Friday, June 28, 2013

Time Magazine ရဲ့ Buddhist Terror ကို Online မှာ လက်မှတ်ရေးထိုးကန့်ကွက်ကြပါစို့


ဒီပို့စ်ကတော့ နည်းပညာနဲ့လည်းမဆိုင်သလို သူများကို ဒုက္ခပေးဖို့လည်း မဟုတ်ပါဘူး.. ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်ပြီး ကမ္ဘာကျော် Times Magazine မှာ အရှင် ဝိသူရကို Buddhist Terror လို့ရေးထားတာနဲ့ပတ်သက်ပြီး မကျေနပ်သူတွေ စုပေါင်းလက်မှတ်ထိုးလို့ရမယ့် လင့်တစ်ခု ဒီနေ့ Twitter ကနေ ရရှိလာခဲ့ပါတယ်.. ကမ္ဘာကျော် Times Magazine လို အရှိန်အဝါကြီးတဲ့ Magazine က ဖေါ်ပြစွပ်စွဲလိုက်သလို ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဝါမဟုတ်ဘူးဆိုတာကို ငြင်းပယ်ဖို့ ကျွန်တော်တို့ ခုပဲ လက်မှတ်ရေးထိုးပြီး Times Magazine ကို ကန့်ကွက်ကြပါစို့..

အောက်ကလင့်ကိုသွားပါ..



ရောက်တဲ့အခါ First Time Here ? ခေါင်းစဉ်အောက်က  ကျွန်တော် အနီလေးနဲ့ ဝိုင်းပြထားတဲ့အကွက် ထဲမှာ နာမည်တစ်ခု၊ အီးမေးလိပ်စာ၊ ပြီးတော့ နိုင်ငံ.. နိုင်ငံထဲက မြန်မာဆိုရင်တော့ ညာဘက်က Post Code မှာ 11041 ကိုထည့်ပေးရမှာဖြစ်ပါတယ်.. တစ်ခြားနိုင်ငံက ဆိုရင်တော့ သက်ဆိုင်ရာ Post Code တွေကို ထည့်ပြီး Sign ကိုနှိပ်လိုက်ပါ..

ဒီပို့စ်ကို လျှင်လျှင်မြန်မြန်နဲ့ Share လုပ်ပေးပြီး ကိုယ်တိုင် သွားပြီး လက်မှတ်ရေးထိုးကြဖို့လည်း တိုက်တွန်းချင်ပါတယ်..

ကြားနေဝါဒ ရှိသူများအဖို့. ဒီပို့စ်ပါ တိုက်တွန်းချက်တွေဟာ ဘာသာရေးကို လှုံ့ဆော်တာလည်း မဟုတ်ကြောင်း သိစေချင်ပါတယ်..  ကိုယ်ကိုးကွယ်တဲ့ဘာသာဟာ အကြမ်းဖက် ဘာသာ မဟုတ်ကြောင်း ချေပရုံ သက်သက်သာဖြစ်ပါတယ်ခင်ဗျာ..


မောင်ပေါက်
(သတင်းအရင်းအမြစ်- မောင်ပေါက်ထံမှ ကူးယူလာခြင်းဖြစ်ပါသည်)

မြောက်ဦး ရှင်ကျော်မုနိနယ်မြေမှ မောင်တောသို့ရောက်ရှိလာသူ ဘင်္ဂလာ ဗုဒ္ဓဘာသာဝင်များကို ငွေလှူ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရှင်ကျော်မုနိ နယ်မြေတွင် တည်ရှိသော ကျေးရွာပေါင်း ၁၄ ရွာက စုပေါင်းကောက်ခံ ရရှိသော အလှူငွေ ကျပ် (၈) သိန်းကျော်အား ဘင်္ဂလာဒေခ်ျ့မှ ရောက်ရှိ ခိုလုံလာသူများ အတွက် ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် မောင်တောမြို့သို့ လာရောက်လှူဒါန်းခဲ့သည်။
မြောက်ဦးမြို့နယ် ရှင်ကျော်မုနိ နယ်မြေ ကျွန်းထောင်စု ရွာပေါင်း (၁၄) ရွာတွင် ပါဝင်သော ၀က်လှကျောင်း ဆရာတော် ဦးက၀ိသာရနှင့် တင်းထိန်ကန် ဆရာတော် ဦးအိန္ဒ၀ံသတို့မှ ယနေ့တွင် မောင်တောမြို့ ဗဟိုကျောင်းသို့ လာရောက်လှူဒါန်းခဲ့ကြောင်း ဗဟိုကျောင်း ဆရာတော်က မိန့်ကြားသည်။ ယခုကဲ့သို့ လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး ၀က်လှကျောင်း ဆရာတော်အား ဆက်သွယ်မေးမြန်းရာ ယခုလို မိန့်ကြားသည်။ “ ဦးဇင်းတို့က ဘင်္ဂလာဒေခ်ျ့က ရခိုင် ဒုက္ခသည်တွေ ဒုက္ခရောက် ကြားသိရတယ်။ သတင်းတွေကိုတော့ အာရ်အက်ဖေ ရခိုင်အစီအစဉ်ကတဆင့် သိရပါတယ်။ ဒါကြောင့် စုဆောင်း ကောက်ခံ ရရှိတဲ့ ငွေကျပ် ရှစ်သိန်း ရှစ်သောင်းကို မောင်တောမြို့ထိ ကိုယ်တိုင် လာရောက် လှူဒါန်းတာ ဖြစ်ပါတယ်။” ယခုကဲ့သို့ ငွေများ ရရှိအောင် စုဆောင်းကောက်ခံခဲ့ပုံကိုလည်း ဆရာတော်က ယခုလို ဆက်လက် မိန့်ကြားသည်။ “ မြောက်ဦး မြို့နယ် ရှင်ကျော် ဘုရား မုနိ နယ်မြေမှာ ကျွန်းထောင်စု ၁၄ ရွာ ဖွဲ့စည်းလို့ ရှိပါတယ်။ ကျွန်းထောင်စု ၁၄ ရွာမှာ ခုလို ဘင်္ဂလာက ဒုက္ခရောက်နေတဲ့သူတွေကို လှူဒါန်းမယ်ဆိုပြီးတော့ အစည်းအဝေးလုပ်ပါတယ်။ ရွာတွေက စေတနာရှင်တွေကို တိုက်တွန်းပြီး စုဆောင်းကောက်ယူ ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။ ဒုက္ခသည်များကို မျက်မြင်ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းရသဖြင့် ၀မ်းမြောက်ရကြောင်း၊ အမျိုးသာရေး ရှု့ထောင့်ကကြည့်၍ စိတ်မကောင်း ဖြစ်မိကြောင်း၊ နောက်ထပ်လည်း လှူဒါန်းနိုင်အောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၀က်လှ ဆရာတော်က မိန့်ကြားသွားသည်။ ဘင်္ဂလာဒေခ်ျ့မှ ထွက်ပြေး ရောက်ရှိလာသူ ရခိုင်မျိုးနွယ်စုများ စားဝတ်နေရေး အဆင်ပြေစေရေး အတွက် ရခိုင်ပြည်နယ် အ၀န်းက စေတနာရှင်များက တတ်နိုင်သလောက် လာရောက် ကူညီ လှူဒါန်းနေကြောင်း သိရသည်။ ရခိုင်ပြည်သူများမှာ ဆင်းရဲကြသော်လည်း အမျိုးသားရေး စိတ်ဓါတ်ဖြင့် ဒုက္ခကျရောက်နေသူများအား လာရောက် ကူညီလှူဒါန်းကြခြင်း အပေါ် မိမိတို့မှ အထူးအားရ ကျေနပ်မိကြောင်း ဗဟိုကျောင်း ဆရာတော်က မိန့်ကြားသွားသည်။
 (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6141#sthash.pRVfwIB3.dpuf

ရက္ခအလင်းတန်းမှ မင်းပြားတွင် ပရဟိတ စာသင်ကျောင်းဖွင့်

လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက် လုပ်ကိုင်နေသော ရက္ခအလင်းတန်း အဖွဲ့မှ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ရက္ခိတမျိုးဆက်သစ် ပရဟိတ စာသင်ကျောင်း တစ်ခုကို များမကြာမီ ဖွင့်လှစ်လိုက်ခဲ့သည်။
http://www.narinjara.com/burmese/wp-content/uploads/2013/06/Arakan-new-generation-school.jpgတနင်္ဂနွေနေ့ နေ့လည်ပိုင်းက အခမ်းအနားနှင့် မင်းပြားမြို့ အောက်ရွာပိုင်း ရပ်ကွက်ရှိ တေဇာရာမ ကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဖြစ်ပြီး ဆင်းရဲမွဲတည်မူကြောင့် ကျောင်းမတက်နိုင်သော ကလေးအရေအတွက် တစ်စထက် တစ်စ တိုးပွားလာနေသဖြင့် ယခုကဲ့သို့ ပညာရေး အထောက်အကူပြု ပရဟိတ စာသင်ကျောင်း တစ်ခုကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရက္ခအလင်းအဖွဲ့မှ ဒေါ်မာမာကျော်ဇောက ယခုကဲ့ သို့ပြောသည်။ “အဓိကတော့ ရခိုင်ပြည်နယ်တခုလုံးမှာ စာမသင်ရတဲ့ ကလေးတွေမရှိရအောင် ကလေးတွေအားလုံး ပညာ သင်ကြားနိုင်အောင် ရည်ရွယ်ပြီး ဖွင့်တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ အခုအထိ ကလေး ၂၀ ရာခိုင်နှုန်းက ပညာ မသင်နိုင်သေးဘူးလို့ သိရပါတယ်။ ဒီတော့ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ပိုဆိုးနေတာပေါ့။ ခုဆို ကျောင်းမ တက်နိုင်တဲ့ ကလေးတွေက ပိုများလာကြတယ်။ ဒါကြောင့်ကလေးတွေအားလုံး တပြေးညီ ပညာသင်ကြားနိုင်အောင် ကျမတို့ ကြိုးစားနေတာဖြစ်တယ်” ဟု ဆိုသည်။ ကျောင်းဖွင့်ပွဲ အခမ်းအနားသို့ မြို့မိ မြို့ဖများ၊ ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့် မြို့ခံလူထု ၃၀၀ ကျော် တက်ရောက်ခဲ့သည်။ ရက္ခိတမျိုးဆက်သစ် ပရဟိတ ကျောင်းတွင် ယခုလက်ရှိ ကျောင်းသားဦးရေ ၁၁၅ ဦးရှိပြီး သူငယ်တန်းကနေ ၄ တန်းအထိ ဆရာ ၂ ဦး ဆရာမ ၂ ဦးနှင့် စာသင်ကြားပေးနေသည်ဟု သူမက ဆိုသည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်တခုလုံး အတိုင်းအတာအားဖြင့် ကျောင်းမတက်နိုင်ဘဲ ဖြစ်နေသည့် ကလေးငယ် အရေအတွက်မှာ သောင်းဂဏန်းနှင့် ချီပြီး ရှိနေကြောင်း ခန့်မူများ ထွက်ပေါ်နေသည်ဟု ဒေါ်မာမာကျော်ဇောက ဆက်လက် ပြောဆိုသည်။ ယခု ဖွင့်လှစ်သောာ ကျောင်းကို ၂၀၁၀ ခုနှစ်က တေဇရာမ ဆရာတော်နှင့် မင်းပြားမြို့ခံများက တပိုင်တနိုင် စာသင်ဝိုင်း အဖြစ် စတင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ရက္ခအလင်းတန်းအဖွဲ့မှ ကျပ်သိန်း ၃၀ ခန့် တန်ဖိုးရှိ သင်ထောက်ကူပစ္စည်များ မတည်လှူဒါန်းပြီးနောက် ကျောင်းကို ယာယီမှ အမြဲတန်း ကျောင်း အဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6137#sthash.ihJjbnU1.dpuf

''မျိုးစောင့် ဥပဒေ'' ကို ကန့်ကွက်သည့် အမတ်ကို ၂ဝ၁၅ တွင် မဲမပေးရန် စည်းရုံးမည်ဟုဆို

မျိုးစောင့်ဥပဒေကို ပြဌာန်းရေး လွှတ်တော်တွင်ဆွေးနွေးရန် တင်ပြတော့မည်ဖြစ်ပြီး ထိုအချိန်တွင် ကန့်ကွက်
သည့် အမတ်ကို မှတ်သားထားကာ ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲမပေးရန် ဒကာများကိုစည်းရုံးမည်ဟု ဆရာတော် တစ်ပါး မိန့်ကြားလိုက်သည်။

သံဃာတော်ပေါင်း ၁၅ဝဝ ကျော်တက်ရောက်သည့် ဇွန် ၂၇ ရက်က အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်
ရှောက်ရေး သြဝါဒခံယူပွဲကို အင်းစိန်မြို့နယ်ရှိ တောရတပ်ဦး ကျောင်းတိုက်၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ် သာတွင်ပြုလုပ်စဉ် မော်လမြိုင် မြစေတီစာ သင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်ကြားခြင်းဖြစ်သည်။

''ပယ်ချလိုက်မယ်ဆိုရင် လုပ်ထားတဲ့ ဒီလုပ်ငန်းကြီးဟာ သဲထဲရေသွန်သလိုဖြစ် သွားမှာပေါ့။ ဒါကြောင့် သွန်ချင်သွန်၊ မှောက်ချင်မှောက် ဘယ်ကိုယ်စားလှယ်လဲ အဲဒါသိချင်တယ်။ ဒီလိုသိရတဲ့အချိန် ဘာလုပ် မှာတုန်းဆိုတော့ ဒီပုဂ္ဂိုလ်တွေကို ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲမပေးရုံပေါ့'' ဟု ဆရာတော် ဦးဝိမလဗုဒ္ဓိက မိန့်သည်။

သြဝါဒခံယူပွဲကို ဦးဆောင်သည့် ဆရာတော်တစ်ပါးဖြစ်သည့် အရှင်ဓမ္မပီယကလည်း ''လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေက မျိုး စောင့်ဥပဒေပေါ်ထွက်ဖို့အတွက် ဖြစ်နေတယ်'' ဟုလည်း မိန့်ကြားခဲ့သည်။

သို့သော် မျိုးစောင့်ဥပဒေ ပြဌာန်းရန် သံဃာတော်များက ဦးစီးလုပ်ဆောင်နေသည်မှာ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်နေသည်ဟု မှတ်ယူသော်လည်း ယခုကဲ့သို့ ပြောဆိုမှုကို မထောက်ခံကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှ လွတ်တော်အမတ် ဒေါ်ခင်စောဝေက မှတ်ချက်ပြုသည်။

''ဒါဟာ ချုပ်ကိုင်မှုတစ်ခုပဲ။ ဆရာတော် တွေအနေနဲ့ မပြောအပ်ဘူးလို့ထင်တယ်။ တကယ်လို့ ဒါကို အန်တီထောက်ခံရင်တောင်မှ မဲလိုချင်လို့ထောက်ခံတဲ့သဘော သက်ရောက်နေမှာပေါ့'' ဟု သူကဆိုသည်။

ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဦးစိုင်းမောင်တင် ကလည်း ''ကျွန်တော်လည်း ဗုဒ္ဓဘာသာပါပဲ။ ကောင်းမွန်တဲ့ဟာဆိုရင်တော့ ထောက်ခံဖို့ အသင့်ပါပဲ။ ဒါပေမဲ့ မဇ္ဈိမပဋိပဒါပေါ့။ အလယ် အလတ် လမ်းစဉ်ရှိဖို့လိုပါတယ်။ သိပ် အစွန်းရောက်ရင်တော့ မကောင်းဘူး။ တိုင်း ရင်းသားတွေ အများကြီးရှိတဲ့ တိုင်းပြည်မို့ သေချာချင့်ချိန်ဖို့တော့ လိုပါတယ်'' ဟု မျိုး စောင့်ဥပဒေနှင့်ပတ်သက်၍ သုံးသပ်ခဲ့သည်။

သံဃာတော်အများ အပြားတက်ရောက်သည့် သြဝါဒခံယူပွဲတွင် သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏ်ဏိဿရကလည်း ယခု လုပ်ဆောင်ချက်များအား ချီးမွမ်းမည့်သူရှိသလို ကဲ့ရဲ့မည့် လူလည်းရှိမည်
ဖြစ်ပြီး'' သည်းခံကြပါ ခွင့်လွှတ်ကြပါ'' ဟု သံဃာတော် များကို မိန့်ကြားခဲ့သည်။

မျိုးစောင့်ဥပဒေကို လွှတ်တော်တွင် ဆွေးနွေးရန် မည်သည့်အချိန်တွင်တင်ပြ မည်ကိုမူ မသတ်မှတ်ရသေး
ကြောင်း အရှင်ဓမ္မပီယက သတင်းထောက်များကို မိန့်ကြားခဲ့သည်။

မျိုးစောင့်ဥပေဒဟု ဘုန်းတော်ကြီး အချို့က အမည်ပေးထားသည့် ဥပဒေကြမ်း နှစ်ခုမှာ ''မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်း'' နှင့် ''ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေကြမ်း'' တို့ ဖြစ်သည်။

ဇွန် ၁၂ ရက်က မှော်ဘီ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသ နာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိ နှိုင်းဆွေးနွေးပွဲ၌ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မျိုးစောင့်ဥပဒေကို ဖြန့်ဝေ ခဲ့ပြီး မိတ္တူကို မဇ္ဈိမက ရရှိထားသည်။

ထိုဥပဒေများကို ဘုန်းတော်ကြီးအချို့ က ရေးဆွဲထားခြင်းဖြစ်ပြီး ''မြန်မာဗုဒ္ဓဘာ သာအမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း''တွင် မြန်မာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကိုလက်ထပ်မည့် သူသည် တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမည်ဖြစ် ပြီး၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည် ဆိုလျှင် ဗုဒ္ဓဘာ သာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိ ထားရန်လိုအပ်ကြောင်း ပါရှိသည်။ ထိုကိစ္စ ကိုမလိုက်နာပါက ထောင်ဒဏ် ၁ဝ နှစ်ကျခံ ရမည်ဟုလည်း ပြစ်ဒဏ်ကို တပါတည်းထည့် သွင်းရေးဆွဲထား သည်ကိုလည်း လေ့လာတွေ့ရှိရသည်။

''ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေကြမ်း'' တွင်မူ အခြားဘာသာတစ်ခုသို့ ကူးပြောင်းလို လျှင် သာသနာရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည့် အပြင်လက်ရှိဘာသာ၏ အဖွဲ့အစည်းများနှင့် အသစ်ပြောင်းမည့်ဘာသာ၏ အဖွဲ့အစည်းများကိုလည်း အကြောင်းကြားရမည့်ဟုလည်း ဖော်ပြထားသည်။ ထို့အပြင် ဘာသာအယူ ပြောင်းလဲပြီးပါက နောက်ထပ်တစ်ဖန် ဘာသာပြောင်းလဲခွင့်ပြု မည်ဟုလည်းပါ ရှိသည်။

ဥပဒေနှင့်ပတ်သက်၍ လွှတ်တော်အမတ်များအပြင် တက်ကြွလှုပ်ရှားသူများ ကလည်း ဝေဖန်လျက်ရှိနေသည်။ ယင်းအ ပြင် မြန်မာ့လူ့အခွင့်အရေး ကော်မရှင်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးစစ်မြိုင် ကလည်း ဥပဒေတစ်ခုပြုရန်သည် လူပုဂ္ဂိုလ်များ၏ အလုပ်သာဖြစ်သည်ဟု သူ၏သဘောထားကို ပြောဆိုထားသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

အေဒီ ၁၀ ရာစုနှင့် ၁၁ ရာစုလက်ရာ ကြာပန်းပွင့် ပုံသဏ္ဍာန် ဘုန်းတော်ကြီးကျောင်းတော်တစ်ခု ဘင်္ဂလားဒေ့ခ်ျတွင် တူးဖော်တွေ့ရှိ

အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစု အကြား ပါလ မင်းဆက်က တည်ထားကိုးကွယ်ခဲ့တယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ယူဆထားတဲ့ ကြာပန်းပွင့် သဏ္ဍန်ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ရှာဖွေ တူးဖေါ် တွေ့ရှိခဲ့ပါတယ်။
http://www.narinjara.com/burmese/wp-content/uploads/2013/06/Ancient-artifacts-in-Bangladesh.jpg
ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောင်းတော်နဲ့ ဘုရားဆင်းထုတော်တွေ ဖြစ်ပါတယ်။

 ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ ရှေးခေတ်က တည်ဆောက် ကိုးကွယ်ထားခဲ့တဲ့ ဘုန်းတော်ကြီးကျောင်း အများအပြားကို ယခင်က ရှာဖွေ တူးဖေါ်ခဲ့ရာမှာ ကျောင်းတော်တွေအားလုံးဟာ လေးထောင့် စတုရန်း (မဟုတ်ရင်) သုံးထောင့် (မဟုတ်ရင်) ထောင့်မှန် စတုဂံပုံစံမျိုး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ကြာပန်းပွင့်ပုံသဏ္ဍာန် အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီကျောင်းတော်ဟာ ပထမဆုံး ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ တူးဖေါ်တွေ့ရှိတာ ဖြစ်ပြီး အလွန်ထူးခြားတယ်လို့ ရှေးဟောင်းသုတေသနဌာန အရာရှိတွေက ပြောပါတယ်။ ဒီကျောင်းတော်ထဲက ကြေးသွန်း ဘုရား ဆင်းထုတော် (၁၄) ဆူကိုလည်း တစ်ခြား ရှေးခေတ် အနုပညာလက်ရာတွေနဲ့ အတူ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခု တူးဖေါ်တွေ့ရှိတဲ့ ကျောင်းတော်ဟာ ဂျာဂါဒေလ် ဗုဒ္ဓ ၀ိဟာ ( Jagaddal Buddhist Bihar) ဖြစ်ပြီး Naogaon ခရိုင် မြို့ကနေ ၆၅ မိုင် အကွာ အိန္ဒိယနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသအအတွင်းမှာ တည်ရှိပါတယ်။
 ကျောင်းတော် တူးဖေါ်ရာ ရှေးဟောင်း သုတေသန အဖွဲ့ဝင် တစ်ဦးလည်းဖြစ်၊ ပါဟာပူရ် ဗုဒ္ဓ ရှေးဟောင်းပြတိုက် အုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့ မစ္စတာ Mahbub UL Alam ပြောတာကတော့ ဂျာဂါဒေလ် ကျောင်းတော် တူးဖေါ်ရာကနေ အထူးရှားပါးတဲ့ ဗုဒ္ဓ ပန်းပု လက်ရာ ဆင်းထုတော်တွေကို ရှာဖွေ တွေ့ရှိတယ်လို့ ပြောပါတယ်။ COUNTRY5 ဒါ့အပြင် ရှေးခေတ် အုတ်ခဲတွေ၊ နှမ်းဖတ်ကျောက် အပါအ၀င် Black Stone တွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးပုံတွေနဲ့ အတူ အခန်း ၄ ခန်းပါတဲ့ ကျောင်းတော်ကိုလည်း အဲဒီနေရာမှာ ရှာဖွေ တွေ့ရှိတယ်လို့ သူက ပြောပါတယ်။ တန်ဖိုး မဖြတ်နိုင်တဲ့ ကျောက်မျက်ရတနာတွေ၊ အလှဆင်ယင်ထားးတဲ့ ကျောက်တုံး အပိုင်းအစတွေ၊ မြေအိုးခွက် အကျိုးအပိုင်းတွေကိုလည်း တွေ့ရှိတယ်လို့ ပြောပါတယ်။ ဒီကျောင်းတော်ကို ပါလမင်းဆက်က အေဒီ ၁၀ ရာစုနဲ့ ၁၁ ရာစုမှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ခန့်မှန်းထားပြီး ဒီကျောင်းတော်ဟာ ကြာပန်းပွင့် သဏ္ဍန် တည်ဆောက်ထားတာ ဖြစ်တဲ့ အတွက် ဂျာဂါဒေလ် ကျောင်းတော် အစစ်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီကျောင်းတော်ကို ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁ ရက်နေ့က စတင် တူးဖေါ်ခဲ့ပြီး ဒီနှစ် ဖေဖေါ်ဝါရီလထိ တူးဖေါ်ခဲ့တယ်လို့ ပြောပါတယ်။ ၁၉၉၆နဲ့ ၁၉၉၇ အကြားမှာ တစ်ကြိမ်နဲ့ ၁၉၉၇ ကနေ ၁၉၉၈ အကြားမှာ တစ်ကြိမ် တူးဖေါ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ တူးဖေါ်တုန်းကလည်း တန်ဖိုးကြီးမားတဲ့ ရှေးဟောင်း အနုပညာ လက်ရာတွေ အမြောက်အများကို ရှာဖွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဂျာဂါဒေလ် မဟာဝိရကျောင်းတော်ဟာ ပါလ နောက်ဆုံးမင်းဆက်ထဲက မင်းတစ်ပါး ဖြစ်တဲ့ ရမ်ပါလ မင်းက အေဒီ (၁၀၇၇ နဲ့ ၁၁၂၀) အကြားမှာ တည်ဆောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ခန့်မှန်ထားပါတယ်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေ အများအပြားကို မြေကြီးထဲကနေ အခုအခါ ရှာဖွေ တူးဖေါ် တွေ့ရှိနေတဲ့ အတွက် ဒီနိုင်ငံဟာ တချိန်က ဗုဒ္ဓ ဘာသာ အကြီးအကျယ် ထွန်းကားခဲ့ရာ ဒေသ တစ်ခု ဖြစ်နိုင်တယ်လို့ ရှေးဟောင်းသုတေသီတွေက ခန့်မှန်းထားကြပါတယ်။ ဒီသတင်းကို ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် The Daily Star သတင်းစာမှာ Ancient artifacts found in Naogaon ခေါင်းစီးနဲ့ ရေးသားထားပါတယ်။
COUNTRY5
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6122#sthash.DS8gZgmz.dpuf

ရခိုင်ပြည်နယ်အစိုးရသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုကြောင်း ဘူးသီးတောင်ဒေသခံတို့ သမ္မတထံ ပေးပို့စာတွင် ဖော်ပြ

http://www.narinjara.com/burmese/wp-content/uploads/2013/06/signed-copy.jpg
ဘူးသီးတောင်မြို့နယ် အတွင်း စည်ပင် လေလံဆွဲယူမူနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုပြီး တည်ဆဲ ဥပေဒေများကို ချိုးဖေါက်ကာ ပြုမူ ဆောင်ရွက်သွားခဲ့ကြောင်း ဘူးသီးတောင် ဒေသခံများက နိုင်ငံတော် သမ္မတထံ ပေးပို့သော စာထဲတွင် ဖေါ်ပြထားသည်။ ဇွန်လ ၂၅ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဘူးသီးတောင်မြို့နယ် ဒေသခံ တိုင်းရင်းသားများ ရေးသားပေးပို့သော စာပိုဒ် အမှတ်စဉ် (၅) တွင် ထိုသို့ ဖေါ်ပြထားသည်။ လူပေါင်း ၁၀၀ ကျော် လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံသို့ ရေးသားပေးပို့သောစာထဲတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို နိုင်ငံသား မဟုတ်သူများက တိုက်ရိုက် လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမူ အပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူလူထုမှ ကန့်ကွက်ကြောင်း ဖေါ်ပြသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သယာရေး အဖွဲ့၏ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို ၂၃-၅-၂၀၁၃ ဈေးပြိုင် စနစ်ဖြင့် ရောင်းချခဲ့ကြောင်း၊ လေလံ စည်းကမ်းချက်တွင် နိုင်ငံသား မဟုတ်သည့် အမျိုးသား မှတ်ပုံတင်ကဒ် (သို့) ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများကိုလည်း ၀င်ရောက် ဆွဲဝယ်ခြင်း ပြုခဲ့ကြောင်း၊ သို့အတွက် လေလံ မဆွဲမီ ၁-၃-၂-၁၃ နေ့တွင် ကြော်ငြာတွင် ပါဝင်သည့် စည်းကမ်းချက် အပိုဒ် (၁)နှင့် အပိုဒ်(၄) အချက်များကို ကန့်ကွက်ပြီး ဥပဒေနှင့် အညီ ပြင်ဆင်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ တဆင့် တောင်းဆိုခဲ့ကြောင်း၊အဆိုပါ ကြေငြာချက်ပါ အချက် တချို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ (၃၄၉) နှင့် (၃၇၀) တို့ကို လုံးဝ ဆန့်ကျင်နေပြီး နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များနှင့်လည်း ဆန့်ကျင်နေကြောင်း၊ သို့သော်လည်း ၂ လကျော် ကြာသည့် တိုင်အောင် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း၊ ပြည်သူလူထုမှ နည်းမျိုးစုံဖြင့် တောင်းဆိုခဲ့ပြီးနောက် နှစ်လကျော်ကြာမှ ၁၇-၅-၂၀၁၃ ခု နေ့တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီး ဦးကျော်သိန်းနှင့် အခွန်ဘဏ္ဍာဝန်ကြီး ဦးမောင်စန်ရွှေတို့ နှစ်ဦးကို စေလွှတ်လိုက်ကြောင်း၊ သို့သော်လည်း အထက်ပါ ၀န်ကြီးနှစ်ဦးသည် ပြည်သူလူထုများ၏ တောင်းဆိုချက်များကို မျက်ကွယ်ပြုကာ နိုင်ငံသား မဟုတ်သူများကို လေလံများဆွဲယူခွင့် ပြုပေးခဲ့ကြောင်း ဖေါ်ပြသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ ဆောင်ရွက်ချက်ကို သံသယ ဖြစ်မိကြောင်း ဖေါ်ပြသည်။ စာ၏ နိဂုံးချုပ်တွင် နိုင်ငံတော်က ချမှတ်ထားသော ဥပဒေများကို ချိုးဖေါက်ပြီး လေလံ ၀ယ်ယူခွင့် ရရှိထားသူ နိုင်ငံသား မဟုတ်သူများကို ပယ်ဖျက်ပြီး တိုင်းရင်းသားနှင့် နိုင်ငံသားများ လက်ဝယ်သို့ တိုက်ရိုက် ရောက်ရှိအောင် ဆောင်ရွက်ပေးရန် စာထဲတွင် သမ္မတကို တင်ပြတောင်းဆိုထားသည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6113#sthash.IxNaCz8k.dpuf

မျိုးစောင့် ဥပဒေ သဘောမတူခြင်းသည် လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး၏ သဘောထားဖြစ်

မျိုးစောင့်ဥပဒေကြမ်းတွင် ပါရှိသည့် အချက်အချို့ကို သဘောမတူကြောင်း အမျိုးသား လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၏ပြော ဆိုမှုသည် ကော်မရှင်ကို ကိုယ်စားပြု ပြောဆိုခြင်းမဟုတ်ဘဲ ၎င်းတစ်ဦးတည်း ၏ သဘောထားသာဖြစ်ကြောင်း ဦးစစ်မြိုင်က မဇ္ဈိမကိုပြောသည်။

မျိုးစောင့်ဥပဒေဟုခေါ်ဆိုသည့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းတွင်ပါသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား လက်ထပ်မည့် အမျိုးသားသည် လူမျိုးခြားဖြစ်ပါက ဗုဒ္ဓဘာသာအင်အဖြစ် ကူးပြောင်း ပြီးမှသာ လက်ထပ်ရမည်ဖြစ်ဆိုသော အချက်အား သဘောမတူကြောင်း ဦးစစ်မြိုင်က ဇွန်လ ၂၅ ရက်တွင် မဇ္ဈိမ ကိုပြောကြားထားခဲ့မှုကို ပြန်လည်ရှင်းလင်း လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးဘာသာသာသနာအား စောင့်ရှောက်ခြင်းသည် နိုင်ငံသားများ၏ ထိန်းသိမ်းရမည့် တာဝန်သာဖြစ်ပြီး လူမျိုးခြား၊ ဘာသာခြားအား လက်ထပ်ခြင်း၊ ကိုးကွယ်ခြင်းသည် ပြည်သူများ၏ ခံယူချက်သာဖြစ်ကြောင်းနှင့်ထိုဥပဒေကြမ်းသည်လူပုဂ္ဂိုလ်များ၏အရေးသာဖြစ်၍သံဃာများအနေဖြင့် ရေးဆွဲခြင်းထက် လူပုဂ္ဂိုလ်များက ရေးဆွဲခြင်းက ပိုမိုသင့်လျော်သည်ဟုလည်း ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ၊ ရေးသားသူ- သိင်္ဂီထွန်း)


အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးကျောင်း၌ ပြုလုပ်သည့် သြ၀ါဒခံယူပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ ဖွဲ့စည်းရန် အတည်ပြုကြောင်း ကြေညာချက်ထုတ်ပြန်

6.27.21
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ဇွန် ၂၇ ရက်က ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပေးပညာပေး တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး စည်းရုံးရန် အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အခမ်းအနားတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်သည်များ ဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ရှင်းလင်းခြင်း၊ အဆိုတင်ခြင်းများ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န၊ အမေရိကန်နိုင်ငံတွင် သီတင်းသုံး နေထိုင်သည့် ဆရာတော် ဦးဇောတလင်္ကာရ၊ မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသ၊ မော်လမြိုင်မြို့ မြစေတီ စာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိစသည့် ဆရာတော်များ တက်ရောက်ခဲ့ပြီး သီတဂူဆရာတော် ဦးဥာဏိဿရလည်း တက်ရောက်ခဲ့သည်။
အခမ်းအနား နံနက်ပိုင်းတွင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသက အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပေးရန်နှင့် မျိုးစောင့် ဥပဒေကဲ့သို့သော အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို အသိပညာရှင်၊ အတက်ပညာရှင်များနှင့် နိုင်ငံတကာ စံထားလောက်သည့် ဥပဒေများကို မှီငြမ်းပြီး ဖွဲ့စည်းပေးရန် စသည်တို့ကို အဆိုတင်သွင်းခဲ့ပြီး မော်လမြိုင်မြို့ မြစေတီစာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိက ထောက်ခံခဲ့သည်။
အဆိုပါ အစည်းအဝေး ကြေညာချက်တွင် (၁)နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့တို့အား အမျိုးဘာသာ သာသနာရေး ကိစ္စများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ (၂)နိုင်ငံတော်သားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံ မဖြစ်ပေါ်စေရန် ၀ိုင်းဝန်းဆောင်ရွက်မည်၊ (၃) အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းရန် အစည်းအဝေးမှ ထောက်ခံအတည်ပြုသည်၊ (၄) မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးမှ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သံဃာတော် ၁၅၃၀ ကျော်တို့က တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုကြောင်း၊ (၅) ဦးဝီရသူ၏ပုံနှင့် (The Face of Buddhist Terror) ဟု ဖော်ပြခဲ့သည့် တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း စသည်တို့ ပါဝင်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
မူလသတင်းအားကြည့်ရှုရန် ဤနေရာကိုနှိပ်ပါ။


ရခိုင်၏သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာအသေးစိတ် သုတေသနပြုကာလေ့လာခဲ့သူပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr,Jacques Leider မှဆက်လက်ပြောကြားသည်မှာ ရိုဟင်ဂျာမှာ ရခိုင်တိုင်းရင်းသား မဟုတ်ပါကြောင်း.......




ရိုဟင်ဂျာဆိုသည်မှာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်များနဲပတ်
သတ်ပြီး Concept မရှိပါဘူးတဲ့။ သူတို့တွေအနေနဲ့မတ်တပ်ရပ်ပြီးတော့ သူတို့ဟာမြန်
မာတိုင်းရင်းသားပါလို့ ကြွေးကြော်လို့တော့ မရနိုင်ပါဘူး။

ပြီးတော့ ဒီလိုအော်နေတာက အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးလို့ကျွန်တော်ထင်ပါ
တယ်။ သူတို့တွေအနေနဲ့ရခိုင်ပြည်မှာမျိုးဆက်တခုမက နေထိုင်လာကြတဲ့မူစလင်တွေ
ပါလို့ပြောရင်တော့ငြင်းဖို့ခက်ပါတယ်။ ရိုဟင်ဂျာဆိုတာဝေါဟာရတစ်ခုပါ။ ရှေးဟောင်း
စကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှ ဒါကို
အသုံးပြုခဲ့ပြီးတော့ နိုင်ငံရေးခေါင်းစဉ်တပ်နိုင်ဖို့အတွက်တောင်းဆိုနေခြင်းဖြစ်ပါတယ်။

အခုအချိန်အထိတော့ သူတို့အားလုံးဟာ ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေအားလုံး
အနေနဲ့အဲဒီနိုင်ငံရေး ခေါင်းစဉ်တစ်ခု၏အောက်မှာ အကျုံးဝင်ဖို့အဆင်သင့်မဖြစ်ပါဘူး။
ကျွန်တော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့စဉ်တုန်းက ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို
ကူးလာတဲ့ မူစလင်တွေအားလုံးကို ခင်ဗျားတိုဟာ ရခိုင်ပြည်ကလာတဲ့ ရိုဟင်ဂျာလားလို့ 
မေးကြည့်ခဲ့ဖူးပါတယ်။ ။ သူတို့ကပြောပါတယ်။ ကျွန်တော်တို့ကရိုဟင်ဂျာမဟုတ်ပါဘူး
ကျွန်တော်တို့က ရခိုင်ပြည်မှာ နေထိုင်ခဲ့ကြတဲ့ ဘင်္ဂလီလူမျိုးမွတ်စ်ဆလင်တွေဟုဆိုကြ
ကျွန်တော်တို့ကို ရိုဟင်ဂျာဆိုတဲ့ စတေးတပ်ကာ ကပ်ပေးလို့မရပါဘူးလို့ဆိုခဲ့ပါတယ်။

Q: Are the Rohingya an ethnic group of Burma?
A: My answer is that Rohingya is not an ethnic concept. Okay, they can stand
up and say we are an ethnic group inside Myanmar.But I think that is not the
best way. When you argue we are Muslims and we have been living in Ranki
ne for several generations, nobody can deny it. For me,Rohingya is the term,
which is an old word that has been claimed as above all as a political label >
after the independence of Myanmar.For the moment,I do not see that all the
people there readily submit to one and a single label. When I was in Banglad
-esh, people pointed out Muslims to me who originally lived in Rankine. They
have now moved to Bangladesh and when you ask them, “ are you Rohingya
coming from Rankine?” they say, “no, we are Muslims who live in Rankine,
we do not take for us the label Rohingya.”

ရိုဟင်ဟူသည့်ဝေါဟာရသည် (China ကို တရုတ်ဟု မြန်မာတို့ ကခေါ်ကြသကဲ့သို)ရခိုင်
ပြည်ကိုဘင်္ဂလီများက ဘင်္ဂလီဘာသာဖြင့်ရှေးခေတ်ပသီများကနေ(ရိုဟင်)ဟုခေါ်ဆိုကြ
ခြင်းသာဖြစ်ပြီး ဆင့်ပွားဝေါဟာရဖြစ်သော ရိုဟင်ဂျာဆိုသည်မှာ ရခိုင်ပြည်သားဟု အဓိ
ပ္ပါယ်ရကြောင်း နောက်ပိုင်းမှ ရခိုင်လူမျိုးတို့ သိခဲ့ကြရလေသည်။

ရခိုင်ပြည်သားဆိုသည့် အဆိုပါ(ဝေါဟာရသည်)ရခိုင်ပြည်သား(သို့) ရခိုင်လူမျိုးများနှင့်
သာသက်ဆိုင်နေပြီး ၁၉၅၀ - ခုနှစ်၊ နောက်ပိုင်းကာလမှ ရခိုင်ပြည်အတွင်းသို့ဘင်္ဂလား
ဒေ့ရှ်များမှခိုးဝင်လာသူ ဘင်္ဂလီများနှင့် လုံးဝသက်ဆိုင်မှုမရှိပါကြောင်း သိရှိရလေသည်။
၁၉၅၀ - ခုနှစ်၊နောက်ပိုင်းတွင်နည်းအမျိုးမျိုးတို့ ဖြင့် ဘင်္ဂလားဒေ့ရှ်ဒ်နိုင်ငံမှခိုးဝင်လာသူ
ဘင်္ဂလီလူမျိုးတိုနှင့် မူရင်းနေ(ပသီတို့ )ရောနှောကာ နေထိုင်လာကြရာမှ လူဦးရေအစမ
တန် တိုးပွားလာခြင်းသာ ဖြစ်လေသည်။

စင်စစ်ဆိုရသော်ယခင်ကရှိခဲ့ပြီးသော ပြည်တွင်းနေမွတ်ဆင်လူမျိုးတို့ ၏ အဆိုပါလူမသိ
လူမသိ (ရိုဟင်ဆိုသည့်ဝေါဟာရကို)အကြောင်းပြုပြီး ရခိုင်ပြည်နယ်ကိုခြေကုတ်ယူ၍ထို
မှစတင်၍မြန်မာနိုင်ငံကို အစ္စလာမ်မစ်နိုင်ငံ ထူထောင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်ကိုစ
တင်ကာ အပိုင်သိမ်းဖို့ ရန် (ရည်ရွယ်ချက်ရှိရှိဖြင့်) လှုပ်ရှားလာခဲ့ခြင်းပင် ဖြစ်လေသည်။

ရိုဟင်ဆိုသည့်ဝေါဟာရကို ပညာမတောက်တခေါက်တတ်သူ (ဘင်္ဂလီ)များကနှစ်ပေါက်
တစ်ပေါက်ရိုက်ကာ လှည့်စားဖို့ ရန် ရည်ရွယ်၍အသုံးပြုကြခြင်းသာဖြစ်ပါသည်။ နိဂုံးချုပ်
ရသော် (ဘင်္ဂလီရိုဟင်ဂျာလူမျိုးဟူသည့်မှာ) ဘင်္ဂလားဒေ့ရှ်ဒ်နိုင်ငံမှ ခိုးဝင်လာသူဘင်္ဂလီ
လူမျိုးတို့ ၏ ပြည်တွင်းနေမွတ်စ်လင်လူမျိုးတို့ ပူးပေါင်းကာ (အစ္စလာမ်ဥပဒေအရ)မြန်
မာနိုင်ငံအား အစ္စလာမ်မစ်နိုင်ငံ ထူထောင်နိုင်ရေးအတွက် နိုင်ငံရေးကစားကွက်တစ်ခုမျှ
ပင်ဖြစ်သည်ဟု ရခိုင်သမိုင်းအားနှစ်ပေါင်း ၂၀ ကျော်ကြာမျှ အသေးစိတ် သုတေသနပြု
ကာလေ့လာခဲ့သူဖြစ်သည့် (ပြင်သစ်နိုင်ငံသားသမိုင်းပညာရှင်) Dr,Jacques Leider ဆို
သူမှ သူဤသို့ ကောက်ချက်ချကြောင်း သိရှိရပါသည်။