၁၉ ရက်နေ့ နံနက် ၉နာရီ အချိန်တွင် ပြုလုပ်သည့် စေတီပြီးစီးခြင်း အခမ်းအနားအနှင့် အနေကဇာ တင်ပွဲ အတွက်  ဖိတ်စာပေးရာတွင်လည်း ဖိတ်ကြားသူ၏ နာမည် မပါဝင်ဘဲ ဖိတ်ကြားခဲ့သဖြင့် လူထုအကြား သံသယကို ပိုမို တိုးပွားစေခဲ့သည်ဟု ဒေသခံ လူကြီး တစ်ဦးကဆိုသည်။
“ သိန်းတန်ဆရာတော် အရှင်ဘုရားအား ဦးထိပ်ထား  သြ၀ါဒကို ခံယူလျှက် သံသရာ ၀ဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်စေခြင်း အကျိုးဌာ ဤစေတီအား တည်ခြင်း ဖြစ်ပါသည်။ မနက်ဖြန် နံနက် (၉) နာရီ အချိန်တွင် မင်္ဂလာကိစ္စ အ၀၀များ  ပြီးပြည့်စုံခြင်း  အကျိုးဌာ အလှူဒါနကို ပြုလုပ်လိုသည် ဖြစ်သဖြင့်  မပျက်မကွက် ကြွရောက်ကြရပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။ (မဟာမုနိ ဘုရားရင်ပြင်)”
“ ဒီလောက်ဘဲ ပါရှိပါတယ်။ ဘယ်သူ ဖိတ်တယ်ဆိုတာ မပါဘူး” ဟု ဆိုသည်။
ယခုကဲ့သို့ ရှေးဟောင်း သမိုင်းဝင် မဟာမုနိ ကုန်းတော်ပေါ်တွင် မွန်ပြည်နယ်မှ မိသားစု တစ်စုမှ စေတီ တစ်ဆူ တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး ပြည်သူလူထု အကြားတွင် မရှင်းလင်းမူများရှိနေသဖြင့် ရခိုင် သမိုင်း သုတေသီ သူမြတ်မဟာ အောင်မြေမှ စေတီတည်နေစဉ် သွားရောက် မေးမြန်း စုံစမ်းခဲ့သည်ဟု ဆိုသည်။ သူ့အား အခြေအနေကို မေးမြန်းရာ ယခုလို ရှင်းပြ ပြောဆိုသည်။
ကျွန်တော်က သူတို့ကို “ ဘာကြောင့် ဒီစေတီတော်ကို တည်ပါသလဲ” လို့ မေးပါတယ်။
သူတို့က ဘာပြန်ပြောသလဲဆိုရင် “ ဗုဒသာသနာ အဓွန့်ရှည်စေရန် အတွက် တည်တာပါ” လို့ ပြောပါတယ်။
ဆက်လက်ပြီး ကျွန်တော်က “ ဗုဒ္ဓဘာသာ  အဓွန့်ရှည်စေဖို့  တည်တယ် ဆိုရင် ဒီမှာမှ လာတည်စရာမလိုဘူး။  ကိုယ်ပြည်နယ်မှာကိုယ် တည်ရင်လည်း ရတာဘဲ။ ဘာကြောင့်  ရခိုင်ထိ လာတည်ရပါသလဲ လို့ ဆက်မေးပါတယ်။
သူတို့က ဘာပြန်ပြောသလဲ ဆိုရင် “ ကျွန်တော်တို့ တန်ခိုးကြီး ဘုရားများတွေမှာ တည်ချင်လို့ပါ” ဆိုပြီး ပြန်ဖြေတယ်။
ကျွန်တော်က “ ဒီလို တန်ခိုးကြီး ဘုရားတည်ချင်တယ်ဆိုရင် တခြားနေရာတွေမှာလည်း အများကြီးပါ။ ဘာကြောင့် ဒီဘုရားမှာမှ လာတည်ရတာလဲ” လို့ ဆက်မေးပါတယ်။
သူတို့က ဘာပြန်ပြောသလဲဆိုရင် “ ကျွန်တော်တို့ မြောက်ဦး သျှစ်သောင်း ဘုရား ပုံစံ တည်တာပါတဲ့။ သျှစ်သောင်း ဘုရားပုံပါတဲ့” လို့ ဆိုတယ်။
“ ဒါဆိုရင် ဘာကြောင့် သျှစ်သောင်း ဘုရားပုံ မတည်ဘဲနဲ့ ဘီလူးရုပ် (၄) ရုပ်ကို ဘာကြောင့် စေတီ အလယ် ပစ္စယံ ခေါင်းလောင်းမှာ ထည့်ရသလဲ” လို့ ဆက်မေးပါတယ်။
“ ရခိုင်ဟန် ဖြစ်စေချင်တဲ့ အတွက်ပါ” ဆိုပြီး သူတို့က ပြန်ဖြေပါတယ်။
ကျွန်တော်က ဆက်ပြီး “ ရခိုင်ဟန်မှာ ဘီလူးရုပ် ၄ ရုပ်ကို ထည့်တဲ့ဟန် က တစ်ခုနေရာမှာမှ မရှိဘူး”  ဆိုတော့ သူတို့ ဘာမှ မပြောတော့ပါဘူးဟု ဆိုသည်။
ထိုသို့ ပြောဆို မေးမြန်းသည်ကို ပန်းရံဆရာမှ နောက်ပိုင်းတွင် တစ်စုံတစ်ရာ ပြန်လည် ဖြေကြားနိုင်ခြင်း မရှိကြောင်း သူက ဆိုသည်။
ယခုကဲ့သို့ ရခိုင်အမျိုးသား တစ်ခုလုံး အထွတ်အမြတ် ထားရာ မဟာ မုနိ ကုန်းတော်တွင် ပြည်သူများကို တစ်စုံတစ်ရာ အသိမပေးဘဲ ယတြာလုပ်သလိုမျိုး စေတီ တစ်ဆူကို လာတည်သဖြင့် လူထု အကြားတွင် အထူး မကျေနပ်မူ တိုးပွားနေပြီး ယခုအခါ စာရေးကန့်ကွက်သွားရန် စီစဉ်နေကြသည်ဟု ဆိုသည်။
“ ကျွန်တော်တို့က ဒီကိစ္စကို လက်မှတ်တွေ စုဆောင်ပြီး ကန်းပိမ်းပုံစံမျိုး လုပ်ပြီး တောင်းဆိုသွားမယ်။ စေတီကို ပြန် ဖျက်ရေးနဲ့ ပါဝင်တဲ့သူတွေ၊ ဂေါပကတွေကို အရေးယူဖို့ တောင်းဆိုသွားမယ်။ ဒီမဟာမုနိ ကုန်းတော်က ရခိုင်တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်ဦးတစ်ယောက် မိမိသဘောနဲ့ အာဏာရှင်လို လုပ်တာကို လက်မခံနိုင်ဘူး” ဟု ဆိုသည်။
မဟာမုနိကုန်းတော်မှာ ရှေးဟောင်း သမိုင်းဝင် နေရာ ဖြစ်သဖြင့် ရှေးဟောင်း ယဉ်ကျေးမူ သုတေသန ဌာန တာဝန်ရှိသူများက စေတီတော်ကို တည်ဆောက်နေသည်ကို ရပ်တန့်ရန် ကျောက်တော်မြို့နယ် တရားသူကြီးနှင့် ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
စစ်တွေ ရဟန်းတော်များ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ဥက္ကဌ ဆရာတော် ဦးဥာဏအား အဆိုပါ စေတီသစ်နှင့် ပတ်သက်ပြီး လျှောက်ထား မေးမြန်းရာ ဆရာတော်က ယခုလို မိန့်ကြားသည်။
“ ဦးဖင်းတို့ အနေနဲ့ အဲဒီနေရာထိ  မဆန့်နိုင်ဘူး။ ဆရာတော်တွေရဲ့ လုပ်ဆောင်ချက်တွေကိုဘဲ ကြည့်နေ ရတယ်။ လူတွေကတော့ မကျေမနပ်ချက်တွေ ပေါက်ကွဲလာတာကို တွေ့နေရပါတယ်။ ဦးဇင်းတို့ စစ်ဆေးဖို့ ဆိုတာကလည်း တာဝန်ရှိတဲ့ သံဃာအဖွဲ့က ဆရာတော်တွေက ခွင့်ပြုထားတယ်လို့ သိရတယ်။ ဆရာတော် ကြီးတွေက ခွင့်ပြုထားတာကို ဦးဇင်းတို့ ၀င်ရောက် စွက်ဖက်ဖို့ မသင့်တော်ဘူး။ ခက်နေပါတယ်” ဟု ဆိုသည်။
သူမြတ်မဟာအောင်မြေမှ အဆိုစေတီ တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် သံဃာနာယက ဥက္ကဌ သိန်းတန် ဆရာတော်အား လျှောက်ထားကြည့်ရာ မိမိ၏ ခွင့်ပြုချက်နှင့် တည်ခြင်း ဖြစ်ကြောင်း၊ ရှေးဟောင်းသုတေသန ဌာနမှလည်း မိမိအား တရားစွဲဆိုထားကြောင်း၊ မိမိအနေဖြင့် တာဝန်ယူ ဖြေရှင်းသွားရန် အသင့်ရှိကြောင်း ပြောဆိုသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘုန်းတော်ကြီးကျောင်းတိုက်ခိုက်မှုနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေ့ခ်ျတွင် လူ(၄)ဦးကို ရဲက ဖမ်းဆီး

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ တိုက်ခိုက်မူနှင့် ဆက်စပ်ပြီး လူ (၄) ဦးကို ဘင်္ဂလာဒေခ်ျ့ရဲက ဖမ်းဆီးလိုက်သည်။
( ဘင်္ဂလာဒေခ်ျ့မှ ရဟန်းတော်များ)
( ဘင်္ဂလာဒေခ်ျ့မှ ရဟန်းတော်များ)
စစ်တကောင်း ခရိုင် Boalkhali မြို့ရဲစခန်းမှူး Jahirul Hoque Sabuj မှ ဖမ်းဆီးသူများထဲမှ သုံးဦးကို တနင်္လာနေ့က ဖမ်းဆီးပြီး ကျန် တစ်ဦးကို အင်္ဂါနေ့က ဖမ်းဆီးလိုက်ကြောင်းနှင့် ယခုအခါ သူတို့ကို စစ်ဆေးမေးမြန်းနေကြောင်း သတင်းထောက်များသို့ ပြောကြားသည်။
သို့သော်လည်း သဲလွန်စနှင့် အထောက်အထားများကို မရရှိသေးကြောင်း၊ တခြား သင်္ကာ မကင်းသူများကို လိုက်လံ ရှာဖွေ ဖေါ်ထုတ်နေဆဲ ဖြစ်ကြောင်း ပြောသည်။
အမည်မသိသူများသည် တနင်္လာနေ့ နံနက် အစောကြီး ၃ နာရီခန့်တွင် ဘောလ်ခါလီ မြို့ စကြာင်္မုနိ ဘုန်းတော်ကြီးကျောင်းအား ကျူးကျော် ၀င်ရောက်ပြီး ဘုရားရှိခိုးခန်းရှိ ဘုရားများကို ဖျက်ဆီးခြင်း၊ ဘုရား ဆင်းထုငယ်များကို လုယူခြင်းနှင့် အလှူခံ သေတ္တာထဲမှ တာကာ ၅၀၀၀ ကို ယူဆောင်သွားခြင်း တို့ကို ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါနေ့ နေ့လည်ပိုင်း သုံးနာရီခန့်တွင် တခြား အနီးအနား မြို့နယ် တစ်ခု ဖြစ်သော ပိုတီယာမှ ဘုန်းတော်ကြီးကျောင်းနှင့် ဗုဒ္ဓဘာသာ မိဘမဲ့ ဂေဟာ တစ်ခုအားလည်း အမည်မသိသူများမှ  မီးရှို့ တိုက်ခိုက် သွားခဲ့သည်။
ကျောင်းထိုင်ဆရာတော်များမှ ယခု တိုက်ခိုက်မူများမှာ အစီအစဉ်ရှိရှိ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း  မိမိတို့မှာ တိုက်ခိုက်သူများကို မသိရှိကြောင်း၊ မိမိတို့မှာ ငြိမ်းငြိမ်းချမ်းချမ်း နှင့် လုံလုံခြုံ နေထိုင်လိုပါကြောင်း ပြောဆိုသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပြည်တွင်းတိုင်းရင်းသားအဖွဲ့များနှင့် ပြည်ပတိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့တို့ ရန်ကုန်၌ တွေ့ဆုံဆွေးနွေး

ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းများ ကိုယ်စားပြုသည့် " တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ (Working Group for Ethnic Coordination-WGEC) " မှ ကိုယ်စားလှယ်တို့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမတွင် ဧပြီလ၂၁ - ၂၂ နေ့များက တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းပြည်ပ တိုင်းရင်းသားခေါင်းဆောင်များ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမတွင် ကျင်းပနေစဉ်။ပြည်တွင်းပြည်ပ တိုင်းရင်းသားခေါင်းဆောင်များ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမတွင် ကျင်းပနေစဉ်။
WGEC မှာ ပြည်ပအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ အဖွဲ့အစည်းများပါဝင်ပြီး၊ ရခိုင်လွတ်မြောက် ရေးပါတီ(ALP)မှ ဒေါ်စောမြရာဇာလင်းနှင့် ချင်းအမျိုးသားတပ်ဦး (CNF)မှ ဒေါက်တာရွှေခါးတို့က ယခုဆွေးနွေးပွဲ WGEC ကိုယ်စားလှယ်များအဖြစ် လာရောက်ကြ ခြင်းဖြစ်သည်။
ဧပြီ ၂၂ ရက်နေ့ တွေ့ဆုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက " ဒီဆွေးနွေးပွဲမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်နိုင်ငံရေးပါတီ ၁၂ ခုက လူ ၅၀ လောက်တက်ရောက်ကြတယ်။ အဓိကအားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် သူတို့မှာ ချမှတ်ထားတဲ့ မူဘောင်အချက်အလက်တွေကို ချပြဆွေးနွေးသွားတာပါ။ အဲဒီမှာ သူတို့ရဲ့ တိုင်ရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် ၆ ချက်၊ ကျယ်ပြန့်သော ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (ပြည်ထောင်စုမြန်မာနိုင်ငံ) သဘောထားမူကြမ်းဆိုတာကို ချပြခဲ့တယ်။ " ဟု ဆိုသည်။
ဧပြီ ၂၁ ရက်နေ့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အတွင်းရေးမှူး ဦးမျိုးကျော်က " သူတို့က
ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိအဖွဲ့(UNA) ခေါင်းဆောင် တွေနဲ့ တော်ဝင်နှင်းဆီခန်းမမှာ တွေ့ဆုံခဲ့တာပါ။ UNA အဖွဲ့ဝင် ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဓိကကတော့ အစိုးရနဲ့ သူတို့ဆွေးနွေးဖို့ပြင်နေတယ်။ အဲဒီမှာ သူတို့တင်ပြမယ့် အချက်တွေကို ပြည်တွင်း တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေကို လာချပြတာပါ။ သူတို့ရဲ့တင်ပြမှုကို အားကောင်းစေလိုတဲ့သဘောမျိုး ထင်တယ်။ တထိုင်တည်းနဲ့တော့ ဒီကလူတွေ တုန့်ပြန်ဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့် နောက်တော့မှ အကြံပြုရမှာပေါ့။ အဲဒီမှာ ပင်လုံညီလာခံလို တိုင်းရင်းသားညီလာခံ ခေါ်ယူရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကိုလည်း ဆွေးနွေးဖြစ်တယ်။ " ဟု ဆိုသည်။
" ငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးပွဲတွေဖြစ်လာရင် ဘာတွေကိုဆွေးနွေးမယ်။ တိုင်းရင်းသား ပေါင်းစုံပါတဲ့ ဆွေးနွေးပွဲ ကိုဘယ်မှာလုပ်မယ်။ ဘယ်လိုအဖွဲ့အစည်းတွေပါမယ်။ အရင်က မတရားအသင်းကြေညာခံထားရတဲ့ အဖွဲ့တွေပါလာရင် အစိုးရအနေနဲ့ဘယ်လို သဘောထားမလဲ။ ၁၇(၁)နဲ့ အရေးယူမလား။ အစိုးရက သူတို့လုပ်ချင်ရင် ဥပဒေကိုဘေးဖယ် လက်နက်ကိုင်တွေနဲ့တွေ့တယ်။ ဖမ်းချင်ရင် မတရားအသင်းနဲ့တွေ့တယ် ဆိုပြီးဖမ်းတယ်။ အခုကိစ္စ ဘယ်သူတာဝန်ယူမလဲ။ ဒါတွေကိုဆွေးနွေးဖြစ်တယ်။ ဒါက တိုင်းရင်းသားပါတီတွေ အဆင့်ပဲရှိသေးတယ်။ ဗမာပါတီတွေ မပါသေးဘူး။ ငြိမ်းချမ်းရေးအတွက် ကြိုးစားတာကို ၀မ်းသာတယ်။ ဖြစ်မြောက်အောင် လုပ်ကြပါလို့ ဒါပဲပြောချင်တယ်။ " ဟု UNA ခေါင်းဆောင်တဦးဖြစ်သူ မွန်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ငွေသိန်းက ရှင်းပြသည်။
နောက်တစ်ကြိမ် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို လာမည့်ဧပြီ ၂၉၊ ၃၀ နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ကျင်းပမည့်နေရာ အတိအကျကိုမူ မသတ်မှတ်ရသေးကြောင်း ၄င်းက ဆိုသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိအဖွဲ့မှာ စစ်အစိုးရ လက်ထက်က တိုင်းရင်းသားများအရေးကို ဆောင်ရွက်နိုင်ရန် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် တိုင်းရင်းသားပါတီများဖြစ်ကြသည့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက် စသည့် တိုင်ရင်းသား နိုင်ငံရေးပါတီများ ပါဝင်ပေါင်းစည်းထားခြင်းဖြစ်သည်။
တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့၏ " ချပြဆွေးနွေးချက်များ" အပေါ်တွင် "မူအရ" လက်ခံကြပြီး၊ ပြန်လှန်ဆွေးနွေးရန်မှာ ပြည်တွင်း တိုင်းရင်းသား အင်အားစုများအနေဖြင့် လေ့လာသုံးသပ်မည့်အချိန် လိုအပ်နေသေးသဖြင့် နောက်ပိုင်းတွင် သဘောထား ပြန်ကြားကြမည်ဟုလည်း တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား ခေါင်းဆောင်များက တုန့်ပြန်ကြသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- ဇင်ကီး)


မတရားပြစ်ဒဏ်ခံရသည့် ရခိုင်နိုင်ငံရေးအကျဉ်းသားနှစ်ဦး ထောင်မှပြန်လွတ်

မတရားပြစ်ဒဏ် ချမှတ်ခံထားရသော ရခိုင်နိုင်ငံရေးအကျဉ်းသား ကိုရဲထက်စိုးနှင့် ကိုနိုင်စိုးတို့ နှစ်ဦးအား နိုင်ငံသမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ဧပြီလ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် အာဏာပိုင်တို့က သက်ဆိုင်ရာ အကျဉ်းထောင်များမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကိုရဲထက်စိုးနှင့် ကိုနိုင်စိုးကိုရဲထက်စိုးနှင့် ကိုနိုင်စိုး
သမ္မတ၏ ဧပြီ ၂၃ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လွှတ်ပေးလိုက်သူ အကျဉ်းသားစုစုပေါင်း ၉၃ ဦးတွင် အဆိုပါ ရခိုင်နိုင်ငံရေးအကျဉ်းသားတို့ နှစ်ဦးလည်း ပါဝင်သည်။
ပြန်လည် လွတ်မြောက်ခြင်းနှင့် ပတ်သက်၍ ကိုရဲထက်စိုးက " ကျနော်ကအင်းစိန်ထောင်က လွတ်လာတာပါ။ ကိုနိုင်စိုးကတော့ ပခုက္ကူထောင်ကနေ ဒီနေ့
လွတ်လာပြီလို့သိရတယ်။ ကျနော်ကို ချထားတဲ့ ကိုးနှစ်မှာ လျှော့ရက်နဲ့ဆို ၁ နှစ်ခွဲ လောက်ထောင်ကြွေးကျန်သေးတယ်။
ထောင်ဗူးဝက ထွက်ခါနီးမှာ ၄၀၁ ကို လက်မှတ် ထိုးခဲ့ရသေးတယ်။ " ဟု ပြောသည်။
၂၀၀၉ ခုနှစ် စက်တင်ဘာတွင် နိုင်ငံရေးလှုပ်ရှားမှုကို အခြေခံ၍ ၄င်းတို့နှစ်ဦးအား မတရားဖမ်းဆီးလျက် ကိုရဲထက်စိုးကို အသင်းအဖွဲ့ပုဒ်မအရ
၃ နှစ်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေအရ ၅နှစ်နှင့် အီလက်ထရောနစ်ဥပဒေအရ ၁ နှစ် စုစုပေါင်းပြစ်ဒဏ် ၉ နှစ်၊ ကိုနိုင်စိုးကို
အသင်းအဖွဲ့ပုဒ်မအရ ၃ နှစ်၊ ပေါက်ကွဲ စေတတ်သော ပစ္စည်းများ အက်ဥပဒေအရ ၅ နှစ်ပါဝင်သည့် စုစုပေါင်းပြစ်ဒဏ် ၈ နှစ် ဖြင့်ပြစ်ဒဏ်များ
ချမှတ်ထားခဲ့ ခြင်းဖြစ်သည်။
စတင်ဖမ်းစဉ်က မြေပုံမြို့နယ်ဇာတိ ကိုရဲထက်စိုးကို ရန်ကုန်တွင်လည်းကောင်း၊စစ်တွေဇာတိ ကိုနိုင်စိုးကို စစ်တွေ၌လည်းကောင်း ဖမ်းဆီးပြီးအင်းစိန်ထောင်တွင် တိုက်ပိတ်လျက် ထောင်တွင်းတရားစီရင်ခဲ့သည်။
" ကျနော်တို့ကို အင်းစိန်ထောင်မှာ တိုက်ပိတ်ထားပြီး၊ ထောင်တွင်းမှာပဲ တရားစီရင်ခဲ့တယ်။ ကျနော့်ကိုတော့ အင်းစိန်မှာပဲ ဆက်တိုက်ချထားပေမယ့်၊
ကိုနိုင်စိုးကိုတော့ နယ်ထောင်တွေကိုပြောင်းစေတယ်။ အစောပိုင်းကာလ ထောင်အနေအထားနဲ့စာရင် လက်ရှိထောင်အနေအထားက အတော်အသင့်
ကောင်းတယ်ဆိုရမှာပေါ့ဗျာ။ ဒါပေမယ့် စိတ်မကောင်းစရာက အခု ရက်ပိုင်းအင်းစိန်ထောင်ထဲမှာ HIV နဲ့ TB ဝေဒနာရှင်တွေ ဆေးလုံးဝ ပြတ်နေတယ်ဗျ။ " ဟု ကိုရဲထက်စိုးက ဆိုသည်။
ပြင်ပအနေအထားကို ယခုမှ လေ့လာရဦးမှာ ဖြစ်ပြီး၊ မည်သည့်အနေအထား၌ ဖြစ်စေတိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် လူမှုဝန်ထမ်းလုပ်ငန်းများကို
တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။
" ကျနော်တို့ အခုမှ အပြင်ကိုရောက်လာကြတာဆိုတော့ ပြင်ပအခြေအနေတွေကို လေ့လာရအုံးမယ်။ ကျနော်တို့ ရဲဘော်
ရဲဘက်တွေနဲ့ တွေ့ကြရအုံးမယ်။ သေချာတာတခုကတော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် လူမှုရေး လုပ်ငန်းတွေကို
ဆက်လုပ်သွားဖို့ ထောင်ထဲမှာကတည်းက ဆုံးဖြတ်ထားပါတယ်။ " ဟု ဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား လူငယ်များအစည်းအရုံး (AASYC)၏ အဖွဲ့ဝင်များ အဖြစ်စွပ်စွဲလျက် ရခိုင်လူငယ် ၁၁ ဦးအား
၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးကာ ၃ နှစ်မှ ၉ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ထားခဲ့ရာတွင် ၉ ဦးအား ပြန်လွှတ်ပေးခဲ့ပြီးနောက်
ကိုရဲထက်စိုးနှင့် ကိုနိုင်စိုးတို့ နှစ်ဦးမှာ နောက်ဆုံးမှ ပြန်လွတ်လာသူများဖြစ်ကြသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)


ထောင်(၉)နှစ် ချခံထားရသူ ရခိုင်ကျောင်းသားလူငယ်အဖွဲ့ထဲမှ ကိုရဲထက်စိုး အင်းစိန်ထောင်မှ လွတ်မြောက်လာ

အမူတွဲ (၃)  ခုဖြင့် ထောင် (၉) နှစ်ထိ ချမှတ်ခံထားရသူ ရခိုင်ကျောင်းသား လူငယ် အဖွဲ့မှ ကိုရဲထက်စိုးသည် ယနေ့တွင် အင်းစိန်ထောင်ထဲမှ လွှတ်မြောက်လာခဲ့သည်။
hi-insein-jail-burma
“ လွှတ်လာတယ်ဆိုတော့ အတိုင်းအတာ တစ်ခုထိ ၀မ်းသာတာပေါ့။ ပြောစရာ စကားရှာမရအောင်ထိ ပါဘဲ” ဟု ထောင်ထဲမှ လွှတ်လာသူ ကိုရဲထက်စိုးက နိရဉ္စရာသို့ ပြောသည်။
စစ်တွေ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းပြီးထားသော ကိုရဲထက်စိုးသည် တစ်ခြား ရခိုင်လူငယ် (၁၁) ဦး နှင့် အတူ ၂၀၁၀ ခုနှစ်က အမူ (၃) ခုနှင့် တရားစွဲဆိုခံရပြီး ထောင် (၉) နှစ် ချမှတ်ခံခဲ့ရသည်။
“ ကျွန်တော်ကို အသင်းအဖွဲ့ ပုဒ်မ (၇)၊ ဖေါက်ခွဲ မူ ပုဒ်မ (၅)၊ လျှပ်စစ် ဥပဒေ ပုဒ်မ ၆ (၁) နဲ့  ထောင်ချတာပါ။ စုစုပေါင်း ၉ နှစ်မှာ ထောင်ထဲမှာ သုံးနှစ်ကျော်ထိ နေခဲ့ရပါတယ်” ဟု သူက ဆိုသည်။
ကိုရဲထက်စိုးသည် မြေပုံမြို့နယ် ကမ်ထောင့်ကြီးဇာတိ ဖြစ်ပြီး ထောင်ထဲက လွှတ်လာပြီး နောက်ပိုင်း ရခိုင်လူထု အတွက် လူမူရေး လုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်သွားမည်ဟု ဆိုသည်။
အလားတူ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသူ သရက်ထောင်ထဲမှ ရခိုင်ကျောင်းသား လူငယ်  ကိုနိုင်စိုးလည်း လွှတ်မြောက်လာကြောင်း သတင်း ရရှိသည်။ သို့သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယနေ့ အင်းစိန်ထောင်မှ လူ (၁၀) ဦး လွှတ်မြောက်လာပြီး ထိုအထဲတွင် ၀လူမျိုး နှစ်ဦး၊ နိုင်ငံခြားသား (၂) ဦး လွှတ်မြောက်လာသည်ဟု သိရသည်။  နိုင်ငံရေး အကျဉ်းသား (၆) ဦး လွှတ်မြောက်လာပြီး ထိုအထဲတွင် ဇော်မင်း၊ နေမျိုးသူရ၊ စိုင်းအောင်ကျော်တို့ ပါဝင်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာ သမ္မတထံပို့ပြီ

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ ဧပြီလ ၂၂ ရက်နေ့တွင် ပေးပို့ထားပြီ ဖြစ်ကြောင်း ကော်မရှင်၏  သတင်းထုတ်ပြန်ချက် အမှတ် (၅) တွင် ဖေါ်ပြထားသည်။
ဧပြီလ ၂၃ ရက် အင်္ဂါနေ့က ထုတ်ပြန်သော အဆိုပါ သတင်းထုတ်ပြန်ချက်တွင်  နိုင်ငံတော် သမ္မတမှ စုံစမ်း စစ်ဆေးရေး ကော်မရှင်အား အကြံပြု တင်ပြရမည့် ကိစ္စရပ် (၈) ရပ်ကို စုံစမ်း စစ်ဆေးရန်နှင့် သုံးသပ်တင်ပြရန် တာဝန်ပေးအပ်ခဲ့သဖြင့် ပေးအပ်ထားသည့် တာဝန်နှင့် အညီ ဆောင်ရွက်ပြီး ကျော်လွန်၍ ဆောင်ရွက်ခွင့် ခဲ့ခြင်း မရှိကြောင်း ဖေါ်ပြသည်။
နိရဉ္စရာသို့ ပေးပို့သော အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဧပြီလ နောက်ဆုံး ပတ်အတွင်း မြန်မာ ငြိမ်းးချမ်းရေး စင်တာ၌ ရခိုင်အစီရင်ခံစာနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ခုအားလည်း ပြုလုပ်သွားမည်ဟု ဖေါ်ပြထားသည်။
သတင်းထုတ်ပြန်ချက် အမှတ် (၅) မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
Press-Release-No.5_2013_April_23

(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မာန်အောင် NLD ကံစမ်းမဲများရောင်း၍ ပါတီရံပုံငွေရှာဖွေမှု အောက်ခြေပါတီဝင်များ ကန့်ကွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တချို့မှ ကံစမ်းမဲများ ရောင်းချ၍ ပါတီ ရန်ပုံငွေ ရှာဖွေမူကို အောက်ခြေ ပါတီဝင်များက ကန့်ကွက် ဆန့်ကျင်နေကြသည်ဟု ပါတီ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုသန်းနိုင်က ပြောသည်။
scaned-receipt-copy-NLD-news“ ကျွန်တော်တို့က ဒီကံစမ်းမဲ ရောင်းချတာဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့ မကိုက်ညီဘူး။ ကျွန်တော်တို့က ရိုးရိုးသားသားနဲ့ဘဲ ရံပုံငွေ ရှာစေလိုတယ်။ ဒါကြောင့်  ခုလို ကန့်ကွက်ရတာပါ” ဟု ဆိုသည်။
ကံစမ်းမဲဖေါက်ပြီး ရံပုံငွေ ရှာဖွေကြောင်းကို ကန့်ကွက်ကြောင်း ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အလုပ်အမှုဆောင် ဥက္ကဌ လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ  ဦးညီပုထံသို့ စာရေး တိုင်ကြားခဲ့သည်။ ထူးခြားမူ မရှိသည့် အတွက် ဧပြီလ ၂၂ ရက်နေ့က မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူမော်အား ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ထပ်မံ စာရေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။
ကံစမ်းမဲ တစ်စောင်ကို တစ်ထောင်(၁၀၀၀) ကျပ်နှုန်းဖြင့် စောင်ရေ သုံးထောင်(၃၀၀၀) ကျပ်ငွေ သိန်း ( ၃၀) ရရှိအောင် ရောင်းချနေကြောင်း သူက ဆိုသည်။
၂၀၁၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့ တွင် နောက်ဆုံးထား ရောင်းချခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ (၂၄) ရက်နေ့ တွင် ကံစမ်းမဲ ဖွင့်ပွဲကို မာန်အောင်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ မြို့ နယ်ရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်ဟု  ကိုသန်းနိုင်က ပြောသည်။
“ ကျွန်တော်တို့က နိုင်ငံရေး ပါတီ တစ်ရပ်အနေနဲ့ တရားမ၀င် ကံစမ်းမဲ ရောင်းချပြီး ရံပုံငွေ ရှာဖွေခွင့် မရှိဘူး။ ကျွန်တော်တို့ ပါတီ တစ်ရပ်ဟာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီသာ လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော်တို့က ပါတီ လမ်းကြောင်းမှန် တစ်ခုကို ရောက်စေလိုတဲ့ ဆန္ဒနဲ့ ခုလို ဆန့်ကျင်ရတာသာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဧပြီလ ၂၄ ရက်နေ့ မနက်ဖြန်တွင် ကံစမ်းမဲ ဖွင့်ပွဲကို ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘင်္ဂလားဒေ့ခ်ျတွင် ဘုန်းတော်ကြီးကျောင်း(၂) ကျောင်းတိုက်ခိုက်ခံရ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဒေသတွင် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း မီးရှို့ တိုက်ခိုက် ခံခဲ့ရသည်ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် 2 Buddhist temples attacked ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြသည်။
( ဓါတ်ပုံ - The daily Star )
( ဓါတ်ပုံ – The daily Star )
အမည်မသိသူများက စစ်တကောင်း ခရိုင် ပိုတီယာ ( Patiya) မြို့နယ်မှ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် မိဘမဲ့ကလေး ဂေဟာ တစ်ခုအား ၀င်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ဘော်ခါလီ မြို့နယ်အတွင်းမှ ဘုန်းတော်ကြီးကျောင်း တစ်ခုကိုလည်း ၀င်ရောက် လုယက်ဖျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မူများကို လွန်ခဲ့သော သုံးရက် အတွင်း  ကျူးလွန်ခဲ့ကြသည်ဟု သတင်းစာက ဆိုသည်။
ပိုတီယာမြို့နယ်  Mukut Knight ရွာမှာ တည်ရှိသော  Dhatu Chaittya ၀ိဟာ  ကျောင်းမှာ စနေနေ့ ညနေ ၃ နာရီခန့်တွင် မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။
အဆိုပါ အချိန်က ကျောင်းထိုင် ဆရာတော်မှာ ကျောင်းစာအုပ်စာတန်းဝယ်ယူရန်  အပြင်သို့ရောက် ရှိနေကြောင်း သိရသည်။  ဆရာတော်၏ လတ်တော့ ကွန်ပျူတာ၊TV က အစ အားလုံး မီးလောင်ကုန်သည်ဟု ဆရာတော်က ပြောသည်။ အဆိုပါနေ့တွင်ပင် တစ်ခြား မိဘမဲ့ ဗုဒ္ဓဂေဟာ တစ်ခုလည်း မီးရှို့တိုက်ခံခဲ့ရသည်။ ဂေဟာအား မီးရှို့တိုက်ခိုက်စဉ် ကလေးငယ်များမှာ စာသင်ကျောင်းသို့ ရောက်နေကြသဖြင့် တစုံတရာ ထိခိုက်မူ မရှိကြောင်း သိရသည်။
မည်သူဝင်ရောက် မီးရှို့သည်ကို တစ်စုံ တစ်ယောက်မှ ပြောဆိုနိုင်ခြင်း မရှိကြောင်း သိရသည်။
( ဓါတ်ပုံ - The daily Star )
( ဓါတ်ပုံ – The daily Star )
ယမန်နေ့ နံနက်ကလည်း အဆိုပါ မြို့နယ်နှင့် ကပ်ရပ် တည်ရှိသော Boalkhali မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း တစ်ခုထဲသို့ အမည်မသိသူများ ၀င်ရောက်လာပြီး ဘုရားဆင်းထုတော်ရှိ သင်္ကန်းများအား မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ဘုရားဆင်းထုတော်ငယ် (၅) ဆူနှင့် အလှူခံ သေတ္တာတို့အား ယူဆောင်သွားသည်ဟု ဆိုသည်။
ယခု လုယက် ဖျက်ဆီးမူများသည် လွန်ခဲ့သော နှစ်က ရာမူး (ပန်းဝါ)တွင် ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်း မီးရှို့ တိုက်ခိုက်ခံရပြီးနောက် ပထမဆုံး အကြိမ် ဗုဒ္ဓဘာသာကျောင်းများ ပြန်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ယခု တိုက်ခိုက်ခံရသော ကျောင်းများမှာ မာရမာကြီး လူမျိုးများ ကိုးကွယ်သော ကျောင်းများ ဖြစ်ကြသည်။ လွန်ခဲ့သောနှစ် စက်တင်္ဘာလ တိုက်ခိုက်မူ အတွင်း ပိုတီယာတွင် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဖြစ်လုနီးပါး အခြေအနေထိရောက်ခဲ့သော စစ်တွေ အဓိကရုဏ်း အာဏာပိုင်များက အချိန်မီ ထိန်းသိမ်းခဲ့

ရခိုင်ပြည်နယ် စစ်တွေမြို့  မြို့ပြင်တွင် ဖြစ်လုနီးပါး အခြေအနေထိ ရောက်ရှိခဲ့သော  အဓိဂရုဏ်း ပုံစံမျိုး လူအုပ်ဖွဲ့ တိုက်ခိုက်ကြမည့် တိုက်ခိုက်မူ တစ်ခုအား ယနေ့တွင် အာဏာပိုင်များက အချိန်မှီ ထိန်းသိမ်း ခဲ့ရသည်ဟု သတင်း ရရှိသည်။

အဆိုပါ အပြန်အလှန် တိုက်ခိုက်ကြမည့် အဓိဂရုဏ်းမှာ စစ်တွေမြို့နယ် ကျက်တောပြင် ရခိုင် ကျေးရွာသားများနှင့် အောင်ဒိုင်ကျေးရွာ အုပ်စု ခေါင်တုတ်ကာ မွတ်ဆလင် ကျေးရွာသားများ အကြားတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
“ ပထမ ကျက်တောပြင်ရွာထဲကို ဘင်္ဂလီ အုပ်စု တစ်ခုက ၀င်လာတယ်လို့ ပြောတယ်။ အဲသလို ၀င်လာတော့ ရွာသားတွေက ဘာကြောင့် ၀င်လာတာလဲဆိုပြီး သင်္ကာမကင်း ဖြစ်ရာကနေ ဖမ်းတယ်။ တချို့ကို ဖမ်းမိတယ်။ တချို့က လွှတ်သွားတယ်။ လွှတ်သွားတဲ့ လူတွေက ရွာကိုသွားပြီး အကြောင်းကြားတော့ ခေါင်တုတ်ကာ ရွာက လူ ၂၀၀ ခန့် တုတ်တွေ၊ ဓါးတွေနဲ့ တက်လာကြတယ်။ ဒီဘက်ကလည်း အဆင်သင့် စောင့်နေတော့ တပ်က ချင်ချင်း ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
အရေးအခင်း ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဘင်္ဂလီကျေးရွာသားများနှင့် ရခိုင် ကျေးရွာများ အကြား တရွာနှင့် တရွာ အသွားအလာ မရှိကြဘဲ ရှိနေရာက ဘင်္ဂလီရွာသားများ  ရုတ်တရက် ရွာထဲ ၀င်ရောက်လာရာမှ မသင်္ကာသဖြင့် ဖမ်းဆီးပြီး ကျေးရွာသားများက ရဲလက်သို့အပ်လိုက်သည်ဟု ဆိုသည်။
“ အခု လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရွာကို ရောက်သွားပါပြီ။ အချိန်မှီ တားဆီးနိုင်ခဲ့ပါတယ်။  ပြဿနာကတော့ မရှိတော့ဘူးလို့ ကြားရတယ်။ အခြေအနေ ပြန်တည်ငြိမ်သွားပြီလို့ ကြားရပါတယ်” ဟု ဦးအောင်မြကျော်က ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်အောင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ “ ခင်ဗျားဖုံး အသံ မကြားရဘူး။ ဘာမှ မကြားရရဘူး” ဟုဆိုကာ ဖုံးချသွားခဲ့သည်။ နောက်ထပ် ဆက်သွယ်သော်လည်း မရရှိခဲ့တော့ပါ။
ဖမ်းဆီး အရေးယူမူများ ရှိကြောင်း သိရှိရသော်လည်း အသေးစိတ် သိရှိရခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရံပုံငွေအခက်အခဲကြောင့် ယခုနှစ် သျှစ်သောင်းဘုရားပွဲတော်ကို မြို့လူထုမှ ဦးစီးကျင်းပမည်

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးတွင် နှစ်စဉ် ကျင်းပလေ့ရှိသော သျှစ်သောင်း၊ ထုက္ကန့်သိမ်နှင့် အံတော်သိမ် ဘုရား ဗုဒ္ဓပူဇေနိယ ပွဲတော်ကို ရံပုံငွေ အခက်အခဲကြောင့် ယခုနှစ်တွင် ဘုရားဂေါပကိုယ်စား မြို့လူထုမှ  ဦးစီး ကျင်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
Mrauk-U-Rowing-Boat-Raceပွဲတော်တွင် ဒေသခံ ပြည်သူများ စိတ်ဝင်စားဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်သော ဘော်လုံးပွဲ ကျင်းပရေး ကော်မီတီ ဥက္ကဌ ဦေးကျာ်ဇောလှမှ ပွဲတော်အား မြို့လူထုမှ ဦးစီးကျင်းပမည် ဆိုသည်မှာ ဟုတ်မှန်ကြောင်း  ယခုလို နိရဉ္စရာသို့ ပြောသည်။
“ ဘုရားဂေါပမှာ ရံပုံငွေနည်းနေတဲ့အတွက် ဒီနှစ် သျှစ်သောင်း ဘုရားပွဲတော်ကို မကျင်းပနိုင်ဘူးလို့ ပြောတယ်။ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပနေတဲ့ ဘုရားပွဲတော်ကို ရံပုံငွေ အခက်အခဲကြောင်း မကျင်းပနိုင်ဘူးဆိုရင် ဒါက မဖြစ်သင့်ဘူးလေ။ ဒါကြောင့် ဘုရားပွဲတော် ကျင်းပရေးကို မြို့လူထုက လွဲပြောင်း ယူလိုက်ပြီး  ဒီနှစ်မှာ အထူး စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပွဲတော်တွင် ပါဝင်သော ရခိုင်ရိုးရာ လှေပြိုင်ပွဲ (ပြိုင်လောင်းပွဲ)၊ ကျင်ပွဲနှင့် ဘော်လုံးပွဲများကို မြောက်ဦးမြို့ပေါ်ရှိ စီပွားရေး လုပ်ငန်းရှင်များနှင့် တက်ကြွသော မြို့မိမြို့ဖများမှ အဖွဲ့လိုက် တာဝန်ခွဲဝေယူကာ ကျင်းပသွားမည်ဟု ဆိုသည်။
“ ပွဲတော်ကို မေလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ၅ ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပါတယ်။ ညဥ့်ပွဲတော့ ကျင်းပမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲတွေရဲ့ ဆုကြေးတွေကိုတော့ နှစ်ဆ သုံးဆတိုးမြှင့် ချီးမြှင့်သွားပါမယ်” ဟု ဆိုသည်။
ယခင်က ဘော်လုံးပြိုင်ပွဲတွင် ပထမဆုကို ကျပ်ငွေ (၂) သိန်းသာ ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင် ပထမဆုကို ကျပ် (၇) သိန်းထိ တိုးမြှင့် ချီးမြှင့်မည် ဖြစ်ပြီး ဒုတိယဆုကို ကျပ် (၄)  သိန်းနှင့် တတိယဆုကို ကျပ် (၃) စီ ချီးမြှင့်သွားမည်ဟု ဆိုသည်။
၎င်းပြင် ရခိုင်ရိုးရာ ကျင်ပွဲတွင်လည်း  ပထမဆုကို ရွှေသား တစ်ကျပ် အလေးချိန် တိတိ ချှီမြှင့် သွားမည် ဖြစ်ကြောင်း၊ ဒုတိယ ဆုကို (၈) ပဲအထိ ချီးမြှင့် မည် ဖြစ်ကြောင်း ကျင်ပွဲ ကျင်းပရေး ကော်မီတီ အဖွဲ့ဝင် ဦးအောင်သိန်းက ပြောသည်။
မြောက်ဦးမြို့တွင် နှစ် စဉ်ကျင်းပလေ့ရှိသော ဘုရားပွဲတော်ကို သျှစ်သောင်းဘုရားပွဲတော်ဟု အများက ခေါ်ဆိုသော်လည်း အမှန်မှာ ထုက္ကန်သိမ်၊ အံတော်သိမ် ဘုရားများကိုပါ တပါတည်း ကျင်းပ ပြုလုပ်ကြသည်ဟု သိရသည်။
မြောက်ဦး သျှစ်သောင်း ဘုရားပွဲတော်မှာ အထူး စည်ကားသော ရခိုင်ပြည်နယ်ထဲမှ ဘုရား ပွဲတော် တစ်ခု ဖြစ်ပြီး မိုးရာသီ မလာမှီ ကျင်းပသော သွေ့ခြောက် ရာသီ တစ်ခု၏ နောက်ဆုံးပွဲတော် ဖြစ်သဖြင့် အထူး စည်ကားသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရဲမင်းဦးကို ဖမ်းဆီးထားသဖြင့် ၀န်ကြီး ဦးအောင်မင်းနှင့် အဖွဲ့အား နယူးယောက်တွင် ဆန္ဒပြ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ (ဗကသ) ဖြစ်မြောက်ရေးကော်မတီ (ယာယီ) အထွေထွေ အတွင်းရေးမှုး ရဲမင်းဦးအား မြန်မာ အစိုးရမှ ဖမ်းဆီး ထားသဖြင့် မြန်မာ တိုင်းရင်းသား စုစုပေါင်း ၁၀၀ ခန့်က  နယူးယောက်မြို့သို့ ရောက်ရှိနေသော  ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် အဖွဲ့အား ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။
Arakanese-protest-USA
ဆန္ဒပြပွဲအား ဦးအောင်မင်းနှင့် အဖွဲ့ တည်းခိုနေသည့် နယူးောာက်မြို့ ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် တိုင်းရင်းသားပေါင်းစုံက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
“ ဆန္ဒပြပွဲကို ဧပြီလ (၂၁) ရက်၊ နေ့လည် (၁) နာရီကနေ  ညနေ (၄) နာရီထိ ပြုလုပ်ခဲ့ကြပါတယ်။ စုစုပေါင်း လူဦးရေ (၁၀၀) ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ရဲမင်းဦးအား အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင် စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုတင့်ဝေက ပြောသည်။
ကျောင်းသား ခေါင်းဆောင်ရဲမင်းဦးအား ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဦးသာသနာ ကျောင်းတိုက်မှ မတ်လ ၂၅ ရက်နေ့ ညနေ ၉ နာရီတွင် အာဏာပိုင်များက တစ်စုံတစ်ရာ ဖမ်းဝရမ်း မပါဘဲ ဖမ်းဆီး ခေါ်ယူသွားခဲ့သည်။ ထိုသို့ ဖမ်းယူသွားပြီးနောက် ဧပြီလ ၄ ရက်နေ့  နံနက်ပိုင်းက ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော် အကြည်ညို ပျက် စေမှုပုဒ်မ ၅၀၅ (ခ) နှင့် ရုံထုတ်ခဲ့သည်။
ဆန္ဒပြပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုသန်းတင်က ယခု ဖမ်းဆီးမူမှာ ဥပဒေမဲ့ လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။
“ကျနော်တို့က ကိုရဲမင်းဦးကို ချက်ချင်းပြန်လွတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်၊ ဘာဖြစ်လို့ဆိုတော့ သူမှာ အပြစ်မရှိဘူး။ ခိုင်လုံတဲ့အထောက်အထားတွေလည်း ဘာမှ မပြနိုင်ဘူး။ ဒီလိုဖမ်းထားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်။ အမျိုးသား ရင်ကြား စေ့ရေးနဲ့ ဒီမိုက ရေစီဖော်ဆောင်ရေးတွေကို ထိခိုက်စေတယ်” ဟုပြောသည်။
Arakanese-protest-in-USA
ကိုရဲမင်းဦးမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း အဖမ်းခံခဲ့ရပြီး ထောင် (၄) နှစ်ချမှတ်ခံခဲ့ရသည်။ ရွှေဝါရောင် တော်လှန်ရေး  မတိုင်မှီက သူသည် စီးပွားရေး တက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား တစ်ဦးဖြစ်သည်။
ယခုဖမ်းဆီးမူမှာ အစ္စလာမ်ဘာသာဝင်များအား မြန်မာအာဏာပိုင်များက မိတ္ထိလာကိစ္စဖြင့် နှစ်သိမ့်လို၍ ရခိုင်လူမျိုး တစ်ဦး ဖြစ်သော ကျောင်းသား ခေါင်းဆောင် ရဲမင်းဦးကို ထိုးကျွေးခြင်း အဖြစ် ရခိုင်အမျိုးသား အများစု က မြင်နေကြသည်။
ဆန္ဒပြသူများသည် သမတ ဦးသိန်းစိန်ထံသို့လည်း ပြည်ထောင်စုဝန်ကြီးများမှတဆင့် အိပ်ဖွင့်ပေးစာ တစ်စောင်ကို ပေးပို့ခဲ့ကြသည်။ ယင်းစာထဲတွင် ၁၉၈၂ ခုနှစ် လူဝင်မှု အခြေခံ အက်ဥပဒေအတိုင်း နိုင်ငံသားဖြစ်ရေး/မဖြစ်ရေးကိစ္စများကို သေချာစိစစ်ပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသွားရန်နှင့် ခိုးဝင်လာကြသည့် ဘင်္ဂါလီများအား ဒေသခံပြည်သူလူထုဧ။် ဆန္ဒမပါပဲ ပြန်လည်နေရာချထားရေးကိစ္စများကို မပြုလုပ်ရန် တောင်းဆိုထားကြကြောင့် ဆန္ဒပြပွဲကို  စီစဉ်သူ တစ်ဦးဖြစ်သူ ကိုတင့်ဝေ ကပြောသည်။
ဆန္ဒပြသူများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို အလိုမရှိ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်မြောက်ရေး- ဒို့အရေး၊ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း အလိုမရှိ စသည့် ကြွေးကြော်သံများကိုလည်း ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရှေးဟောင်းရခိုင်လှေကြီး ပြတိုက်တွင် ထားရှိမည်

သမိုင်းသုတေသီတွေက ရခိုင်ရှေးဟောင်းလှေကြီးလို့ ယူဆထားတဲ့ သစ်သားလှေကြီးကို  ပြတိုက်တည်ဆောက်ပြီး ထားရှိသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လှေကြီးကို အမိုးအကာအောက်ကို ရောက်ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း  စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။
(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star  သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)
(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)
ခုလို စီစဉ်ရာမှာ သက်ဆိုင်ရာ ရှေးဟောင်း သုတေသနဌာက တာဝန်ရှိသူတွေသာမက ဘင်္ဂလာဒေခ်ျ့ စစ်တပ်နဲ့ ရေတပ်က အရာရှိတွေလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
၇၂ ပေထိရှည်ပြီး ၂၃ ပေ အကျယ်ရှိတဲ့ အဲဒီ လှေကြီးကို Kuakata မြို့မှာ ပြတိုက် တစ်ခု ဖွင့်လှစ်ပြီး  ပြသ ထားမယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ ရေတပ် အရာရှိတွေကတော့ လှေကြီးကို ပြောင်းရွှေ့ရေးအတွက် နည်းလမ်းတွေကို ရှာကြံနေကြတယ်လို့ ပြောပါတယ်။
ခုလို လှေကြီးကို ပြတိုက်ပြုလုပ်ပြီး ပြသထားခြင်းဖြင့် အဲဒီဒေသမှာ လာရောက် လည်ပတ်သူတွေ တိုးပွား လာနိုင်တဲ့ အတွက် ခရီးသွား လုပ်ငန်းဟာ တိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။
ဒီရှေးဟောင်း လှေကြီး လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်နေ့က (ရခိုင် အခေါ် အ၀ကျွန်းဒေသ) ဘင်္ဂလာဒေခ်ျ့ အခေါ်  Kuakata ဒေသ ပင်လယ် ကမ်းစပ် သဲသောင်ပြင်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လှေကြီးကို ရခိုင်ပြည်က ထွက်ပြေးလာတဲ့ ရှေးလူကြီးတွေ အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသီအများက ယူဆထားကြပါတယ်။
Rakhine-ancient-boat-in-bangladesh-2
၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဗမာ ဘုရင် ဘိုးတော် ဦးဝိုင်းက ၀င်ရောက် သိမ်းပိုက်ပြီးနောက် စစ်ဘေး စစ်းဒဏ်ကြောင့် ရမ်းဗြဲနဲ့ မာန်အောင်ဘက်က ထောင်သောင်းချီတဲ့ ရခိုင်လူမျိုးတွေဟာ လှေကြီးတွေကို အသုံးပြု ထွက်ပြေး လာခဲ့ကြပြီး  အဲဒီ အ၀ကျွန်း ဒေသကို တည်ထောင်ခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် အများစုက ပြည်တော်ပြန်သွားခဲ့ကြပေမယ့် လက်ရှိကာလအထိ အ၀ကျွန်းဒေသမှာ ရခိုင်ရွာပေါင်း (၅၀) နီးပါးခန့် တည်ရှိနေပါသေးတယ်။ ရခိုင်လူမျိုးတွေ ရောက်တုန်းက အဲဒီ ဒေသဟာ တောကြီးမျက်မည်း ဖြစ်ပြီး လူသူနေတဲ့အရပ်မဟုတ်ဘူးလို့ ရှေ့မှီ နောက်မှီအ၀ကျွန်းဒေသက လူကြီးတွေက ပြောပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မယားသေဆုံး၍ လင်ကိုဖမ်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇနီးဖြစ်သူ သေဆုံးသွားသဖြင့် ယောကျာင်္း ဖြစ်သူကို ဖမ်းဆီး ထားသည်ဟု သိရသည်။
sittwe_towerအဖမ်းခံရသူမှာ ကိုခင်မောင်ထွန်း(၃၁)နှစ် ဖြစ်ပြီး  စစ်တွေ အမှတ်(၁) ရဲစခန်းတွင်  (ပ) ၉၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲဇာနည် Facebook တွင် ဖေါ်ပြထားသည်။
စစ်တွေမြို့၊ ဓည၀တီ(ခ)ရပ်ကွက်နေ မဦးကျော့နု(၂၅) နှစ် သေဆုံးမှုနှင့် ပတ်သက်၍ သင်္ကာ မကင်းရာမှ သူမ၏ အလောင်းအား စစ်တွေ ဆေးရုံကြီးတွင် စစ်ဆေးရာ သူမမှာ ဆီးအိမ်ပေါက်ကာ ၀မ်းဗိုက်အတွင်း သွေးအိုင် သေဆုံးရခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
သို့အတွက် စစ်တွေရဲမှ အမူမှန် ပေါ်ပေါက်ရေး  စစ်ဆေးရာ သူမနှင့် နီးစပ်သူများက ယောင်္ကျား ဖြစ်သူ ကိုခင်မောင်ထွန်းသည် ဧပြီလ ၁၄ ရက်နေ့က ဇနီးဖြစ်သူကို ရိုက်နှက် ကန်ကျောက်ခဲ့မူများ ရှိခဲ့ကြောင်း  ပြောဆိုသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်း ၀မ်းဗိုက် အတွင်း ဒဏ်ရာကြောင့် နာကျင်မူများ ဖြစ်ပေါ်ပြီးနောက် နေအိမ်တွင် ဆေးမီးတိုဖြင့် ကုသခဲ့ကြောင်း၊ မသက်သာ၍  စစ်တွေ ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  ပြောဆိုသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် လင်ယောင်္ကျားဖြစ်သူကို ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ခေါင်းဆောင်(၁၀)ဦးကို တရားစွဲဆိုပြီးနောက် နောက်ထပ်ဆန္ဒမပြရန် ရဲမှူးကြီးက မဒေးကျွန်းဒေသခံများကို ပြောကြား

ကျောက်ဖြူ ခရိုင်ရဲမှူးကြီးမှ မဒေးကျွန်းတွင် ဆက်လက် ဆန္ဒပြမူများ မပြုလုပ်ကြရန် ဒေသခံ လူကြီးများကို မေတ္တာရပ်ခံလိုက်သည်ဟု သတင်း ရရှိသည်။
Protest-Against-the-Shwe-Gas-Project-&-CNPC-in---Maday
ဆန္ဒပြရာတွင် ခေါင်းဆောင်သည်ဟု ယူဆသူ ၁၀ ဦးအား မဒေးကျွန်းရဲစခန်းမှူးမှ အမူဖွင့် တရားစွဲဆိုပြီးနောက် ထိုသို့ ရဲမှူးကြီးက ပြောဆိုခဲ့သည်ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဦးထွန်းကြည်က ပြောသည်။
“ ဆန္ဒပြပြီး နောက်တစ်နေ့မှာ ရဲမှူးကြီးနဲ့ ကျောက်ဖြူရဲမင်းကြီးမှာ ရုံးမှာ တွေ့တဲ့ အချိန်မှာ ကျွန်တော်ကို ပြောတာပါ။ အခု တရားစွဲဆိုတာက ဘာမှ မဖြစ်လောက်ဘူး။ ခင်ဗျားတို့ အနေနဲ့ နောက်တပ် ဆန္ဒပြမူတွေ မလုပ်ဖို့ဘဲ လိုတယ်ဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။
ဧပြီ လ ၁၈ ရက်နေ့ နေ့လည်က ဒေသခံ ၅၀၀ ကျော်သည် သက်ဆိုင်ရာမှ ခွင့်ပြုချက်မရဘဲ သူတို့၏ လိုလားချက်များကို ဖြည့်ပေးရန် မဒေးကျွန်းရှိ တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ ချီတက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြီးနောက် မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ ဆန္ဒပြရာတွင် ဦးဆောင်သူများဟု သံသယ ဖြစ်ခံရသူ ကျောက်တန်းရွာမှ ၃ ယောက်၊ ပြင်ရွာက ၃ ယောက်၊ ရွာမရွာမှ  ၄ ယောက်တို့အား ပုဒ်မ ၁၈ ဖြင့်  တရားစွဲဆိုခဲ့သည်။
“ တရားစွဲခံရတာက ကျောက်တန်းရွာက ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာက ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ကျွန်တော်ထွန်းကြည်တို့ ဖြစ်ကြပါတယ်”ဟု ကိုထွန်းကြည်က ပြောသည်။
တရားစွဲခံရသူ ၁၀ ဦးထဲမှ ၆ ဦးသာ ဧပြီလ ၁၉ ရက်နေ့က ရဲစန်းသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် သူတို့အား အာမခံ (ခံဝန်) ဖြင့် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း သူတို့အား ရဲစခန်းမှူးက စစ်ဆေး မေးမြန်းမူ တချို့ရှိခဲ့သည်ဟု ဆိုသည်။
Protest-Against-the-Shwe-Gas-Project-&-CNPC-in-Maday---
“ ရဲစခန်းမှာ ရွာသားတွေကို တီရှပ် အင်္ကျီတွေ ဘယ်ကရသလဲ။ ဆန္ဒပြပွဲအတွက် ငွေတွေကို ဘယ်အဖွဲ့အစည်းက ထောက်ပံ့သလဲ စသဖြင့် မေးတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ လူတွေက ကျွန်တော်တို့ရဲ့ ရံပုံငွေနဲ့ ကျွန်တော်တို့ လုပ်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။”
ရဲအဖွဲ့မှ တရားစွဲဆိုသဖြင့် အဆိုပါ အမူကို ပြေလည်အောင် ဖြေရှင်းပါမည်နည်းဟု မေးမြန်းရာ သူက ယခုလို ပြောသည်။
“ ခုလို ခွင့်ပြုချက်မရဘဲ ဆန္ဒပြရင် ဖမ်းဆီး တရားစွဲဆိုနိုင်တယ်ဆိုတာကို ကျွန်တော်တို့ အစကတည်းက သိပါတယ်။ ဒါပေမယ့် ဆန္ဒပြတာက ကျွန်တော် ၁၀ ဦး တည်း မဟုတ်ပါဘူး။ ကျွန်ပေါ်က လူပေါင်း ၈၀၀ လောက်က ပြခဲ့တာ ဖြစ်တဲ့ အတွက် အရေးယူမယ်ဆိုရင် လူအားလုံးကို ယူရပါမယ်” ဟု ဆိုသည်။
ဆန္ဒပြသူများသည် အောက်ပါ အချက်များကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ဥယာဉ်ခြံမြေတွေကို နိုင်ငံတကာ စံနုန်းအတိုင်း ပေးလျော်ရေး၊ ရွာဆက် လမ်းတွေကို ကောင်းမွန်စွာ ပြုလုပ်ပေးရေး၊ ကျွန်းပေါ်က အလုပ်သမားကဒ်ရှိသူတွေကို အလုပ်အကိုင် ခန့်အပ်ပေးရေးနဲ့ တရုတ်ဝန်ထမ်းရတဲ့ လစာအတိုင်း ပေးရေး၊  မဒေးကျွန်းမှာရှိတဲ့ လူနေအိမ်တွေနဲ့ အဆောက်အဦးတွေမှာ လျှပ်စစ်မီး ရရှိရေး၊ ကျွန်းပေါ်မှာ ရာဇ၀တ်မူတွေ မပေါ်ပေါက်ရေး အတွက် ပြင်ပက အလုပ်လာလုပ်တဲ့ လူတွေကို သေချာစွာစိစစ်ရေး၊ ကျွန်းပတ်လည်မှာ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ ကျွန်းပေါ်မှာရှိတဲ့ မြေတွေကို ရွာသူ ရွာသားတွေကို အသိမပေးဘဲ သိမ်းယူနေတာကို ရှောင်ရှားရေး၊ ပျက်စီးသွားတဲ့ ကျွန်းပေါ်က တာတမံကြီးကိုပြန်လည် တည်ဆောက်ပေးရေးနဲ့ စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ဒေသခံတွေကိ လျော်ကြေးတွေ ထုတ်ပေးရေးတို့ ပါဝင်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

သျှစ်သောင်းဘုရားပွဲတော်ကို ယခုနှစ်တွင် မြို့သူမြို့သားများ စုပေါင်းကျင်းပမည်

ရခိုင်ပြည်၊ မြောက်ဦးရှိ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း၊ ထုက္ကန့်သိမ်၊ အံတော်သိမ် ဘုရားများ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ယခင်ကကဲ့သို့ ဘုရားဂေါပကမှ ကျင်းပပြုလုပ်ခြင်းမရှိသည့်အတွက် ယခုနှစ်တွင် မြောက်ဦးမြို့သူ မြို့သားများက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဘုရားပွဲတော်အား မြို့သူမြို့သားများက ဦးဆောင်ကျင်းပရခြင်းမှာ ဘုရားတွင်ရန်ပုံငွေ နည်းပါးနေ၍ ကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တက်ကြွသူ တစ်ချို့က အစဉ်အလာမပျက်စေရန်အတွက် ဦးဆောင်ကာ ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။
သျှစ်သောင်းဘုရားပွဲတော်၌ ဘောလုံးကစားရန် ကျေးရွာများအား ဖိတ်ကြားလွှာ။သျှစ်သောင်းဘုရားပွဲတော်၌ ဘောလုံးကစားရန် ကျေးရွာများအား ဖိတ်ကြားလွှာ။
" ကျွန်တော်တို့ အခုလိုဘုရားပွဲကို ကျင်းပရခြင်းဟာ ဘုရားဂေါပကမှာ ရန်ပုံငွေမရှိတဲ့အတွက် ဦးဆောင်ကျင်းပရ ခြင်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တက်ကြွသူတချို့က ဦးဆောင်ပြီး ကျင်းပတာဖြစ်ပါတယ်။ ကျွန်တော်တို့က ဘောလုံးပွဲတစ်ခုတည်းကိုပဲ တာဝန်ယူတာပါ။ ကျန်တဲ့ကျင်ကိုင်ပွဲနဲ့ ပြိုင်လောင်းပွဲကိုတော့ တခြားအဖွဲ့တွေက တာဝန်ယူထားကြပါတယ်။ ဒီနှစ်မှာကျွန်တော်တို့ မြိုူ့သူမြို့သားတွေဦးဆောင်လိုက်တဲ့အတွက် ရခိုင်တပြည်လုံးကလည်း စိတ်ဝင်စားနေကြတာတွေကို တွေ့ရပါတယ်။ ပြီးတော့ ကစားသမားတွေလည်း တစ်ခါမှ မပေးဖူးတဲ့ ဆုကြေးငွေတွေကို ပေးမယ်ဆိုတဲ့သတင်းကို ကြားတော့ စိတ်ဝင်စားနေကြတဲ့အတွက် အယင်နှစ်တွေကထက် ပိုပြီးစည်ကားမယ်လို့ ထင်ပါတယ်။ " ဟု ဘောလုံးပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောလှက ပြောသည်။
ပွဲတော်ကို မေလ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ထိကျင်းပမည်ဖြစ်ကာ ဘုရားပွဲတွင်ပါဝင်သည့် ဘောလုံးပွဲကို သစ်စက်လုပ်ငန်းရှင်များနှင့် ဗီးဒီယိုလုပ်ငန်းရှင်များက တာဝန်ယူ ကျင်းပမည်ဖြစ်ကြောင်းသိရကာ ဆုကြေးငွေများကိုလည်း ယခင်နှစ်များက ပထမဆုကို (၂၀၀၀၀၀) သာပေးခဲ့ကြသော်လည်း ယခုနှစ်တွင် (၇၀၀၀၀၀) ၊ဒုတိယဆုကို (၄၀၀၀၀၀) နှင့် (၃၀၀၀၀၀) တန်ဒိုင်းတစ်ခုစီ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ရိုးရာကျင်ပွဲနှင့် ပြိုင်လောင်းပြိုင်ပွဲကိုလည်း တခြားစီးပွားရေးအသင်းအဖွဲများနှင့် ပညာရေးဝန်ထပ်းများက တာဝန်ယူကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင် အသင်းတိုင်းသည် ယခင်ကကဲ့သို့ ဝင်ကြေး ငွေများကိုပေးသွင်းရန်မလိုကြောင်းကိုလည်း ပွဲဖြစ်မြောက်ရေးအတွက် အဓိက လုပ်ကိုင်နေကြသည့် ကော်မတီမှ တာဝန်ရှိသူများက ဆိုသည်။
ပြိုင်ပွဲတိုင်းတွင် ဆုကြေးငွေများ ယခင်ကကဲ့သို့မဟုတ်ဘဲ တိုးမြှင့်ကာ ပေးသွားမည်ဖြစ်သဖြင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကျေးရွာတိုင်းမှ စိတ်ပါဝင်စားနေကြကြောင်းသိရကာ ယခင်ကနှင့်မတူဘဲ စည်ကားလာနိုင် ကြောင်းပွဲဖြစ်မြောက်ရေး ကော်မတီများက သုံးသပ်ကြသည်။
(သတင်းအရင်းအမြစ်- Arakantimes)

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို နယူးယောက်တွင် ဆန္ဒပြ

မြန်မာနိုင်ငံတွင် မတရားဖမ်းဆီချုပ်နှောင်ခံနေရသော ကိုရဲမင်းဦးကို အမြန်ဆုံး ပြန်လွတ်ပေးရန်နှင့် အတုအယောင် လိမ်ညာဆွေးနွေးနေသည့် ကိစ္စများကို လက်မခံကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့ဝင် (၈) ဦးပါ မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ယူအမ်ပလာဇာ (United Nations Plaza) ရှေ့၌ ရခိုင်လူမျိုးများ၊ နိုင်ငံတကာမြန်မာအမျိုးသားဖောင်းဒေးရှင်းနှင့် မြန်မာတိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများမှ ဧပြီလ ၂၁ နေ့က ဆန္ဒပြ တောင်းဆို ခဲ့ကြကြောင်း သတင်းရရှိသည်။
ကိုရဲမင်းဦးအား အမြန်ဆုံးလွှတ်ပေးရန် အမေရိကန်ရောက် မြန်မာများ တာင်းဆိုနေစဉ်။ကိုရဲမင်းဦးအား အမြန်ဆုံးလွှတ်ပေးရန် အမေရိကန်ရောက် မြန်မာများ တာင်းဆိုနေစဉ်။
ဆန္ဒပြတောင်းဆိုသည့် အချက်များနှင့် ပတ်သက်ပြီး ဆန္ဒပြဦးဆောင်ပါဝင်သူများထဲမှ ရခိုင်အမျိုးသား တဦးဖြစ်သည့် ကိုတင့်ဝေက " ကိုရဲမင်းဦးကို မတရားဖမ်းစီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံး ပြန်လွတ်ပေးရေး၊ ၁၉၈၂ အခြေခံ လူဝင်မူ ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖေါ်ဆောင်ပေးရေးနှင့် ရခိုင်ပြည်သူပြည်သားများ ဆန္ဒမပါပဲ ခိုးဝင်ဘင်္ဂလီများကို ပြန်လည်နေရာချထားပေးခြင်း မပြုရန် စသည့် အချက်သုံးချက်ကို ဆန္ဒပြတောင်းဆိုကြတာပါ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဆီကိုလည်း အိပ်ဖွင့်ပေးစာ တစောင်ပေးပို့ ခဲ့ပါတယ်။ " ဟု အာရကန်တိုင်းမ်စ်သို့ ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်သမ္မတ၊ စစ်တပ်နှင့် လွှတ်တော်အခန်းကဏ္ဍတို့တွင် သြဇာမညောင်း၍ တွေ့ဆုံဆွေးနွေးစကားပြော တောင်းဆိုသော်လည်း ဖြစ်လာနိုင်ခြေ အလွန်နည်းပါးကြောင်း၊ ဟန်ပြ အတုအယောင် လိမ်ညာနေသော လုပ်ရပ်များကို လက်မခံနိုင်သည့်အတွက် ယခုလို ဆန္ဒပြတောင်းဆိုရခြင်းကြောင်း နိုင်ငံတကာမြန်မာအမျိုးသား ဖောင်းဒေးရှင်းအဖွဲ့ ဥက္ကဌ ကိုရဲထွဋ်က ဆိုသည်။
"ဗိုလ်အောင်မင်းတို့ အဖွဲ့ ဒီကိုလာတဲ့ အဓိက ကိစ္စက ပြည်ပနိုင်ငံတွေကနေ နိုင်ငံရေးအထောက်အပံ့ စီးပွားရေးအထောက်အပံ့တွေကို ရဖို့ သူတို့ လာကြတာဖြစ်ပါတယ်။ သူတို့ အဖွဲ့ နဲ့ တွေ့ ဆုံဆွေးနွေးစကားပြော တောင်းဆိုရင်လည်း ဗိုလ်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ဟာ နိုင်ငံတော်သမ္မတ၊ စစ်တပ်နှင့် လွှတ်တော်အခန်းကဏ္ဍတွေမှာ သြဇာမညောင်း မလွန်ဆန်နိုင်တဲ့အတွက် ဖြစ်လာနိုင်ခြေ အလွန်နည်းပါးပါတယ်။ သူတို့ တွေရဲ့ လှည့်ကွက်ထဲမှာ ကျနော်တို့ က အသုံးချခံ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် ဗိုလ်အောင်မင်းဦးဆောင်တဲ့အဖွဲ့ ရဲ့ အတုအယောင် လိမ်ညာဆွေးနွေးနေတဲ့ ကိစ္စတွေကို ကျနော်တို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက လက်မခံဘူးဆိုတာကို သူတို့ အဖွဲ့ အပါအ၀င် ကမ္ဘာ့အနှံ့ က ပြည်သူလူကို ထုတ်ဖော်ပြသကြတာဖြစ်ပါတယ်။ တခြား ဆန္ဒပြ တောင်းဆိုတဲ့ အချက်တွေကတော့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေနှင့် စစ်တပ်ကို ပြုပြင်ပြောင်းလဲပေးဖို့ ၊ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးဖို့  စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ " ဟု ကိုရဲထွဋ်က ပြောသည်။
အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာများ ဦးအောင်မင်းအဖွဲ့အား ဆန္ဒပြနေကြစဉ်။အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေကြသည့် မြန်မာများ ဦးအောင်မင်းအဖွဲ့အား ဆန္ဒပြနေကြစဉ်။
အဆိုပါ ဆန္ဒပြတောင်းဆိုသည့် ကိစ္စများနဲ့ပတ်သက်၍ အမေရိကန်နိုင်ငံ နယူယောက်မြို့ ကိုလံဘီယာ တက္ကသိုလ် သမိုင်းဌာနတွင် ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်နေသည့် ဒေါက်တာအရှင်နာယကက အာရ်ကန်တိုင်းမ်စ်သို့ ယခုလို ထင်မြင်ချက်ပေးသည်။
" ဦးဇင်းအပါအ၀င် ပြည်တွင်းပြည်ပ ပြည်သူလူထုက ကျောင်းသားခေါင်းဆောင် ကိုရဲမင်းဦးကို မတရားဖမ်းစီး ချုပ်နှောင်ထားတယ်လို့ ယူဆထားကြတယ်။ သူ့ မှာ ဘာပြစ်မှုမှ မရှိပါဘူး။ ကိုရဲမင်းဦး ပြစ်မှုတစုံတရာ ကျူးလွန်တယ်ဆိုရင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ခံရုံးတင် စစ်ဆေးအပြစ်ပေးလို့ ရတာပဲလေ။ ၁၉၈၂ အခြေခံ လူဝင်မူ ဥပဒေကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးနှင့် လွတ်တော်ကိုယ်စားလှယ်တွေကပါ ပြင်ဆင်စရာ မလိုဘူးလို့ အပြည့်အ၀ထောက်ခံထားကြတာ ဖြစ်တယ်။ အစိုးရပိုင်းအနေနဲ့ တိတိကျကျ လိုက်နာ အကောင်အထည်ဖောရုံပါပဲ။ ခိုးဝင် ဘင်္ဂလီအရေးကို ဆောင်ရွက်တဲ့နေရာမှာလည်း ဒေသခံ ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကို လေးစား လိုက်နာ သင့်တယ်။ " ဟု မိန့် ကြားသည်။
အဆိုပါ ဆန္ဒပြတောင်းဆိုပွဲကို နယူးယောက် စံတော်ချိန် နေ့လယ် ၁ နာရီခန့် တွင် စတင်ကာ ညနေ ၄ နာခန့် တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး လူအင်အား ၁၀၀ ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသူ ကိုရဲမင်းဦးမှာ ရခိုင်ကျောင်းသား ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချူပ် (ဖြစ်မြောက်ရေး ကော်မတီ) အထွေထွေအတွင်းရေးမှူးလည်းဖြစ်ပြီး လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့က ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- Arakantimes)


CNPC ကုမ္ပဏီအား ဒေသခံ (၈၀၀)ခန့် ဆန္ဒပြ၊ အနည်းဆုံးလူ (၁၁)ဦးကို အရေးယူရန် ပြင်ဆင်

တောင်းဆိုချက်များ မရမချင်း တရုတ် CNPC ကုမ္ပဏီအား မဒေးကျွန်းသားများက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း မဒေးကျွန်း ဒေသဖွံ့ဖြိုးရေး ကော်မတီမှ တာဝန်ရှိသူများက ဆိုသည်။
CNPC ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကို မနှစ်သက်သောကြောင့် မဒေးကျွန်းဒေသခံများ ကန့်ကွက်ဆန္ဒပြ၍ မိမိလိုချင်သော အချက်များကို တောင်းဆိုနေကြစဉ်။CNPC ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကို မနှစ်သက်သောကြောင့် မဒေးကျွန်းဒေသခံများ ကန့်ကွက်ဆန္ဒပြ၍ မိမိလိုချင်သော အချက်များကို တောင်းဆိုနေကြစဉ်။
ဧပြီ ၁၈ ရက်နေ့ မွန်းလွဲ ၁း၄၅ မှ ညနေ ၃း၃၀ ထိ မဒေးကျွန်း၌ ရုံးစိုက်လျက်ရှိသော တရုတ်နိုင်ငံ CNPC (China National Petroleum Corporation) ကုမ္ပဏီအား ဒေသခံရွာသား ၈၀၀ ခန့်က စီတန်းလမ်းလျှောက် ဆန္ဒပြအပြီးတွင် ယင်းသို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။
" ကျနော်တို့ ဒေသဖွံ့ဖြိုးရေးကော်မတီက ဆန္ဒပြတာမဟုတ်ပေမယ့် ဆန္ဒပြရွာသားတွေ သူတို့သွားနေတဲ့ လမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်နဲ့ စနစ်တကျဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးနေတာ ဖြစ်တယ်။ အခု ရွာသားတွေအနေနဲ့ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် မရမချင်းဆက်လက် တိုက်ပွဲ ၀င်သွားဖို့ ရှိနေပါတယ်။ " ဟု ဒေသ ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က အာရ်ကန်တိုင်းမ်စ်ကို ပြောသည်။
ဒေသဖွံ့ဖြိုးရေး အပါအ၀င်တောင်းဆိုချက် ၉ ချက်ရရှိရေးအတွက် ယမန်နှစ် ဒီဇင်ဘာ ၁၄ ရက်နှင့် ယခုနှစ် မတ်လ ၂၉ ရက်နေ့တို့တွင် ကျောက်ဖြူမြို့နယ်သို့ ဆန္ဒပြခွင့်တင်ပြခဲ့သည်ကို မြို့နယ်က ပယ်ချခဲ့ပြီးနောက်၊ ဧပြီ ၅ ရက်နေ့က ပြည်နယ်၌ အယူခံရာတွင်လည်း ထပ်မံပယ်ချခံခဲ့ရရာမှ ယခုကဲ့သို့ ဆန္ဒပြမှု ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
ဧပြီ ၁၈ ဆန္ဒပြပွဲနှင့် ပတ်သက်၍ ၄င်းက " ရွာသားတွေဟာ ပြိန်ရွာဘုန်းကြီးကျောင်းမှာ နေ့လည် ၁၂ နာရီမှာ ဆွေးနွေးပြီးတော့ ကျောင်းက ၁ နာရီ ၄၅ မှာစထွက်တယ်။ စထွက်ချိန်မှာ လူ ၅၀၀ ၀န်းကျင်ပဲရှိတယ်။ နောက်ပိုင်း ၈၀၀ လောက်ဖြစ်သွားတယ်။ သူတို့က " CNPC အလိုမရှိ၊ တရုတ်တွေ ကောင်းစားဖို့ ကျနော်တို့ဒေသ လယ်၊ မြေတွေကိုမပေးနိုင် " ဆိုပြီးတော့ ကြွေးကြော်ပြီးတော့ CNPC ရုံးကိုချီတက်ခဲ့ကြတယ်။ ညနေ ၃ နာရီနီးပါးမှာ တရုတ် ကုမ္ပဏီရုံးရှေ့ကို ရောက်တယ်။ ရုံးရှေ့မှာ နာရီဝက်ကျော်ကျော် ဆန္ဒပြ တောင်းဆိုကြပြီးတော့ ညနေ ၃ နာရီခွဲလောက်မှာ ဆန္ဒပြမှုကို အဆုံးသတ်ခဲ့ကြတယ်။ " ဟု ဆိုသည်။
ဆန္ဒပြသူများမှာ ရှေ့ဘက်မဒေးကျွန်းပုံ၊ ကြက်ခြေခတ်ထားသည့် CNPC စာလုံး၊ ကျောဘက် " လူမှုဘ၀မြှင့်တင်ကြ" စာတမ်းပါသော အဖြူရောင်တီချပ်များကို ၀တ်ဆင်ထားကြသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက CNPC ရုံးခြံဝင်းတံခါးကိုလုံခြုံစွာပိတ်ထားပြီး၊ ၀င်းထဲမှနေ၍ အသင့်နေရာယူထားခဲ့ ကြသည်ဟု သိရသည်။
ဧပြီ ၁၉ မနက်ပိုင်းက ကျောက်တန်းရွာသား မောင်မျိုးနိုင်၊ မောင်မောင်မြင့်၊ မောင်ယဉ်လှ ၃ ဦးတို့အား မဒေးရဲစခန်းမှ ခေါ်ယူလျက် ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုနှင့်အရေးယူကာ အာမခံနှင့်ပြန်လွှတ်ပေးခဲ့ပြီး စုစုပေါင်း လူ ၁၁ ဦးကို သက်ဆိုင်ရာက အရေးယူသွားမည်ကြောင်း မဒေးကျွန်း ဒေသဖွံ့ဖြိုးရေးကော်မတီမှ သိရသည်။
အဆိုပါ ၁၁ ဦးတွင် ကျောက်တန်းရွာမှ ၃ ဦး၊ ပြိန်ရွာမှ ၃ ဦး၊ ရွာမမှ ၄ ဦးနှင့် ပန်းထိမ်ဆည်မှ ၁ ဦးတို့ ပါဝင် ကြောင်းသိရသည်။
CNPC က ဆန္ဒပြမှုကို တားဆီးရန်ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် ခွင့်ပြုချက်မဲ့ ဆန္ဒမပြပါဟူသော ခံဝန်ချက်ကို အလုပ်သမားများအား လက်မှတ်ရေးထိုးစေခိုင်းခဲ့ရာ အချို့မှာ လက်မှတ်ထိုးရန်ငြင်းဆန်ကြသဖြင့် မဒေးကျွန်းမှ အလုပ်သမား ၅၀ ကျော်အား ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်) နေ့မှစ၍ အလုပ်မှ ထုတ်ပစ်ခဲ့သေးသည်။
ဆန္ဒပြ ခေါင်းဆောင်တစ်ဦးက မိမိတို့ မဒေးကျွန်းသားများ ခံစားနေရသော ဒုက္ခတွေကို ကမ္ဘာကြီးက သိရှိပြီးတော့ လူသားချင်း စာနာမှုကိုရလို၍ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပြီး၊ တောင်းဆိုချက် ၉ ချက်ကို လိုက်လျောမှု မရှိသေးသမျှ ဆက်ပြီးဆန္ဒဖော်ထုတ်ပွဲတွေ လုပ်သွားဆောင်သွားရန် အားလုံးက ဆုံးဖြတ်ထားကြောင်း ဆိုသည်။
CNPC ကုမ္ပဏီသို့ချီတက်လာသည့် လမ်းလျှောက်ဆန္ဒပြနေကြသော မဒေးကျွန်းဒေသခံများကို မြင်ရစဉ်။CNPC ကုမ္ပဏီသို့ချီတက်လာသည့် လမ်းလျှောက်ဆန္ဒပြနေကြသော မဒေးကျွန်းဒေသခံများကို မြင်ရစဉ်။
မဒေးကျွန်းဒေသခံများ တောင်းဆိုချက်များတွင် သိမ်းဆည်းမြေများ လျော်ကြေးပေးရေး၊ ဒေသဆိပ်ကမ်းများမှ ရွာများသို့ ဆက်သွယ်ရေးလမ်းများ ဖောက်ပေးရေး၊ ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာစံနှုန်းအတိုင်း ပေးရေး၊ ကျေးရွာများ၌ လျှပ်စစ်မီးရရှိရေး၊ ရပ်ရွာလုံခြုံရေး၊ ဒေသတွင်း လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ နောက်ထပ် မြေသိမ်းမှုများ လုံးဝမပြုလုပ်ရေး စသည်တို့ပါဝင်ကြောင်း သိရ သည်။
မဒေးကျွန်းမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၈ မိုင်အကွာတွင် ရှိ၍ကျွန်းပေါ်၌ ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိမ်ဆည်ဟူသော ရွာ ၄ ရွာတည်ရှိကာ လူ ၃၀၀၀ ကျော်တို့ နေထိုင်သည့် ကျွှန်းတစ်ကျွန်းဖြစ်ပြီး၊ CNPC က ၂၀၀၉ ခုနှစ်က တည်းကပင် ကျောက်ဖြူ- ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်း စီမံကိန်းကြီးအား မဒေးကျွန်းပေါ်၌ ရုံးစိုက်လုပ်ကိုင်နေခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- ဇင်ကီး)


ကရင်နယ်စပ်မှ ဘင်္ဂလာနယ်စပ်သို့ ပထမဆုံး AA စစ်ကြောင်းချီတက်ရာတွင် ပါဝင်ခဲ့သူ ရဲဘော်ရိုးလင်း ကွယ်လွန်

ဗိုလ်ရာဇာဦးဆောင်ခဲ့သော ရခိုင့်တပ်မတော် Arakan Army ၏ ပထမဆုံး စစ်ကြောင်း ကရင်ပြည်နယ် နယ်စပ်မှ ဘင်္ဂလာဒေခ်ျ့ နယ်စပ်သို့ ချီတက်ရာတွင် ပါဝင်ခဲ့သူ ရဲဘော်ရိုးလင်းသည် ဧပြီလ ၇ ရက်နေ့က အိန္ဒိယ နိုင်ငံတွင် ကွယ်လွန်သွားခဲ့ကြောင်း သတင်း ရရှိသည်။
K.-Z.-Aungရဲဘော်ရိုးလင်းသည် နာတာရှည် ခံစားနေခဲ့ရသည့် အသည်းရောဂါတမျိုးဖြင့် အာသံပြည်နယ်၊ ဆေးရုံတခုပေါ်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ခဲ့သည်ဟု အိန္ဒိယမှ နိရဉ္စရာသို့ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။
သူ့အား ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ လက်သန်းချီရွာတွင် မိဘနှစ်ပါး ဖြစ်သူ ဦးသာထွန်းဦးနှင့် ဒေါ်ကြာဖြူတို့မှ ၁၉၅၉ ခုနှစ်  ဧပြီလတွင်မွေးဖွားခဲ့သည်။
ငယ်နာမည်မှာ ကျော်ဇော ဖြစ်ပြီး မွေးချင်း(၇) ယောက်အနက် ခြောက်ယောက် မြောက်ဖြစ်ကာ  ငယ်စဉ် ဘ၀ကတည်းက ကိုရင်ဝတ်ဖြင့် ပညာကို အပတ်တကုတ် ဆည်းပူးခဲ့သူဖြစ်သည်။
မင်းပြားမြို့ကို ရခိုင်တော်လှန်ရေး သမားများ ၀င်ရောက် သိမ်းပိုက်ခဲ့သည့် နောက်ပိုင်းတွင် ရန်ကုန်တွင် ပညာဆည်းပူးနေသူ ရဲဘော်ရိုးလင်းမှာ တော်လှန်ရေးနှင့် စတင်နီးစပ် ခဲ့သည်ဟု ဆိုသည်။
၁၉၈၈ ခုနှစ် အရေးအခင်းနောက်ပိုင်းတွင် ထိုင်းနယ်စပ်သို့ ရောက်ရှိလာပြီး  ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင့်တပ်မတော် AA သို့   ၀င်ရောက်သည်။ ၈၈  အရေးအခင်း ကာလ နောက်ပိုင်းတွင် ဗိုလ်မှူး ကြာဖြူအောင် ဦးဆောင်သည့်  စစ်ကြောင်းဖြင့် ထိုင်းနယ်စပ်မှ ရခိုင်ပြည်သို့  ပင်လယ်ကြောင်းမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိုမှ တဆင့် ဘင်္ဂလားဒေခ်ျ့ နယ်စပ်သို့ ရောက်ရှိခဲ့ကာ ရခိုင်တပ်မတော်  AA ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည်။
၎င်းနောက်ပိုင်း ပညာရေးနှင့် ပရဟိတလုပ်ငန်းများဆက်လက်လုပ်ဆောင်လိုသဖြင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဖလောင်းချိတ်မြို့တွင် မေဓသာရ အမည်ဖြင့်  ရဟန်း အဖြစ်ခံယူခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နာလန္ဒာတက္ကသိုလ်တွင် ကျောင်းသားအဖြစ်ဖြင့် တက်ရောက်ပညာသင်ယူခဲ့ရာ မဟာဝိဇ္ဇာ (အမ်အေတန်း) ကို အောင်မြင်ခဲ့သည်။
တချိန်တည်းတွင် ကာလကတ္တားမြို့ ကျောင်းသားများ စာပီအသင်းကို တည်ထောင်ခဲ့ပြီး ပရဟိတဘုန်းကြီးကျောင်းတခု ဖြစ်ပေါ်ရေးအတွက် အဓိကနေရာမှ ပါဝင် လုပ်ဆောင်ခဲ့သည်။
ကိုရိုးလင်းမှာ ထူးခြား ရိုးသား ဖြူစင်သူဖြစ်ပြီး အစဉ်သဖြင့် ခွင့်လွှတ် အနစ်နာ ခံတတ်သူ၊ ကိုယ့်ကျင့်စာရိတ္တကောင်းမွန်ပြီး မေတ္တာဝါဒဖြင့်သာ ပြုမူ ဆက်ဆံ တတ်သူဖြစ်သည်။ သနားခြင်း၊ စာနာခြင်း၊ ညှာတာခြင်းဆိုသည့် ပရဟိတ အခြေခံ စိတ်ထားဖြင့် အများအကျိုးကို တနိုင်တပိုင် သည်းပိုး ခဲ့သူဖြစ်သည့်အလျှောက် သူဆောင်ကြည်းခဲ့သဖြင့် မျှော်လင့်ချက်မဲ့ မရှိဆင်းရဲသားတချို့သည်ပင် ယနေ့တွင် အဆင်ပြေ ပညာတတ်သူများဖြစ်နေကြပြီ  ဖြစ်ကြောင်း သိရသည်။
၁၉၉၉ ခုနှစ်တွင် တဖန်  လူဝတ်လဲခဲ့ပြီး ဒေါက်တာ လက်ခူဟရီရှမ်းနှင့် အိမ်ထောင် ပြုခဲ့သည်။
ကွယ်လွန်ချိန်အထိ သားသမီးထွန်းကားခြင်း မရှိခဲ့သော်လည်း မွေးစား ကူညီထောက်ပံ့ခံ  သားသမီး တချို့ ကျန်ရစ်ခဲ့သည်။
ဆယ်စုနှစ်တခုစာမျှ အသည်းရောဂါကို နှစ်ရှည် ခံစားနေခဲ့ရသည့်ကြားကပင် ပရဟိတ လုပ်ငန်းတချို့ ဖြင့် လှုပ်လှုပ်ရှားရှားပင် ရှိနေခဲ့သည့် ရဲဘော်ရိုးလင်းသည် လွန်ခဲ့သည့် မတ်လ နောက်ဆုံး ပတ်ထဲတွင် ထိုင်းနိုင်ငံမှ ပို့ ဆောင်လှူဒါန်းသည့် ကြေးဘုရားဆင်းတုတော် နှစ်ဆူအား ကိုးကွယ်ကြမည့် နေရာ (အာသန်ပြည်နယ်၊ ဂျိုရဟတ်ခရိုင်) အရောက် ကိုယ်တိုင် သယ်ပို့ လုပ်နေခဲ့ရာ ခရီးလွန်ပြီး၊ ပင်ပမ်းခြင်းတို့ ရင်ဆိုင်ခဲ့ရသည်။ ထိုမှ တဆင့်  ရောဂါဟောင်းမှ အခွင့် ရသွားခြင်းကြောင့် ဒီးပူးမြို့ ပုဂ္ဂလိက ဆေးရုံတခုသို့ တင်ပို့ခဲ့ရပြီး အဆိုပါ ဆေးရုံပေါ်တွင်ပင် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။
ယခုဧပြီလ ၁၁ ရက်နေ့  ရဲဘော်ရဲလင်း အတွက် ရည်စူးပြုလုပ်သည့် သံဃဒါန ပြူလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ရပ်နီးရပ်ဝေးမှ လုပ်ဖော်ကိုင်ဖက်နှင့် မိတ်ဆွေများကိုယ်စား အရှင်အရိယ၀ံသ (အေ၊ အန်၊စီဥက္ကဌဟောင်း) မှ  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်ဖြူ မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီ CNPC ကို ဒေသခံတွေ ၀ိုင်းဝန်းဆန္ဒပြပြီ

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် အထွေထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မဒေးကျွန်းက ဒေသခံ ပြည်သူ ၅၀၀ ခန့်ဟာ ဧပြီလ ၁၈ ရက်နေ့  နေ့လည်က စပြီး တရုတ်ကုမ္ပဏီ CNPC ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Protest-Against-the-Shwe-Gas-Project-&-CNPC-in-Maday
ဆန္ဒပြသူတွေဟာ မဒေးကျွန်း ဘုန်းတော်ကြီးကျောင်းရှေ့ကနေ တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ စုဝေး ချီတက်ပြီး ကြွေးကြော်သံတွေကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေ အနေနဲ့ အချက် (၉) ချက်ကို တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ ဦးဆောင်သူ တစ်ဦး ဖြစ်သူ ကိုထွန်းကြည်က ပြောပါတယ်။
Protest-Against-the-Shwe-Gas-Project-&-CNPC-in-Maday-xအခု ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရဘဲ ပြုလုပ်တာ ဖြစ်တဲ့ အတွက် အရေးယူမူတွေ၊ နှိမ်နှင်းမူတွေ ပြုလုပ်လာနိုင်တဲ့ အတွက် သတိထားပြီး ဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။
လုံခြုံရေးတွေကိုတော့ အာဏာပိုင်တွေက ကျွန်းပေါ်မှာ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ပြောပါတယ်။
နေ့လည် ၂ နာရီထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ တုန့်ပြန် ဆောင်ရွက်မူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ (၁) သိမ်းဆည်း လယ်မြေတွေကို လျှော်ကြေးပေးရာမှာ နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ပေးဆောင်ရန်(၂) လယ်မြေ ဥယာဉ်ခြံမြေတွေကို ဒေသခံတွေကို အသိမပေးဘဲ မသိမ်းရန် (၃) ကျွန်းပတ်ပတ်လည်မှာ ငါးဖမ်းခွင့်ပေးရန် (၄) ကျွန်းပေါ်ရှိ ဒေသခံ ကျေးရွာများတွင် လျှပ်စစ်မီး ပေးဝေရန် (၅) အလုပ်သမားကဒ် ရှိသူတွေကို အလုပ်ပြန်ခန့်ပြီး တရုတ် အလုပ်သမားတွေနဲ့ တန်းတူ လစာပေးရန်၊ (၅) မဒေကျွန်းမှာ ပျက်စီးနေတဲ့ လမ်းတွေကို ပြန်လည် ပြုပြင်ပေးရေး(၆) ပျက်စီးနေသောတာတမံတွေကိုပြန်လည် တည်ဆောက် ပေးရေး  စတဲ့ အချက်တွေ ပါဝင်တယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။
Protest-Against-the-Shwe-Gas-Project-&-CNPC-Madayစုစုပေါင်းတောင်းဆိုတဲ့ အချက် (၉) ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ကျောက်ဖြူ ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူတွေမှ အရင်က အကြိမ်ကြိမ်  ၀န်ခံ ကတိပြုခဲ့ပေမယ့် လက်တွေ့မှာ ဆောင်ရွက်ပေးတာ မရှိဘူးလို့ ကိုထွန်းကြည်က ပြောပါတယ်။ ဒါကြောင့် ခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ပြောပါတယ်။
နောက်ဆုံးတောင်းဆိုတဲ့ အချက်တွေကို လိုက်လျော့ပေးမယ်လို တရုတ် အင်ဂျင်နီယာတွေက ပြောဆိုတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အမျိုးသမီး  တစ်ဦးက ပြောပြပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မဒေးကျွန်းဒေသခံများ CNPC ကုမ္ပဏီကို ဆန္ဒပြပြီ

မဒေးကျွန်းဒေသခံများ CNPC ကုမ္ပဏီကို ဆန္ဒပြရန်အတွက် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ရပြီ လေးကြိမ်မြောက်ဖြစ်သော ဧပြီလ ၁၈ ရက်နေ့တွင် ဒေသခံများက CNPC ကုမ္ပဏီအား ဆန္ဒပြနေပြီဖြစ်ကြောင်း သိရသည်။
ဆန္ဒပြရန်အတွက် မဒေးကျွန်းဒေသရှိ ပြိန်ရွာ၊ ကျောက်တန်းရွာ၊ ရွာမ ရွာ၊ ပန်းထိန်ဆည်ကျေးရွာမှ ရွာသားများ ၄၀၀ ခန့်သည် ပြိန်ရွာ ဘုန်းတော်ကြီး ကျောင်းနီးမှ ယနေ့နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က စတင်ထွက်ခွါလာခဲပြီး ၂ နာရီ ၁၅ မိနစ်ခန့်တွင် CNPC ကုမ္ပဏီရှိရာ ဒေသအခေါ် ကျောက်မော်ကြီးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
CNPC ကုမ္ပဏီမှ ရေနံသိုလှောင်ရန် တိုင်ကီများဆောက်လုပ်ဖို့အတွက် တောင်များကိုဖြိုခွဲနေစဉ်။CNPC ကုမ္ပဏီမှ ရေနံသိုလှောင်ရန် တိုင်ကီများဆောက်လုပ်ဖို့အတွက် တောင်များကိုဖြိုခွဲနေစဉ်။
CNPC ကုမ္ပဏီအား ဆန္ဒပြရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့ တစ်ကြိမ်၊ ဧပြီလ ၁၁ ရက်နေ့ တစ်ကြိမ်၊ သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်မရသဖြင့် အထမမြောက်ခဲ့ဘဲ ယနေ့တွင် ခွင့်ပြုချက်ယူရန် မလိုဘဲ ဆန္ဒပြနေခြင်းဖြစ်သည်။
သင်္ကြန် မတိုင်မီ ဧပြီလ ၁၁ ရက်နေ့က ဆန္ဒပြရန် ပြင်ဆင်ခဲ့ရာ သင်္ကြန်ရက် နီးကပ်နေခြင်းကြောင့် သင်္ကြန်ပြီးမှ ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြပြီး ယနေ့တွင် ဆန္ဒပြနေခြင်းဖြစ်သည်။
မဒေးကျွန်း ဒေသခံများ ဆန္ဒပြတောင်းဆိုသော အချက်များမှာ " သိမ်းဆည်းခံရသော လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးလျှော်ရေး၊ မဒေးကျွန်း ဒေသဆိပ်ကမ်းမှ (ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိန်ဆည်) ဆက်သွယ်ရေး လမ်းကြောင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပေးရေး၊ အလုပ်သမားကဒ် ရရှိပြီးသူ ဒေသခံများ အလုပ်အကိုင်ရရှိရေး၊ လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းရရှိရေး၊ မဒေးကျွန်း လူနေအိမ်များနှင့် အဆောက်အဦးများတွင် လျှပ်စစ်မီးရရှိရေး၊ ဒေသခံများ လုံခြုံမှု ရှိစေရန် လူစိမ်းအလုပ်သမားများကို စီစစ်ဆောင်ရွက်ရေး၊ ကျွန်းပတ်လည် ငါးဖမ်းကွက်များတွင် လွပ်လပ်စွာ ငါးဖမ်းလုပ်ကိုင်ခွင့်ရရှိရေး၊ မဒေးကျွန်းပေါ်ရှိ မြေလွတ်မြေရိုင်း၊ မည်သည့်နေရာဒေသကိုမှ ကျွန်းသူ၊ ကျွန်းသားမသိဘဲ သိမ်းယူလုပ်ကိုင်ခွင့်မပြုရ၊ လယ်ယာမြေအသစ် ဖော်ထုတ်ပေးရေးအဖြစ် ကျောက်တန်းကာရီကို အသစ်ပြန်လည်တည်ဆောက်ရေး၊ ယခုလက်ရှိဖြစ်ပေါ်နစ်နာနေသော လယ်ပိုင်ရှင်၊ ဥယျာဉ်ခြံမြေပိုင်ရှင်များကို ထိုက်တန်သော လျှော်ကြေးပေးရေး။ " ဟု သိရသည်။
အဆိုပါ တောင်းဆိုချက်များအား CNPC ကုမ္ပဏီက မလိုက်လျောပါက CNPC တရုတ်ရေနံ ကုမ္ပဏီ မဒေးကျွန်းဒေသတွင် အလိုမရှိ CNPC ထွက်သွားဟု ကြွေးကြော်သံများလည်း ပါဝင်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- ဇင်ကီး)

သင်္ကြန်လည်တဲ့စက်လှေ လေးမြို့မြစ်အတွင်း နစ်ရာမှ ဆယ်ကျော်သက်အရွယ် လူငယ်သုံးဦးသေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ သင်္ကြန်ကာလအတွင်း တစ်ရွာမှ တစ်ရွာသို့ လည်ပတ်သွားလာနေသည့် စက်လှေ တစ်စီး လေးမြို့မြစ် အတွင်း နစ်မြုပ်ရာမှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် နှစ်ဦးနှင့် ယောင်္ကျားလေး တစ်ဦးတို့ ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။
Myanmar_MraukUသေဆုံးသွားသူများမှာ မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာမှ ၁၃ နှစ်အရွယ် မနီနီဝင်း၊ မအေးမြင့်နှင့် ပီပင်ကုန်းကျေးရွာမှ အသက် ၁၇ နှစ် အရွယ် မောင်ဝင်းတို့ ဖြစ်ကြသည်။
အဆိုပါ စက်လှေသည် သင်္ကြန် အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်က တစ်ရွာနှင့်တစ်ရွာ အကြား သင်္ကြန်လည်ပြီး အပြန်  ဂုံကျွန်းကျေးရွာမှ ဆင်အိုးရွာဘက်သို့ လေးမြို့မြစ်ကို ဖြတ်၍ ကူးစဉ် မြစ်လယ်တွင် နစ်မြုပ်သွားခဲ့သည်ဟု ဂုံကျွန်းကျေးရွာက မျက်မြင် အမျိုးသမီးငယ် တစ်ဦးက ပြောသည်။
“ လေပြင်းတွေ တိုက်နေတဲ့ အတွက် မကူးနဲ့၊ မကူးနဲ့ဆိုတဲ့ ကြားက လူတွေ ပြောစကားကို နားမထောင်ဘဲ ကူးတဲ့ အတွက် လိုင်းတွေ အရမ်းထနေတဲ့ မြစ်လယ်မှာ တိမ်းမှောက်ပြီး နစ်သွားပါတယ်။ အနီးအနားက လူတွေက ဆယ်ပေမယ့် ကျန်လူတွေကိုတော့ ရလိုက်တယ်။ သူတို့ သုံးဦးကို မရလိုက်ဘူး” ဟု ဆိုသည်။
စက်လှေနစ်စဉ် စက်လှေပေါ်တွင် လူ (၉) ဦးခန့် ပါဝင်သည်ဟု သိရသည်။
သေဆုံးသွားသူ မနီနီဝင်းနှင့် မအေးမြင့် အလောင်းအား ဧပြီလ ၁၇ ရက် နံနက် ၈ နာရီခန့်တွင် လေးမြို့မြစ်ထဲမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး မောင်ဝင်း၏ အလောင်းကို အဆိုပါနေ့ နံနက် ၁၁ နာရီတွင် ရှာဖွေ တွေ့ရှိခဲ့သည်ဟုဆိုသည်။
“ သူတို့ကို သဂြိုလ်လိုက်ပါပြီ။ အလောင်းတွေကို ရတဲ့နေ့မှာ သဂြိင်္ုလ်လိုက်တာပါ” ဟု ချောင်းသစ်ရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။
စက်လှေမနစ်မှီ အဆိုပါနေ့နံနက်နှင့် ညနေပိုင်းတွင် မြောက်ဦးမြို့နယ် အတွင်း မိုးအကြီးအကျယ် ရွာသွန်းခဲ့ပြီး တချို့နေရာများတွင် လေပြင်းနှင့် မိုးသီးလုံးကြီးများ (ရခိုင်အခေါ် မိုးကျောက်များ) အကြီးအကျယ် ရွာချခဲ့သည်ဟု မြောက်ဦးမြို့ ဒေသခံ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ မိုးသီးလုံးကြီးများ ရွာချခြင်းကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးကြောင်း အသက် ၃၀ နှစ်အရွယ် အဆိုပါ လူငယ်က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကျောက်တော် မဟာမုနိကုန်းတော်တွင် အငြင်းပွားဖွယ်ရာ စေတီတစ်ဆူတည်ဆောက်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ် ကိန်းအောင်းရာ ဘုရား ၀င်းအတွင်း အငြင်းပွားဖွယ်ရာ စေတီ တစ်ဆူအား တည်ဆောက်နေကြောင်း သတင်း ရရှိသည်။
 ကျောက်တော်မြို့ မဟာမုနိ သိမ်တော်ကြီး  ( Photo-  Soe Thant Aung)
ကျောက်တော်မြို့ မဟာမုနိ သိမ်တော်ကြီး ( Photo- Soe Thant Aung)
ယခု စေတီအား မဟာမုနိ ရုပ်ရှင်တော်မြတ် အနောက်ဘက် စောင်းတန်းမြောက်ဘက် မျက်နာစာ မဟာဗောဓိပင်နားရှိ ယခင် စေတီဟောင်း ၂ ဆူ အနီးတွင် ကပ်ရပ် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရှေးဟောင်းနယ်မြေ အတွင်း စေတီတော် တစ်ဆူ တည်ဆောက်နေခြင်းကို ရှေးဟောင်း သုသေနဌာနမှလည်း သဘောမတူကြောင်း သိရသည်။
သို့အတွက် နိရဉ္စရာမှ မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသန ဌာနအား မည်သည့် အတွက်ကြောင့် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်နေသော စေတီအား တားမြစ်နိုင်ခြင်း မရှိ ဖြစ်နေပါသလဲဟု မေးမြန်းရာ တာဝန်ရှိ သူ တစ်ဦးမှ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့တွင်  ဖြေကြားရန် တာဝန် မရှိကြောင်းနှင့်  ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းပါဟု ပြောဆိုကာ ဖုံးချသွားခဲ့သည်။
မြောက်ဦးရှေးဟောင်း သုတေသနဌာနနှင့် နီးစပ်သူ တစ်ဦး အပြောအရ  ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ တည်ရှိရာ နေရာတွင် ခွင့်ပြုချက်မရှိဘဲ စေတီ တည်ဆောက်နေခြင်းကို ရှေးဟောင်းသုတေသနဌာနမှ ကျောက်တော်ရဲစခန်းတွင် အမူဖွင့်တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း  သိရသည်။
သို့အတွက် အထက်က ဖိအားပေးမူများ ရှိနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ သုံးသပ်ပြောဆိုသည်။
စေတီ တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး မဟာမုနိ ဘုရားဂေါပက အဖွဲ့အား ဆက်သွယ်မေးမြန်းရာ မဟာမုနိ ဘုရားဂေါပ အလှည့်ကျ ဥက္ကဌ ဦးညိုသာလှမှ စေတီ တည်ဆောက်နေခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် မြို့နယ် သံယာနာယက ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်နေခြင်း ဖြစ်ကြောင်း ပြောသည်။
“ ဟုတ်ပါတယ်။ စေတီတော်မှာ အမြင့် (၉) တောင်ရှိပါတယ်။ လွန်ခဲ့တဲ့ အပတ်ကနေ စတင် တည်ဆောက်နေတာပါ။ သံယာနာယက ဥက္ကဌရဲ့စာထဲမှာတော့ ဒီစေတီကို ကရင်ပြည်နယ်မှ အောင်စိုးမိုးနှင့် တကာ တကာမများက လှူဒါန်း တည်ဆောက်တဲ့ စေတီဖြစ်တယ်လို့   စာထဲမှာ ပါရှိပါတယ်” ဟု ဆိုသည်။
မည်သည့်အတွက် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ တည်ရှိရာ နေရာတွင် စေတီတစ်ဆူကို ထပ်မံ တည်ဆောက်ရပါသလဲဟု မေးမြန်းရာ ဘုရားဂေါပကတွင် မြို့နယ် သံယာနာယက၏ အမိန့်ကို ဖီဆန်နိုင်သော အာဏာ မရှိသလို မိမိတို့တာဝန်မှာ စေတီ အဟောင်းဖြစ်စေ အသစ်ဖြစ်စေ ထိန်းသိမ်း စောင့်ရှောက်ရန်သာ တာဝန်ရှိကြောင်း ပြောဆိုသည်။
ယခု တည်ဆောက်နေသော စေတီကို ဒေသခံ ပန်းရံဆရာများက တည်ဆောက်နေခြင်း မဟုတ်ဘဲ သူတို့တွင် တခါတည်း တစ်ခြား အရပ်မှ ပန်းရံဆရာများ ပါလာသည်ဟု ဆိုသည်။
ယခုကဲ့သို့ မဟာမုနိ ရုပ်ရှင်တော်မြတ် ကိန်းအောင်ရာ ကျောင်းတော် အတွင်း ရပ်ဝေးမှ လာရောက်ပြီး  စေတီ တစ်တူ တည်ဆောက်နေခြင်း အပေါ် ဒေသခံများးလည်း သိရှိခြင်း မရှိကြောင်း ရခိုင် သမိုင်းသုတေသီ ဦးဘသောင်းက ပြောသည်။
“ အခု စေတီ တည်နေတာကို ဒေသခံတွေကလည်း  မသိလိုက်ဘူး။ အခုက ပြီးစီးလုနီးပါး ရောက်နေပြီ။ နေ့ရော ညရော တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဒေသခံတွေကတော့ သိပ် ကျေနပ်မယ့်ပုံ မရှိပါဘူး” ဟု ဆိုသည်။
ဘုရားဂေါပက အလှည့်ကျ ဥက္ကဌ ဦးညိုသာလှကို စေတီ တည်ဆောက်ခြင်းရည်ရွယ်ချက်ကို သိပါသလားဟု မေးမြန်းရာ သူက ယခုလို ဆက်ပြောသည်။
“ သူတို့က ပြောတာက ကုသိုလ်ရေး ဒါနရေး တိုင်းပြည်ဒေသ ငြိမ်းချမ်းရေး  အတွက် တည်တယ်လို့ ပြောတာပါဘဲ။ ဒီလောက်ဘဲ သိပါတယ်” ဟု ပြောသည်။
ယခုအခါ စေတီတော် တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရာ တစ်စုံတစ်ရာ ရှိရမည်ဟု အများက ခန့်မှန်း ပြောဆိုနေကြသည်ဟု သိရသည်။
ကျောက်တော်မြို့နယ် သံယာနာက ဥက္ကဌ ဆရာတော်ကြီးအား အသေးစိတ် သိရှိနိုင်ရန်  ဖုံးအကြိမ်ကြိမ် ဆက်သော်လည်း ဖုံးပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အမျိုးသားလွတ်မြောက်ရေးအတွက် မျိုးဆက်သစ်များ ပခုံးပြောင်းတာဝန်ယူကြရန် တစ်ကျွန်းပြန်တစ်ဦးမှ တိုက်တွန်း

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် တိုင်းရင်းသားလူမျိုး အသီးသီးမှ မျိုးဆက်သစ် လူငယ်များက ပခုံးပြောင်း တာဝန်ယူကြရန် တကျွန်းပြန် ၀ါရင့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် ဘဲခေါင်း ဦးမောင်မောင်က မြန်မာ့နှစ်သစ်ကူး အခါသမယတွင် တိုက်တွန်း ပြောကြားလိုက်သည်။
အမျိုးသားလွတ်မြောက်ရေးအတွက် မျိုးဆက်သစ်များ ပခုံးပြောင်း တာဝန်ယူကြပါရန်။အမျိုးသားလွတ်မြောက်ရေးအတွက် မျိုးဆက်သစ်များ ပခုံးပြောင်း တာဝန်ယူကြပါရန်။
ဧပြီလ (၁၄) ရက် သင်္ကြန်အကျနေ့၊ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ရောက် မြန်မာများက (La Corona 5600) ခန်းမ၌ ကျင်းပသော နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် နှစ်သစ်ကို ကြိုဆိုသည့် နှုတ်ခွန်းဆက် အမှာစကားပြောကြားရာ၌ သူက ယခုကဲ့သို့ တိုက်တွန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
" အခု ကျနော်တို့ အသက် ၈၀ ကျော်နေပါပြီ။ ရှေ့ ဆက် အသက်ရှင် ရပ်တည်ရမယ့် သက်တမ်းက သိပ်မကျန်တော့ပါဘူး။ အမျိုးသားနိုင်ငံရေးနှင့် အမျိုးဘာသာ သာသနာရေးကဏ္ဍတွေမှာလည်း ယခင်ကလို စွမ်းဆောင်နိုင်တဲ့ အင်အားတွေ သိပ်မရှိတော့တဲ့အတွက် အခု စကားပြောနိုင်တုန်းမှာ ပြောခဲ့ချင်ပါတယ်။ တတိယနိုင်ငံတွေမှာ ရောက်ရှိနေထိုင်နေကြတဲ့ လူငယ်လူရွယ်တွေဟာ ကျနော်တို့ လူကြီးတွေ တာဝန်မကျေခဲ့လို့ ခုလိုရောက်ရှိနေထိုင်နေကြရတာ ဖြစ်တယ်လို့ ခံစားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကနေ့ မျိုးဆက်သစ် ကျောင်းသားလူငယ် မောင်မယ်လေးများဟာ တနေ့ နေ့ တချိန်ချိန်မှာ မြန်မာနိုင်ငံ အမျိုးသားလွတ်မြောက်ဖို့နဲ့  ငြိမ်းချမ်းပြီး ခေတ်မှီဖွံ့ ဖြိုးတိုးတက်အောင် ပခုံးပြောင်းတာဝန်ယူ စွမ်းဆောင် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ပခုံးပြောင်း တာဝန်ယူ စွမ်းဆောင် ကြိုးပမ်းနိုင်တဲ့ အနာဂတ် နိုင်ငံသားကောင်း ရတနာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ကျနော်အနေနဲ ယုံကြည်အားကိုးပါတယ်။ " ဟု သူက ပြောကြားသည်။
မင်္ဂလာရှိသော နှစ်သစ်အခါသမယတွင် ယခုလို အစဉ်အလာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထုတ်ဖော်ပြသကြတဲ့ အတွက်လည်း နှစ်ထောင်းအားရ ၀မ်းသာပီတိ ဂုဏ်ယူမိကြောင်းကို " မိမိတို့ နိုင်ငံနဲ့ အဝေးကိုရောက်နေကြပေမဲ့ ကိုယ့်ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာရှိတဲ့ ယဉ်ကျေးမှုလုပ်ငန်းတွေကို လုပ်ဆောင်ကြတဲ့ အပေါ်မှာ နှစ်ထောင်းအားရ ၀မ်းသာပီတိ ဂုဏ်ယူမိပါတယ်။ ဒီလို ကောင်းမြတ်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေအားလုံးကိုလည်း ပခုံးပြောင်း လက်ဆင့်ကမ်း တာဝန်ယူ ထိမ်းသိမ်းစောင့်ရှောက် ဖော်ထုတ်သွားနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်း တောင်းပါတယ်။ " ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
အမျိုးသားလွတ်မြောက်ရေးအတွက် မျိုးဆက်သစ်များ ပခုံးပြောင်း တာဝန်ယူကြပါရန်။ အမျိုးသားလွတ်မြောက်ရေးအတွက် မျိုးဆက်သစ်များ ပခုံးပြောင်း တာဝန်ယူကြပါရန်။
ဘဲခေါင်း ဦးမောင်မောင်သည် မြန်မာပြည်တွင်းထဲ၌ နေထိုင်ခဲ့စဉ်ကာလက အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုကဏ္ဍတွင် ဦးဆောင်တက်ကြွလှုပ်ရှားခဲ့သဖြင့် ၁၉၆၃ ခုနှစ်တွင် ဗမာအစိုးရက ဖမ်းဆီးထောင်ချကာ ကိုကိုးကျွန်းသို့ ပို့ခံခဲ့ရပြီး ၁၉၇၂ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် ၀ါရင့်နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ကြောင်း သိရှိရသည်။ ဘဲခေါင်း ဦးမောင်မောင်နဲ့ အတူ ထိုစဉ်က ဖမ်းဆီးထောင်ချ တကျွန်းပို့ ခံခဲ့ရသည့်အထဲတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (The Arakan Liberation Party -ALP) မှ ရဲဘော်အောင်ညိုလှ၊ ဂျီတီအိုင် (G.T.I) ကျောင်းသား ကိုလှမောင်ဦးနှင့် တခြားရခိုင်အမျိုးသားများ ပါဝင်ခဲ့ကြောင်းလည်း သိရှိရသည်။
(သတင်း အရင်းအမြစ်- Arakantimes)


(၅)ကြိမ်မြောက်ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲအခမ်းအနား နယူးယောက်တွင် ကျင်းပ

(၅) ကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကြတ်နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ရခိုင်လူမျိုးများမှ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ရခိုင်လူမျိုးများမှ ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်။အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ရခိုင်လူမျိုးများမှ ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်။
အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုပြီး ဆရာတော် ဒေါက်တာ အရှင်နာယကထံမှ ငါးပါးသီလနှင့် ဆုံးမသြ၀ါဒတရားခံယူကာ စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်တွင် ဦးဆန်းမြင့်က မင်္ဂလာနှစ်သစ်ကူး အမှာစကားကို ပြောကြားပြီး အခမ်းအနား ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နဲ့ ပတ်သက်၍ အခမ်းအနား စီစဉ်ရာတွင် ဦးဆောင်ပါဝင်သူတဦးလည်းဖြစ်၊ နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (World Arakanese Organization-WAO) အမေရိကန်ဌာနခွဲ၏ ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သည့် ကိုဇော်ဇော်ထွန်းက ယခုလို ပြောသည်။
" ကျနော်တို့ ရခိုင်သူ ရခိုင်သားတွေဟာ ရခိုင်ပြည်ကနေ မိုင်ပေါင်းထောင်ချီဝေးကွာတဲ့ အရပ်ဒေသကို ရောက်နေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိမ်းစောင့်ရှောက် ဖော်ထုတ်တဲ့ သဘောရယ်၊ ဒီမှာ မွေးဖွားကြီးပြင်းလာခဲ့ကြတဲ့ ကျနော့်တို့ရဲ့ အနာဂတ်မျိုးဆက်သစ် ကလေးတွေက ကိုယ့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို အားကျအတုယူ လေးစားတတ်လာအောင် လက်ဆင့်ကမ်းအမွေပေးချင်တဲ့ ရည်ရွယ်ချက်တွေနဲ့  ခုလို ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ပွဲတော် အခမ်းအနားကို ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်။ " ဟု ပြောဆိုသည်။
အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက် အကျဉ်းကို ပြောကြားပြီးနောက်တွင် တက်ရောက် ဆင်နွှဲပူးပေါင်း ပါဝင်လာကြသူများက နံ့သာသွေး အမှတ်တရ ဓာတ်ပုံမှတ်တမ်းများရိုက်ယူခဲ့ကြပြီး ဘုရားဆင်းထုတော်များကို နံ့သာရေဖြင့် ဘုရားရေ သပ္ပါယ်ခဲ့ကြသည်။
နှစ်သစ်ကူး နှစ်ခွန်းဆက်အမှာစကားအနေနဲ့ ကမ္ဘာနိုင်ငံအနှံ့က ရခိုင်ပြည်သူလူထုကို ဘာများပြောကြားချင်ပါလဲဟု ကိုဇော်ဇော်ထွန်းကို အာရ်ကန်တိုင်းမ်စ်မှ မေးမြန်ရာ " ဆရာကြီး ဒေါက်တာအေးကျော် မကွယ်လွန်ခင်က မကြာခဏ ပြောခဲ့တဲ့ စကားတခွန်း ရှိပါတယ်။ " ချစ်လီ၊ ညီလီ၊ စည်းလုံးလီ " ဆိုတဲ့ စကားကိုပဲ ကျနော့်အနေနဲ့ ပြန်လည် ပြောကြားလိုပါတယ်။ " ဟု သူက ဖြေကြားသည်။
(၅) ကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ပွဲ အခမ်းအနား နယူးယောက်တွင် ယနေ့ကျင်းပနေပြီ။ (၅) ကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ပွဲ အခမ်းအနား နယူးယောက်တွင် ယနေ့ကျင်းပနေပြီ။
အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည့် ကိုထွန်းလှိုင်က " ကျနော်တို့ နယူးယောက်မြို့မှာ လာရောက် အခြေချ နေထိုင်တဲ့ ရခိုင်လူဦးရေ တစ်နှစ်ထက်တစ်နှစ် များသထက် များလာနေတာ တွေ့ရပါတယ်။ ဒီမြို့မှာရှိတဲ့ ရခိုင်လူမျိုး အားလုံးနီးပါးနဲ့ ကလေးသူငယ်များပါမကျန် ဒီပွဲတော် အခမ်းအနားကို ရိုးရာယဉ်ကျေးမှု အ၀တ်အစား အဆင်အပြင်တွေနဲ့ တက်ရောက်ပူးပေါင်းပါဝင် ဆင်နွှဲကြတဲ့အတွက် ရခိုင်ပြည်နဲ့ အဝေးကို ရောက်နေပေမဲ့ ကျနော့်အနေနဲ့ ဝမ်းသာဂုဏ်ယူ အလွမ်းပြေမိပါတယ်။ " ဟု ပြောဆိုသည်။
အခမ်းအနားကို နယူးယောက် စံတော်ချိန် နေ့လည် ၁၂ နာရီကျော်တွင် စတင်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် အောင်မြင်စွာ ပြီးးဆုံးသွားခဲ့သည်။ အခမ်းအနားသို့ နယူးယောက်မြို့ အနီးအနားမှ ရခိုင်သူ ရခိုင်သား စုစုပေါင်း ၂၀၀ နီးပါး ခန့် တက်ရောက် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၏ ရာသီဥတုမှာ ဇွန်လကုန်ထိ ချမ်းအေးလေ့ရှိသည့်အတွက်ကြောင့် သင်္ကြန် ရေသဘင်ဘွဲတော်ကို အချမ်းလွန်မြောက်သည့် ဇူလိုင်လနှောင်းပိုင်းတွင် ကျင်းပလေ့ရှိကြကြောင်းလည်း သိရှိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)


Wednesday, April 17, 2013

မလေးရှား ပီနန်မြို့ ဓမ္မိကာရာမကျောင်းသင်္ကြန်အထူးစည်ကား

မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ ဂျော့ခ်ျတောင်းမြို့ ဓမ္မိကာရာမ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် (၂၂) ကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက် စနေနေ့ တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ ဂျော့ခ်ျတောင်းမြို့ ဓမ္မိကာရာမ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း။မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ ဂျော့ခ်ျတောင်းမြို့ ဓမ္မိကာရာမ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း။
အဆိုပါသင်္ကြန်ပွဲတော်ကို မလေးရှား ဖုန်းလိုင်းကုမ္ပဏီ တခုဖြစ်သည့် ဟော့ထ်လင့်ခ် (Hotlink) ကုမ္ပဏီမှ ပင်မကုန်ကျစရိတ် အထောက်အပံ့ (Main Sponsor) ဖြင့် တာဝန်ယူ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သင်္ကြန် အခမ်းအနားကို နံနက် ၈ နာရီခန့် တွင် "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ ဓမ္မိကာရာမ လက်ထောက်ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တနှင့် ဦးစာဂရပုတ္တိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ဆရာတော် ဦးဝိစိတ္တက အဖွင့်အမှာစကားမိန့် ကြားရာ " အယင့်အရင် နှစ်တွေက ကျင်းပခဲ့တဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွေက ကောင်းခဲ့လို့ ဒီနှစ်လည်း ခုလိုစည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပခွင့်ရတာဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်မှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပူးပေါင်းပါဆင်နွှဲကြပါ " ဟု မိန့် ကြားတော် မူသည်။
သင်္ကြန်ပွဲတော် အခမ်းအနားကို မလေးရှားရောက် မြန်မာတိုင်းရင်းသားများ သောင်းနဲ့ချီ လာရောက်ဆင်နွှဲခဲ့သည့်အပြင် ကမ္ဘာနိုင်ငံအနှံ့အပြားက ကမ္ဘာလှည့်ဘုရားဖူး နိုင်ငံခြားသားများလည်း ရာနဲ့ချီ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့၍ ကြက်ပျံမကျ စည်ကားခဲ့ကြောင်း ဆရာတော် ဦးရာဂရပုတ္တိက အာရ်ကန်တိုင်းမ်စ်သို့ ယခုလို မိန့် ကြားတော်မူသည်။
" မလေးရှားနိုင်ငံမှာ ပီနန်သင်္ကြန်ကတော့ အကြီးဆုံးနဲ့ အစည်ကားဆုံးလို့ ပြောနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်းကို ဧပြီလ ၁၃ ရက်နေ့ မှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်က စနေနေ့ ဖြစ်နေတဲ့အတွက်လည်း မြန်မာတိုင်းရင်းသားတွေ သောင်းနဲ့ ချီလာရောက် ဆင်နွှဲကြတာတွေ့ရတယ်။ အမေရိကန်၊ နယ်သာလန်၊ အင်္ဂလန်၊ တရုတ်၊ အိန္ဒိယ၊ သြစတေးလျားနိုင်ငံတွေက ကမ္ဘာလှည့်ဘုရားဖူး နိုင်ငံခြားသားတွေအပြင် ဒေသခံ မလေးရှား နိုင်ငံသားတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ လူမျိုးတွေလည်း လာရောက်ဆင်နွှဲကြတယ်။ ဘုန်းတော်ကြီး ကျောင်းဝန်းတခုလုံးက ကြက်ပျံမကျ စည်ကားလှတယ် " ဟု မိန့် ကြားသည်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်။မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်။
ကြွရောက်လာသည့် ဧည့်ပရိတ်များကို အမေ့ရင်သွေးတေးဂီဝိုင်းမှ ရိုးရာတေးသီချင်း၊ ခေတ်ပေါ်တေးဂီတတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပီနန် ပရဟိတ္တလူငယ်များ အဖွဲ့အစည်းအသီးသီးက မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်သားကြော်၊ မုန့် လုံးရေပေါ်၊ ကြာဆံကြော်၊ မုန့် ဟင်းခါး၊ လက်သုပ်စုံ၊ ရွှေရင်ရေး၊ အဖျော်ရည်စုံများနဲ့ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရှိရသည်။
နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းစကားနဲ့ ပတ်သက်၍ " နှစ်ဟောင်းမှာ ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ပဋိပက္ခမျိုးစုံတွေနဲ့  ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတယ်။ အဲဒီ တအုံနွေးနွေးဖြစ်နေတဲ့ ပဋိပက္ခမျိုးစုံတွေကို သင်္ကြန်ရေနဲ့ ဆေးကြောပစ်နိုင်ပြီးတော့ နှစ်သစ်ကို သယ်ယူမလာဖို့ နဲ့ နိုင်ငံအုပ်ချုပ်တဲ့ အစိုးရတွေကလည်း ကိုယ့်တာဝန်ကိုကိုယ် တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ကျေပွန်တဲ့ စိတ်ဓာတ်နဲ့ ထမ်းဆောင်ကာ ငြိမ်းချမ်းပြီး ခေတ်မှီဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို တက်လှမ်းနိုင်ကြပါစေ" ဟု ဆရာတော် ဦးရာဂရပုတ္တိက ဆုမွန်ကောင်း တောင်းတော်မူသည်။
ပီနန်ကျောင်းထိုင်ဆရာတော်ကြီး ဦးပညာဝံသသည် ယခုနှစ် သင်္ကြန်တွင် သာသရေးကိစ္စဖြင့် မြန်မာနိုင်သို့  ၂၀၁၃ နှစ်ဆန်းပိုင်းကတည်းကပင် ကြွရောက် သီတင်းသုံးတော်မူနေပြီး မေလကုန်နောက်ပိုင်းမှ ဓမ္မိကာရာမ ကျောင်းတိုက်သို့ ပြန်လည်ကြွရောက်တော်မူမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)


ဧပြီ သင်္ကြန်ကာလအတွင်း ရခိုင်မျိုးချစ်ခေါင်းဆောင်နှစ်ဦးကွယ်လွန်

ဧပြီလ သင်္ကြန်ကာလ အတွင်း ရခိုင် အမျိုးသား နိုင်ငံရေး လူပ်ရှားမူအတွင်း နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံ ပါဝင်ခဲ့သူ မျိုးချစ် ခေါင်းဆောင် နှစ်ဦး ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။
flowerသေဆုံးသွားသူများမှာ ဘူးသီးတောင်မြို့မှ  ဦးစံရွှေမောင်နှင့်  မင်းပြားမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်စောဖြူတို့ ဖြစ်ကြသည်။
ဦးစံရွှေမောင် ကွန်လွန်သွားခြင်းနှင့် ပတ်သက်ပြီး  ဘူးသီးတောင်မြို့ပေါ်မှ  ရတပ ပါတီဝင် ခေါင်းဆောင် တစ်ဦးဖြစ်သူ  ဦးသန်းလိုင်အား မေးကြည့်ရာ  အစားထိုးမရသော ဆုံးရှုံးမူ တစ်ရပ် ဖြစ်ကြောင်း ယခုလို ပြောသည်။
“ အခုလို အသိအမြင်ရှိတဲ့ မျိုးချစ် ပုဂ္ဗိုလ် တစ်ဦးဆုံးရှုံးသွားတာ ကြီးမားတဲ့ ဆုံးရှုံးမူ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အထူး ထိခိုက်ကြေကွဲရပါတယ်” ဟု ပြောသည်။
ဦးစံရွှေမောင်မှာ ကွယ်လွန်ချိန်မှာ အသက် (၇၇) နှစ်ရှိပြီ ဖြစ်ပြီး ဧပြီလ ၈ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဆေးရုံတွင် ကွန်လွန်သွားခဲ့သည်။ ဧပြီလ ၁၀ ရက်နေ့တွင် သဂြိင်္ုလ်ခဲ့ရာ သူ့ကို ချစ်ခင်လေးစားသူ လူပေါင်း ၅၀၀ ခန့်က အသုဘ လိုက်ပါ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး ဦးဦးလှစောအား ဦးစံရွှေမောင် အကြောင်းကို မေးကြည့်ရာသူက ယခုလို ပြောသည်။
“ လောလောဆယ် ကျွန်တော်ရဲ့ တစ်ဦးတည်း ပုဂ္ဗိုလ်ရေး  အရ ခံစားမူကို ပြောရရင် ကျွန်တော် တို့ ဒီ ဧပြီလ ရက်ပိုင်း အတွင်းမှာ ကျွန်တော်တို့ထက် စီနီယာကျတဲ့ ရခိုင် ခေါင်းဆောင် လူကြီး (၂) ဦး သေဆုံးသွားတာဟာ ၀မ်းနည်းစရာ အထူးကောင်းပါတယ်။ ပထမ တစ်ဦးက ဦးစံရွှေမောင်ပါ။ ဦးစံရွှေမောင်ဆိုရင်လည်း ရခိုင်ပြည် နိုင်ငံရေးလောကမှာ အလွန် တရာ ထက်မြက်တဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ သူကလည်း တက္ကသိုလ် ကျောင်းသား ဘ၀ကတည်းက ကွန်မြူနစ် လက်ဝဲ ၀ါဒကို ယုံကြည်ပြီး ရခိုင်ပြည် လွှတ်မြှောက်ရေး အတွက်  လက်ဝဲ၀ါဒကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ကြီး တစ်ဦး ဖြစ်ပါတယ်။ တောတွင်း လက်နက်ကိုင် တော်လှန်ရေး သမားဘ၀ကနေ ပြည်တွင်းကို ပြန်ရောက်လာတဲ့ အခါတွင်လည်း ဦးစံရွှေမောင်ဟာ ရခိုင်စာပေ ယဉ်ကျေးမူ နယ်ပယ်မှာ ပါဝင်လူပ်ရှားခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းအတွင်းမှာလည်း ဘူးသီးတောင်မြို့မှာ လူထု ခေါင်းဆောင် အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ကို တည်ထောင်တဲ့ အခါမှာလည်း ဘူးသီးတောင်မြို့နယ် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပီး ပထမ အကြိမ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင် အဖြစ် ရွှေးချယ် တင်မြှောက်ခံခဲ့ရပါတယ်” ဟု ဆိုသည်။
ဦးစံရွှေမောင် သေဆုံးသွားခြင်း အပေါ် ပုဂ္ဗိုလ်ရေး အရသော်လည်းကောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အနေနှင့် သော်လည်းကောင်း အလွန်တရာ ၀မ်းနည်းကြေကွဲရပါကြောင်း ပြောကြားသည်။
ဧပြီလ ၁၂ ရက်နေ့ ကွယ်လွန်သွားခဲ့သည့် မင်းပြားမြို့နယ် ရတပ ပါတီ အမျိုးသား  လွှတ်တော်ကိုယ်စားလှယ် ဦးမောင်စောဖြူနှင့် ပတ်သက်ပြီးလည်း ဆရာ ဦးဦးလှစောက ယခုလို ပြောသည်။
“ ဦးမောင်စောဖြူ ဇာတိက ပန်းမြောင်းပါ။ နောက်ပိုင်း မြောက်ဦးမှာနေတယ်။ စစ်တွေမှာ တက္ကသိုလ် ၀င်တန်းအောင်ပြီး ၆၂ မတိုင်မှီ တက္ကသိုလ်ကို ရောက်လာပြီး ရန်ကုန် တက္ကသိုလ် ရခိုင်စာပေနဲ့ ယဉ်ကျေးမူ ကော်မီတီမှာ ပါဝင်ပြီး နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ဖြတ်သန်းခဲ့ပါတယ်။ ဘွဲ့ရလာပြီးတဲ့နောက် ရခိုင်စာပေ ယဉ်ကျေးမူဆိုင်ရာ လူမူရေး နိုင်ငံရေး အဖွဲ့အစည်းတွေမှာ အမြဲတန်းလိုလို ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ဦးကြာလှအောင်တို့နဲ့ အတူ လက်နက်ကိုင်တော်လှန်ရေးထဲမှာ အချိန်တစ်စုံတစ်ရာထိ ဖြတ်သန်းခဲ့ပါတယ်။ လက်နက် ကိုင်တော်လှန်ရေးက ပြန်လာပြီးတဲ့နောက် စီမံကိန်း ဦးစီးဌာနမှာ အရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲသလို ထမ်းဆောင်နေချိန်မှာ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနဲ့ ဆက်သွယ်တယ် ဆိုပြီး ၁၇ (၁) နဲ့ ဖမ်းဆီးပြီး ထောင်ချလိုက်ပါတယ်။ ထောင်ထဲမှာ (၃) နှစ် နေခဲ့ရပါတယ်။ ထောင်ထဲက လွှတ်လာပြီးတဲ့နောက် ရခိုင် စာပေ ယဉ်ကျေးမူ အလုပ်တွေကို လုပ်ကိုင်ပြီး ရသေ့တောင်၊ စစ်တွေ၊ မင်းပြား မြို့နယ်တွေမှာ တွဲဘက်ကျောင်းဆရာဘ၀နဲ့ ဘ၀ကို ရှင်သန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်တွေမြို့ပေါ်မှာ ကျူရှင် ဆရာဘ၀နဲ့ ရပ်တည်ခဲ့ပါတယ်။ အဲဒီကနေ နိုင်ငံရေး ပါတီ ထူထောင်တဲ့အခါမှာ ကျူရှင်ဘ၀ကို စွန့်လွှတ်ပြီး နိုင်ငံရေး နယ်ပယ်ထဲကို ၀င်လာပါတယ်။ ရခိုင်တိုင်းရင်းသာများ တိုးတက်ရေးပါတီကို စတင် တည်ထောင်တဲ့ အခါမှာလည်း ရှေ့ဆုံး တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့  ဖွဲ့စည်း လူပ်ရှားတဲ့ အခါမှာလည်း ပထမ အကြိမ် ညီလာခံမှာ ဗဟိုဦးစီး အဖွဲ့ဝင်  အဖြစ် ရွှေးကောက်တင်မြှောက်ခံခဲ့ရပြီး ALD ရဲ့ ခေါင်းဆောင်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
ဦးမောင်စောဖြူသည် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရတပ ပါတီကိုယ်စားပြုပြီး မင်းပြားမြို့နယ်မှ ယှဉ်ပြိုင်ရာ အမျိုးသား လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့သည်။ ဦးမောင်စောဖြူသည် အမျိုးသားလွတ်တော်တွင်လည်း ရခိုင်အရေးနှင့် ပတ်သက်ပြီး မကြောက်မရွံ့တင်ပြခဲ့သူ တစ်ဦးဖြစ်ပြီး သူ၏ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သော မေးခွန်းအများအပြားမှာ တင်ပြခွင့် မရဘဲ ပယ်ချခံခဲ့ရသည်ဟု သိရသည်။
ဦးမောင်စောဖြူသည် ဧပြီလ ၁၂ ရက်နေ့ ညဥ့် တစ်နာရီခန့်တွင် တစ်စုံတစ်ရာ ဆေးကုသမူ မပြုလိုက်ရမှီ ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် ရေဝေး သုသာန်တွင် သဂြိုလ်မည်ဟု သိရသည်။
ဦးမောင်စောဖြူသည် ကွယ်လွန်ချိန်တွင် အသက် (၇၃) နှစ်ရှိပြီး သားနှစ်ဦး သမီး တစ်ဦး ကျန်ခဲ့သည်ဟု သိရသည်။
ဦးမောင်စောဖြူသည် အလွန်ရိုးသား ဖြောင့်မတ်သူ တစ်ဦး ဖြစ်ပြီး သူသေဆုံးမူမှာ အလွန်တစ်ရာ ဆုံးရှုံးမူတစ်ရပ် အဖြစ် ခံစားရကြောင်း ဆရာ ဦးဦးလှစောက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်တွင် ဒုက္ခသည်တို့၏ နေအိမ်များကို ၃ လနှင့်အပြီးပြန်ဆောက်ပေးမည်ဟု သမ္မတဦးသိန်းစိန်ပြော

ရခိုင်ဒေသ ဒုက္ခသည်များအတွက် နေအိမ်များကို ယခုမှစ၍ ၃ လ အတွင်း အပြီးသတ်ပြန်ဆောက်ပေးသွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။
ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည် ​ဖော်ဆောင်ရေး ကော်မတီအစည်းအဝေးသို့ တက်ရောက်ပြောကြားနေစဉ်။ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည် ​ဖော်ဆောင်ရေး ကော်မတီအစည်းအဝေးသို့ တက်ရောက်ပြောကြားနေစဉ်။
သမ္မတက " ဒုက္ခသည်များ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြားစေတနာရှင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ဒုက္ခသည် တစ်သိန်း ကျော်အတွက် စားရေရိက္ခာများ မပြတ်လပ်အောင် ဆောင်ရွက်ရန်နှင့် မိုးမကျမီ အဆောက်အအုံများအတွက် ဆောက်လုပ်မည့် နေရာကိစ္စကို ဒေသခံတိုင်းရင်းသားများနှင့် ညှိနှိုင်းရွေးချယ် ဆောင်ရွက်လိုအပ်ကြောင်း " ကိုလည်း ထည့်သွင်းပြောကြားခဲ့သလို၊ ဒုက္ခသည်များ၏ မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဟု အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သမ္မတရုံးနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက " သမ္မတကြီးက ရခိုင်မှာရှိတဲ့ ဒုက္ခသည်တွေအတွက် နေအိမ် အဆောက်အဦးတွေကို လာမယ့် ၃ လအတွင်းမှာ ပြီးပြတ်အောင်ဆောက်ရမယ်။ ဒီလိုဆောက်လုပ်တဲ့ နေရာမှာ နယ်စပ်ရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ ၀န်ကြီးဌာနအသီးသီးက ကိုယ်စားလှယ်တွေနဲ့ "လုပ်ငန်းကော်မတီ" တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ရမယ်လို့ ပြောသွားတယ်။ " ဟု ဆိုသည်။
နေအိမ်များ ဆောက်လုပ်ရေးကို ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်း ကော်မတီမှာ စစ်တွေအခြေစိုက် လုပ်ကိုင်သွားမည်ဟုလည်း သိရသည်။
ဧပြီလ ၉ ရက်နေ့က သမ္မတ အိမ်တော်၌ ကျင်းပသော " ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု ဖော်ဆောင်ရေးကော်မတီ" အစည်းအဝေးတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သမ္မတရုံးဝက်ဆိုဒ်မှာ ဖော်ပြထားသည်။ အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
သမ္မတအနေဖြင့် ရခိုင်ဒေသ ပဋိပက္ခဖြေရှင်းရေး ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်စီစဉ်နေသော်ငြား ဒုက္ခသည်များအား နိုင်ငံသားဟုတ်မဟုတ် စီစစ်ပြီးမှ ပြန်လည် နေရာချထားရေးကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။
ဒုက္ခသည်ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်း၍ ရခိုင်နိုင်ငံရေးဝန်းကျင်မှ ပုဂ္ဂိုလ်တစ်ဦးက " သမ္မတဟာ အရင်က သူပြောခဲ့တဲ့ ဘင်္ဂလီတွေကို နိုင်ငံသား ဟုတ်မဟုတ် စီစစ်မယ်။ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ အရေးယူမယ်ဆိုတာတွေကို မေ့နေပုံရတယ်။ အခု နိုင်ငံသား ဟုတ်မဟုတ်မသိဘဲ ဒုက္ခသည်စခန်းမှာရှိသမျှ ဘင်္ဂလီ အားလုံးကို အိမ်ဆောက်ပေးထားမယ်ဆိုတော့ အဲဒီ ဥပဒေကို ဘယ်နားသွားထားမလဲ။ " ဟု ထောက်ပြသည်။
စစ်တွေမြို့မှ သံဃာတော် အရှင်သုမန ကလည်း " ဦးသိန်းစိန်အနေနဲ့ ၀င်လာမစဲတသဲသဲဖြစ်နေတဲ့ ဘင်္ဂလီတိုင်းကိုသာ ရခိုင်တွေကြားမှာ ဒီလိုအိမ်တွေ ဆောက်ပေးနေမယ်ဆိုရင် အနာဂတ် ရခိုင်ပြည် နယ်ဟာ ဘယ်တော့မှ အေးချမ်းတော့မှာ မဟုတ်ဘူး။ တကယ်လို့ နောက်ထပ် ပေါက်ကွဲမှုတွေဖြစ်လာခဲ့ရင် အဲဒီပဋိပက္ခ ဖြစ်စဉ်ဟာ သမ္မတနဲ့သာ သက်ဆိုင်သွားပါလိမ့်မယ်။ " ဟု မှတ်ချက်ပြု ပြောဆိုသည်။
လွန်ခဲ့သည့် မတ်လမှစ၍ " နိုင်ငံသားစီစစ်မှုမရှိဘဲ ဘင်္ဂလီများအား နေအိမ်ဆောက်ပေးရေး အစီအစဉ်ကို ရခိုင်ပြည်နယ်၊ မြို့နယ် ၇ ခုမှ ထောင်နှင့်ချီသော ဒေသခံရခိုင်တိုင်းရင်းသားတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြ" သဖြင့် အနည်းဆုံး ဆန္ဒပြခေါင်းဆောင် ၁၁ ဦးမှာ အရေးယူခြင်းခံထားကြရပြီး၊ ရုံးတင်တရားစွဲဆို ခံထားရကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)


Thursday, April 11, 2013

မဒေးကျွန်းဆန္ဒပြရန်အတွက် ကြားဖြတ်သတင်း

မဒေးကျွန်း၌ CNPC ကုမ္ပဏီအား ယနေ့တွင် ဒေသခံများ ဆန္ဒပြမည့် ကိစ္စအား မဒေးကျွန်းဆရာတော်၏ မေတ္တာရပ်ခံချက်ဖြင့် ရွာသားများ သဘောတူညီချက်အရ သင်္ကြန်လွန်ပြီးမှ ဆန္ဒပြမည့် ကိစ္စကို အကောင်းအထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းအရင်းအမြစ်- Arakantimes၏ Facebook စာမျက်နှာ

ရခိုင်ဒေသတစ်ခုလုံး (၂၄)နာရီ လျှပ်စစ်မီးရရှိရေး စီစဉ်နေ

လျှပ်စစ်စွမ်းအား ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် အိန္ဒိယနိုင်ငံမှ ၀ယ်ယူထားသော ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။ အိန္ဒိယမှ ၀ယ် ယူ ထားသော (၂၃၀/၁၃၂/၁၁)ကေဗီ(၃၃ ဒသမ ၃၃) အမ်ဗီအေ 1 – Phase Power Transformer ၁၂ လုံး နှင့် ဆက်စပ် ပစ္စည်း များ ရန်ကုန်မြို့အေးရှားဝေါ်လ် ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဧပြီ ၈ ရက်က သဘောင်္ ပေါ်မှ ချ၍ သက်ဆိုင်ရာ တည်ဆောက်ရေး စီမံ ကိန်းများသို့ ပို့ဆောင်လျက်ရှိကြောင်း၊ စီမံကိန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှစတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ စီမံကိန်းများမှာ ဥသျှစ်ပင်-တောင်ကုတ် ၊ မန်း-အမ်း ၊ တောင်ကုတ်-မအီ-ကျောက်ဖြူ ၊ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း စသည့် ဓာတ်အားလိုင်း နှင့် ပင်မ ဓာတ်အားခွဲရုံ စီမံကိန်းများ ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီဘလော့ဂ်- http://burma.irrawaddy.org/archives/37495)

ဘုန်းကြီးတစ်ပါး လူကုန်ကူးမှုဖြင့် အမ်းမြို့တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရဲစခန်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် ဘုန်းကြီးသည် သက်တော် ၄၀ ၀န်းကျင် ၀ါတော် ၁၈ ၀ါ ရှိ ဦးကောသိယ ဘွဲ့အမည်ရှိပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇဗ္ဗူအေး ကျောင်းတိုက်၏ ကျောင်းထိုင်ဟု သိရသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ မှတ်ပုံတင် အထောက်အထား မရှိသူ ၈ ဦးအား သင်္ကန်းစည်းပေးပြီး အခကြေးငွေယူ၍ ရန်ကုန်သို့ ပို့ဆောင်ရန် ခေါ်လာစဉ် အမ်းမြို့၌ ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း အမ်းမြို့နယ် ရဲစခန်းက ဧရာဝတီကို ပြောသည်။
“ပုဒ်မ ၃၆၇ တရားမ၀င် လူကုန်ကူးမှုနဲ့ တရားစွဲဆိုဖို့ ယမန်ယူထားပါတယ်၊ ကားဒရိုင်ဘာလည်း ပါတယ်”ဟု ရဲစခန်း တာဝန်ရှိသူ က ဆိုသည်။
ဦးကောသိယအား အမ်းမြို့နယ် သံဃာ့မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဒု ဥက္ကဋ္ဌ ကို ပင့်ဖိတ်၍ မြို့နယ် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များ ရှေ့မှောက်တွင် ၀ိနည်းတော်နှင့်အညီ သိက္ခာချ လူဝတ်လဲပြီးမှသာ ထိန်းသိမ်း အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးကောသိယသည် မှတ်ပုံတင် မရှိသူများကို ရန်ကုန်ဘက်သို့ ပို့ဆောင်နေသည်မှာ ယခုအကြိမ်သည် ၃ ကြိမ်မြောက်ဖြစ်ကြောင်း အမ်းမြို့ ရဲစခန်းက ပြောသည်။
“ကားမှာ မြို့နယ် သံဃာ့နာယက ဆရာတော်လို့ ဆိုင်းဘုတ်ကပ်ထားတော့ စစ်ဆေးရေးဂိတ်တွေကလည်း မစစ်ဆေးကြတော့ မဖမ်းမိခဲ့ဘူးပေါ့၊ အခုအကြိမ်မှာ သံသယဖြစ်စရာ တချို့သတင်းရလို့ စစ်ဆေးတော့မှ လူကုန်ကူးတာ ဖြစ်နေတယ်”ဟု အမည်မဖော်လိုသူ ရဲအရာရှိက ပြောသည်။
မှတ်ပုံတင် မရှိသူများကိုလည်း လူဝင်မှုကြီးကြပ်ရေးဌာနက ဥပဒေ ပုဒ်မ  ၆၂/၆၃ တို့ဖြင့် မကြာမီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ ဦးကောသိယ နှင့် ဒရိုင်ဘာတို့ကို ရဲစခန်းက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မှတ်ပုံတင်မရှိဘဲ ဖမ်းဆီးခံရသူများမှာ မြန်မာမွတ်စလင် သို့မဟုတ် ဘင်္ဂလာဒေ့ရှ် နိုင်ငံမှ ခိုးဝင်လာသူများဟူသည်ကို ဧရာဝတီက အတိအကျ ခွဲခြား မသိသေးပါ။
(သတင်းအရင်းအမြစ်- ဧရာဝတီဘလော့ဂ်- http://burma.irrawaddy.org/archives/37422)

အမ်းတွင်ဖမ်းမိသော သင်္ကန်းဝတ်ဘင်္ဂလီကုလား (၈)ဦးအား ကားပေါ်တင်ကာ ရန်ကုန်သို့ပို့ဆောင်ပေးသော ဘုန်းကြီး


အမ်းတွင်ဖမ်းမိသော သင်္ကန်းဝတ် ဘင်္ဂလီကုလား ၈ ဦးအားကားပေါ်တင်ကာ ရန်ကုန်သို့ ပို့ဆောင်ပေးသော ဘုန်းကြီးဖြစ်ပါသည်။
၉၆၉ ကိုအတုအယောင်လုပ်ကာ ဖန်တီးခြင်းဖြစ်ပါသည်။

ကျိုက်ထိုမြို့ ယခင်ကလည်း ဘင်္ဂလီများကို သင်္ကန်းဝတ်ပြီး ပို့ဆောင်ပေးခဲ့သည် ဟု ထွက်ဆိုပါသည်။
ယခုနှစ်တွင်လည်း ထပ်မံပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခါနှင့်ဆိုလျင် ၅ ကြီမ်ရှိပြီဟုသိရသည်။

ယခုနှစ်အတွင်း ဒုတိယ ခေါက်အား မတ်လ အတွင်းပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဘုန်းကြီးမှထွက်ဆိုပါသည်။

ကားသမားမှာ အံခူးနောင်(ခ) ရာဇာအောင် ဖြစ်သည်ဟုတ်လည်းထွက်ဆိုပါသည်။

*အမ်းတွင်ဖမ်းမိသော ကုလား ၈ ယောက်သတင်းအဆက်*

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းအား အမှုဖွင့်ပြီဟုသိရှိရ

-----------------------------------------------------

သင်္ကန်း ၀တ်ထားသော ဘင်္ဂလီ ၈ ဦးနှင့်အတူ လိုက်ပါပို့ဆောင်သည့် ဘုန်းကြီး တစ်ပါးအား အမ်းမြို့အထွက် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၉း ၃၅ ခန့်အချိန်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။
ဘုန်းကြီးအား စစ်ဆေးရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်ကလည်း ဘင်္ဂလီ ၁၀ ဦးကို ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ယခုအခါလည်း တစ်ဦးလျင် ဆယ်သိန်းကျပ်ဖြင့် ပို့ဆောင်ပေးသည်ဟု သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၉/၃၆၇ /၂၉၅/၁၁၄ အရ ညနေ ၄း၃၀ တွင် အမ်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

ကားနံပါတ်မှာ ၅ဃ/၆၃၈၈ ဖြစ်ကြောင်းနှင့် အမှုဖွင့်အရေးယူထားပြီဖြစ်သည်။

အဆိုပါ ဘင်္ဂလီ ၈ ဦးမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာနှင့် ခေါင်းတုတ်ကျေးရွာများမှ ဘင်္ဂလီများဖြစ်ကြောင်းနှင့် ၄င်းတို့အား ကားဖြင့် ပို့ဆောင်ပေးသည့် ဘုန်းကြီးမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အင်းအေရွာ ၊ ဇမ္ဗူအေးကျောင်း တိုက် မှ ဦး ကောသိယ၊ သာသနာဝင်အမှတ် ၁၀/ကထန(သ) 002736 ဖြစ်ပြီး ဒရိုက် ဘာမှာ အက်ခူနောင်၊ ၂၄ နှစ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ၁၀/ကထန (နိုင်) 018822 ဖြစ်ကြောင်းသိရသည်။

၎င်းတို့အား ၉၆၉ စကေကာကပ်ထားသည့် CRW ကားအမျိုးအစား ၅ဃ/6388 ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့မှ စတင်ခေါ်ဆောင် လာခြင်းဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ဘင်္ဂလီများ ပြည်မထဲသို့ မည်မျှထိခိုးဝင်နေခဲ့ကြသည်ကို မသိနိုင် ကြောင်းလည်း ရခိုင်ပြည်သူများက သုံးသပ်ပြောဆိုကြပါသည်။

(သတင်းအရင်းအမြစ်- လေးမြို့ Website)

မဒေးကျွန်းတွင် ရွာသားများ၏ သဘောထားဖြင့် CNPC ကို ဆန္ဒပြသွားမည်ဟု သိရှိရ

မဒေးကျွန်းဒေသရှိ ဒေသခံများ အစည်းအဝေးပြုလုပ်လျှက်ရှိပြီး ရွာသားများမှ ဆန္ဒပြရန် သဘောတူညီမှုရရှိပါက ယနေ့တွင် CNPC ကုမ္ပဏီကို ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့ ရွာမှာ လူစုနေကြပါတယ်၊ လက်ရှိမှာတော့ လူတစ်ရာလောက်ရောက်နေပြီ၊ သတ်မှတ်ထားတဲ့ လူ ၂၅၀ ရောက်လာလို့ သူတို့တွေက ဆန္ဒပြမယ်လို့ပြောရင် ဆန္ဒပြသွားမယ်၊ နေ့လယ် ၁ နာရီဆိုရင် ကျနော်တို့ ဆန္ဒပြဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ သိရပါမယ်။ ” ဟု ယနေ့ နံနက် ၁၀ နာရီ ခွဲခန့်တွင် ကိုထွန်းကြည်က ဆိုသည်။
၂၀၁၁ ခုနှစ် ၁၂ လပိုင်း ၂၁ ရက်နေ့က တွေ့ရသော CNPC ကုမ္ပဏီမှ လုပ်ဆောင်မှုများကို မြင်ရစဉ်၂၀၁၁ ခုနှစ် ၁၂ လပိုင်း ၂၁ ရက်နေ့က တွေ့ရသော CNPC ကုမ္ပဏီမှ လုပ်ဆောင်မှုများကို မြင်ရစဉ်
CNPC ကုမ္မဏီအား မဒေးကျွန်းဒေသခံများမှာ ဆန္ဒပြန်ရန် ကျောက်ဖြူမြို့ ရဲတပ်ဖွဲ့ရုံးတွင် ခွင်ပြုချက်တင်ခဲ့ရာ မတ်လ ၂၉ ရက်နေ့က ပယ်ချသဖြင့် ပြည်နယ် ရဲတပ်ဖွဲ့ရုံးတွင် ဧပြီလ ၅ ရက်နေ့က အယူခံဝင်ပြီး ဧပြီလ ၁၁ ရက်နေ့တွင် ဆန္ဒပြရန် ခွင့်ပြုချက်တင်ခဲ့သော်လည်း ပယ်ချခဲ့ခြင်းဖြစ်ရာ ယနေ့တွင် ဒေသခံများ စုဝေးကာ ဆန္ဒပြမည်၊ မပြမည်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့က ဆန္ဒပြဖို့အတွက် သင်္ကြန်ကို စဉ်းစားနေရတယ်၊ နောက်ပြီး လုံခြုံရေးကို စဉ်စားရတယ်၊ သတင်းထောက်တွေလည်း မရှိဘူး၊ ကျနော်တို့က ဆန္ဒပြလို့ အကြမ်းဖက်ခံရမယ်ဆိုရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး၊ ရိက္ခာတွေအစုံနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်၊ လုံခြုံရေး ငါးဆယ်၊ ခြောက်ဆယ် ချထားတယ်၊ CNPC ကုမ္မဏီထိ လမ်းလျှောက်ချီတက် ဆန္ဒပြသွားမယ်လို့ စာတင်ထားတယ်၊ ကျနော်တို့ ကုမ္မဏီကို ရောက်ဖို့အတွက် လမ်းမှာ တားဆီးခံရမယ့်နေရာ သုံးနေရာလောက်ရှိတယ်၊ ပထမနေရာကိုကျော်ဖြတ်၊ ဒုတိယ တစ်နေရာကို ကျော်ဖြတ်၊ တတိယ တစ်နေရာကို ကျော်ဖြတ်ပြီးနောက်ပိုင်းမှာ အကြမ်းဖက်ပြီးရင် အရေးယူမယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်၊” ဟု ကိုထွန်းကြည်က ပြောသည်။
ဧပြီ ၁၀ နေ့က မဒေးကျွန်း ဥက္က ဦးအောင်ထွန်းမြထံတွင် ကျောက်ဖြူမြို့နယ် ဥက္ကဌ ဦးကျော်သူစိုးအမည်ဖြင့် မဒေးကျွန်းတွင် ပုဒ်မ ၁၄၄ ထုပ်ပြန်ကြောင်း အမိန့်စာတစောင် ရောက်ရှိနေပြီး ၅ ဦးထက်အပို လမစုရကြောင်း၊ ဧပြီလ ၁၀ ရက်နေ့ ညနေ၉ နာရီခန့်က  ကျောက်ဖြူမြို့တွင် “ လမ်းကျော်လမ်းကြား လမ်းမကြီးများတွင် လူမစုရနောက်အမိန့်တခု မထွက်မချင်း ဆက်လက်တည်ရှိသည် ”ဟု ကျောက်ဖြူနယ် ဥက္က ဦးကျော်သူစိုးမှ အမိန့်ထုတ်ပြန်ထားကြောင်းကို Arakan Civil Society Network ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။ 
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- ဇင်ကီး)