Tuesday, December 31, 2013

မှန်စီသင်္ချိုင်းဘင်္ဂလီများ အုတ်ဂူများကိုဖျက်ဆီးခြင်းနှင့် တားမြစ်သည့်ရဲဝန်ထမ်းများအား တိုက်ခိုက်မှုသတင်း(ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်)

၃၀.၁၂.၂၀၁၃ ခုနှစ် (ညနေ)အချိန်တွင် စစ်တွေမြို့နယ်၊ မှန်စီရဲကင်းတွင် တာဝန်ထမ်းဆောင် နေသော ရဲတပ်သား သန့်ဇော်ဝင်းနှင့်ကျော်ကျော်မိုးတို့ (၂)ဦးသည် ၃၀.၁၂.၂၀၁၃ ညနေ(၅း၀၀) အချိန် ရဲကင်းအနီးပတ်ဝန်းကျင်နယ်မြေသတင်းစုံစမ်းဆောင်ရွက်စဉ် ရဲကင်းအနောက်ဘက်(၃)ဖာလုံ ခန့်အကွာ တရုတ်သင်္ချုံင်းအရောက်တွင် သင်္ချုံင်းအတွင်းရှိ အုတ်ဂူများအားဖျက်ဆီးလျှက်ရှိသော အမည်မသိဘင်္ဂလီ(၈)ဦးခန့်အား တွေ့ရှိရသဖြင့် အုတ်ဂူများကို မဖျက်ဆီးရန်တားမြစ်စဉ် ၎င်းအမည်မသိ ဘင်္ဂလီ(၈)ဦးခန့်မှ အသင့်ပါလာသော သံတူရွင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်သော ကြောင့် ရဲတပ်သားသန့်ဇော်ဝင်းတွင် ဦးခေါင်းယာဘက် ဂျိုစောင်း(၁)လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာ(၂) ချက်(စိုးရိမ်ရ)၊ ရဲတပ်သား ကျော်ကျော်မိုးတွင် ဦးခေါင်းယာဘက် ဂျိုစောင်း(၁)လက်မခွဲခန့် ပေါက်ပြဲ ဒဏ်ရာ(၂)ချက်၊ နဖူးယာဘက်တွင်(၁)လက်ခန့်ရှိ ပေါက်ပြဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိခဲ့ပါသည်။
ညနေ(၅း၄၀)နာရီအချိန်တွင် စစ်တွေမြို့နယ် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဒုရဲမှူးကြီး သစ်ဆန်း၊ စစ်တွေမြို့နယ် မြို့မစခန်းမှ ဒုရဲမှူးသန်းလှိုင်နှင့်အဖွဲ့တို့သည် မှန်စီရဲကင်းသို့ရောက်ရှိ၍ တရားခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပြီး ဒါဏ်ရာရတပ်ဖွဲ့ဝင်(၂)ဦးအား မှန်စီ စီမံ ခန့်ခွဲရေးရုံးမှ ဒုရဲအုပ် လှမျိုးသူနှင့်အဖွဲ့မှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ညနေ(၆း၄၀) နာရီအချိန်တွင် စစ်တွေပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ ခွဲစိတ်ဆောင်(၂)တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူစေခဲ့ပါသည်။
သင်္ချုံင်းအတွင်း ကျူးကျော်၍ အုပ်ဂူများကိုဖျက်ဆီးခြင်း၊ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ခြင်းပြုခဲ့ကြသော ဘင်္ဂလီများကို စစ်တွေမြို့မှရဲစခန်းတွင်(ပ)၃၁၃/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၇/၃၃၃ အရ အမှုဖွင့်ထားရှိပါသည်။ ရဲတပ်သား သန့်ဇင်ဝင်းသည် ဦးခေါင်းတွင်ရရှိသော ဒဏ်ရာကြောင့် ယနေ့ နံနက်(၁)နာရီကျော်ခန့်တွင် ကွယ်လွန်ခဲ့ကြောင်းသိရှိရပါသည်။ အမှုနှင့် ဆက်စပ်သောဘင်္ဂလီ(၃)ဦးကို ဖမ်းဆီးနိုင်ခဲ့သည့်ဟုသတင်းရရှိသော်လည်း အမည်ကိုအတိအကျ မရရှိသေးကြောင်း မကြာမီအမည်များကို ပြောကြားနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့ထံမှ သိရှိရကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ရှင်းလင်းပြောကြားချက်ကို တင်ပြအပ်ပါသည်။

သာစွဌာနေရခိုင်ပြေ

သန်းခေါင်စာရင်းကောက်ယူရေး ဝန်ကြီးဦးခင်ရီ ရှင်းလင်း

census-305
မြန်မာနိုင်ငံမှာ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Holiday Inn ဟော်တယ်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးခင်ရီက ဒီကနေ့ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို အခုလို ဖိတ်ခေါ်ရှင်းလင်းခဲ့တာနဲ့ပတ်သက်ပြီး ၀န်ကြီးဦးခင်ရီ က သတင်းထောက်တွေကို အခုလိုပြောပါတယ်။
" သန်းခေါင်းစာရင်းရဲ့အနှစ်သာရကိုကလေ အားလုံးပါဝင်ရေးက အဓိကကျတော့ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ လွယ်လွယ်ကူကူတွေ့လို့ ပြုလို့ရတဲ့ ကျနော်တို့ နိုင်ငံသားတွေ တွေ့ဆုံ့ဆွေးနွေးခွင့်ရသလို နယ်စပ်ဒေသမှာ အများအားဖြင့်နေနေကြတဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များ၊ နောက် ဒီ နယ်စပ်ဒေသမှာအနေများတဲ့ ကျနော်တို့နိုင်ငံသားတွေလည်း ဒါ သိသင့်ပြီးတော့ ပါဝင်ရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့ ချင်းမိုင်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စတွေ လာဆွေးနွေးရင်းနဲ့ပေါ့လေ သူတို့ ကလည်းတောင်းဆိုလို့ ဒီအစည်းအဝေးက ဖြစ်သွားတဲ့ သဘောပါ။ (census) ရဲ့ အဓိကရည်ရွယ်ချက်က ဒေသတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးချင်တာ၊ ကိန်းဂဏန်းလိုတာပေါ့၊ ယောကျာင်္းလား၊ မိန်းမလား၊ လူဦးရေ ဘယ်လောက်ရှိသလဲ၊ ပညာတတ်လား၊ မတတ်ဘူးလား၊ စသဖြင့် ဒီအပေါ်မူတည်ပြီးတော့ ဒီဒေသမှာ နိုင်ငံတော်အစိုးရက ဘာလုပ်ပေးရမလဲ၊ ဒီလိုဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်တဲ့အပေါ်မှာ နိုင်ငံရေးအနေနဲ့ စဉ်းစားတယ်။ အခြားနည်းတွေနဲ့ စဉ်းစားတဲ့အခါကျတော့ ရှုပ်ထွေးနေတယ်။ ရှုပ်ထွေးနေတော့ ဒါတွေက ရှင်းပြနိုင်တာနဲ့အမျှ တဆင့်ချင်း ရှင်းသွားတာပေါ့"
တဆက်တည်းမှာပဲ ဆွေးနွေးပွဲကိုတက်ရောက်လာကြတဲ့ ခေါင်းဆောင်တွေကို ၀န်ကြီးဦးခင်ရီ ကနေ ၂၀၁၄ ခုနှစ်မတ်လ ၃၀ ရက်ကနေပြီး ဧပြီလ  ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာပြုလုပ်မယ့် လူဦးရေ သန်းခေါင်စာရင်းကောက်ခံမှု ပုံစံနဲ့ အချက်ပေါင်း ၄၀ ကျော်ကို အဆင့်ဆင့် ရှင်းပြခဲ့သလို နိုင်ငံတကာ ပညာရှင် ၁၅ ယောက်ရဲ့ အကြံပေးမှုအကူအညီနဲ့ သက်ဆိုင်ရာ နယ်အလိုက်ပူးပေါင်းကောက်ခံသွားမှာဖြစ်တယ်လို့လည်း အချက်အလက်နဲ့တကွ ရှင်းလင်းသွားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို အဓိကကူညီဆောင်ရွက်ပေးနေတဲ့ UNFPA (United Nations Populations Fund Activities) အဖွဲ့က Ms Janet Jackson ကလည်း  မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခံမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့အညီ ကောက်ခံ သွားဖို့ပြင်ဆင်ထားကြောင်း ဒါဟာ မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးကြောင်း ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုထားရှိဖို့ လိုအပ်ကြောင်းတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဒီကနေ့  ရှင်းလင်းပြခဲ့တာတွေနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က အထွေထွေအတွင်းရေးမှူး ဖဒိုမန်းမန်းက တိုင်းရင်းသားတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေသေးကြောင်း သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။
" ကျနော်တို့ အဓိကစိုးရိမ်ချက်ကတော့ ဒီတိုင်းရင်းသာ လူမျိုးစုတွေကို သတ်မှတ်တဲ့နေရာမှာပေါ့နော်၊ မျိုးနွယ်စုဝင်တွေက အများကြီးရှိနေပေမဲ့လည်း ဒီမျိုးနွယ်စုဝင်အားလုံးက ဒါ လူမျိုးစုတစ်စုထဲမှာ ဖြစ်တယ်ဆိုတာကို၊ ဒါဖြစ်ရပ်မှန်ဖြစ်တယ်။ ဒါမှမဟုတ်ရင်တော့ ကျနော်တို့မျိုးနွယ်စုဝင် အားလုံးက လူမျိုးစုတစ်စု ပြန်ပေါ်လာဖို့ဆိုရင် နိုင်ငံတော်က ဖော်ပြထားတဲ့ ဒီ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိပါတယ်ဆိုတဲ့ အနေအထားပေါ်မှာ ဒါတွေကတော့ ကျနော်တို့ ဖြစ်သွားနိုင်တယ်ပေါ့နော်။ နောက် ကျနော်တို့ ဒီလက်ရှိ သန်းခေါင်းစာရင်း ကောက်နေတဲ့အပေါ်မှာကတော့ တချို့ ဒီ ငြိမ်းချမ်းရေးကလည်း ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို မရောက်နိုင်သေးဘူး။ တိုင်းရင်းသားဒေသတွေမှာလည်း တချို့နေရာတွေမှာ ပစ်ခတ်ဆဲဖြစ်နေပြီးတော့ ဒုက္ခသည်တွေလည်း ရှိနေသေးတယ် ။ နောက်တခါ ပြည်ပမှာထွက်ပြီးတော့မှ ဒီ တရားမ၀င်နဲ့ထွက်တဲ့ အလုပ်လုပ်နေရတဲ့ နိုင်ငံ သားတွေလည်းရှိနေတဲ့ အပေါ်မှာတော့ ဒါတွေဟာ ကျန်ခဲ့သွားနိုင်သလားဆိုတဲ့ ဒီ စိုးရိမ်ချက်တွေလည်း ရှိတာပေါ့"
ဒီဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက်ကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန Myanmar Peace Center (MPC) က ကမကထ ဦးဆောင်ပြီး ကျင်းပပေးခဲ့တာဖြစ်ပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ခံမှာနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးခင်ရီကို RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်ဆက်သွယ်မေးမြန်းချက်ကို နားထောင်ရန် ဤနေရာကိုနှိပ်ပါ။
(သတင်းအရင်းအမြစ်- RFA Burmese)

နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်း ချမ်းသာခွင့် သမ္မတ ထုတ်ပြန်

မြန်မာနိုင်ငံမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတဦးသိန်းစိန် က အမိန့်ထုတ်ပြန် လိုက်ပါတယ်။
ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှမရှိစေရဘူးလို့ သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာကို ကတိပြုခဲ့တဲ့အတိုင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာလ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ကြေညာချက်အရ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေ၊  လက်ရှိ အမှုရင်ဆိုင်နေရဆဲသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ အဲဒီနေ့မတိုင်ခင်မှာ ဥပဒေ ပုဒ်မ (၆ )မျိုးနဲ့ အကျဉ်းကျခံနေရသူကို ပြန်လွှတ်ဖို့၊ အဲဒီ ပုဒ်မတွေနဲ့ တရားရုံးတွေမှာ ကြားနာနေဆဲအမှုတွေကို ပိတ်သိမ်းပြီး တရားရင်ဆိုင်နေရသူ တွေကို ချက်ခြင်းလွှတ်ဖို့၊ စုံစမ်းအရေးယူဆဲ အမှုတွေကို အရေးမယူဘဲနဲ့ ပိတ်လိုက်ဖို့ အမိန့်ထုတ်ပြန်လိုက် တာပါ။
အဲဒီ ဥပဒေ ပုဒ်မ (၆) မျိုးမှာ မတရားအသင်း အက်ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၂)- နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ ပုဒ်မ (၁၂၄/က) နိုင်ငံတော် အကြည်ညိုပျက် အောင်ပြုလုပ်မှု၊ ပုဒ်မ (၅)၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ၊  နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွေ ပါဝင်ပါတယ်။
အခုလို သမ္မတဦးသိန်းစိန် ရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ကြိုဆို လိုက်ပါတယ်။
" ကျွန်တော်ကြိုဆိုတယ်ခင်ဗျ၊ ကျွန်တော် သဘောထားကတော့ ဒီတစ်ခါ လွတ်ငြိမ်းချမ်းသာခွင့်သည် အင်မတန် ရှင်းလင်းပြတ်သားတယ်၊ ဘာရှင်းလင်းပြတ်သားလည်းဆို လူရွေးပြီးလွှတ်တာမဟုတ်ဘူး၊ ပုဒ်မတွေကို အဓိကညွှန်းပြီးတော့ အဲ့ပုဒ်မနဲ့ အရေးယူထားတဲ့သူ အကုန်လုံးလွှတ်စေဆိုပြီး အမိန့်ပေးလိုက်တဲ့ အတွက် ဒီဟာကို သေသေချာချာ လေးလေးနက်နက် ထောက်ခံပြီးကြိုဆိုတယ်၊ ဒီဟာမျိုးကမှ နိုင်ငံရေးသမားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အမိန့်လို့ခေါ်ပါတယ်"
ဒါပေမဲ့ နိုင်ငံရေး နဲ့ ပတ်သက်ပေမဲ့ တခြားဥပဒေ ပုဒ်မတွေ နဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူတွေ အတွက် စဉ်းစားစရာရှိနေကြောင်းလည်း ဦးကိုနီက ထောက်ပြပါတယ်။
" ဒီပုံစံအတိုင်းဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကျဉ်းသား မကျန်သလောက်ဖြစ်သွားမယ်၊ သို့သော် ပြောစရာတစ်ခုရှိတာက အဲ့ဒီပုဒ်မ ၆ ခုမဟုတ်ပဲနဲ့ နိုင်ငံရေးသမားတွေကို အခြားပုဒ်မတွေနဲ့ အပြစ်ပေးထားတယ်ဆိုရင်တော့ အဲ့လူတွေကတော့ ပါအုံးမှာမဟုတ်သေးဘူး၊ အခုဟာက ကျွန်တော်တို့က ပုဒ်မကိုပဲ ကြည့်ပြောလိုက်တာကို ၆ မျိုးပါတယ်၊ အဲ့ ၆ မျိုးကတော့မှန်တယ် အဲ့ဒါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာတွေ ကြီးပဲ၊ ဒါကြောင့်မို့ ကျွန်တော်တို့ အဲ့ပုဒ်မတွေကြီးပဲ မဟုတ်ပဲ၊ အခြားပုဒ်မနဲ့ အပြစ်ပေးထားတဲ့ လူမျိုးကလွဲရင်တော့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်မယ်လို့တော့ အဲ့လိုပြောလို့ရပါတယ်"
အခု ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ နောက်ပိုင်း ကျူးလွန်တဲ့ ဥပဒေ ပုဒ်မ (၆ )မျိုးပါ ပြစ်မှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဖွဲ့စည်းပုံနဲ့ ပြည်ထောင်စုရေးရာကိစ္စရပ်တွေ လေ့လာဖို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
 ဦးကိုနီနှင့် ဆက်သွယ်မေးမြန်းချက်
(သတင်းအရင်းအမြစ်- RFA Burmese)

အမေရိကန်နိုင်ငံ Iowa တွင်ရခိုင့်ဘုရင့် နိုင်ငံတော်ကျဆုံးနေ့အခမ်းအနား ကျင်းပပြုလုပ်

31-dec-Arakanese-day-in-US
(၂၂၉) နှစ်မြောက် ရခိုင့်ဘုရင့်နို်င်ငံတော် ကျဆုံးနေ့ အခမ်းအနားအား အမေရိကန်ပြည်ထောင် အိုင်အိုဝါ (Iowa) ပြည်နယ်တွင်လည်း ရခိုင်အမျိုးသားများက ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။
အခမ်းအနားသို့ ရခိုင်အမျိုးသား ၉၀ ကျော်တက်ရောက်ခဲ့ပြီး ပထမဆုံး ဆရာတော် အရှင်သူမြတ်များ ထံမှ ငါးသီလ ခံယူ ဆောက်တည်ကြပြီး တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ပွဲဝင် ကျဆုံးသွားခဲ့ကြသည့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များကို ရေစက်ချအမျှအတန်း ပေးဝေခဲ့ကြသည် ဟု ဆိုသည်။
ယင်းနောက်ပိုင်း တက်ရောက်သူများမှ  ကျဆုံးလေပြီးသော မျိုးချစ်သူရဲကာင်းများကို အလေးပြု ကာ ရခိုင့်အမျိုးသား တေခြင်းသီဆို၍ အခမ်းအနားကို စတင်ခဲ့ကြသည်ဟု ဆိုသည်။
အခမ်းအနားကို ဦးဆောင်ကျင်းပရာတွင် ပါဝင်သူ ကိုစိုးထွန်း မှ လေးဝတီ ပေးပို့ သည်  ၂၂၉ နှစ်မြောက် အချုပ်အချာအာဏာကျဆုံးခြင်းသ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်ဟု ယင်းမှ ပေးပို့သော သတင်းတွင်ဖေါ်ပြသည်။
ယင်းပြင် ကိုစိုးထွန်းမှ ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေများ၊  ဒီမိုကရေစီနှင့် လူအခွင့်အရေး အကြောင်းတို့ကို အကျယ်တ၀င့် ဟောပြောကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မူကို မပျက်ပြား စေဘဲ လူမျိုးတစ်မျိုး၏ ရသင့်ရထိုက်သော တန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် များကို ဘ၀တူ တိုင်းရင်းသားများနှင့် အတူ လက်တွဲကာ လုပ်ဆောင်ရမည်ကိုပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားကျင်းပရသည့်ရည်ရွယ်ချက်နှင့် ကိုမြင့်ခိုင်မှ ယခုလို ပြောကြားဟု ဆိုသည်။
ရခိုင် ဘုရင့် နိုင်ငံတော် ကျဆုံးခဲ့ရသည့်နေ့ကို တစ်နှစ်ပြီး တစ်နှစ် ကျင်းပရတဲ့ ရည်ရွယ်ချက်မှာ ရခိုင် သမိုင်းရာဇ၀င်ကို နောင်လာနောက်သားတွေ မမေ့ပျောက်ရန်အတွက် ဖြစ်ကြောင်း၊ ရှုံးဆုံးနေသော အမျိုးသားလွတ်မြောက်ရေး အတွက် အားသစ်လောင်းပေးခြင်းဖြစ်ကြောင်း၊ လက်ရှိ ခံစားနရသည့် ရခိုင်လူမျိုးများ၏ အထွေထွေ အကျပ်အတည်းကို အတူတကွ လက်တွဲကာ ကျော်ဖြတ်ပြီး အမျိုးသား ကျဆုံးနေ့ မှသည် အောင်ပွဲရသည့်နေ့အထိကျင်းပ ရမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်ဟု ဆိုသည်။
တက်ရောက်လာသူများမှလည်း  အချုပ်အချာကျဆုံးနေ့နှင့် ပတ်သတ်ပြီး တစ်ဦးချင်း ခံစားချက်များကို ဟောပြောခဲ့ကြသည်ဟု သိရသည်။
အခမ်းအနားသို့ တက်ရောက်သူ များမှ ဘင်္ဂလားဒေခ်ျ့နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ထွက်ပြေး ခိုလုံလာကြသည့် ရခိုင်မျိုးနွယ်စုများအား ထောက်ပံ့ ကူညီရန် ရံပုံငွေ တစ်ရပ်ကိုလည်း စုဆောင်း ကောက်ခံခဲ့ကြပြီး ၎င်းအလှူငွေများအား မောင်တောမြို့နယ် နံသာတောင် ဆရာတော်မှ တဆင့် ထောက်ပံ့ ကူညီသွားမည်ဟုဆိုသည်။
အခမ်းအနားကို နံနက် ၁၀နာရီတွင် စတင်ခဲ့ပြီး နေ့ လယ် ၂နာရီတွင်ပြီးဆုံးခဲ့သည်။
ယခုအခမ်းအနာူးကျင်းပသည့် အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်သည် ရခိုင်လူမျိုး အများဆုံးအခြေချ နေထိုင်သည့် ပြည်နယ် တစ်ခု ဖြစ်ကြောင်းသိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဆန္ဒပြမှုများနှင့်၂၀၁၃

DSC 0157mmk
OIC အဖွဲ့လာရောက်ခြင်းကို ကန့်ကွက်ဆန္ဒပြနေသူများအား တွေ့ရစဉ်
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း၌ ကဏ္ဍအသီးသီး အတွက် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှု အများအပြားဖြစ်ပေါ်ခဲ့၍၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားဖြစ်ရပ်တစ်ခုအဖြစ်ဖော်ပြအပ် ပါသည်။
ကဏ္ဍအသီးသီးအတွက် ဆန္ဒထုတ်ဖော်မှုများထဲတွင် လက်ပံတောင်းတောင် အရေးဆန္ဒပြမှုများ၊ ပုဒ်မ-၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြမှု၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံရန် အစိုးရတာဝန်ရှိသူများ၏ ထုတ်ပြန်မှုအပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှု၊ လယ်ယာမြေသိမ်းဆည်းမှုများအပေါ် အသိမ်းခံပြည်သူများက ဆန္ဒပြတောင်းဆိုမှု၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာကင်တားနား၏ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဘက်လိုက်မှုများရှိနေ၍ ပြည်သူလူထုမှ ဆန္ဒပြမှု၊ OIC အဖွဲ့ မြန်မာနိုင်ငံသို့လာရောက် လေ့လာမှုနှင့် ရုံးခွဲဖွင့်လှစ်ရန် တောင်းဆိုမှုတို့ကို ဆန္ဒပြမှု စသည့်ဆန္ဒပြတောင်းဆိုမှုများ ပါဝင်ခဲ့သည်။
၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ဗုဒ္ဓဘာသာကို အစွန်းရောက် ဘာသာဟု ရေးသားဖော်ပြခဲ့သည့် ကမ္ဘာကျော် TIME မဂ္ဂဇင်းနှင့် ဆောင်းပါးရေးသားသူအား ကန့်ကွက်ကြောင်းဆန္ဒပြမှုကို သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၁၀၀၀ ကျော် တို့က ပြုလုပ်ခဲ့သည်။
OIC (Organization of Islamic Cooperation)  အဖွဲ့လာရောက်ခြင်း၊ ရုံးစိုက်ဖွင့်လှစ်မည် ဆိုသောသတင်းကြောင့် ရန်ကုန်မြို့၌ သံဃာတော်များနှင့် ပြည်သူလူထုတို့က လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြ . . .. . . .
၂၀၁၃ ခုနှစ် သြဂုတ် ၂၅ ရက်တွင် မြန်မာရုပ်ရှင်သမိုင်း တစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌလူမင်းနှင့် အမှုဆောင်အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခြင်းကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လူဦးရေ ၁၀၀ ၀န်းကျင်မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၂၁ ရက်တွင် ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားတစ်ရာကျော်တို့က အလုပ်ရှင်မှ အခြေခံလစာတိုးမြှင့်ပေးရန်နှင့် အလုပ်သမားအခွင့်ရေး အပြည့်အ၀ပေးရန် တောင်းဆိုချက်များကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်း ဖွင့်တောင်းဆိုခဲ့ကြသည်။ထိုသို့ စက်ရုံအလုပ်သမားများအပေါ် အလုပ်ရှင်များမှ အခြေခံလစာတိုးမြှင့်ပေးရန် အလုပ်သမားများက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုမှုများမှာ ၂၀၁၃ ခုနှစ်အတွင်း အများအပြား ဖြစ်ပေါ်ခဲ့သည်။
၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် တပ်ပိုင်မြေအဖြစ်ယူထားသော မိကျောင်းကန်မြေပြန်လည်ရရှိရေးအတွက် ယခင်နေထိုင်သူများက ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် လူအင်အား ၆၀၀ ကျော် ဖြင့် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
အလားတူ ၂၀၁၃ ခုနှစ် နိုဝင် ဘာ ၂၆ ရက်တွင်လည်း မိကျောင်းကန်မြေရှေ့၌ နေထိုင်သူများက တပ်သိမ်းမြေ ပြန်လည်ရရှိရေးအတွက် မိကျောင်းကန်မြေအရှေ့တွင် ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့မြေပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုမှုမှာ ကိုးကြိမ်မြောက်ထိ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ် အတွင်း လယ်ယာမြေသိမ်းဆည်းမှုများအပေါ် အသိမ်းခံရသော ပြည်သူလူထုမှ ဆန္ဒပြတောင်းဆိုမှုများ နိုင်ငံတစ်ဝန်း အများအပြား ဖြစ်ပေါ်ခဲ့ပြီး အစိုးရအနေဖြင့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စေခဲ့သော်လည်း ထိရောက်မှုများမရှိခဲ့ပေ။
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံရန် လျှပ်စစ်ဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်မှုကြောင့် ပြည်သူလူထုက မီတာတိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ရေးထားသော စာရွက်များကိုင်ဆောင်ပြီး ကျောက်တံတားမြို့နယ် သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့မှ ဆူးလေဘုရားသို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် ယင်းနေ့ညဘက်တွင်လည်း မီတာခလျှော့ချပေးရန် ဖယောင်းတိုင်များကို ကိုင်ဆောင်၍ မဟာဗန္ဓုလလမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဆူးလေဘုရားထိ လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်။
ထို့အပြင် နိုဝင်ဘာ ၇ ရက် နေ့တွင်လည်း ရန်ကုန်မြို့အတွင်း လျှပ်စစ်မီတာခ ပုံမှန်ပြန်ဖြစ်စေရေးအတွက်  ဒုတိယအကြိမ်မြောက် လမ်းလျှောက်ဆန္ဒပြမှုကို ညနေ ၆ နာရီခွဲခန့်တွင် မြေနီကုန်းမီးပွိုင့် အနီးမှ အလုံမြို့နယ် လျှပ်စစ်ဓာတ် အားပေးရေးရုံးအထိ ဖယောင်းတိုင်မီး ကိုင်ဆောင်ကာ လမ်းလျှောက်ကာ ထပ်မံဆန္ဒပြခဲ့ကြသည်။
နိုဝင်ဘာ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ OIC (Organization of Islamic Cooperation) အဖွဲ့လာရောက်ခြင်း၊ ရုံးစိုက်ဖွင့်လှစ်မည်ဆိုသော သတင်းကြောင့် ရန်ကုန်မြို့၌ သံဃာတော်များနှင့် ပြည်သူလူထုတို့က လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြမှုကို ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားရှေ့နှင့် အင်းစိန်မြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြပြီး နိုဝင်ဘာ ၁၃ ရက်တွင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရးအဖွဲ့ (OIC) ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည့်အခါတွင်လည်း သံဃာတော်များနှင့်  ပြည်သူလူထုတို့ မှ လေဆိပ်ရှေ့တွင် ထပ်မံဆန္ဒပြခဲ့ကြသည်။
အလားတူကန့်ကွက်ကြောင်း ဆန္ဒပြမှုမျိုးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်ခွင့်မပြုရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြရသည်။
နိုဝင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု တစ်နှစ်ပြည့်၌ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူများက ရန်ကုန်မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးသို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက တားဆီးမှုများ ပြုလုပ်သည့်အခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံကို မီးရှို့ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
၂၀၁၃ ခုနှစ် သြဂုတ် ၂၇ ရက် တွင် လွတ်လပ်စွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သူများအား ပုဒ်မ- ၁၈ဖြင့် တရားဆွဲဆိုဖမ်းဆီး ထောင်ချမှုများရှိနေသဖြင့် ပြည်သူလူထုက  ပုဒ်မ -၁၈ ဖျက်သိမ်းပေးရန် ဆန္ဒဖော်ပြခဲ့ကြသည်။
၂၀၁၃ ခုနှစ် သြဂုတ် ၁၂ ရက် တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသော ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားအား ရခိုင်ဒေသခံပြည်သူများက  စစ်တွေလေဆိပ်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်တိုင်းရင်းသားများ ပြန်လည်ထူထောင်ရေး စခန်းများအတွက် ဗုဒ္ဓဆင်းတုတော် ၁၇၀၀ အား စင်ကာပူက လှူဒါန်းမည်

8.1.1
ရခိုင်တိုင်းရင်းသားများ ပြန်လည်ထူထောင်ရေး စခန်းများအတွက် ဗုဒ္ဓဆင်းတုတော် ၁၇၀၀ အား စင်ကာပူနိုင်ငံမှ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မေတ္တာစင်တာဥက္ကဌ ဦးဝင်းဖေက လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းတုတော်များအား ယခုခါတွင် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်အတွင်း ထားရှိပြီး နှစ်ဆန်းတစ်ရက်နေ့တွင် အနေကဇာတင်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ လှူဒါန်းသွားမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ရခိုင်ပြည်နယ် အနှံ့အပြားရှိ ရခိုင်တိုင်းရင်းသား ပြန်လည်ထူထောင်ရေးစခန်း (ကယ်ဆယ်ရေးစခန်း) များသို့ ပြန်လည် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ဆင်းတုတော်များ၏ ဥာဏ်တော်အမြင့်မှာ ၉ လက်မခခန့်ရှိပြီး မိသားစု တစ်စုလျှင် ဆင်းတုတော် တစ်ဆူစီ လှူဒါန်းမည် ဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ အနေဖြင့် မီးလောင် ပျက်စီးသွားသော နေအိမ်များတွင် ဆင်းတုတော်များလည်း ဆုံးရှုံးခဲ့ရသည့်အတွက် ယခုအခါတွင် ယာယီနေအိမ်များ ဆောက်လုပ်ပေးထားပြီး ဖြစ်သော်လည်း တချို့အိမ်များတွင် ဗုဒ္ဓဆင်းတုတော်များ ပင့်ဆောင်ဆည်းကပ်နိုင်ခြင်း မရှိသည့်အတွက် ယင်းသို့ လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုဆင်းတုတော် ၁၇၀၀ တို့အား အနေကဇာ မတင်မီ သုံးရက်တိုင်တိုင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကိုလည်း လောကာနန္ဒာ စေတီတော်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဆင်းတုတော်များ လှူဒါန်းခြင်းနှင့် ပဋ္ဌာန်းပွဲအတွက် ရခိုင်ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် ရှင်တစ်ထောင် ဆရာတော် (စစ်တွေ)က ကြီးမှူး၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သာသနာနုဂ္ဂဟ အသင်းမှ ကျင်းပခြင်း ဖြစ်ကြောင်းလည်း ဆရာတော်ကြီးက မိန့်ကြားခဲ့ပါသည်။ ပဋ္ဌာန်းပွဲကို ၃၀ ရက် ညနေပိုင်း၌ ကျင်းပလျက်ရှိပြီး ဆင်းတုတော် လှူဒါန်းပွဲကို ဇန်န၀ါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

ရခိုင်ကျောင်းသား ကိုရဲမင်းဦးနန့် ရခိုင်အကျဉ်းသားတစ်ချို့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နန့် လွတ်မြောက်


ကိုရဲမင်းဦးသမ္မတရုံး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် (အမိန့်အင်္မှတ် ၅၁/၂၀၁၃) အရ အင်းစိန်ထောင်မှာ အကျဉ်းကျခံနိန်ရရေ ရခိုင်ကျောင်းသား ကိုရဲမင်းဦး အင်းစိန်ထောင်က ဒေနိန့် မိုးထဖက် ၇ နာရီမှာ လွတ်မြောက်လာဗျယ်ဖြစ်တေလို့ လေးဝတီက သတင်း ရဟိပါရေ။

ကိုရဲမင်းဦးကို သာကေတမြို့နယ်တရားရုံးက ပုဒ်မ ၁၅၃ (က) အမျိုးသားတစ်စုနန့် တစ်စု ရန်ငြိမ်းထား စီအောင် လုပ်တေအမှုကို ရုပ်သိမ်းပြီးကေ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်ကို အကြည်ညိုပျက်စီရေ အမှုနန့် ပြောင်းလဲတရားစွဲဆိုခံခရရေလို့ ကိုရဲမင်းဦး ရှေ့နေ ဦးကျော်ဟိုးကတစ်ဆင့် သိရပါရေ။

ကိုရဲမင်းဦးကို နာမယ်မသိ လူတစ်စုက ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဦးသာသနာ ကျောင်းတိုက်က မတ်လ ၂၅ ရက်နေ့ ညနေ ၉ နာရီမှာ ဖမ်းဆီးခေါ်ယူလားခစော်ကတစ်ဆင့် အဂုပိုင် ပုဒ်မ ၅၀၅ (ခ)နန့် တရားစွဲဆိုစော်ဖြစ်ပါရေ လို့ သိရပါရေ။ ယင်းနိန့် နောက် တစ်ရက် မတ်လ ၂၆ ရက်နိန့် မိုးထဖက် ၁၁ နာရီ ၁၅ မိနစ်မှာ ဗဟန်း ရဲစခန်းမှာ လူပျောက်မူ အမှတ် (၁၃/၂၀၁၃) နန့် တရားမစွဲခင် တိုင်ကြားထားရေလို့ ကိုခင်မောင်လင်းက တစ်ဆင့်သိရပါရေ။

"ကျွန်တော့်ကို OIC ရုံး မြန်မာနိုင်င့မှာ အခြီစိုက်ဖို့အတွက် ဆန္ဒပြစော်မှာ ပါရေအမှုနန့် အဂုပိုင်ဖမ်းဆီးအရေးယူစော်ဖြစ်ပါရေ။" လို့ ဧပြီလ ၄ ရက်နိန့်က ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်လာရေအခါ ပြောကြားလားခပါရေ။

ဇာပင်ဖြစ်ဖြစ် အဂု လွတ်မြောက်လာဗျယ်ဖြစ်တေအတွက် အတိုင်း မသိဝမ်းသာကြောင်းကို ကိုရဲမင်းဦး အကိုဝမ်းကွဲ ကိုဖိုးသားက "နှစ်သစ်မှာ လူသစ်စိတ်သစ်နန့် လျှောက်လှမ်းနိုင်ဖို့လို့ ယုံကြည် ပါရေ။ ညီချေ လွတ်မြောက်လာဗျယ်ဖြစ်တေအတွက် အတိုင်းထက် မသိ ၀မ်းသာပါရေ။" လို့ လေးဝတီကို ပြောပါရေ။

ရခိုင်အကျဉ်သားတိအနိန်နန့် သံတွဲမှာ ပုဒ်မ ၅၀၅ (ဂ) နန့် ထိန်းသိမ်းခံ RNDP သံတွဲဥက္ကဌ ဦးမောင်ပုနန့် အမျိုးဘာသာ သာသနာ အဖွဲ့ ဦးကျော်ကျော်အပါအ၀င် ၁၁ ဦးရို့လည်း လွတ်မြောက်တေ လို့သတင်းရဟိပါရေ။

(အေသတင်းကို Arakan Laywaddy ကနိန်ကူးယူဗျာလ် ဖော်ပြခြင်းဖြိုက်ပါရေ။)

စစ်တွေမြို့ ယနေ့ကုလားအကြမ်းဖက်မှုသတင်း

ယနေ့ ၃၀.၁၂.၂၀၁၃ ညနေပိုင်းတွင်စစ်တွေမြို့နယ် မှန်စီရဲကင်းမှ ရဲတပ်သားနှစ်ဦး
ကုလားတို့၏ ၀ိုင်းဝန်းအကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာပြင်းစွာရရှိပြီး စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပြီး အရေးပေါ်ကုသမှုခံယူရလျက်ရှိသည် ။

တစ်ချိန်လုံးသတိလစ်မေ့မျောနေရာမှယခုညပိုင်းတွင်မှ သတိပြန်လည်လာကြောင်း သိရှိရသည် ။

ဖြစ်စဉ်မှာ ဘင်္ဂလီကုလား ၁၀ ဦးခန့် မှန်စီဘာသာပေါင်းစုံသုဿန်မှ
တရုတ်သချိုင်းရှိ အုတ်ဂူများကို ဖြိုဖျက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ထိုရဲတပ်သားနှစ်ယောက်က သွားရောက်ဟန့်တားရာမှ
ကုလားများက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည် ။

မြန်မာပြည်ထဲ တရားဝင်နေထိုင်ခွင့်မရှိသည့် ထိုဘင်္ဂလီကုလားဆိုးများသည်ယခင်ကလည်း လုံခြုံရေးတာဝန်ယူရသော တပ်မတော်သားအပါအ၀င်အဖွဲ့အစည်းဝင်များကို လူအင်အားဖြင့် အကြမ်းဖက်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြဖူးပြီးဖြစ်သည် ။

ဘင်္ဂလီကျေးရွာများနှင့် စခန်းများသည်ဥပဒေစိုးမိုးမှုမရှိသော ၊ မြန်မာ့အချုပ်အခြာအာဏာစက် မသက်ရောက်သောနေရာများဖြစ်နေသည်ကို ရခိုင်တိုင်းရင်းသားများက အကြိမ်ကြိမ်ထောက်ပြ ပြောဆိုခဲ့ကြပြီးလည်းဖြစ်သည်။

လုံခြုံးရေးကို စီမံခန့်ခွဲသူတို့၏ အရေးယူမှု မ၀ံ့မရဲ ဖြစ်နေခြင်းကိုလည်း မချင့်မရဲဖြစ်လျက်ရှိနေကြသည် ။

(ဤသတင်းကို Rakhine Citizen Journalists စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

Monday, December 30, 2013

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဖြေရှင်းပါ

Photo: 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား -
======================================================


သို့ 

ဦးသိန်းစိန် 
နိုင်ငံတော် သမ္မတကြီး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နေပြည်တော်


စာအမှတ်၊ ဒလပ / သမ - ၀၃ / ၂၀၁၃
ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်


အကြောင်းအရာ။ သန်းခေါင် စာရင်း ကောက်ယူရေး ပုံစံတွင် မိမိတို့ လူမျိုးစု အတွက် နိုင်ငံတွင်းရှိ တစ်ခြား လူမျိုးစုများ နည်းတူ ကုဒ်နံပါတ် “Code No“ တစ်ခု သတ်မှတ် ပေးပါရန် တင်ပြခြင်း။

လေးစားစွာဖြင့် . . .

၁။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်တိုင်း လွှတ်တော်ရုံး သဘင်ဆောင်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြုလုပ်သော သန်းခေါင် စာရင်း ကောက်ယူရေး ရှင်းလင်း ပွဲ၌ နိုင်ငံရေး ပါတီ များအား ၀ိုင်းဝန်း ကူညီရန် မှာကြားခဲ့ ပါသည်။

၂။ ကျွန်တော်များ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီကလည်း သန်းခေါင် စာရင်း ကောက်ယူရေး ကိစ္စ တွင် ၀ိုင်း ၀န်း ပါဝင် ကူညီ ဆောင်ရွက် ပေးလို ပါသည်။

၃။ သို့ကူညီ ရာတွင် အခက်အခဲ တစ်ခုမှာ တိုင်းရင်းသား ဆိုသူ (၁၃၅) မျိုးအတွက် ကုဒ်နံပါတ် တစ်ခု ကိုယ်စီရှိပါသည်။ကျွန်တော်တို့ ပါတီ၏ အခြေခံ စည်းရုံးရေး နယ်မြေ ဖြစ်သော ရခိုင် ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင် များကို စာရင်း မှတ်ရန် ကုဒ်နံပါတ် (Code-No) တစ်ခု မရှိ ဖြစ်နေ ပါသည်။လူဦးရေ တစ် သန်းကျော် ရှိနေသည့် ထိုသူ များကို မည်သည့် ဇယား၌ ဖြည့်စွက် ရမည်ကို မရေမရာ ဖြစ်နေ ပါသည်။

၎။ ကုဒ်နံပါတ်များ စာရင်း၏ နောက်ဆုံး အမှတ်စဉ် (၁၁) တွင် တစ်ခြား (Others) ဟု ကုဒ်နံပါတ် (914) ဖြင့် ဇယား တစ်ခု ရှိပါသည်။ ကုဒ်နံပါတ် ပေးထားသော နိုင်ငံခြားသား (၁၃) မျိုးတွင် မပါသေးသည့် တစ်ခြား နိုင်ငံခြားသား များအတွက် ရည်ညွှန်းပုံ ရပါသည်။

၅။ အမှတ်စဉ် (၁၀) တွင် မြန်မာနှင့် နိုင်ငံခြားသား သွေးနှောများ အတွက် ကုဒ်နံပါတ် (၉၀၀) တစ်ခု ရှိပြန် သည်။ ကျွန်တော်များ ရခိုင်ပြည်နယ်မှ မူဆလင်များ တွင်သွေးနှောသူ ဦးရေ အလွန် နည်းပါသည်။ ကျွန်တော် များသည် လွတ်လပ်ရေး ရပြီးနောက် ၁၉၈၂ ခု နိုင်ငံသား ဥပဒေ ပြဌာန်း နိုင်ခဲ့သည့် အချိန်ထိ တိုင်းရင်းသား နိုင်ငံသားများ အဖြစ်နေလာသူများ ဖြစ်ကြပါသည်။ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင် ငံ ရွေးကောက်ပွဲ အားလုံး မှာ မဲထည့်ခွင့်၊ အရွေးခံ ခွင့်များ ရရှိခဲ့၍ ယနေ့ အထိ မြန်မာ နိုင်ငံသား များ ဟု သတ်မှတ် ရန်သာ ရှိပါ သည်။

၆။ တိုင်းရင်းသား (၁၃၅) မျိုးထဲတွင် မပါဝင်သော တစ်ခြား လူမျိုးစု များလည်း များစွာ ရှိနေကြောင်း စာ နယ်ဇင်း များတွင် ဖတ်ရှု နေရ ပါသည်။ ထိုသူ များလည်း မိမိ လူမျိုး အမည် အဖျောက်ခံပြီး တစ်ခြား လူမျိုး များနှင့် ပေါင်းရမည့် အနေ အထား ဖြစ်နေ ပါသည်။

၇။ ကျွန်တော်များ ရခိုင် ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင် များကို ရိုဟင်ဂျာ ဟူ၍ ယခင် အစိုးရများက သတ်မှတ် ခဲ့သော အထောက် အထား သာဓကများ မြောက်များစွာ ရှိပါသည်။

၈။ ကျွန်တော် တို့သည် နိုင်ငံတော် အပေါ် အစဉ် အဆက် သစ္စာရှိစွာ နေထိုင် လာခဲ့သော သာဓက များလည်း ရှိပါသည်။ တစ်ချို့မှာ -

(က) ၁၉၆၁-ခုကတည်းကလက်နက်ကိုင်မူဂျာဟစ်များကပြည်သူများ၏အကြပ်ကိုင် တောင်း ဆို မှု ကြောင့် လက်နက်ချ၍ ငြိမ်းချမ်းရေး ယူထား ခဲ့သည့် အပြင် ယနေ့အချိန် အထိ ရခိုင် မြောက် ပိုင်း ဒေသ တွင် ဒေ သခံ မူဆလင်များ ထဲမှ လက်နက်ကိုင် သောင်ကျန်းသူ အဖွဲ့ အစည်း မရှိချေ။

(ခ) အထက် မူဂျာဟစ် များကို တိုက်ခိုက် ချေမှုန်း ရာတွင် ရိုဟင်ဂျာ အမျိုးသား ထဲမှ ထိုဒေသရှိ ရဲအရာရှိ များနှင့် ရဲတပ်ဖွဲ့ဝင် များက သက်စွန့် ဆံဖျား စွန့်စွန့် စားစား တိုက်ပွဲပေါင်း များစွာ တိုက်ခိုက် ခဲ့သဖြင့် နိုင် ငံတော်နှင့် နိုင်ငံတော် သမ္မတ ထံမှ ဆုအမျိုးမျိုး၊ တံဆိပ် အမျိုးမျိုး ရရှိခဲ့သော သာဓကများ ယနေ့ အထိ လက်ထဲမှာ ရှိပါသည်။ ထိုရဲအရာရှိ များ၏ အမည်ကို အတိအကျ ဖော်ပြ ရသော် (၁) ဦးအဘူလ်ခိုရ် (နောင် ပါလီမန် အမတ်)၊ (၂) ဦးအဘူ ကာစင် (နောင်မြို့နယ် တရားသူကြီး အဖွဲ့ ဥက္ကဌ)၊ (၃) ဦးမိရ် အာမတ်၊ (၄) ဦးအာလီ ဟူဆိန် (ရဲအုပ်ကြီး)၊ (၅) ဦးဘိုနီ အာမင်(ရဲမှူးကြီး) တို့ ဖြစ်ကြ ပါသည်။

၉။ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီမံ ခန့်ခွဲရေး၊ စီးပွားရေးတို့အတွက် အရေးကြီး သလို သက်ဆိုင်ရာလူမျိုးစုများအတွက်လည်းသူတို့၏လူမျိုးစု ဦးရေ အတိ အကျ သိရှိရန် လိုအပ်နေပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်တွင် လူဦးရေ ပမာဏ အဆင့် အားဖြင့် ၅/၆ အဆင့်မှာ ရှိသော အထက် ရိုဟင်ဂျာ များကို နိုင်ငံခြားသား ဇယားတွင် နိုင်ငံခြားသား “ကုဒ်နံပါတ်” နှင့်ရောနှော၍စာရင်းတင်ခြင်း မပြုဘဲ သီးခြား ကုဒ်နံပါတ် “Code-No” တစ်ခုကို ၂၀၁၄ ခုနှစ် ပြည်လုံး ကျွတ်သန်းခေါင် စာရင်း ပုံစံအတွက်ဖော်ပြ သတ် မှတ် ပေး ပါရန် တင်ပြ တောင်းဆို အပ်ပါသည်။

(၁၅.၁၂.၂၀၁၃ ခု ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အစည်း အဝေး ဆုံးဖြတ်ချက် အရ။)


ကျော်မင်း
ဥက္ကဌ
ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ (ဌာနချုပ်)
အမှတ် (၁၁၆/၁၁၈)၊ ၆-လွှာ (B)၊ ဘိုကလေးဈေးလမ်း၊
ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။
Phone : 09-73247887

မိတ္တူကို 

- ပြည်ထောင်စု ၀န်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာန၊
- ဥက္ကဌ၊ ၂၀၁၄ သန်းခေါင် စာရင်း ကောက်ယူရေး ဗဟို ကော်မတီသို့ စီစဉ် ဆောင်ရွက် ပေးနိုင်ပါရန် ပို့ပေးအပ် ပါသည်။
- ရုံးလက်ခံ
- See more at: http://burmese.rohingyablogger.com/2013/12/2014-census-code-dhrp.html#sthash.8BD1uycH.dpuf
နိုင်ငံရေးပါတီများတွင် ရိုဟင်ဂျာဆိုသူများပါရှိပါက ပါတီဖျက်သိမ်းအရေးယူမည်ဟုပြောဆိုခဲ့ဖူးသည်။ယခု ကုလားပါတီမှ နိုင်ငံတော်သမ္မတထံပေးသောစာကိုဖတ်ကြည့်ပါ။

=====================================
၉။ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီမံ ခန့်ခွဲရေး၊ စီးပွားရေးတို့အတွက် အရေးကြီး သလို သက်ဆိုင်ရာလူမျိုးစုများအတွက်လည်းသူတို့၏လူမျိုးစု ဦးရေ အတိ အကျ သိရှိရန် လိုအပ်နေပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်တွင် လူဦးရေ ပမာဏ အဆင့် အားဖြင့် ၅/၆ အဆင့်မှာ ရှိသော အထက် ရိုဟင်ဂျာ များကို နိုင်ငံခြားသား ဇယားတွင် နိုင်ငံခြားသား “ကုဒ်နံပါတ်” နှင့်ရောနှော၍စာရင်းတင်ခြင်း မပြုဘဲ သီးခြား ကုဒ်နံပါတ် “Code-No” တစ်ခုကို ၂၀၁၄ ခုနှစ် ပြည်လုံး ကျွတ်သန်းခေါင် စာရင်း ပုံစံအတွက်ဖော်ပြ သတ် မှတ် ပေး ပါရန် တင်ပြ တောင်းဆို အပ်ပါသည်။

(၁၅.၁၂.၂၀၁၃ ခု ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အစည်း အဝေး ဆုံးဖြတ်ချက် အရ။)

ကျော်မင်း
ဥက္ကဌ
ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ (ဌာနချုပ်)
အမှတ် (၁၁၆/၁၁၈)၊ ၆-လွှာ (B)၊ ဘိုကလေးဈေးလမ်း၊
ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။
Phone : 09-73247887

မိတ္တူကို

- ပြည်ထောင်စု ၀န်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာန၊
- ဥက္ကဌ၊ ၂၀၁၄ သန်းခေါင် စာရင်း ကောက်ယူရေး ဗဟို ကော်မတီသို့ စီစဉ် ဆောင်ရွက် ပေးနိုင်ပါရန် ပို့ပေးအပ် ပါသည်။
- ရုံးလက်ခံ

(ဤသတင်းကို Rakhine News Group ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

ဒေါက်တာ မြင့်သိန်းက အနောက်တံခါးကျိုးပျက်သွားပြီဟုဆို

ဆရာဒေါက်တာ မြင့်သိန်း (ရန်ကုန်တက္ကသိုလ်)၏ “ ကျိုးပျက်သွားသည့် အနောက်တံခါး” ဆောင်းပါးကို မြန်မာ သံတော်ဆင့် အပတ်စဉ် ဂျာနယ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖေါ်ပြသည်။
၎င်းဆောင်းပါးထဲမှ အပိုဒ် တစ်ခုတွင် ဆရာမြင့်သိန်းက ယခုလို ဆိုသည်။
“ လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်ထက်တွင် နိုင်ငံရေး အတွက်အသုံးချ ခဲ့ခြင်းကြောင့် တစ်ဖက် နိုင်ငံမှ လူမျိုးများ ပို၍ပင် ၀င်ရောက်ခွင့် ရရှိလာခဲ့ ရာ ရခိုင်သမိုင်း ပညာရှင်တစ်ဦးက ““စုပြုံ ရောက်ရှိလာသော ဗိုင်းရပ်စ်များ””ဟူ၍ အင်္ဂလိပ်လို ဆောင်းပါး တစ်စောင် ရေးသား သတိပေး တင်ပြသည်အထိဖြစ် ခဲ့ပေသည်။ သက်ဆိုင်ရာ အစိုးရများ၊ ပါတီများ အတွက် သတိပြုစရာပင်။ ကိုယ့်ပါတီ၊ ကိုယ့်အစိုးရ အောင်မြင်ရေးအတွက် နိုင်ငံရေးအရ အသုံးချရာတွင် လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်ခြင်းသည် အလွန်နိမ့်ကျသည့် နိုင်ငံရေး ပင်ဖြစ်သည်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို နိုင်ငံရေး ကစားသည့် အပြင် နယ် ခြားမှ အတားအဆီး မရှိဝင်ရောက် နေထိုင်သူများကို အခွင့်အရေးပေးကာ နိုင်ငံရေး ကစားကွက်အတွင်း ကိုယ်အသာစီး ရဖို့ ထည့်သွင်းဆောင်ရွက်သည့် လုပ်ရပ်များသည် သမိုင်းတစ်လျှောက် မြင်ရပေါင်းများ နေပေ သည်။ ယနေ့တိုင်လည်း ကြားနေရ ဆဲဖြစ်သည်။ ယနေ့နိုင်ငံတွင် ထင်ရှား သည့် ထိပ်တန်း ပါတီကြီးများ ပင်လျှင် ထိုသို့သော နိုင်ငံရေး ကစားကွက်ကို ကစား ကြရန် ပြင်ဆင် စည်းရုံးနေသည်ကို ကြား နေရသည်။ ရခိုင်အရေး အပေါ် တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ရှိနေကြချိန်တွင် ထိုပါတီကြီးများက ရေငုံနှုတ်ပိတ်၊ ခပ်မဆိတ် နေကြသည်မှာ မည်သည့်အတွက်ကြောင့် ဟု ပြောရန်ပင် မလိုတော့ချေ။”
ယင်းပြင် ဆရာက ဆောင်းပါး အဆုံးတွင် ယခုလိုပြောဆို ရေးသားကာ နိဂုံးချုပ်ထားသည်။
“ မျိုးခြားတို့ အရေး သည်တားနိုင်ရန် မလွယ် တော့သဖြင့် ထားနိုင်ရန် စဉ်းစားစရာ ဖြစ်လာသည်။ အဂတိတရားကို လက်ကိုင်ထားကာ အ နာဂတ် သည် ၎င်းတို့မြင်ရသည့် အရာမဟုတ်ဟူသည့် အတွေးများ လွှမ်းမိုးထား သူများအပေါ် မထိန်းနိုင်သေးသရွေ့ မြန်မာနိုင်ငံ့ အရေးသည်လည်း ရင်လေးစရာပင်။ ထို့အတူ မြန်မာ တိုင်းရင်းသား ပြည်သူများ အတွက်လည်း ရင်မအေး စရာပင်။”
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန

ရန်ကုန်ဆေးရုံကြီးတွင် တင်ထားရသော ဆရာဦးကျော်ထွန်းအောင် သတိမရ ဖြစ်နေ

U-Kyaw-Tun-Aung
ရခိုင်သမိုင်းသုတေသီ ရှေးဟောင်း သုတေသန ဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဆရာ ဦးကျော်ထွန်းအောင်သည် ကျန်းမာရေး အခြေအနေ အထူးဆိုးရွားနေပြီး ယခုအခါ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် သတိမရဘဲ ဖြစ်နေသည်ဟု သိရသည်။
ရခိုင်-မြန်မာ ပဏ္ဍတိတ် ဆရာကြီး ဦးသာထွန်း၏ သားကြီး ဖြစ်သူ ဆရာဦးကျော်ထွန်းအောင်အား နှလုံးရောဂါကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို တင်ခဲ့ရပြီး ယခုအခါ သတိမရဘဲ ဖြစ်နေကြောင်း ဆရာ၏ ဇနီးဖြစ်သူက ပြောသည်။
“ အခုထိ သတိမရသေးဘူး။ ဆရာ အခြေအနေက စိုးရိမ်ရတယ်။ ကျွန်မကတော့ ရမှ ရပါ့မလားလို့ ထင်မိပါတယ်” ဟု ဆိုသည်။
ဆရာဦးကျော်ထွန်းအောင်တွင် နှလုံးရောဂါ အခံရှိပြီး ရုတ်တရက် နှလုံးထိခိုက်ခဲ့ပြီး ယင်းနောက်ပိုင်း ဥဏှောက်ကိုပါ ထပ်မံ ထိခိုက်သွားခဲ့သည်ဟု ယင်းက ဆိုသည်။
ဆရာအား ဆေးရုံတင်ထားရသည်မှာ (၇) ရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း။ အခြေအနေမှာ အထူးဆိုးရွားနေသဖြင့် မိသားစုများက အထူး စိုးရိမ် ပူပန်နေကြကြောင်း  သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာ-ဘင်္ဂလာနယ်စပ်တွင် မြေမြုပ်မိုင်း ၃၉ လုံးရှာဖွေတွေ့ရှိဟုဆို

BGB
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ်တွင် မြန်မာဘက်က ထောင်ထားသော မြေမြုပ်မိုင်း ၃၉ လုံးကို ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီး ဖယ်ရှားပစ်ခဲ့ရသည်ဟု ဆိုသည်။
၎င်းသတင်းအား ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာအများအပြားတွင် ဖေါ်ပြပြီး ယင်းမိုင်းများမှာ အသစ်ဖွဲ့စည်းထားသော မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များက လွန်ခဲ့သော တစ်ပတ်ခန့်က ထောင်ထားခဲ့ခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။
တွေ့ရှိ မြေမြုပ်မိုင်းများကို နှစ်နိုင်ငံ နယ်စပ် စီရိုမျဉ်း အကြားတွင် ထောင်ထားခြင်း ဖြစ်ပြီး မိုင်တိုင်အမှတ် (၄၄) အနီးတွင် ဖြစ်သည်ဟု ဆိုသည်။ ၎င်းမိုင်တိုင်အမှတ် (၄၄) မှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဘင်ဒရိုင်ဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီမြို့နယ် အတွင်းရှိ Kachubunia ဒေသတွင် တည်ရှိပြီး မြန်မာဘက်က ဆိုလျှင် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အမှတ် (၁) နယ်မြေအနီးတွင် ဖြစ်ကြောင်း သိရသည်။
များမကြာမီက မြန်မာ လုံခြုံရေး တပ်ဖွဲ့တစ်ခုသည် နယ်စပ်တွင် မှတ်တိုင်များကို တိုင်းတာ စစ်ဆေးမူများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုင်းတာမူမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြီးဆုံးခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင် မြေမြုပ်မိုင်းများကို ထောင်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ထောင်ထားသည်ကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များသို့ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိကြောင်း သတင်းများက ဆိုသည်။
နယ်စပ် ဘင်္ဂလီကျေးရွာသားများက မြန်မာတပ်ဖွဲ့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီမြို့နယ် အချာတိုလီ နယ်စပ်ရှိ ကီလိုမီတာ ၃၀ အတွင်း မြေမြုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း ၎င်းမြို့ အခြေစိုက် အမှတ် (၃၁) ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။
နတ်ကျောက်ဆရီမြို့ အခြေစိုက် ဘီဂျီဘီအမှတ် (၃၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ချာဖေကူလ် ရာဟာမန်မှ ၎င်းမိုင်း ၃၉ လုံးကို ဖယ်ရှားခဲ့ရခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားပြီး ယခု နယ်စပ် စီရိုမျဉ်းအတွင်း မိုင်းထောင်ခြင်းမှာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖေါက်ခြင်း ဖြစ်သဖြင့် မြန်မာဘက်ကို ပြင်းပြင်းထန်ထန် သတိပေး ကန့်ကွက်မူများ ပြုလုပ်သွားမည်ဟု ဆိုသည်။
ယခုအခါ ယင်းမြေမြုပ်မိုင်းများကို ရှာဖွေ တွေ့ရှိသဖြင့် နယ်စပ်တွင် ဘင်္ဂလာဘက်က လုံခြုံရေး တပ်ဖွဲ့များကို တိုးချထားလိုက်သည်ဟု သိရသည်။
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျှောက်တွင် လွန်ခဲ့သော ၁၀ နှစ်ခန့်က ယခင် နစက တပ်ဖွဲ့ဝင်များက မြေမြုပ်မိုင်းများ ထောင်ခဲ့ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့က ကန့်ကွက်သဖြင့် ရုတ်သိမ်းသွားခဲ့ကြောင်း၊ မြန်မာဘက်က မြေမြုပ်မိုင်းများကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အချို့ သေဆုံးခဲ့ရသလို ဆင်စသော တောရိုင်း တိရစ္ဆာန်များလည်း သေကြေပျက်စီးခဲ့ရသည်ဟု ဆိုသည်။
မောင်တောခရိုင် ရဲတပ်ဖွဲ့သို့ ဆက်သွယ်သော်လည်း ဖုံးရိမ်းပြီး မကိုင်သဖြင့် ၎င်းမြေမြုပ်မိုင်း ကိစ္စနှင့် ပတ်သက်ပြီး မြန်မာဘက်က အမြင် သဘောထားကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင့်နိုင်ငံတော်ကျဆုံးနေ့အခမ်းအနားတွင် အမေရိကန်ရောက် ရခိုင်အမျိုးသားများက တပ်မတော် တစ်ခုတည်းဖြစ်ရန် တောင်းဆို

ရက္ခိုင်လူမူ အဖွဲ့အစည်းမှ ကြီးမှူးကျင်းပသော ချီကာဂိုမြို့ အခမ်းအနားသို့ တက်ရောက်လာကြသူများ။
ရက္ခိုင်လူမူ အဖွဲ့အစည်းမှ ကြီးမှူးကျင်းပသော ချီကာဂိုမြို့ အခမ်းအနားသို့ တက်ရောက်လာကြသူများ။
ဒီဇင်ဘာလ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ ပြည်နယ်အချို့တွင် ကျင်းပခဲ့သော (၂၂၉) နှစ်မြောက် ရခိုင် ဘုရင့်နိုင်ငံတော် ကျဆုံးနေ့ အောက်မေ့ ၀မ်းနည်းဖွယ် အထိမ်းအမှတ် အခမ်းအနားတွင် ကွဲပြားနေသော ရခိုင်လက်နက်ကိုင် တပ်မတော် (၂) ခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်းကြရန် ရခိုင်အမျိုးသားများက တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရက္ခိုင်လူမူ အဖွဲ့အစည်းမှ ကြီးမှူးပြီး  အမေရိကန် ပြည်ထောင်စု အီလီနွိုက် ပြည်နယ် ချီကာဂိုမြို့တွင် ကျင်းပခဲ့သော (၂၂၉) နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးနေ့တွင် ထိုသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ တောင်းဆိုတာက အချက် (၃) ချက်ရှိပါတယ်။ အဓိက တောင်းဆိုတာကတော့ ရခိုင်ပြည်သူလူထု အတွက် တစ်ခုတည်းသော လက်နက် ကိုင်တပ်ဖွဲ့ တစ်ခု ပေါ်ပေါက်ရေး ဖြစ်ပါတယ်။ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နှစ်ခု ရှိနေတာကို တစ်ခုတည်းအဖြစ် ပေါင်းစည်းကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု အခမ်းအနားအား ဦးဆောင်စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုကျော်ထူးအောင်က နိရဉ္စရာသို့ ပြောသည်။
၎င်းလက်နက်ကိုင် အဖွဲ့ (၂) မှာ လက်ရှိ အစိုးရနှင့် အပစ်ရပ်ထားသော ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် ( Arakan Liberation Army) နှင့် ကချင်ဒေသ အခြေစိုက် ရက္ခိုင့်တပ်မတော် (Arakan Army) တို့ ဖြစ်ကြသည်။
“ ဘာကြောင့် တောင်းဆိုရသလဲဆိုတော့ လူမျိုး တစ်မျိုးမှာ တပ်မတော် တစ်ခုဘဲ ရှိသင့်တယ်။ ပီးရင် ဒီအချိန်မှာ ရခိုင်အချင်းချင်း သူ့ပါတီ၊ ကိုယ့်ပါတီ။ သူ့တပ်မတော်၊ ကိုယ့်တပ်မတော် ဆိုပြီး ကွဲပြားနေရမယ့် အချိန်မဟုတ်တော့ဘူး။ တမျိုးသားလုံး သွေးစည်းညီညွတ်စွာနဲ့ အမျိုးသားရေးကို ကာကွယ်ကြရမယ့်အချိန်၊ လက်တွဲ လုပ်ဆောင်ကြရမယ့် အချိန် ဖြစ်တာကြောင့် ခုလို တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
၎င်းပြင် အမေရိကန်တွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများ အပါအ၀င် တခြားရခိုင်ပြည်သူများအနေဖြင့် တကိုယ်ရည် စွမ်းရည်မြင့်တင်ရန်နှင့် ၂၂၉ နှစ်တိုင်တိုင် အမှောင်ကျနေသော ရခိုင်ပြည်အား ကယ်တင်ရန် အတွက် ရခိုင်တမျိုးသားလုံးက ရောက်သည့်နေရာ၊ ကျရာတာဝန်မှ  အသီးသီး ၀ိုင်းဝန်း ကူညီကြရန် တောင်းဆို ခဲ့ကြသည်ဟု သူကပြောသည်။
“ တစ်ကိုယ်ရည် စွမ်းရည် မြင့်ပြီးမှ နိမ့်ကျနေတဲ့ ရခိုင်စီးပွားရေး၊ လူမူရေး စတာတွေကို မြင့်တင်နိုင်မယ်။ ဒါကြောင့် ကိုယ့်ဒူး ကိုယ်ချွန်ပြီး မိမိတို့ရဲ့ အရာရာ စွမ်းရည်ကို တတတ်တအား မြှင့်တင် ကြိုးစားကြဖို့တိုက်တွန်း တောင်းဆိုတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ရခိုင်ပြည် အမှောင်ကျနေတာဟာ ၂၂၉ နှစ် ရှိပြီ ဖြစ်ပါတယ်။ အမှောင်ကမ္ဘာကို အလင်းသယ်ဆောင်နိုင်အောင် ကျနော်တို့က တတတ်တအား လုပ်ဆောင်ဖို့  သံဓိဌာန် ချထားသလို ရခိုင်ပြည်သူ လူထုကိုလည်း အနာဂတ်ကို ပုံဖေါ်တဲ့ နေရာမှာ ၀ိုင်းဝန် ကူညီကြဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်” ဟု ယင်းက ဆိုသည်။
ရခိုင်လူမူ အသင်းမှ ကြီးမှူးပြီး ကျင်းပသော  ဂျော်ဂျီယာပြည်နယ် အခမ်းအနားသို့ တက်ရောက်လာကြသူများ။
ရခိုင်လူမူ အသင်းမှ ကြီးမှူးပြီး ကျင်းပသော ဂျော်ဂျီယာပြည်နယ် အခမ်းအနားသို့ တက်ရောက်လာကြသူများ။
(၂၂၉) နှစ်မြောက် ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖြစ်သော်လည်း တနင်္ဂနွေနေ့မှာ ရုံးအားလပ်ရက်ဖြစ်သဖြင့် (၂) ရက် စောပြီးကျင်းပရခြင်း ဖြစ်ကြောင်း၊ အခမ်းအနားကို နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီထိ ကျင်းပခဲ့ကြောင်း၊ အခမ်းအနားသို့ လူပေါင်း (၆၀) ခန့် တက်ရောက်ခဲ့ကြောင်း သူက ပြောဆိုသည်။
၎င်းအခမ်းအနားတွင် တက်ရောက်လာကြသူများအနေဖြင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်ပြီးလည်း  အမြင်ချင်းဖလှယ်ပြီး တွေ့ဆုံဆွေးနွေးမူများလည်း ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
“ ကျနော်တို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ လက်ရှိ အချိန်မှာ ရခိုင်သားတွေရဲ့ လက်ထဲမှာ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိတဲ့ အတွက် ဖြစ်ပျက်နေတဲ့ အခြေအနေတွကို သုံးသပ်ခဲ့ကြပါတယ်။ ဒါ့ပြင် သမိုင်းထဲက သင်ခန်းစာတွေယူနိုင်ဖို့၊ အနာဂတ် အတွက် ဘယ်လို ဆက်လုပ်ကြမလဲ။ အထူးသဖြင့် အမေရိကားမှာ ရှိတဲ့နေတဲ့ ရခိုင်လူမျိုးတွေ အနေနဲ့ လက်ရှိ ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရေး အခင်းအကျင်းမှာ ဘယ်လို အကူအညီတွေ ပေးနိုင်ကြမလဲ။ ရခိုင်သားတွေရဲ့ လိုအပ်တဲ့ လူသား စွမ်းရည်၊ တစ်ကိုယ်ရည် စွမ်းရည် မြင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ကိုကျော်ထူးအောင် ပြောဆို သွားပါသည်။
အလားတူ (၂၂၉) နှစ်မြောက် ရခိုင်အချုပ်အချာအာဏာကျဆုံးနေ့ အခမ်းအနား တစ်ခုကို အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်တွင် ရခိုင်လူမူ အသင်းမှ ကြီးမှူးပြီး ကျင်းပခဲ့ကြသည်ဟု သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တန်းခိုးဆရာထွန်း စာပေဆုနဲ့ ဒီကနေ့ ရခိုင်စာပေ

Rakhine_Yazawin_Thit
နယ်ချဲ့ ဗြိတိသျှခေတ်က ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ စာရေးဆရာ သီချင်းစာဆို တန်းခိုး ဆရာထွန်းကို ဂုဏ်ပြုတဲ့ အနေနဲ့ တန်ခိုး ဆရာထွန်း စာပေဆု ချီးမြှင့်ပွဲကို နောက်လာမယ့် ဇန္န၀ါရီလ ၁၁ ရက်နေ့မှာ ပုဏ္ဍားကျွန်းမြို့မှာ ကျင်းပသွားဖို့ စီစဉ်နေပါတယ်။ တန်းခိုးဆရာထွန်း စာပေဆု အပါအ၀င် ဒီကနေ့ ရောက်ရှိနေတဲ့ ရခိုင်စာပေရဲ့ အဆင့်အတန်းနဲ့ ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် တန်းခိုးဆရာထွန်း စာပေဆု ဖြစ် မြှောက်ရေး ကော်မီတီအတွင်းရေးမှူး ဦးကျော်ဆန်း (စာရေးဆရာ လွှမ်းပြေအောင်) ကို နိရဉ္စရာက ဆက်သွယ် မေးမြန်းထားပါတယ်။
(မေး။ ။ တန်းခိုးဆရာထွန်းစာပေဆုကို ဘာကြောင့် ချီးမြှင့်ဖို့ စီစဉ်ရတာပါလဲ။)
ဦးကျော်ဆန်း။  ။ တန်းခိုးဆရာထွန်းဟာ ကျွန်တော်တို့ ရခိုင်ပြည်မှာ ဗြိတိသျှ ခေတ်က နာမည်ကြီး စာဆိုတစ်ယောက်ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ စာအုပ်တွေကလည်း မြောက်များစွာ ရှိပါတယ်။ နောက်တခုက ဒီနေ့တန်းခိုးဆရာထွန်းစာပေကို ကျွန်တော်တို့ နှိုင်းယှဉ် ပြရမယ်ဆိုရင် တချိန်က မြန်မာစာပေထဲမှာ နာမည်ကြီးခဲ့တဲ့ ဦးပုညနဲ့တောင် ကျွန်တော်တို့ နှိုင်းလို့ရပါတယ်။ နောက်တခုက ကျွန်တော်တို့ ရခိုင်ပြည်မှာ တိမ်မြုပ်နေတဲ့ ရွက်ပုံးသီး စာရေးဆရာတွေ၊ အရည်အချင်းရှိတဲ့ စာရေးဆရာတွေ ပေါ်ထွက်စေချင်တဲ့ဆန္ဒရယ်၊ ဆရာကြီးကို ဂုဏ်ပြုလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ ခုလို တန်းခိုး ဆရာထွန်း စာပေဆုကို ချီးမြှင့်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။
(မေး။  ။ ဟုတ်ကဲ့ အခုလို စာပေဆုချီးမြှင့်ပွဲကျင်းပပြီး တန်းခိုး ဆရာထွန်း စာပေဆုကို ဖော်ထုတ်တဲ့အတွက် ရခိုင် စာပေလောကကို ဘယ်လောက်အထိ အကျိုးပြုမယ်လို့ ယုံကြည် မျှော်လင့်ထားပါသလဲ။)
ဦးကျော်ဆန်း။  ။ ဒီမေးခွန်း အပေါ်မှာတော့ ကျွန်တော်တို့က အများကြီး မျှော်လင့်ထားပါတယ်။ ဘာကြောင်းလည်းဆိုရင် ဒီလို အခွင့်အလန်းတွေကို ဖော်ထုတ်နိုင်ဖို့ ကျွန်တော်တို့ဒေသမှာ တော်တော် နည်းသေးတယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလိုစာပေဆုတွေကို ဖေါ်ထုတ်ပြီး  စာပေပြိုင်ပွဲတွေ ဖိတ်ခေါ်ပြီး ကျင်းပတဲ့ အတွက် အရည်အသွေးမြင့်မားတဲ့ စာရေးဆရာတွေ၊  ကလောင်ရှင် တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပြီး မြေတောင် မြှောက်ပေးခြင်းအားဖြင့်  ကျွန်တော်တို့ဒေသမှ အရည်အသွေးထက်မြက်တဲ့ စာပေ ပညာရှင်တွေ တော်တော် ပေါ်ထွက်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။
(မေး။  ။ ဒီနေ့ ရခိုင်စာပေအနေအထားက ဘယ်လိုရှိပါလဲ။ တိုးတက်လာတဲ့ အနေအထား ရှိပါလား။ ဆုတ်ယုတ်လာတဲ့ အနေအထားရှိပါလား။ ဘယ်လိုသုံးသပ်ထားပါလဲ။)
ဦးကျော်ဆန်း။  ။ ဒီနေ့ ရခိုင်စာပေ အဆင့်အတန်းဟာ တချိန်သော အခါက ပုံစံနဲ့မတူတဲ့ ပုံစံတမျိုးနဲ့ ရှင်သန်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ခေတ်တွေက သူ့ခေတ်နဲ့သူ၊ သူ့ရေစီးကြောင်းအတိုင်း ပြောင်းလဲ လာခဲ့သလို စာပေပုံသဏ္ဍန်ကလည်း ပြောင်းလဲလာပါတယ်။ ကျွန်တော်တို့ ရခိုင်ဒေသမှာ အခုဆိုရင်  စာရေးတဲ့ ပုဂ္ဂိုလ် တော်တော်များများကို တွေ့လာရသလို ရေးတဲ့ စာပေတွေကလည်း ပုံသဏ္ဍန်အရရော၊ အနှစ်သာရပိုင်းရော  အဆင့်အတန်း မြင့်လာတာကို တွေ့ရပါတယ်။ စာပေတွေလည်း အရင်ကထက် တော်တော်များများ ရေးသားလာနိုင်ကြတာတွေ့ရတဲ့ အတွက်ကြောင့် ကျွန်တော်တို့က ရခိုင်စာပေ အဆင့်အတန်းဟာ အတိုင်း အတာတစ်ခု အထိ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။  ရခိုင်ပြည်က စာရေးဆရာတွေရဲ့  တိုးတက် အောင်မြင်မူတွေကလည်း မြင့်မားလာတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။
(မေး။  ။ ရခိုင်စာပေ ဒီထက်မက တိုးတက်မြင့်မားလာဖို့နဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်ဖို့လိုတယ်လို့မြင်ပါသလဲဆရာ။)
ဦးကျော်ဆန်း။  ။ ရခိုင်စာပေ အဆင့်အတန်းမြင့်မား တိုးတက်လာအောင် လုပ်ဖို့အတွက် ကျွန်တော်တို့က ကိုယ့်ဒေသ အခြေအနေကို သိရှိနားလည်အောင်လုပ်ပြီး။ နိုင်ငံတကာ စာပေကိုလည်း ကျွန်တော်တို့ မျက်ကွယ်ပြုလို့ မဖြစ်နိုင်ပါ။ နိုင်ငံတကာ စာပေတွေကိုလည်း ကျွန်တော်တို့ဒေသ အထဲမှာ ဘာသာပြန်လို့ တစ်မျိုး၊ သူ့မူရင်းဘာသာနဲ့ရေးသားထားတဲ့ စာပေတွေကို တမျိုး တင်သွင်းပြီး ကျွန်တော်တို့လေ့လာ ဆည်းပူးဖို့ လိုပါတယ်။ အဲဒီလို လေ့လာတဲ့ နေရာမှာ နေရာ ထိုင်ခင်း အခင်းအကျင်းတွေကို ဖန်တီး ပေးဖို့လိုသလို  ၊ လေ့လာလိုသူတွေကို အားပေးတဲ့ ပုံစံအမျိုးမျိုးကိုလည်း ကျွန်တော်တို့ ဖန်တီး ပေးနိုင်ဖို့ လိုပါတယ်။  ကျွန်တော်တို့ ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် ရခိုင်စာပေဟာ ဒီထက်မက တိုးတက် မြင့်မား လာနိုင်တယ်လို့ ယူဆပါတယ်။
(မေး။  ။  ဆက်လက်ပြီး ကျွန်တော်တို့ မေးလိုတာက အခုလို ရခိုင်စာပေ၊ ရခိုင်စာပေ အနုပညာ လက်ရာ တွေကို မပျောက်ပျက်သွားရအောင် ထိမ်းသိမ်းရေးအတွက် ဘယ်လို အမြင်များ ရှိပါသလဲ။)  
ဦးကျော်ဆန်း။  ။ ကျွန်တော်တို့စာပေရေးသားသူတွေသာမက  ရခိုင်ပြည်သူ ပြည်သား အားလုံးမှာလည်း ကိုယ့်စာပေ၊ ကိုယ့်စာပေ ယဉ်ကျေးမူ အနုပညာလက်ရာတွေ ပျက်စီး ဆုံးရှုံးမသွားအောင်  အတိုင်းအတာ တခုအထိ ထိန်းသိမ်းကြဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်ခံယူပါတယ်။ မိမိတို့မှာ တိမ်မြုပ်နေတဲ့ စာပေတွေကို ဖော်ထုတ်ရမယ်။ ထိမ်းသိမ်းရမယ်။ မြှင့်တင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြရပါမယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ စာပေစိတ်ဝင်စားသူတွေသာမက ရခိုင်လူထုကပါ ၀ိုင်းဝန်းလုပ်ဆောင်မှ အရှည်သဖြင့် တည်တံ့ နိုင်မှာဖြစ်ပါတယ်။  ဒီအတွက်ကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရှိတဲ့ စာပေသမား၊ စာပေ ချစ်မြတ်နိုး သူတွေ၊ ပြည်သူတွေ  အားလုံး တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ လုပ်သွားမယ် ဆိုရင် ဒီကိစ္စဟာ အတိုင်းထက်အလွန် အောင်မြင်လာလိမ့်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။
(မေး။  ။ အခု တန်းခိုးဆရာထွန်း စာပေဆုပေးပွဲအခမ်းအနားကို ဘယ်တော့လောက် လုပ်မယ်လို့ ခန့်မှန်း ထားပါလဲ။)
ဦး ကျော်ဆန်း။  ။ ကျွန်တော်တို့က တန်းခိုးဆရာထွန်း ဒုတိယအကြိမ် စာပေ ဆုပေးပွဲကို လာမဲ့ ၂၀၁၄ ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ ပုဏ္ဍားကျွန်းမြို့မှာ လုပ်မယ်လို့ ကျွန်တော်တို့ ယာယီဆုံး ဖြတ် ထားပါတယ်။
(မေး။  ။ ဟုတ်ကဲ့။ ဒီစာပေ ဆုချီးမြှင့်ပွဲမှာ ဘယ်လို စာပေဆုတွေကို ချီးမြှင့်ဖို့ စီစဉ်ထာတယ်ဆိုတာ နည်းနည်း ရှင်းပြပါ။)
ဦးကျော်ဆန်း။  ။ ကျွန်တော်တို့ ပထမအကြိမ် စာပေဆုချီးမြှင့်ပွဲမှာ တန်းခိုးဆရာထွန်း ဆောင်းပါးဆု၊ တန်းခိုး ဆရာထွန်း ကဗျာဆုဆိုပြီး ဆုနှစ်မျိုးပေးအပ်ခဲ့ပါတယ်။ အခု ဒုတိယအကြိမ်မှာတော့ တန်းခိုးဆရာ ထွန်းဆု ဆောင်းပါး၊ တန်းခိုး ဆရာထွန်း စာပေကဗျာဆုနဲ့၊ ကျွန်တော်တို့ တကယ်လို့ တတ်နိုင် မယ်ဆိုရင် တန်းခိုး ဆရာထွန်း ဂီတဆု တစ်ဆုကိုလည်းပေးဖို့ ရည်ရွယ်ထားပါတယ်။
(မေး။  ။ ဟုတ်ကဲ့ ဒီစာပေဆုချီးမြှင့်ပွဲနဲ့ပတ်သတ်ပြီး ရခိုင်ပြည်နယ်ထဲက စာရေးဆရာတွေ၊ တခြား တခြား နေရာတွေကို ရောက်နေကြတဲ့ စာပေချစ်မြတ်နိုးသုတွေကို နဲ့ စာပေ ၀ါသနာရှင်တွေကို ဘယ်လို အမှာစကားများ ပြောလိုပါလဲ။)  
ဦးကျော်ဆန်း။  ။ ကျွန်တော်တို့ဒေသမှာ ခုချီးမြှင့်မယ် စာပေဆုဟာ ရခိုင်အမျိုးသား စာပေဆု ဖြစ်တဲ့ အတွက်ကြောင့် ရခိုင်ပြည်နယ် တနှံတလျားကို ရောက်နေတဲ့ စာရေး ဆရာတွေ၊ တခြား တခြား နေရာတွေကို ရောက်နေတဲ့ ရခိုင်စာရေး ဆရာတွေ ကျွန်တော်တို့ကို အမျိုးသားရေး အမြင်နဲ့ ကူညီ ပံ့ပိုး ပေးစေချင်ပါတယ်။ ကျွန်တော်တို့ကို စိတ်ဝင်တစားနဲ့ လိုအပ်တဲ့ အကြံအဥာဏ်တွေ ၊ တခြားလိုအပ်တဲ့ အကူအညီ တွေကို ပံ့ပိုး ပေးကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တန်းခိုးဆရာထွန်း ဆုပေးဟာ အဆင့်မြင့်တဲ့ စာပေဆု တစ်ခု ဖြစ်လာမှာ ဖြစ်သလို နှစ်စဉ်နှစ်တိုင်း ဒီထက်မက တိုးတက်အောင်မြင်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။
(ဖုံးမှ တဆင့် ဆက်သွယ်ပြီး မေးမြန်းရပါသဖြင့် ရှု့ထောင့်ပေါင်းစုံမှ မေးမြန်းတင်ပြနိုင်ခြင်း မရှိသည့် အပေါ်မှာ နားလည် ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။- အယ်ဒီတာ)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT အဖွဲ့ချင်းမိုင်မြို့မှာ ထပ်မံ ဆွေးနွေး

peace-305
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်။ Photo : MPC/ Nyo Ohn Myint

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ ဒီကနေ့မနက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ချင်းမိုင်မြို့မှာရှိတဲ့ Alpine Golf Resort ဟိုတယ်မှာ တွေ့ဆုံခဲ့ရာမှာ အဓိက ဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက RFA ကို အခုလို ပြောပြပါတယ်။
" အချက်အလက်တွေက အများကြီးပဲနော် အဲ့ဒီ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အတွက်ပေါ့လေ စာတမ်းကို ဟိုဖက်ကလည်း ပြင်လာတယ် ဒီဖက်ကလည်း ပြင်လာတယ် အဲ့ဒီ နှစ်ခုကြားမှာ တူညီမှုတွေကို ညှိကြတာပေါ့လေ အင်း အဲ့ဒီ သဘောတူညီချက်အတွက်ကို ရနိုင်ဖို့အတွက်ကို ညှိနှိုင်းတာပါ သဘောတူညီချက်ထဲမှာကတော့ အစုံပါပါတယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို ကျနော်တို့ကတော့ ဒီ နောက်ပိုင်းမှာ ဒီ တကယ့် နိုင်ငံရေး ဆွေးနွေးတဲ့ အပိုင်းမှာ ပို့လိုက်မယ် အဲ့ဒီ ပုံစံမျိုးပေါ့နော် နောက်ပြီးတော့ ဖွဲ့စည်းတဲ့အခါကြရင် ဒီလုပ်ငန်းစဉ်တွေကို များသောအားဖြင့် framework ဆွဲတဲ့အခါမှ အဲ့ဒီမှာကတော့ ပါဝင်ထည့်သွင်းသွားဖို့ ညှိနှိုင်းကြပါတယ်"
နှစ်ဖက် ဆွေးနွေးကြတဲ့ထဲမှာ ကချင်ပြည်နယ် KIO ဌာနချူပ်လိုင်ဇာမြို့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူညီချက် မူကြမ်း ၁၁ ချက်ကို အသေးစိတ်ပြန်လည်ရေးဆွဲထားတဲ့ အခန်း ၁၀ ခန်းနဲ့ အစိုးရဖက်က နိုဝင်ဘာလဆန်းပိုင်းမှာ မြစ်ကြီးနားတွေ့ဆုံဆွေးနွေးပွဲမှာ ပေးအပ်ခဲ့တဲ့ အခန်း ၁၄ ခန်းပါ အပစ်အခတ်ရပ်စဲရေး မူကြမ်း အချက်တွေကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အစိုးရဖက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေး Accord လုပ်ဖို့ ဆွေးနွေးခဲ့တာရှိပေမယ့် တိုင်းရင်းသားတွေဖက်ကတော့ ငြိမ်းချမ်းရေး Accord ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂ နှစ်ပြီးရင် ပျက်ပြယ်သွားနိုင်တဲ့အတွက်  ပြည်ထောင်စု Accord သာလုပ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတွေတင်ပြထားတဲ့ အပစ်ရပ်သဘောတူ စာချူပ်မူကြမ်းထဲမှာ ပြည်တောင်စု တပ်မတော်ဖွဲ့စည်းရေးကိစ္စကို အစိုးရဖက်က ပြင်ဆင်ပေးဖို့ တောင်းဆိုတာတွေ ရှိသလို အစိုးရရဲ့ စာချူပ်ထဲမှာလည်း တိုင်းရင်းသားတွေကို အစိုးရရဲ့ မူဘောင်တွေအောက်မှာသာ ၀င်ရောက်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်အတော်များများ ပါဝင်နေတဲ့အတွက် အစိုးရရဲ့ စာချူပ်ကို လက်မခံလိုကြပဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကနေရလာတဲ့ တင်ပြမှုတွေအပေါ် NCCT ခေါင်းဆောင်တွေက ၂၀၁၄ ဇန်န၀ါရီလလယ်ပိုင်းမှာ အစည်းအဝေးကျင်းပပြီး ပြန်လည်ဆွေးနွေးသွားမှာဖြစ်သလို တိုင်းရင်းသား ခေါင်းဆောင်တွေ တင်ပြတဲ့ အချက်တွေကိုလည်း အစိုးရဖက်က ခေါင်းဆောင်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ပြန်တင်ပြပြီး ဖားအံ အစည်းအဝေးပွဲ မတိုင်မှီ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးသွားကြဖို့ ရှိပါတယ်။
ဒီနေ့ ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်ပြီးတော့လည်း ၀န်ကြီး ဦးအောင်မင်းက အခုလို ပြောပါတယ်။
" ကျနော် အားရတယ် ဒီနေ့ ကျနော်တို့ ခက်ခက်ခဲခဲနဲ့ ငြင်းဆိုပြီး ပြောဆိုရမည့် အချက်အလက်တွေ တခုမှ မပါဘူးဗျ ဘာလို့လည်းဆိုတော့ အားလုံးက လမ်းကြောင်းတစ်ခုတည်းပေါ်ရောက်နေတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်၊ ဖားအံ အစည်းအဝေးကြရင်တော့ ဒါ Finalise ပေါ့၊ အဲဒီမှာလည်း ကျနော် လက်မှတ်ထိုးဖို့ မပါသေးဘူးနော်၊ ဖားအံမှာက ကျနော်တို့ လက်မှတ်ထိုးဖို့ ရက်ကို ရအောင် အဲ့ဒီမှာ သတ်မှတ်နိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်၊ အခုဟာ တော်တော် နီးစပ်လာပြီဗျ၊ အခု ဖားအံ အစည်းအဝေးကိုလည်း ဇန်န၀ါရီလ ၂၄ - ၂၅ လောက်မှာ လုပ်ဖို့ ဆိုပြီးတော့ ကျနော်တို့က အခု ဒီအစည်းအဝေးကပဲ ဆုံးဖြတ်ထားပါတယ်၊ အဲ့ဒါ ပြီးရင်တော့ ကျနော်တို့က Nationwide Ceasefire accord လို့ ပြောတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအရ ဇန်န၀ါရီလ ၂၄-၂၅ ရက်မှာ သတ်မှတ်တဲ့ရက်မှာ ကျနော်တို့ လက်မှတ်ရေးထိုးနိုင်အောင် ပြင်ဆင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်ဖြန် မနက်ပိုင်းမှာ ၀န်ကြီး ဦးခင်ရီ ခေါင်းဆောင်ပြီး ၂၀၁၄ လူဦးရေ နှင့် သန်းခေါင်းစာရင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို UNFPA (United Nations Populations Fund Activities) နဲ့အတူ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပမယ်လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

ကျောက်ဖြူမြို့နယ်တွင် စက်လှေ တစ်စီးနစ်မြုပ်ရာမှ အမျိုးသမီး ၁၇ ဦးသေဆုံး

Kyauk-pru-600-x-400
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဆင်ဘုတ်ကျေးရွာအုပ်စုတွင် ထင်းသွားခွေသည့် စက်လှေ တစ်စီး ဒီဇင်ဘာလ ၂၈ ရက်နေ့က နစ်မြုပ်ရာမှ အမျိုးသမီး ၁၇ ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူများမှာ ကျောက်ဖြူမြို့နယ် ဆင်ဘုတ် ကျေးအုပ်စု ကျွန်းကြီး လူရှည်တောင်ရင်းမှ ၁၃ ဦး၊ သဒွတ္တိန်မှ ၁ ဦး၊ စကျွန်းချောင်း သရော်တောမှ ၃ ဦး စုစုပေါင်း (၁၇) ဦး ဖြစ်ကြောင်း သိရသည်။
စက်လှေပေါ်တွင် လူ ၄၀ ခန့်ပါရှိပြီး ရှင်ပြုပွဲအတွက် မင်းရပ်ချောင်းတွင် ထင်းရှာပြီး ပြန်အလာတွင် ရွာအနီးချောင်းတွင် နစ်မြုပ်သွားသည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ပြောသည်။
“ ထင်းတွေကို စက်လှေ ခေါင်းမိုးပေါ်မှာ တင်ထားကြတယ်လို့ သိရပါတယ်။ လူတွေက စက်လှေ ၀မ်းခေါင်ထဲမှာ လိုက်ပါလာကြပါတယ်။ ရွာကို ဆိပ်ကပ်မလို့ ချောင်းအတွင်းမှာ စက်လှေကို ကွေ့ရာမှာ နစ်မြုပ်သွားတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
စက်လှေပိုင်ရှင်မှာ ကိုချိုဖြစ်ကြောင်း၊ သေဆုံးသူအမျိုးသမီးများမှာ အသက် ၁၂ နှစ်မှ ၆၀ အရွယ်အတွင်း ဖြစ်ကြသည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းရဲစခန်းအား မေးကြည့်ရာ အမျိုးသမီး ၁၇ ဦးသေဆုံးခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသော်လည်း အသေးစိတ်ကို ကျောက်ဖြူရဲစခန်းသို့ မေးမြန်းရန် ပြောကြားသည်။
အလောင်း ၁၇ လောင်းတွင် တစ်လောင်းအား ကျောက်ဖြူသို့ ယူဆောင်လာပြီး ကျန် ၁၆ လောင်းကို သူတို့ရွာများတွင် သဂြိုလ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မောင်တော-ဘူးသီးတောင် ကားလမ်း တောင်ခေါင်းကြီး အန္တရာယ်ရှိနေ

 မောင်တော-ဘူးသီးတောင် လမ်းပေါ်ရှိ တောင်ခေါင်းကြီး (ဓါတ်ပုံ- နိရဉ္စရာ)
မောင်တော-ဘူးသီးတောင် လမ်းပေါ်ရှိ တောင်ခေါင်းကြီး (ဓါတ်ပုံ- နိရဉ္စရာ)
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်းတောင်- ဘူးသီးတောင် ကားလမ်းပေါ်ရှိ တောင်းခေါင်းကြီး (လိုဏ်ခေါင်းကြီး)အတွင်းရှိ  လမ်းမှာ သွားလာ၍ မရအောင်ထိ ပျက်စီးနေသဖြင့် အချိန်မရွှေး အန္တရာယ်ကြုံရနိုင်၍ ယင်းတောင်ခေါင်းကြီးအတွင်းရှိ ကားလမ်းကို အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံများက လိုလားနေကြဟု သတင်း ရရှိသည်။
ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်ရှိ တောင်ခေါင်းကြီးမှာ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်ကတည်းက ဖေါက်လုပ်ခဲ့ပြီး ယခုအခါ သက်တမ်းလွန်နေပြီ ဖြစ်သဖြင့် တောင်ခေါင်းကြီး အပေါ်ရှိ တောင်ကိုပတ်ပြီး ကားလမ်းသစ်တစ်ခုကို သက်ဆိုင်ရာမှ ဖေါက်လုပ်နေသည်ဟု သိရသည်။
ထိုသို့ ဖေါက်လုပ်နေစဉ် ဆက်လက် အသုံးပြုနေရဆဲ ဖြစ်သော တောင်ခေါင်းကြီးလမ်းကို မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ယခုအခါ သွားလာ၍ မရအောင် ပျက်စီးနေကာ အချိန်မရွှေး အန္တရယ်နှင့် ကြုံတွေ့ရနိုင်သည်ဟု မောင်းတော ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ တောင်ခေါင်းကြီးလမ်းက အရင်က ကတ္တရာလမ်းခင်းထားတဲ့ အတွက် သွားလာရတာ အဆင်ပြေတယ်။ အခုတော့ ကတ္တရာတွေလည်း မရှိတော့တဲ့ အတွက် ချိုင့်ခွက်ကြီးတွေ ဖြစ်နေပြီး အောက်က သံချောင်း တွေလည်း ထိုထိုထောင်ထောင် လမ်းပေါ်ကို ထိုးထွက်နေတဲ့ အတွက် ခရီးသွားလာရာမှာ အထူးအခက်အခဲ ဖြစ်နေပါတယ်။ တစ်နေ့ မဟုတ်ရင် တစ်နေ့ အန္တရာယ်လည်း ကျရောက်နိုင်ပါတယ်။ ဒါကြောင်း ကိုက် ၅၀၀ ကျော်ရှိတဲ့ ဒီတောင်ခေါင်းကြီးလမ်းကို ကတ္တရာ မဟုတ်ရင်တောင်မှ ကျောက်ချောလမ်းခင်းပေးဖို့ သက်ဆိုင်ရာကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ယင်းဒေသခံက ဆိုသည်။
လူသွား လူလား အလွန်များသော မောင်တော- ဘူးသီးတောင်ကားလမ်းသည် ၁၆ မိုင်သာ အကွားအဝေး ရှိသော်လည်း မတ်စောက်သော တောင်တန်းများကို ကွေ့ပတ် ဖေါက်လုပ်ထားသော ကားလမ်းဖြစ်သဖြင့် အန္တရာယ် အလွန်များကြောင်း သိရသည်။
နှစ်စဉ် မိုးရာသီတွင် မြေပြိုခြင်း၊ လမ်းများရေတိုက်စားခံရခြင်း၊ တံတားများကျိုးကျခြင်းများ ဖြစ်ပေါ်လေ့ရှိသည်ဟု ဆိုသည်။ သို့သော်လည်း အာဏာပိုင်များက ငွေကုန်ကြေးကျခံပြီး ၎င်းလမ်းအား ပြုပြင်ပေးခြင်း မရှိကြောင်း သိရသည်။
“  ပြင်နေတာကတော့ အချိန်မရွှေးပါဘဲ။ ဟိုနားမှာပြိုရင် သွားပြင်လိုက်။ ဒီနားမှာပျက်ရင် သွားလုပ်လိုက်နဲ့ ပြင်နေတာကတော့ ရာသီ မရွှေးပါဘဲ။ ဒါပေမယ့် စနစ်တကျ တိုင်းထွာ တွက်ချက်ပြီး လုပ်တာ မဟုတ်တဲ့ အတွက် ပြင်တော့ ပြင်တယ်။ ကောင်းလာတော့ မတွေ့ရပါဘူး။ အခုအချိန်ထိ ကားလမ်းက ပျက်စီးနေတုန်းပါ” ဟု ၎င်းက ဆိုသည်။
မောင်တော-ဘူးသီးတောင်ကားလမ်းမှာ ယခုနှစ်မိုးရာသီအတွင်းကလည်း အကြီးအကျယ် ပျက်စီးခဲ့ပြီး ယခုအချိန်ထိ ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
ကားလမ်းကို မပြုပြင်နိုင်သော်လည်း တောင်ခေါင်းကြီးအတွင်းရှိ ကားလမ်းမှာ အထူးပျက်စီးနေ၍ အချိန်မရွှေး အန္တရာယ် ကျရောက်နိုင်သဖြင့် ယင်းလမ်းပိုင်းအား ကတ္တရာမခင်းနိုင်သည့်တိုင်အောင် ကျောက်ချောလမ်း အဖြစ် အမြန်ဆုံး ပြုပြင်ပေးရန် ဒေသခံ ပြည်သူများက လိုလားနေကြခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပေါက်တောမြို့ မျိုးစောင့်တရားပွဲ အထူးစည်ကား

SANY0010
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် အမျိုးဘာသာ သာသနာ ထိမ်းသိန်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုး ဘာသာသာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဟောပြောပွဲတစ်ရပ်ကို ပေါက်တောမြို့ လောကထိပ်ပန် ဘုရားကြီး ရင်ပြင်ပေါ်တွင် ဒီဇင်ဘာလ (၂၆) ရက်ည (၇) နာရီမှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲကို မော်လမြိုင်မြို့ ဟိတဓရ ဆရာတော် အရှင်ဝိမလာဘိဝံသနှင့် ဘီလင်းမြို့ ငြိမ်းချမ်း ရိပ်မြုံ ဆရာတော် အရှင်ဓမ္မိက တို့မှ ချီးမြင့်ဟောကြားပေခဲ့ခြင်းဖြစ်ကြာင်းသိရသည်။
ဟောပြောပွဲတက်ရောက်လာသူများကို အရှင်ဓမ္မိကမှ လူမိုက်ကို မပေါင်းနဲ့ ခေါင်းစီးဖြင့်လည်းကောင်း၊ အရှင်ဝိမလာဘိဝံသမှ စောင့်လေမျိုးနွယ် ခေါင်းစီးဖြင့်လည်းကောင်း အသီးသီးဟောပြောချီးမြင့်ခဲ့ကြရာ ရဟန်း ပရိတ်သတ်၊ လူပရိတ်များကအထူးအားရခဲ့ကြသည်ဟုဆိုသည်။
၎င်းပွဲသို့ ပေါက်တောမြို့မှဟောပြောပွဲတက်ရောက်နားထောင်သူ နှစ်ထောင်နီးပါခန့်ရှိခဲ့ပြီး လောကထိပ်ပန် ဘုရားကြီးရင်ပြင်ပေါ်တွင်အုန်းအုန်းကျက်ကျက်စည်ကားခဲ့သည်ဟု တက်ရောက်နားထောင်သူတစ်ဦးမှပြောပြသည်။
အဆိုပါ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောင့်ရေးဆရာတော်များသည်ယခုအခါ ရခိုင်ပြည်နယ် တ၀န်းကို လှည့်လည်ဟောပြောလျက်ရှိကြောင်းသိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာလုံထိန်း ပစ်ခတ်၍ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတစ်ဦးသေဆုံး

police
နစကကို ဖျက်သိမ်းပြီးနောက် နယ်စပ် လုံခြုံရေး တာဝန်ကို အစားထိုး တာဝန်ယူထားသော လုံထိန်းတပ်ဖွဲ့၏ ပစ်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား တစ်ဦး ယမန်နေ့က သေဆုံးသွားကြောင်း ဒေသထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ယနေ့ သတင်းဖေါ်ပြသည်။
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် နယ်စပ် မှတ်တိုင် ၄၄ နှင့် ၄၅ အနီးတွင် (ဒီဇင်ဘာလ ၂၅ ရက်) ယမန်နေ့ နေ့လည်ပိုင်းက မြန်မာလုံးထိန်းတပ်ဖွဲ့မှ ပစ်ခတ်သည့်အတွက် ၎င်းဘင်္ဂလီအမျိုးသားမှာ သေဆုံးသွားခြင်း ဖြစ်ကြောင်းဆိုသည်။
သေဆုံးသွားသူမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်ကျောက်ဆိုးရီမြို့နယ်မှ မစ္စတာ ဂီယာအုံဒိန် (၂၇) နှစ် ဆိုသူ ဖြစ်ပြီး မြန်မာနိုင်ငံထဲ သစ်ခုတ်ရန် ၀င်ရောက်စဉ် နယ်ခြားစောင့် လုံထိန်းတပ်ဖွဲ့မှ ပစ်ခတ်၍ ကျည်ထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း ကော့စ်ဘဇားထုတ် Dainik coxsbazar News တွင် သတင်း ဖေါ်ပြသည်။
ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦး  ပစ်သတ်ခံရသည့်အတွက် ဘင်္ဂလာဒေခ်ျ့ BGB နယ်ခြားစောင့် အမှတ် ၃၁ တပ်ရင်းမှ မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ပြီး ဖြေရှင်းရန် စီစဉ်နေကြောင်း ၎င်းသတင်းက ဆိုသည်။
ယခု ဘင်္ဂလာဒေခ်ျ့နိုင်ငံသား တစ်ဦး နယ်စပ်တွင် ပစ်ခတ်ခံရ၍ သေဆုံးမူသည် လုံထိန်းတပ်ဖွဲ့ တာဝန်ယူပြီးနောက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဘင်္ဂလားဒေ့ရှ်ကိုပို့မယ့် မူးယစ်ဆေးပြား ၂ သောင်း စစ်တွေမှာဖမ်းမိ

wy-75.jpeg
ရခိုင်ပြည်နယ် စစ်တွေမြို့က မော်တော်ဆိပ်မှာ မောင်တောနယ်စပ်ဘက်ကို ထွက်ခွာမယ့် ရွှေနဒီ အမြန်ရေယဉ်ပေါ်မှာ WY နဲ့ R စာတန်းနှစ်မျိုးပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း နှစ်သောင်း၊ ကာလတန်ဖိုး သိန်း ၆၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နေထိုင်တဲ့ ရခိုင်အမျိုးသားတစ်ဦး သယ်ယူလာတဲ့ ခရီးဆောင်ကျောပိုးအိတ်ကို ရှာဖွေခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း အဲဒီရဲအရာရှိက ဆိုပါတယ်။

ဒါ့အပြင် အဲဒီမူးယစ်ဆေးဝါးကိစ္စနဲ့ ဆက်စပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ခံတစ်ဦးကိုလည်း စစ်တွေမြို့ ရွှေသဇင်ဟိုတယ်ကနေ ဖမ်းဆီးခဲ့ပြီး တရားခံတွေရဲ့ ထွက်ဆိုချက်တွေအရ အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် တောင်ကြီးမြို့ကနေတစ်ဆင့် သယ်ယူလာခဲ့တာဖြစ်ကြောင်း ဒေသခံရဲအရာရှိတွေ က ပြောကြပါတယ်။

မူးယစ်ဆေးဝါးတွေဟာ ရခိုင်ပြည်နယ်ကိုဖြတ်ပြီး မောင်တောနယ်စပ်ကနေတစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သယ်ယူရောင်းချမှုတွေရှိနေတာကြောင့် မြန်မာအစိုးရ အဆင့်ဆင့်အနေနဲ့ ထိထိရောက်ရောက်တားဆီးပေးဖို့ဘင်္ဂလားဒေ့ရှ်နယ်စပ်တာဝန်ရှိသူတွေက မြန်မာနယ်စပ်တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က မောင်တောမြို့မှာပြုလုပ်တဲ့ နှစ်နိုင်ငံအလံတင် အစည်းအဝေးမှာ ဆွေးနွေးတိုက်တွန်းထားတယ်လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

စက်လှေနစ်မည့်ကြံရာမှ မြန်မာသို့ ၀င်ရောက်သူ ၂၅ ဦးကို ကယ်တင်

BGB-rescues-from-Nafriver-by-independentbd
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ်မှ တဆင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး မြန်မာဘက်သို့ တရားမ၀င် ခိုးဝင်သည့် စက်လှေ တစ်စီး နစ်မြုပ်ရန် ကြံရာမှ စက်လှေပေါ်တွင် ပါလာသူ ၂၅ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီ က ကယ်တင်လိုက်ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
တက်ကနက် အခြေစိုက်  အမှတ် (၄၂) တပ်ရင်းမှ လူပ်ရှား စစ်ကြောင်း တစ်ခုမှ နတ်မြစ်အတွင်း စက်လှေ တစ်စီးနစ်မြုပ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိပြီးနောက် ချက်ချင်း သွားရောက်ပြီး ၎င်းစက်လှေပေါ်ပါ လူ ၂၅ ဦးကို ယမန်နေ့ နံနက်က ကယ်တင်ခဲ့ရသည်ဟု ဆိုသည်။
ကယ်တင်လိုက်ရသူများမှာ သူတို့အဆို မွတ်ဆလင်များဖြစ်ကြောင်း၊ သူတို့ မှာ စစ်တွေမြို့ ဧရိယာ Daibrang မှ ဖြစ်ကြောင်း၊ နတ်မြစ်မှ တဆင့် မြန်မာဘက်သို့ တရားမ၀င် ၀င်ရောက်သူများ ဖြစ်ကြောင်း သတင်းများတွင် ဖေါ်ပြသည်။
ကယ်တင်ခံရသူများအထဲမှ အသက် (၅၅) နှစ် အရွယ် Amjad  Khatun က မိမိတို့မှာ လွန်ခဲ့သော (၆) လကတည်းက ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်လာသူများ ဖြစ်ကြောင်း၊ မြန်မာဘက်သို့ ကြာသပတေးနေ့ နံနက်က စက်လှေဖြင့် ပြန်လည် ၀င်ရောက်စဉ် စက်ပျက်ပြီး စက်လှေမှာ နစ်မြုပ်မည့် အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
၎င်းတို့အား ကယ်တင်ပြီးနောက် ယင်းနေ့ ညနေတွင်ပင် မြန်မာနိုင်ငံသို့  သူတို့အား ပြန်လည် ပို့ဆောင်လိုက်သည်ဟု တက်ကနက် အခြေစိုက် အမှတ် (၄၂) တပ်ရင်းမှူး ကာနယ် အာဘူဂျာ အယ် ဂျာဟစ်က ပြောဆိုသည်ဟု သတင်းများက ဆိုသည်။
သူတို့အား တရားဝင် ပို့ဆောင်ခြင်းလား၊ သို့မဟုတ် နယ်စပ် တရားမ၀င် လမ်းကြောင်းမှ ပြန်လည် ပို့ဆောင်ခြင်းလားဆိုသည်ကိုမူ နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်ကမ်းနီးပင်လယ်ပြင်တွင် တန်းကေးသင်္ဘောကြီးများ ၀င်ရောက် ငါးဖမ်းမူများကြောင့် ရခိုင် ရေလုပ်သားများ အခက်ကြုံ

riverboat
ရခိုင်ပင်လယ်ပြင် ကမ်းနီးဒေသများထိ ရန်ကုန်မြို့မှလာသော တန်းကေး ငါးဖမ်းသင်္ဘောကြီးများက ၀င်ရောက် ငါးဖမ်းနေမူကြောင့် ဒေသခံအတွင်းက ရေလုပ်သားများမှာ လုပ်ကိုင် စားသောက်၍ မရတော့သော အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်ကြောင်း ရေလုပ်သားများက ပြောသည်။
မြေပုံမြို့နယ် ကျွန်းသာယာနှင့် ပြင်ဝန်း အနီးရှိ ပင်လယ်ပြင်တွင် ရန်ကုန်မှ လာသော တန်းကေးငါးဖမ်း သင်္ဘော ကြီးများက ၀င်ရောက် ငါးဖမ်းနေကြောင်း၊ ထိုသို့ ငါးဝင်ဖမ်းနေသဖြင့် ဒေသအတွင်းက စက်လှေငယ်များဖြင့် တပိုင်တနိုင် လုပ်ကိုင်စားသောက်နေသော ရခိုင် ရေလုပ်သားများမှာ အထူးအခက်ကြုံနေကြရကြောင်း ကျွန်းသာယာမှ ရေလုပ်သားကြီး တစ်ဦးဖြစ်သူ ဦးလှစောဖြူက ပြောသည်။
“ တစ်နေ့ တစ်နေ့ကို အစီး ၂၀ ကနေ ၃၀ ထိ ကမ်းနီး ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေကို ငါးဝင်ဖမ်းပါတယ်။ အခုဖမ်းနေပါတယ်။ သူတို့က သင်္ဘောကြီးတွေနဲ့ ၀င်ဖမ်းတော့ ကျွန်တော်တို့က လုပ်ကိုင်စားသောက်လို့ မရတော့ပါ။ ကျွန်တော်တို့မှာ ချထားတဲ့ ပိုက်တွေ၊ အာထောက်ပိုက်တွေ၊ မျှောပိုက်တွေ၊ ငါးမျှားချိတ်တွေ အကုန် လုံးက သူတို့ ဆွဲတဲ့ အထဲမှာပါသွားတယ်။ အခု အရမ်းအခက်အခဲ ဖြစ်နေပါတယ်” ဟု ဆိုသည်။
ကျွန်းသာယာ ပြင်ဝန်းပိုက်ဆိပ် အနီးတွင် တောင်ကြီး မော်ဂွင်ဟု ဒေသခံများ ခေါ်ဆိုသော ကမ်းနီး ပင်လယ်ပြင်မှာ ဒေသခံများ လုပ်ကိုင်စားသောက်နေသော နေရာ ဖြစ်ကြောင်း၊ ယခု ယင်းနေရာတွင် ရန်ကုန်မှ လာသော တန်းကေး သင်္ဘောကြီးများဖြင့် နေ့စဉ်ဆိုသလို ပိုက်ကြီးများဖြင့် ၀င်ဆွဲနေသည်ဟု သူက ဆိုသည်။
“ အခု ငါးဖမ်းနေတဲ့ တန်းကေးတွေက ကမ်းဝေးမှာ ငါးဖမ်းခွင့်ရတဲ့ သင်္ဘောတွေ ဖြစ်ကြပါတယ်။ သူတို့က အခုလို ကမ်းနီးကို လာပြီး ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေကို ငါးဝင်ဖမ်းခွင့် မရှိပါ။ ကျွန်တော်တို့ သိရသလောက်တော့ အနည်းဆုံး ရေမိုင် ၁၂ မိုင်မဟုတ်ရင်၊ ၁၅ မိုင် အကွာမှာ ဖမ်းရပါတယ်။ အခုတော့ ကမ်းခြေနဲ့ ကပ်ပြီး ငါးတွေကို ပိုက်ကြီးတွေနဲ့ဆွဲပြီး ဖမ်းနေတဲ့ အတွက် ငါးတွေ ရှားသွားသလို သူတို့ကို မယှဉ်နိုင်တဲ့ အတွက် ဒေသခံတွေက ဘာမှ လုပ်ကိုင်စားသောက်လို့ မရတော့ပါ” ဟု ယင်းက ဆိုသည်။
ဒေသခံများ လုပ်စားနေသော စက်လှေများမှာ သေးငယ်သဖြင့် ရန်ကုန်မှလာသော သင်္ဘောကြီးများ အနားသို့ပင် မကပ်နိုင်ဟု သူက ဆိုသည်။
တခြား ရေလုပ်သား တစ်ဦးဖြစ်သူ ဦးအောင်ကျော်စိန်ကလည်း ၎င်းရန်ကုန်က လာသော သင်္ဘောများသည် ကမ်းနီးတွင် ငါးဝင်ဖမ်းစဉ် သူတို့ သင်္ဘောအမည်နှင့် နံပတ်များကို အ၀တ်စများဖြင့် ဖုံးအုပ်ထားသည်ဟု ဆိုသည်။
“ သူတို့က ခွင့်ပြုချက်မရှိဘဲ ၀င်ဖမ်းတယ်ဆိုတာက သေချာပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ ကမ်းနီးကို ၀င်ပြီး ငါးဖမ်းရင် သူတို့ရဲ့ သင်္ဘောနံပတ်တွေ၊ နာမည်တွေကို လူတွေ မမြင်ရအောင် အ၀တ်စတွေ၊ မိုးကာတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ခုလို ဖမ်းနေတာက ကြာနေပါပြီ။ ဒေသခံ ရေလုပ်သားတွေမှာ အားကိုးစရာ မရှိဘဲ  ဖြစ်နေကြရပါတယ်“ ဟု ယင်းက ဆိုသည်။
ယခုကဲ့သို့ ရန်ကုန်မှ လာသောတန်းကေး သင်္ဘောကြီးများမှ  ရခိုင်ကမ်းနီး ပင်လယ်ပြင်တွင် ငါးများ ၀င်ရောက် ဖမ်းဆီးနေမူကြောင့် ဒေသခံ ရေလုပ်သားများ အခက်ကြုံနေရသည်မှာ  မြေပုံမြို့နယ် တစ်ခုတည်းတွင် မဟုတ်ဘဲ ပေါက်တော၊ မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲနှင့် ဂွမြို့နယ်တို့ တွင်လည်း အခက်ကြုံနေကြရသည်ဟု ၎င်းက ပြောကြားသည်။
ဒေသခံများ လုပ်ကိုင် စားသောက်နေသော ရခိုင်ပင်လယ်ပြင် ကမ်းနီးဒေသတွင် အခြား တိုင်းဒေသကြီး တစ်ခုမှ ငါးဖမ်းသင်္ဘောကြီးများဖြင့် နေ့စဉ်နှင့် အမျှ ၀င်ရောက် ငါးဖမ်းနေသဖြင့် ဒေသခံများ အခက်ကြုံနေရသော်လည်း  ရခိုင်ပြည်နယ် အစိုးရမှ  တစ်စုံတစ်ရာ ၀င်ရောက် တားမြစ် ဖြေရှင်းပေးခြင်းမျိုး မရှိသေးကြောင်း မြေပုံမြို့မှ လူမူရေး လုပ်ရှားနေသူ ဦးကျော်ရွှေက ဆိုသည်။
ရခိုင်ပြည်နယ်နယ် အစိုးရ ပြန်ကြားရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်အား အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ဖုံးမှ တဆင့် ဆက်သွယ်သော်လည်း ဖုံးမကိုင်သဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Thursday, December 26, 2013

INGO တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦး မြို့ခံတွေ တောင်းဆို

msf-protest-305.jpg
AZG(MSF)အဖွဲ့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်တွေဆေးရုံ ကြီးဝင်းထဲမှာ ဆန္ဒပြနေကြသော ဒေသခံတချို့ကို တွေ့ရစဉ်
photo: RFA/ Min Thein Aung
ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့ခံတွေရဲ့ တောင်းဆို ချက်တွေကို မလိုက်လျောတဲ့ နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦးမြို့က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေကို မြို့ခံတွေက အစည်းအဝေးခေါ်ယူပြီး တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

လူမှုရေးအကူအညီတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ မွတ်စလင်တွေဘက်ကို အလေးပေးကူညီနေတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ မြောက်ဦးမြို့ခံတွေက  ဒီဇင်ဘာလ ၂၀  ရက်နေ့ နောက်ဆုံးထားပြီးထွက်ခွာကြဖို့  ပြီးခဲ့တဲ့သတင်းပတ်က သဘောထားကြေညာချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ ငှားရမ်းနေတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် မြို့ပေါ်ဟိုတယ်နဲ့ တည်းခိုခန်းပေါင်း ၁၀ ကျော်က တာဝန်ရှိသူတွေကို ခေါ်ယူတိုက်တွန်းလိုက်တာဖြစ်ကြောင်း မနေ့က အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြို့ခံ ကိုပေါက်စက ပြောပါတယ်။

"ဟိုတယ်တွေက အန်ဂျီအိုနဲ့ ပတ်သက်လို့ ဆွေးနွေးကြတယ်၊ ၂ဝ ရက်နေ့ နောက်ဆုံးထားပြီးတော့ သူတို့က လူထုဆန္ဒကို မလိုက်နာဘဲနဲ့ ဆက်လက်ရှိနေတဲ့အတွက် ဒီကိစ္စကို ဘယ်လိုဆက်လုပ်မလဲဆိုပြီးတော့ ဆွေးနွေးတာပါ"


နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Simon Tyler က မိမိတို့အနေနဲ့ ဒေသခံတွေရဲ့ဆန္ဒတွေကို ဆန့်ကျင်တာမျိုးမပြုလုပ်သလို အကူအညီပေးရေးကိစ္စရပ်တွေဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ပြုလုပ်တာဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့လည်း ပူးပေါင်းပြီးဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း စကားပြန်ကတစ်ဆင့် RFA ကို ပြောကြားပါတယ်။

"ကျနော်တို့တွေက နိုင်ငံတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်တာတို့ ငြင်းဆိုတာတို့ ကျနော်တို့ဘက်က လုပ်တာမျိုးမရှိပါဘူး၊ ဒါပေမယ့် ဝန်ကြီးရယ်၊ ကျနော်တို့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ပြီး လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့ ဒီပြည်နယ်ဝန်ကြီးနဲ့ပေါ့နော် သက်ဆိုင်ရာဝန်ကြီးဌာန နဲ့ ဆွေးနွေးပြီးတော့ အတူတူလုပ်တာမျိုးကို ကျင့်သုံးနိုင်ဖို့၊ ပြီးတော့မှ ရခိုင်ပြည်နယ်တပြည်လုံးမှာ ကျင့်သုံးနေတဲ့ပုံပါပဲ၊ ကျနော်တို့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာန ဆွေးနွေးပြီးတော့ ကျနော်တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်"
အဖွဲ့အစည်းတွေကို ငှားရမ်းထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေအားလုံး မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ငှားရမ်းမှုတွေရပ်ကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်မျိုးနွယ်စု ၀င်များ မြန်မာနိုင်ငံဘက် ကူးလာ

rakhine-from-bangladesh-305.jpg
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်နယ်ထဲကို ပြောင်းရွှေ့ လာတဲ့ ရခိုင်မျိုးနွယ်စုဝင် ခမီးအမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်
photo: RFA/ Min Thein Aung
ရခိုင်ပြည်နယ် တဘက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာနေထိုင်တဲ့ ရခိုင်မျိုးနွယ်စုဝင် လူဦးရေ ၆၀ ကျော်လောက်ဟာ ချင်းပြည်နယ် ပလက်ဝမြို့နဲ့  ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို မနေ့က ရောက်ရှိ လာတယ်လို့ သိရပါတယ်။
အဲဒီ လူဦးရေ ၆၀ ကျော်အနက် အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၈ ဦးဟာ မနေ့က ကျောက်တော်မြို့ကို ရောက် ရှိလာကြပြီး ကျန် ၂၀ ကျော်က ပလက်ဝမြို့ပေါ်မှာ ယာယီတည်းခိုနေကြကြောင်းလည်း သိရပါတယ်။

ကျောက်တော်မြို့ကို ရောက်ရှိလာကြတဲ့သူတွေကို မြို့ပေါ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မြို့မကျောင်းမှာ ခေတ္တနေရာချပေးထားပြီး မြို့နယ်အာဏာပိုင်တွေက မောင်တောမြို့နယ်ဘက်ကို ပို့ဆောင်ဖို့စီစဉ်နေကြောင်း ကျောက်တော်မြို့နယ် အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်လှမေက ပြောပါတယ်။

မနေ့က ရောက်ရှိလာကြတဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်င်ငံနဲ့ မြန်မာနယ်စပ်တလျှောက်မှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့သူတွေဖြစ်ပြီး ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်လူမျိုးတွေ အများဆုံးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က အဲဒီလို ရောက်ရှိနေတာကို ပြည်နယ်အစိုးရအနေနဲ့ မသိရှိရသေးပေမယ့် တိုင်းရင်းသား ရခိုင်မျိုးနွယ်စုတွေ မှန်ကန်မယ်ဆိုရင် အစိုးရက သင့်တော်သလို နေရာချထားပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့ကြတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ အခြေအနေ မငြိမ်သက်မှုတွေအပြင် ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး သူတို့နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရန်ပြုခံရတာတွေကြောင့် ရခိုင်ပြည်နယ်ထဲကို ပြောင်းရွှေ့အခြေချလာကြတာဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- RFA Burmese)

ဘင်္ဂလာဒေခ်ျ့မှ အသက်ကြီးဆုံး ရခိုင်အဖွားကြီး ကွယ်လွန်

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားမြို့ (ဖလောင်းချိတ်)၊ ဟင်းဈေးတန်းရပ်တွင် နေထိုင်သူ ရခိုင် လူမျိုးများအထဲမှ အသက်ရှည်ဆုံး ဒေါ်မငွေစိန် (၁၀၅) နှစ်သည် ယနေ့နံနက်က သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။
ဒေါ်မငွေစိန်၏ ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သည့်အနှစ် ၃၀ ခန့်က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ သူမ သား ၃ ဦးစလုံးမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း၊ သူမသည် ကွယ်လွန်ချိန်အထိ ကြီးကြီးမားမား ရောဂါဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ သူမတွင် မြေး ၁၃ ဦးနှင့် မြစ်များကျန်ခဲ့ကြောင်း မြေးဖြစ်သူ ကိုမောင်သန်းဝင်းက ပြော သည်။
ဒေါ်မငွေစိန်၏ ရုပ်အလောင်းကို  ယနေ့မွေးရက်ဖြစ်သည့် အတွက် မနက်ဖြန်မှ သင်္ဂြိုလ် မည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်လယ်သမား ၇ ဦး (၁၁) လကျော် ရဲစခန်းတွင်ချုပ်နှောင်ခံထားရ

Pauk-Taw
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် င/ပြီတက် ကျေးရွာမှ လယ်သမား (၇) ဦး၏ အမူကို စီရင်ချက် မချဘဲ ရဲစခန်းတွင် ၎င်းတို့အား ချုပ်နှောင်ထားသည်မှာ ယခုအခါ (၁၁) လကျော် အချိန် ကြာမြှင့်လာပြီဟု သိရသည်။
၎င်းလယ်သမား (၇) ဦးမှာ ဦးအောင်သိန်းကျော်၊  ဦးချောင်းနားအောင်၊ ဦးသိန်းမောင်၊ ဦးမောင်ညွှန့်စိန်၊ ဦးအောင်ကျော်ဇော၊ ဦးစောလှမောင်၊ ဦးမောင်ကျော်သိန်း တို့ ဖြစ်ကြသည်။
၎င်းတို့ (၇) ဦးသည် ပေါက်တောမြို့နယ် ငပြီတက် ကျေးရွာတွင် လွန်ခဲ့သောနှစ်  ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် ယခင် ကျေးရွာ ရယက ဥက္ကဌဟောင်း ဦးကျော်စိန်လှ အဖွဲ့နှင့် ဓါးခုတ်ပွဲ ဖြစ်ရာမှ ဖမ်းဆီးခံရသူများ ဖြစ်ကြပြီး ယခုအချိန်ထိ ပေါက်တောရဲစခန်းတွင် ချုပ်နှောင်ခံနေရကြောင်း ၎င်းတို့၏ ဆွေမျိုးများက နိရဉ္စရာသို့ ပြောကြားသည်။
ယခုကဲ့သို့ ရွာသားအချင်းချင်း ဖြစ်ပွားသော ပြဿနာတွင်  တစ်ဘက်တည်းမှ လူ (၇) ဦးကို ဖမ်းဆီးပြီး အာမခံမပေး၊ အမူကို စီရင်ချက်မချဘဲ အချိန်အကြာကြီး ချုပ်နှောင်ထားခြင်းမှာ မြန်မာ့ တရားရေးမဏ္ဍိုင်၏ ယိုယွင်း ပျက်စီးနေမူကို ဖေါ်ပြနေခြင်း ဖြစ်ကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။
“ သူတို့ က (၁၁) လ ကျော်လာပေမယ့် ပေါက်တောရဲစခန်းမှာ ချုပ်နှောင်ခံထားရတယ်။ သူတို့နဲ့ ဖြစ်ကြတဲ့ အခြားတစ်ဘက်က လူတွေက ဒေသအတွင်းက အသေးစား ခရိုနီတွေ ဖြစ်ကြတဲ့ အတွက် ပေးကမ်း ထားတာတွေ ရှိပုံရတယ်။ ဒါကြောင့် အခုလို အာမခံ မပေး၊ အမူမစီရင်ဘဲနဲ့ ချုပ်နှောင်ထားတာလို့ ကျနော်က ယူဆတယ်။ ဒီလို အပေါ်မှာ သုံးသပ်ရရင် မြန်မာ့တရားရေး မဏ္ဍိုင်ဟာ အခုအချိန်ထိ ပျက်စီးနေတုန်း ဖြစ်တယ်ဆိုတာ ခုလုပ်ရပ်က သက်သေပြနေတယ်လို့ ပြောချင်ပါတယ်” ဟု ယင်းက ဆိုသည်။
ယခုကဲ့သို့ မလိုအပ်ဘဲ ပေါက်တောမြို့နယ် တရားရုံးမှ အမူကို စီရင် ဆုံးဖြတ်ချက်ချရေးတွင် နှောင့်နှေး ကြန့်ကြာနေသဖြင့် ၎င်းအမူနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုမူများ ထွက်ပေါ်နေပြီး ဖမ်းဆီး ချုပ်နှောင်ခံထားရသူများ အနေဖြင့်လည်း အထူးထိခိုက်နစ်နာနေရသည်ဟု သူက ဆက်ပြောသည်။
၎င်းအမူကို ကိုင်တွယ်သူ ပေါက်တောမြို့နယ် တရားသူကြီးမှာ ယခုအခါ သင်တန်းသွားနေသဖြင့် အဆိုပါ အမူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ စုံစမ်း မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
ဓါးခုတ်မူ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ငပြီတက်ကျေးရွာ လူကြီးက  ယခုလို ပြောသည်။
“ အဲဒီ ငပြီ တက်ကျေးရွာမှာ ရွာသားတွေ ပိုင်ဆိုင်တဲ့  ဖွံ့ဖြိုးရေး တာတမံ ဆိုတာ ရှိတယ်။ အဲဒီ တာတမံကို ယခင် စစ်အစိုးရ လက်ထက်မှာ  ပေါက်တောမှာ တာဝန်ကျခဲ့တဲ့ အမှတ် (၁၀) ထောက်လှမ်းရေး တပ်ဆွယ်မှုး တပ်ကြပ် စောလွင်နဲ့ ပေါက်တောမြို့နယ် တာဝန်ခံ  ဥပဒေအရာရှိ ဦးစိန်ဝင်းတို့က ရွာသားတွေ လက်ထဲက အတင်း သိမ်းယူပြီး  အဲဒီ အချိန်က ရယက ဥက္ကဌ ဖြစ်သူနဲ့ ပူပေါင်း လုပ်ကိုင်ခဲ့ကြတယ်။  အကျိုးအမြတ် တွေကို သူတို့ အချင်းချင်း ခွဲဝေ ယူခဲ့ကြတယ်။ သူတို့ လုပ်ကိုင် စားသောက်လာတာ အချိန် ( ၁၀ ) နှစ်ကျော် ရှိလာပြီး ဦးသိန်းစိန် သမ္မတ ဦးဆောင်တဲ့ အစိုးရသစ်တက်လာတော့ ကျေးရွာသား ၃၀၀ လောက်က လက်မှတ် ရေးထိုးပြီး ၄င်းတာတမံကို ပြန်လည် ရလိုတယ်လို့  မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးစိုင်းမောင်လူ မှတဆင့် ပြည်နယ်လွှတ်တော်ထိ တင်ပြ တောင်းဆိုခဲ့ကြတယ်။ ပေါက်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်ကလည်း ကူညီပေးခဲ့ပါတယ်။  ရခိုင် ပြည်နယ် အစိုးရက ၂၀၁၃ ဇန္န၀ါရီလ ၁၈ ရက်နေ့မှာ ကျေးရွာသားများကို ပြန်လည် လုပ်ကိုင် စားသောက်ဖို့ ခွင့်ပြုချက် ချပေးခဲ့ပါတယ်။  ၄င်းအပြင် ပြည်နယ် အစိုးရက အဲဒီတာတမံကို  ရေချိုတာတမံ ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့  အဖွဲ့ဝင် ၁၆ ဦးပါဝင်တဲ့  ရေချိုချောင်း ဖြစ်မြောက်ရေး ကော်မတီ တစ်ခုကိုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်လာတဲ့   ဦးချောင်းနားအောင်နဲ့ အတူ ဖွဲ့စည်းပေးခဲ့တယ်။  ဦးချောင်းနားအောင် အပါအဝင် အဲဒီ ကော်မတီဝင် တွေက ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ည ၁၀  နာရီ ခန့်  အချိန်မှာ ၄င်းတာတမံကို  သွားရောက် စစ်ဆေးစဉ် ယခင်ရယက ဥက္ကဌဟောင်း ဦးကျော်စိန်လှရဲ့ လူတွေနဲ့ တွေ့ဆုံ ရန်ပွဲ ဖြစ်ကြတယ်။ အပြန်အလှန် ဓါးခုတ်မူ ဖြစ်ကြပါတယ်။ ဒဏ်ရာရသူ အချို့လည်း ရှိပါတယ်။ အဲဒီက ဦးချောင်းနားအောင် အပါအ၀င် (၇) ဦးကို ရဲက ဖမ်းဆီးထားတာ ဒီကနေ့ထိ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဦးကျော်စိန်လှ မိသားစုများကမူ အခင်းဖြစ်ပွားချိန်က ဦးကျော်စိန်လှမှာ ရွာတွင် မရှိဘဲ စစ်တွေမြို့တွင် ရောက်ရှိနေကြောင်း၊ ယခုအမူမှာ သူနှင့် တစ်စုံတစ်ရာ မပတ်သက်ကြောင်း နိရဉ္စရာသို့ စာရေးပြီး ပြောကြားသည်။
ရွာသားအချင်းချင်း ပြဿနာ ဖြစ်ရာတွင် အမူကို စီရင်ချက် မချဘဲ ယခုကဲ့သို့ အချိန်ကြာကြီး ဖမ်းဆီးချုပ်နှောင်ထားခြင်းမှာ ပေါက်တောမြို့နယ်တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဧပြီတွင်ကျင်းပမည့် ရခိုင်အမျိုးသာညီလာခံ အရေးကြီးကြောင်း ဒေါက်တာအေးမောင်ဆို

dr-aye-maung၂၀၁၄ ခုနှစ် ဧပြီလအတွင်း ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံသည် ရခိုင်အမျိုးသားများအတွက် အထူးအရေးကြီးသော ညီလာခံ ဖြစ်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။
၎င်းညီလာခံတွင် ရခိုင်အမျိုးသားများ၏ အတွင်းအပြင်  ညီညွှတ်ရေးကို တည်ဆောက်နိုင်မည့်အပြင်  စုပေါင်းခေါင်းဆောင်မူ ပေးနိုင်မည့် ရခိုင်အမျိုးသားတပ်ဦး တစ်ခုကို ဖေါ်ဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း နိရဉ္စရာမှ ပြုလုပ်သော အင်တာဗျူးတွင် သူက ပြောကြားသည်။
“ အဲဒီနေရာ မှာ လုပ်နိုင်ကိုင်နိုင်ပြီး အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေ၊ ဘေးက၀ိုင်းရံပြီး လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေကို တပ်ဦးမှာ ရှေ့မှာတင်ပြီး ဒီဘက်ကို-  ပြည်တွင်းကိုလာပြီး ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ပြည်ထောင်စု ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ အဓိက အဟန့်အတားတစ်ခု မဟုတ်ဘဲ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဆိုသည်။
ယင်းပြင် ပြည်ပရှိ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိ တရားဝင် ပါတီများနှင့် ပူးပေါင်းပြီး လုပ်ဆောင်ခွင့် ရရှိရေးအတွက်လည်း အစိုးရကို တောင်းဆိုကြောင်း သူကဆိုသည်။
“ အထောက်အကူဖြစ်လာအောင် လက်ရှိအစိုးရကလည်း အဲဒီက၀င်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေကို မတရားအသင်း ဥပဒေအရ ငြိမ်းစွန်းနိုင်တဲ့ ဥပဒေကို ပယ်ဖျက်ပြီး ပြည်တွင်းမှာရှိတဲ့ တရားဝင် နိုင်ငံရေးပါတီတွေနဲ့ တရားဝင်ဆွေးနွေးပြီး ပူးပေါင်း ပါဝင်နိုင်အောင် ဆောင်ရွက်ပေးဖို့လိုတယ်။  ပြည်ထောင်စုရဲ့  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှု တစ်စိတ်တဒေသအဖြစ် လက်ခံယုံကြည်ဖို့ နဲ့ ပြည်ထောင်စု အစိုးရက လုပ်ဆောင်ဖို့ ကဏ္ဍတွေကိုလည်း  ကျွန်တော်ပြည်သူတွေက တစ်ဆင့်  ပြည်ထောင်စု အစိုးရကို  ကျွန်တော် တောင်းဆိုခဲ့ပါတယ်” ဟု ဆိုသည်။
ဒေါက်တာ အေးမောင်က ပြည်ပရှိ နိုင်ငံရေး ပါတီ အဖွဲ့အစည်းများအနေဖြင့်လည်း စုစည်းညီညွှတ်ပြီး ပြည်တွင်းတွင် ညီညွှတ်မူအင်အားကို ပြရန်လိုကြောင်း ယခုလို တပ်လှန့် ပြောဆိုသည်။
“ အဲဒီ ညီညွတ်ရေးမှာ အထူးသဖြင့် လာမယ့် ၂၀၁၄ မှာ တပ်လှန့်ထားတဲ့ ရခိုင်အမျိုးသား ညီလာခံဟာ အရေးကြီးကြောင်း ကျွန်တော် ပြောလိုပါတယ်။ ရခိုင်ညီလာခံအတွက် ပြည်တွင်းမှာရှိတဲ့ အင်အားကြီး ရခိုင်နိုင်ငံရေးပါတီ ၂ ခုပူးပေါင်းရေး တာထွက်တာ ခုဆိုရင် ၂ လခွဲကျော်အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။  ဒါကြောင့်လက်ရှိပြည်ပမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လက်ရှိမြန်မာအစိုးရက မတရားအသင်း ကြေငြာထားတဲ့ အဖွဲ့အစည်းတွေအားလုံး စုစည်းညီညွတ်စွာနဲ့ လာမယ့်အမျိုးသားညီလာခံမှာ တက်လာ ကြဖို့ ကျွန်တော် တောင်းဆိုပါတယ်။ အဓိက ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေ ညီညီညွတ်ညွတ်နဲ့ တပ်ဦးဖွဲ့ပြီး ပြည်ပမှာ ညှိနိုင်းတိုင်ပင်ပြီး ရခိုင်တွေရဲ့ ညီညွတ်မှုကို ပြည်တွင်းကိုလာပြီးပြပါလို့ ပြောလိုပါတယ်” ဟု ဆိုသည်။
ရခိုင်အမျိုးသား ညီလာခံ တစ်ခုကို လာမည့်နှစ် ဧပြီလအတွင်း နောက်ဆုံးထား ကျင်းပရန် ပြည်တွင်း ပြည်ပရှိ ရခိုင်နိုင်ငံရေး ပါတီ အဖွဲ့အစည်းများနှင့် လူမူ အဖွဲ့အစည်းခေါင်းဆောင်များက များမကြာမီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အကြိုဆွေးနွေးပွဲတွင် သဘောတူညီထားကြဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တိုင်းရင်းသားပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ်ယူနီယံပါတီ မှတ်ပုံတင်ကျ

တိုင်းရင်းသားပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ်ဦးရေ ၃၀ ဖြင့် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့သော ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ကို မှတ်ပုံတင်ခွင့် ပြုလိုက်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်ထုတ် အစိုးရသတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။
ဖက်ဒရယ် ပြည်ထောင်စုပါတီကို လွှတ်တော်တွင်း တိုင်းရင်းသားပါတီ အများစု ပါဝင်သည့် တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) က စုပေါင်းဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း သိရသည်။
ပါတီတည်ထောင်ရခြင်း ရည်ရွယ်ချက် အနေဖြင့် ၂၀၁၅ ခုနှစ် မြေပြန့်ဒေသများ၌ ၀င်ရောက်ယှဉ်ပြိုင်ပြီး အင်အားကြီး ပါတီများကို ယှဉ်ပြိုင်နိုင်ရန်နှင့် အင်အားကြီး တိုင်းရင်းသားပါတီတစ်ခု ဖြစ်လာရန် ဖြစ်သည်။
လက်ရှိတွင် ပါတီခေါင်းဆောင်အဖြစ် ချင်းအမျိုးသားပါတီမှ ကိုယ်စားလှယ်အဖြစ် ပါဝင်လာသူ ဒေါက်တာကမ်ကျင်ဒါးလ်ကို ရွေးချယ်ထားပြီး ဒုတိယခေါင်းဆောင်အဖြစ် ယခင်ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဘဏ္ဍာရေးမှူးဟောင်း ဦးစိုင်းစောသန်းမြင့်ကို ရွေးချယ်ထားကြောင်း သိရသည်။
“အခု မှတ်ပုံတင် ကျလာပြီဆိုတော့ အထက်မြန်မာပြည် မန္တလေးရုံးချုပ်ခွဲကို ထောင်မယ်။ ပြီးရင် ကျန်တဲ့မြို့နယ်ရုံးဖွင့်တာတွေ လုပ်မယ်။ ဇန်န၀ါရီလထဲ ကျရင်တော့ စီအီးစီဖွဲ့မယ်။ ပါတီဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးရွေးတာတွေ လုပ်မယ်” ဟု FUP ဒုတိယခေါင်းဆောင် ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။ ဖက်ဒရယ် ပြည်ထောင်စုပါတီအတွက် လုပ်ငန်းစဉ်များကို မှတ်ပုံတင်မကျခင် ကတည်းက ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် ပါတီစီအီးစီ ရွေးချယ်မှု ပြီးဆုံးပါက အဆိုပါလမ်းစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု NBF ဒါရိုက်တာ ဒေါ်ချင်းချင်းက ပြောကြားသည်။
ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ မိခင်တိုင်းရင်းသားပါတီ ၁၅ ပါတီမှာ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ ‘၀’ ဒီမိုကရက်တစ်ပါတီ၊ ‘၀’ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

လုံခြုံမှု မရှိသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်တိုင်းရင်းသား ၃၈ ဦး ရခိုင်ပြည်နယ်သို့ ထပ်မံဝင်ရောက်ခိုလှုံ

8.1.1
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်း ခိုလှုံလာသော ရခိုင်တိုင်းရင်းသားများအား ကျောက်တော်မြို့ပေါ် ဓမ္မာရုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- မောင်ဝင်း)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်တိုင်းရင်းသား ၃၈ ဦးပါသော အဖွဲ့သည့် ယင်းနိုင်ငံတွင် လုံခြုံမှု မရှိခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက်က ရခိုင်ပြည်နယ် ပလက်ဝမြို့သို့ ၀င်ရောက်ခိုလှုံ လာကြောင်း သိရသည်။
အဆိုပါ ရခိုင်တိုင်းရင်းသားများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ တောင်တန်းဒေသများတွင် နေထိုင်လုပ်ကိုင် စားသောက်နေခြင်းဖြစ်ပြီး ယင်းတို့ဘ၀ လုံခြုံမှုမရှိခြင်း၊ ဘာသာခြားများက နိုင်ထက်စီးနင်း ပြုကျင့်ခြင်းများနှင့် စီးပွားရေး လုပ်ငန်းများကို ဖျက်ဆီးခြင်းများကို ရင်ဆိုင်နေရသဖြင့် ယခုကဲ့သို့ ထွက်ပြေးခိုလှုံ လာရခြင်း ဖြစ်ကြောင်း သိရသည်။
ပလက်ဝမြို့မှ ဦးသိန်းမောင်က ''ဘင်္ဂလားဒေ့ရှ် တောင်တန်းဒေသက ရခိုင်တိုင်းရင်းသားတွေဟာ လူမျိုးခြားတွေ အနိုင်ကျင့်လို့ မနေနိုင်တာကြောင့် ဒီဘက်ကို ခိုလှုံလာတာလို့ ပြောတယ်။ လူဦးရေ ၃၈ ဦးလောက် ပါလာတယ်။ မိသားစု ကိုးစုပါ။ ကျောက်တော်ဘက်က လူတွေကလည်း သူတို့ကို လာခေါ်ဖို့ စီစဉ်နေကြတယ်။ ပလက်ဝမှာ နေမှာတော့ မဟုတ်ဘူး။ ကျောက်တော်ကတစ်ဆင့် တခြားနေရာ ပြောင်းမယ်လို့ သိရတယ်'' ဟု ပြောကြားသည်။
အဆိုပါ ခိုလှုံလာသူများအား ဒေသခံများ ယာယီကျွေးမွေး ပြုစုထားကြောင်း သိရပြီး ဒီဇင်ဘာ၂၂ ရက်က ကျောက်တော်မြို့သို့ ၃၈ ဦးရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
''သူတို့ပြောတာကတော့ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတော့ဘူး။ အနှောင့်အယှက် ပေးတာတွေ များလာတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်ဆိုတာ မသိဘူး။ တိုင်းရင်းသားတွေဘက်က ရပ်တည်ပေးမယ့်သူ မရှိရင် အခက်တွေ့နိုင်တယ်။ လုံခြုံရေး မရှိမှာကို စိုးရိမ်တယ်လို့ ပြောတယ်။ ဒါကြောင့် ပလက်ဝကနေ ၀င်လာတယ်။ အခု ကျောက်တော်ကို ရောက်နေပြီး ဘုန်းတော်ကြီးကျောင်းမှာ ကျွေးမွေးစောင့်ရှောက် ထားပါတယ်'' ဟု လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်နေသူ ဦးမောင်ဝင်းက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်း ၂၀၁၂ အောက်တိုဘာမှ စတင်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများ ရခိုင်ပြည်နယ် အတွင်းသို့ စတင်ဝင်ရောက် ခိုလှုံလာခဲ့ကြရာ မောင်တောမြို့နယ် အတွင်းသို့ လူဦးရေ ၁၀၀၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ''သူတို့ကို မြို့ပေါ်ဓမ္မာရုံမှာ ယာယီထားပါတယ်။ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ပို့ပေးဆိုတဲ့ နေရာကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ'' ဟု ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

မြောက်ဦးမှ နိုင်ငံတကာ အန်ဂျီအိုများ ထွက်သွားရန် ဒုတိယ အကြိမ်တောင်းဆို

Mrauk-U-by-Narinjara
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်းအခြေစိုက်လှုပ်ရှားနေသည့် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များကို ဒေသအတွင်းမှ ဒီဇင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားရန် ဒုတိယ အကြိမ်မြောက် မြောက်ဦးမြို့ ဒေသခံများက တောင်းဆို လိုက်သည်။
အဆိုပါ တောင်းဆိုမှုကို ယမန်နေ့က ပြုလုပ်သည့် အရေးအပေါ် အစည်းအဝေးမှ တောင်းဆိုလိုက် ခြင်းဖြစ်ကြောင်း  မြောက်ဦး လူမှုကွန်ယက်အဖွဲ့ ဥက္ကဌဖြစ်သူ နှင်းထွန်းတိုးက ပြောသည်။
“ကျွန်တော်တို့ ပထမ တစ်ခေါက်အစည်းဝေးလုပ်ပြီး သူတို့ကို ဒီလ၂၀ ရက်နေ့ထွက်သွားကြဖို့ တောင်းဆို ထားပါတယ်။ ဒါပေမဲ့ သူတို့ထွက်သွားဖို့ အစီအစဉ်မရှိတဲ့အတွက် မနေ့က အရေးအပေါ်အစည်းအဝေးခေါ်ပြီး ဒီလ ၂၄ ရက်နေ့ နောက်ဆုံးထား ထွက်သွားဖို့တောင်းဆိုတယ်။ သူတို့ တည်းနေတဲ့ ဟိုတယ်ပိုင်ရှင်တွေကို ခေါ်ပြီးလည်း သတိပေးပါတယ်” ဟု ယင်းက ဆိုသည်။
ယခုလ ၁၂ ရက်နေ့ကလည်း မြောက်မြို့ဒေသခံများက အစည်းအဝေးတရပ်ပြုလုပ်ပြီး ကြေငြာချက် ထုတ်ကာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နိုင်ငံတကာ အန်ဂျီအိုများ မြောက်ဦးဒေသမှ ထွက်သွားရန် တောင်းဆိုခဲ့ကြသည်။
“သူတို့ကို ထွက်သွားဖို့တောင်းဆိုရတာက သူတို့ ကူညီတဲ့နေရာမှာ ရခိုင်တွေကိုမကူညီဘူး။ ဘင်္ဂလီတွေကို ဘဲကူညီနေတယ်။ ပြီးတော့ ကျွန်တော်တို့ သူတို့နဲ့ပထမ အကြိမ် အစည်းအဝေးမှာ အချက် ၉ ချက်ကို တောင်းဆိုထားတယ်။ MSF နဲ့ AZG တို့က အစည်းအဝေးတက်လာပြီး ကျွန်တော်တို့ တောင်းဆိုချက်တွေကို အထက်ကို တင်ပြရမယ်၊ စဉ်းစားမယ်ဆိုပြီး လုံးဝ အကြောင်း ပြန်လာတာမရှိဘူး။ အစည်းဝေးတွေ ခေါ်ရင်လည်း သူတို့ မလာတော့ဘူး။ လုပ်ငန်းတွေကို ပို့ပြီးတောင် လုပ်မယ်လို့သိနေရတယ်” ဟု ၎င်းက ပြောသည်။
မြောက်ဦးမြို့ခံများ တောင်းဆိုသည့် အချက် ၉ ချက်တွင် အကူအညီပေးသည့်နေရာတွင် စစ်ဆေးခွင့်၊ အကူညီ ပေးရာတွင် မြို့ခံကိုယ်စားလှယ်များမှ အတူလိုက်ပါပြီး ပူးပေါင်းဆောင်ရွက်ခွင့်နှင့် မြောက်ဦးနယ်မှ အပ တခြား မြို့နယ်များသို့ နယ်ကျော် မသွားရောက်ရန်စသည်အချက်များ ပါဝင်ကြောင်း သိရသည်။
မြောက်ဦးမြို့တွင် နိုင်ငံရေးပါတီများနှင့် တခြားလူမှုအဖွဲ့အစည်းပေါင်းစုံမှ တဖွဲ့လျှင် ၂ ဦးနှုန်းဖြင့် နိုင်ငံတကာ အန်ဂျီအိုများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ဝင် ၄၈ ဦးဖြင့် သီးခြား ကော်မီတီ တစ်ရပ် ဖွဲ့ထားသော်လည်း နိုင်ငံတကာ အန်ဂျီအိုများမှ ပူးပေါင်း ဆောင်ရွက်မှုကို လက်ခံလိုမူ မရှိကြောင်း သူက ဆက်ပြောသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အန်ဂျီအိုအဖွဲ့အစည်းများအနေဖြင့် မြောက်ဦးမြို့မှ ထွက်ခွာမှုမရှိလျှင် မြို့နယ် တခုလုံးအတိုင်းအတာဖြင့် ဆန္ဒပြကန့်ကွက်မှုများပြုလုပ်မည်ဖြစ်ပြီး သူတို့တည်းခိုနေသည့် တည်းခိုခန်းများ ကိုလည်း မြို့ခံများက ပြင်းထန်စွာ ရာဇသံပေးသွားမည်ဖြစ်ကြောင်း သူက ပြောဆို သွားသည်။
မြောက်ဦးတွင်အခြေစိုက်သည့် နိုင်ငံခြား အန်ဂျီအို အဖွဲ့ဝင်များသည်  မင်းပြားနှင့် ကျောက်တော် မြို့နယ်များ အထိ နယ်ကျော် သွားရောက်လှုပ်ရှားနေသည့်အတွက် မင်းပြား၊ ကျောက်တော် ဒေသခံ များကလည်း မြောက်ဦးမြို့ ခံများကို ဖိအားပေးမှုများခံနေရကြောင်း ကိုနှင်းထွန်းတိုးက ပြောဆိုသည်။
နိရဉ္စရာ အနေဖြင့် မြောက်ဦးမြို့ပေါ်တွင် လူပ်ရှားဆောင်ရွက်နေသော နိုင်ငံတကာ အန်ဂျီအိုများနှင့် ဆက်သွယ်၍ မရရှိခဲ့သဖြင့် သူတို့အဖွဲ့အစည်းများ၏ သဘောထားများကို မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
အလားတူ အောက်တိုဘာလ အစောပိုင်းကလည်း ပေါက်တောမြို့အတွင်းရှိ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်း များမှာ ဘက်လိုက် မှုရှိသည့်ဟုဆိုကာ မြို့ခံများက ကန့်ကွက်သည့်အတွက် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များသည်  ပေါက်တော မြို့မှ ထွက်ခွာသွားခဲ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, December 24, 2013

မြောက်ဦးတွင် ဒေသခံများနှင့် မပူးပေါင်းသည့် INGO များ လက်ခံထားသည့် ဟိုတယ်များကို မြို့ခံအချို့ သတိပေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် အခြေစိုက်သည့် INGO များအနေနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ လူထုအဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ခြင်း မပြုပါက ယင်း INGO များကို တည်းခိုခွင့် မပေးရန် ဟိုတယ်သုံးခုကို သတိပေးထား ကြောင်း မြောက်ဦးမြို့မှ မြို့မိမြို့ဖတစ်ဦး ဖြစ်သူ ဦးထွန်းလှိုင်က ပြောကြားသည်။

INGO များသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် မြောက်ဦး မြို့ခံလူထုဖြင့် ဖွဲ့စည်းထားသည့် INGO များနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ နှင့် ပူးပေါင်းရန် အပါအဝင် အချက်ကိုးချက်ကို လိုက်နာရန် ဟိုတယ်မှ တစ်ဆင့် တောင်းဆိုထားပြီး ယင်းအချက်များကို မလိုက်ပါက INGO များကို ဟိုတယ်တွင် လက်မခံရန် ဒီဇင်ဘာလ ၂၃ ရက်နေ့က အရေးပေါ် အစည်းအဝေးကျင်းပကာ သတိပေးထားကြောင်း ၄င်းက ဆိုသည်။

အဆိုပါ တောင်းဆိုချက် ကိုးချက်နှင့် ပတ်သက်၍ INGO များ၏ သဘောထားကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် နောက်ဆုံးထား အကြောင်းပြန်ရမည် ဖြစ်ပြီး တောင်းဆိုချက်များကို မလိုက်နာသည့် INGO များကို ဆက်လက်တည်းခိုခွင့် ပေးသည့် ဟိုတယ်များကို မြို့ခံများက ဆန္ဒပြသွားမည် ဖြစ်ကြောင်း ဦးထွန်းလှိုင်က ပြောဆိုသည်။

"INGO တွေကို ထွက်သွားဖို့ တောင်းဆိုတာ မဟုတ်ဘူး။ တောင်းဆိုတဲ့ အချက်တွေကို INGO တွေက မလိုက်နာရင် ဟိုတယ်မှာ မထားဖို့ မြို့ခံလူထုရဲ့ သဘောထားကို တင်ပြတာ။ ဟိုတယ်မှာ တည်းခိုခွင့်ပေးထားလို့ INGO ရှိနေတာ" ဟု ၄င်းက ထပ်မံပြောကြားသည်။

တောင်းဆိုထားသည့် အချက်များ မှာ INGO များသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် INGO များနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် ပူးပေါင်းရန်၊ ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာ ပြုလုပ်ပေးရန်၊ INGO များ သွားရောက်မည့် ကျေးရွာများသို့ ကော်မတီမှ အနည်းဆုံး လူငါးဦး လိုက်ခွင့်ပေးရန်၊ သုံးဆောင်မည့် ပစ္စည်းများနှင့် သိုလှောင်ထားသည့် ပစ္စည်းများကို အချိန်မရွေး စစ်ဆေးခွင့်ပြုရန်၊ မြို့နယ်ကျော်လွန် သွားရောက်ကူညီမှု များကို လုံးဝခွင့်မပြု၊ အကူအညီပေးရေး လုပ်ငန်းများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ လုပ်ရန်၊ အကယ်၍ အရေးပေါ် ဆောင်ရွက်ရန် လိုပါက ကော်မတီ၊ ဒေသအာဏာပိုင် အဖွဲ့အစည်း များနှင့် ချိတ်ဆက်လုပ်ကိုင်ရန် အပါအဝင် အချက်ကိုးချက် ရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

လူသားချင်းစာနာသည့် လုပ်ငန်းများကို သဘောမပေါက်ဘဲ ဝင်ရောက် လုပ်ကိုင်၍ မရနိုင်ကြောင်း၊ INGO များ သည် လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ မျက်နှာသာမပေးမှု အပေါ် မူတည်ပြီး လူသားချင်း စာနာသည့် လုပ်ငန်းများကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂသတင်း ပြန်ကြားရေးဌာန (UNIC)မှ သတင်း ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းက မှတ်ချက်ပေးသည်။
"ဒေသခံတွေက အဲဒီအပေါ် နားလည်မှု လွဲနေတယ်" ဟု ၄င်းကဆိုသည်။

မြောက်ဦးမြို့နယ်တွင် ဟိုတယ်သုံးခု၌ အခြေစိုက်ကာ လုပ်ကိုင်နေသည့် INGO သုံးခုရှိကြောင်း၊ INGO များနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို နိုင်ငံရေးပါတီ၊ မြို့ခံလူထု၊ သံဃာတော်တို့ ပူးပေါင်းကာ ဖွဲ့စည်းထားကြောင်း မြို့ခံများထံမှ သိရှိရသည်။

အလားတူ ပေါက်တောမြို့နယ်နှင့် စစ်တွေမြို့ တို့တွင်လည်း လွန်ခဲ့သည့် ရက်ပိုင်းက INGO များကို ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

The Voice Weekly

(ဤသတင်းအား Shwe Arakan News မှ ကူးယူဖော်ပြပါသည်)

မြောက်ဦးမြို့မှ NGO များ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားဖို့တောင်းဆို

ရခိုင်ပြည်တွင် လူမှုရေး အကူအညီများပေးနေသော နိုင်ငံတကာ NGO အဖွဲ့အစည်းများသည် ဘင်္ဂလီများ (မွတ်ဆလင်ဘာသာဝင်များ)ကိုသာ ဦးစားပေး ဘက်လိုက်ပြီး ကူညီနေသောကြောင့် မြောက်ဦးမြို့ရှိ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) နှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အဖွဲ့တို့သည် ယခုလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားပေးဖို့ မနေ့ကဆွေးနွေးပွဲတွင် ဒေသခံများက တောင်းဆိုကြသည်။
MSF (Holland) ခေါ် AZG အား အလိုမရှိကြောင်း စစ်တွေ ဒေသခံတစ်စုက ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်တွေ ဆေးရုံကြီး ပြင်ပလူနာဌာနရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ (ဓါတ်ပုံ - ဖေ့စ်ဘုတ်)MSF (Holland) ခေါ် AZG အား အလိုမရှိကြောင်း စစ်တွေ ဒေသခံတစ်စုက ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်တွေ ဆေးရုံကြီး ပြင်ပလူနာဌာနရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ (ဓါတ်ပုံ - ဖေ့စ်ဘုတ်)
ယခုလ ၁၂ ရက်နေ့က နာရေးကူညီမှုဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ဒေသခံများက အဆိုပါ NGO အဖွဲ့အစည်းများ မြောက်ဦးမြို့မှ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ထွက်သွားပေးဖို့ တောင်းဆိုခဲ့ကြသော်လည်း မနေ့က ထပ်မံဆွေးနွေးကြပြီး ၂၄ ရက်နေ့ကို သတ်မှတ်ခဲ့ကြကြောင်း မြောက်ဦးလူမှုကွန်ယက် အတွင်းရေးမှူး ကိုထွန်းထွန်းက ပြောသည်။
" ကြေညာချက်မှာတော့ ၂၀ ပေါ့။ ဒါပေမယ့် ကျနော်တို့ ၂၄ ရက်နေ့ကို နောက်ဆုတ်ပေးလိုက်တယ်။ သူတို့ကတော့ ဟိုတယ်တွေမှာ တည်ကြပါတယ်။ မန်နေဂျာတွေကို ပြောလိုက်ပါတယ်။ ခင်ဗျားတို့ ၂၄ ရက်နေ့ကို နောက်ဆုံးထားပေးပါ။ တကယ်လို့ မလိုက်နာဘူးဆိုရင် ကျနော်တို့က ဆန္ဒထုတ်ဖော် သွားမယ်။ ဆန္ဒထုတ်ဖော်လို့ အဆင်မပြေရင် ကျနော်တို့က ဟိုတယ်တွေဟာ ရှေ့ဟောင်းမြေတွေမှာ ဆောက်ထားတဲ့အတွက် ရှေ့ဟောင်းဥပဒေအတိုင်း မြို့ခံလူထုတွေက လက်မှတ်ထိုးပြီးတော့ နေပြည်တော်ကို တင်ပြသွားပါမယ်။ " ဟု သူကဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ICRC နှင့် MSF အဖွဲ့တို့သည် ဒီဇင်ဘာလ ၈ ရက်နေ့က မြောက်ဦးမြို့ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြေလည်မှုမရရှိ ခဲ့သောကြောင့် ဒေသခံများက သဘောထားကြေညာချက် ထုတ်ပြန်ပြီး ထွက်သွားပေးဖို့ တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့က မြို့မိမြို့ဖတစ်ဦးကလည်း ဦးသန်းထွန်းကလည်း နိုင်ငံတကာ လူမှုအဖွဲ့အစည်းများ၏ အကူအညီများမှာ ဘက်လိုက်ပြီး ကူညီပေးရာရောက်ကြောင်း ရခိုင်တိုင်းရင်းသားများဘက်က ရှုမြင်ကြခြင်းကြောင့် ကန့်ကွက်နေကြခြင်းဖြစ်သလို ဒေသခံတို့၏ အမြင်ကို ရှင်းလင်းအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း RFA မေးမြန်းခန်းတစ်ခုတွင် ပြောကြားထားသည်။
(သတင်းအရင်းအမြစ်- Arakan Times)

စိုင်းဒင်ရေတံခွန်မှ ကျောက်များအလွန်အကျွံ ထုတ်ယူနေမှုကြောင့် သဘာဝအလှတရားများ ပျက်စီးလုနီးပါးဖြစ်နေ

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်ရှိ သဘာဝအလျှောက်ရှိနေသည့် စိုင်းဒင်ရေတံခွန်မှ ကျောက်များကို အလွန်အကျွံထုတ်ယူလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီဖြစ်၍ ယခုအခါ သဘာဝကျောက်စဉ် ကျောက်သားကြီးများကို ယခင်ထက် အလွန်အကျွံထုတ်ယူ သုံးစွဲနေကြ သောကြောင့် စိုင်းဒင်ရေတံခွန်၏ သဘာဝအလှတရားများ ပျက်စီးလုနီးပါးဖြစ်နေကြောင်း ဒေသခံများကပြောသည်။
သဗ္ဗာန်လှေဖြင့် ရေတံခွန်ကျောက်ကြောကြီးများမှ ကျောက်ခွဲထုတ်နေပုံ။သဗ္ဗာန်လှေဖြင့် ရေတံခွန်ကျောက်ကြောကြီးများမှ ကျောက်ခွဲထုတ်နေပုံ။
စိုင်းဒင်ရေတံခွန်၏ အလှတရားကိုပေါ်လွန်စေသော သဘာဝအလျှောက်ရှိနေသည့် ကျောက်တုံးများအား ဘူးသီးတောင်မြို့နယ်ရှိ စိမံကိန်းများကို ပြုလုပ်နေသည့် ကုမ္ပဏီအချို့က အသုံးပြုနေပြီး ၄င်းတို့ကို ဒေသအာဏာပိုင်များက ဟန့်တားမှုမရှိဟု ဘူးသီးတောင်မြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက ပြောသည်။
" ကျောက်တွေကို ထုတ်ယူနေတာကတော့ ကုမ္ပဏီအချို့က အဲဒီကျောက်တွေကို သွားဝယ်နေတယ်လို့ ကျနော်တို့ သိရပါတယ်။ ကုမ္ပဏီကလည်း အဲဒီကျောက်တွေကို ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စီမံကိန်းတွေမှာ သုံးမယ်လို့ သိရပါတယ်။ ဒီလိုထုတ်ယူနေတာကို အစိုးရဖက်ကလည်း လစ်လှူရှုထားတာကို ကျနော်တို့ မြင်နေရပါတယ်။ အစိုးရကလည်း ဒီဟာကို ခိုင်ခိုင်မာမာတားဆီးမှု မရှိဘူး။ ဆိုတော့ ကျနော်တို့ ဒေသခံတွေရဲ့ သဘောထားက စိုင်းဒင်ရေတံခွန် ပျက်စီးသွားခြင်းအားဖြင့် ဒေသခံတွေရဲ့ အကျိုးစီးပွားတွေ ယုတ်လျော့သွားမယ်။ စိုင်းဒင်က ကျောက်ကို ထုတ်ယူခြင်းဟာ အားလုံးသူရဲ့ အကျိုးစီးပွားတွေ ပျက်စီးသွားမယ့် အခြေအနေဖြစ်နေတဲ့အတွက် ကျောက်တွေကို ဆက်လက်ထုတ်ယူမှု မဖြစ်စေဘဲနဲ့ ဒေသခံအာဏာပိုင်တွေက ဟန့်တားပြီးတော့ စိုင်းဒင်အလှကို ပြန်လည်ရပ်တည်ပေးစေချင်တဲ့ ဆန္ဒရှိပါတယ်။ " ဟု ၄င်းကဆိုသည်။
စိုင်းဒင်ရေတံခွန် ရှိခြင်းအားဖြင့် ရေတံခွန်အထက်မှာရှိနေသော ချောင်းမြောင်းများကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသည့် ဘူးသီးတောင် မြို့သူမြို့သားများမှာ ဝါးများကို အလွယ်တကူဖောင်မျောပြီး သယ်ယူနိုင်ကြောင်း သိရသည်။
" တကယ်လို့များ စိုင်းဒင်ရေတံခွန်ဟာ ကျိုးသွားမယ်ဆိုရင် ရေတွေအကုန်လုံး ခန်းခြောက်သွားမဲ့ အခြေအနေရှိနေပါတယ်။ ခန်းခြောက်သွားမယ်ဆိုရင် အထက်မှာရှိနေတဲ့၊ တောင်ကြောတစ်လျှောက်ရှိနေတဲ့ ရေအိုင်တွေ၊ မြောင်းတွေမှာ ရေတွေခန်းခြောက်သွားပြီးတော့ ကျနော်တို့ ဒေခံတို့ရဲ့ သွားရေးလာရေးကအစ လုပ်ကိုင်စားသောက်မှုတွေ အားလုံးပျက်စီးသွားမယ်။ အဲဒီရေအိုင်တွေ၊ မြောင်းတွေမှာ ရှိနေတဲ့ မျိုးရိုးဗီဇတွေ ပျောက်သွားမယ်။ အဲဒါကြောင့် စိုင်းဒင်ရေတံခွန် မကျိုးကျသွားဖို့အတွက် ကျနော်တို့ ထိန်းသိမ်းဖို့ လိုပါတယ်။ " ဟု ဦးထွန်းအောင်သိန်းက ပြောသည်။
ဒေသခံများမှ ဝါးဖောင်များကို ရေစီကြောင်းအတိုင်း မျောသွားနေစဉ်။ ဒေသခံများမှ ဝါးဖောင်များကို ရေစီကြောင်းအတိုင်း မျောသွားနေစဉ်။
စိုင်းဒင်ရေတံခွန်သည် ဘူးသီးတောင်မြို့၏ အလှကို ဖန်တီးပေးသည့်အပြင် ပတ်ဝန်းကျင်၌ရှိသော မောင်တော၊ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း စသည့်မြို့များက ခရီးသည်များလည်း ဇီဝနှင့်ပတ်သက်ပြီး လေ့လာဖို့ အခါခါ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။
စိုင်းဒင်ရေတံခွန်ကို ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ၂၀၁၁ ခုနှစ်က တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် China Datang Overseas Inverstment Co.Ltd ကုမ္ပဏီက လာရောက်လေ့လာကြည့်သည့်အခါမှာ ရေအောက်တွင် ငလျှင်ကြောတစ်ခုကို တွေ့ရှိသောကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ စီမံကိန်းကို ရပ်တန့်ထားကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakan Times)

မောင်တော/ဘူးသီးတောင်ရှိ INGOs များဝေဖန်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ယူအန် အပါအ၀င် အိုင်အန်ဂျီအိုတွေနဲ့ ဌာနဆိုင်ရာ လူကြီးတွေ တွေ့ဆုံပွဲမှာ မောင်တော ခရိုင်ဥက္ကဌက အန်ဂျီအိုတွေရဲ့ လုပ်ရပ်အချို့ကို ဝေဖန် ထောက်ပြသွားတယ်လို့ သိရပါတယ်။
ခရိုင်ဥက္ကဌက သူ့ရဲ့ ဆွေးနွေးပွဲ နိဂုံးချုပ် မိန်းခွန်းစကားပြောကြားရာမှာ အိုင်အန်ဂျီအိုတွေ အနေနဲ့ နှစ်ပေါင်း (၂၀) ခန့် ရခိုင်ပြည်နယ် မြောက်ပိုင်းက စီမံကိန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ အောင်မြင်မူ တစ်စုံတစ်ရာ မရရှိခဲ့ဘူးလို့ ပြောဆိုသွားခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ကိုကျော်ကျော်က ပြောဆိုပါတယ်။
ပညာရေး အပိုင်းမှာလည်း တိုးတက်လာမူ မရှိသလို လူဦးရေထိန်းချုပ်မူကိုလည်း တစ်စုံတစ်ရာ တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးလို့ ပြောဆိုတယ်လို့ ဆိုပါတယ်။ ဆန်တန်ချိန် နှစ်စဉ် သောင်းချီ ကုန်ကျနေတာကလွဲပြီး နှစ်ပေါင်း ၂၀ အတွင်း ဒေသအတွင်း ဘာမှ တိုးတက်လာတာ မရှိဘူးလို့ ပြောဆိုသွားတယ်လို့ ဆိုပါတယ်။
အဲဒီ တွေ့ဆုံပွဲကို မောင်တော မြို့တော်ခန်းမမှာ ယူအန် အပါအ၀င် WFP- UNDP- AZG- Care စတဲ့  နိုင်ငံခြား အန်ဂျီအိုတွေက ကိုယ်စားလှယ်တွေနဲ့ မောင်တော ခရိုင်က အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိ ရပ်ဖတွေနဲ့ ပထမဆုံး အကြိမ်တွေ့ဆုံတာ ဖြစ်တယ်လို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲ ကျောက်ဖြူတွင် ပြုလုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်သည် လွှတ်တော် အတွေ့အကြုံများ ရှင်းလင်းပွဲကို သူ၏ မဲဆန္ဒနယ်မြေတွင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည့် သက်တမ်း ၃ နှစ်ကျော်ကာလ အတွင်း ပထဆုံးအကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမတွင် ပြုလုပ်သော ယမန်နေ့ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲသို့ ဌာနဆိုင်ရာ အရာရှိကြီး တချို့ အပါအ၀င် ဒေသခံ ပြည်သူ ၃၂၀ ကျော် တက်ရောက်ခဲ့သည်ဟု အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သူ ဦးသန္တာမောင်က ပြောသည်။
လူထု တွေ့ဆုံ ရှင်းလင်းပွဲတွင် ပြည်သူများမှ လယ်မြေများသိမ်းဆည်းခံရမူ၊ လမ်းတံတားများ ပျက်စီးနေမူ၊ အစိုးရစာသင်ကျောင်းအချို့တွင်ဆူပူအကြမ်းဖက်မူ ဖြစ်ပွားပြီးကတည်းက ကျောင်းဆရာ/ဆရာမများ ကျောင်းပျက်ကွက်နေမူများကို တင်ပြခဲ့ကြသည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်မှလည်း ၃ နှစ်ကျော်ကာလ အတွင်း လွှတ်တော်တွင် သူ၏ လူပ်ရှားဆောင်ရွက်နေမူများကို ရှင်းလင်း ပြောကြားခဲ့သည်ဟုဆိုသည်။
ယင်းလွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင် တိုင်းရင်းသားများ ဘက်စုံ တိုးတက်ရေး အသင်း ဖွဲ့စည်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းတိုက်နယ်နှင့် အနီးအနား တိုင်းရင်းသားကျေးရွာ (၈) ရွာမှ ရခိုင်၊ ဒိုင်းနက် ၊မြို၊ သက်၊ မာရာမာကြီး လူမျိုးများသည် ရခိုင်မျိုးနွယ်စုဘက်စုံ တိုးတက်ရေးအသင်း တစ်ခုကို ယခုလ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။
ကြိမ်ချောင်းကျေးရွာရှိ အောင်တော်မူ(တောင်ပေါ်) ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော အစည်းအဝေးတွင် ထိုသို့ ဖွဲ့စည်းလိုက်သည်ဟု တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ကျေးရွာတစ်ရွာလျှင် အမှုဆောင်(၂) ဦးကျစီ အပါအ၀င် ကော်မီတီဝင် စုစုပေါင်း (၁၇) ဦးဖြင့် ဖွဲ့စည်း ခဲ့ကြသည်ဟု ဆိုသည်။  အသင်းမတည်ရံပုံငွေများ အဖြစ် တောင်ပြို လက်ဝဲဘက်စုံ လူမှုကူညီစောင့်ရှောက်ရေး အသင်းမှ ကျပ်ငွေ ၅၅၀၀၀  ကို၎င်း၊ နတ်မြစ်(အရှေ့) လူမှုကွန်ယက် အသင်းမှ ကျပ်ငွေ  ၅၀၀၀၀ ကို၎င်း ထည့်ဝင်ခဲ့ကြပြီး ၎င်းနေ့က  မတည်ငွေ စုစုပေါင်း ကျပ်(၄) သိန်းခန့် ရရှိခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)