Tuesday, November 11, 2014

သမ္မတ အိုဘားမား လုံခြုံရေးဆောင်ရွက်ရန် အမေရိကန် စစ်ရေယာဉ်တစ်စီး ရခိုင်ကမ်းရိုးတန်းသို့ ယနေ့ရောက်မည်

ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာမည့် အမေရိကန် စစ်ရေယာဉ် USS Peleliu
(LHA-5) ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အင်တာနက်)
မြန်မာနိုင်ငံတွင် မကြာမီ ကျင်းမမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့တက်ရောက်မည့် အမေရိကန် သမ္မတ အိုဘားမား၏ လုံခြုံရေးအတွက် အမေရိကန်ရေတပ်မှစစ်ရေယာဉ် USS Peleliu (LHA-5) သည် နေပြည်တော်နှင့် အနီးဆုံးနေရာဖြစ်သည့်ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ယနေ့ (နိုဝင်ဘာ၁၁ ရက်)
တွင်ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) မှသတင်းထုတ်ပြန်သည်။
အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာ
၁၂ ရက်တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်သည်။
ထို့ကြောင့် ကြိုတင်ညှိနှိုင်းထားချက်များအရ သမ္မတ အိုဘားမားလုံခြုံရေးအတွက် အမေရိကန်ရေတပ် Seventh Fleet ၏ Amphibious Forces မှTarawa-Class Amphibious Assault Ship ဖြစ်သည့် စစ်ရေယာဉ် USS Peleliu
(LHA-5) သည် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာမည်ဖြစ်သည်။
ထို့အပြင် မြန်မာ့တပ်မတော်(ရေ) မှလည်း ဖရီးဂိတ်တစ်စီးအပါအဝင် စစ်ရေယာဉ်(၂)စီးသည် အဆိုပါ ပင်လယ်ပြင်သို့ရောက်ရှိနေပြီးနှစ်ဘက်စစ်ရေယာဉ်များ နှစ်ဘက်ရေတပ် တပ်ဖွဲ့များနှင့်တွေ့ဆုံသွားမည်ဖြစ်သည်။
အမေရိကန် သမ္မတ ဘာရက် အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ၄င်းစီးနင်းမည့် မော်တော်ယာဉ်အပါအ၀င်
လုံခြုံရေးအတွက် အသုံးပြုမည့် တိုက်လေယာဉ်နှင့် ကျည်ကာကားများသည် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။
(ဤသတင်းအား Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

No comments: