Thursday, September 11, 2014

စစ်တွေတွင် နှစ်နှစ်ကျော်ကြာ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ရုပ်သိမ်းမည်

၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်နှစ်နှစ်ကျော်ကြာပြီးနောက်ညမထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
စစ်တွေမြို့နယ်သည် ယခုအခါ ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ စနစ်တကျထိန်းသိမ်းကြပ်မတ်နိုင်မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ခွဲနေရာချဆောင်ရွက်ထားရှိမှုတို့ကြောင့် ဒေသပိုမိုတည်ငြိမ်အေးချမ်းလာပြီ ဖြစ်သည့်
အတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှစ၍ စစ်တွေမြို့နယ်အတွင်းပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုအားရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ
သတင်းထုတ်ပြန်ထားသည်။
“ပုဒ်မ ၁၄၄ ပြန်ရုပ်သိမ်းတော့မယ် ဆိုရင်တော့ ကောင်းတာပေါ့။အခုနောက်ပိုင်းတော့ ညဘက်ထွက်တာတွေကို ဖမ်းတာဆီးတာတွေ သိပ်မကြားတော့ပါဘူး။အရေးပေါ် ကိစ္စတွေဆိုရင်တော့ လမ်းမှာတွေ့တဲ့ လုံခြုံရေးတွေကိုအကျိုးအကြောင်း ပြောပြရတယ်။ လုံးဝရုပ်သိမ်းလိုက်ရင်တော့ အကောင်းဆုံးပေါ့။ညဘက် ၁၀ နာရီကျော်ရင်လဲ စိတ်ပူစရာမလိုတော့ဘူး” ဟု စစ်တွေမြို့ခံ
တစ်ဦးကပြောသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်ကျော်တွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့ပြီး၊
စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်မှစတင်ကာ ညမထွက်ရအမိန့်
စတင်ထုတ်ပြန်ခဲ့သည်။
စစ်တွေမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ၂နှစ်ကျော်အတွင်းညမထွက်ရအမိန့်ကို အချိန်လျှော့ချ သတ်မှတ်ပေးခြင်း၊ ညမထွက်ရအမိန့်သက်တမ်းတိုးခြင်းတို့ကိုသာပြုလုပ်ခဲ့ပြီး ညမထွက်ရအမိန့်ကို
လုံးဝရုပ်သိမ်းပေးခြင်း မရှိခဲ့ပေ။
ယခုအခါ ရခိုင်ပြည်နယ်ရှိ တည်ငြိမ်အေးချမ်းနေသည့် မြို့များတွင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်များကို ရုတ်သိမ်းပေးခဲ့သော်လည်း မြို့နယ်အချို့တွင် ညမထွက်ရအမိန့်များ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်သည်။
(ဤသတင်းကို Rakhine News Agency မှကူးယူဖော်ပြပါသည်)

ဘူးသီးတောင်မြို့ အခြေခံပညာကျောင်းများကို အခြေခံ၍ ဘင်္ဂလီလှုပ်ရှားမှုများ ဖြစ်ပေါ်နေ

အလယ်ချောင်း မူလွန်ကျောင်း ဆရာမခုံတွင် ရေးသားထားခဲ့သော စာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းကျေးရွာရှိ မူလတန်းလွန်ကျောင်း ဆရာ/ဆရာမများ စာပွဲခုံတွင် ရခိုင်ပြည်သည် ရိုဟင်ဂျာပြည်ဖြစ်သည် ဟု စာတမ်းတစ်ခု ရေးသားထားခဲ့သည်ကို ယနေ့ တွေ့ရှိရပြီး မည်သူက မည်သည့်အချိန်တွင် ရေးသားထားခဲ့ကြောင်းကို စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဘူးသီးတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ယခုကဲ့သို့ ဘင်္ဂလီလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ကြိုးကြားသဖွယ် ဖြစ်ပေါ်နေလျှက်ရှိသည်။ 25-8-2014 နေ့ကလည်း ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဘင်္ဂလီကျောင်းသားများက နိုင်ငံတော်သီချင်းကို စာသားများ ပြောင်းလဲဆိုခြင်း၊ 2-9-2014 နေ့တွင် ဘူးသီးတောင်မြို့နယ် သရက္ကင်းမနူးကျေးရွာအုပ်စု၊ ကြက်မောက်တောင် (သစ်) အမကကျောင်းတွင် ကျောင်းအုပ်ရုံးခန်းကို ချိုးဖျက်ဝင်ရောက်ပြီး ရုံးသုံးစာရွက်စာတမ်းများကို ဖျက်ဆီးခဲ့ခြင်း၊ နိုင်ငံတော်အလံကို မဖွယ်မရာ ပြုလုပ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်သူများကို အရေးယူထားသော်လည်း တစ်ပါတ်ခန့်အကြာ ယနေ့ အလယ်ချောင်းကျေးရွာတွင် ယခုကဲ့သို့ စာရေးသားထားခဲ့ခြင်းကို တွေ့ရခြင်းဖြစ်သည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ဘင်္ဂလီရွာများတွင် ယခုလဆန်းပိုင်းမှစ၍ အကြမ်းဖက် RSO အင်အား ၂၀၀၀ခန့် ၀င်ရောက်ခိုအောင်းနေကြောင်း ကောလာဟာလသဖွယ် သတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး သက်ဆိုင်ရာမှ ၎င်းကိစ္စကို အတည်ပြုချက် မပေးသော်လည်း အာဏာပိုင်အဖွဲ့အစည်းများက အစိုးရဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ ၀န်ထမ်းများကို လုံခြုံရေးအထူး ဂရုပြုရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။
ကျောင်းအုပ်တစ်ဦးက `အခု စက်တင်ဘာလ (၆)ရက်နေ့က ပညာရေးမှူးရုံးကနေ လုံခြုံရေးသတိထားဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။ လက်ထောက်ဆရာ ဆရာမတွေ၊ ၀န်ထမ်းတွေကိုလည်း ထပ်ဆင့် အသိပေးထားဖို့ ညွှန်ကြားလာခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ သတိထားရုံပဲ တတ်နိုင်မှာလေ၊ တကယ် အရေးကြုံလာရင်တော့ ကိုယ်တိုင်ကာကွယ်နိုင်ဖို့ဆိုတာ ခက်ပါတယ်။ ဆရာ၊ ဆရာမတွေ အသွားအပြန် ကျောင်းတက်နေရတဲ့လမ်းတွေ၊ ရွာတွေဆိုတာ အားလုံး ဘင်္ဂလီရွာတွေချည့်ပဲ။´ ဟု ရှင်းပြသည်။
ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများအနေဖြင့် လုံခြုံရေးကိစ္စများကို ကိုယ်တိုင်ကင်းစောင့်၍ နေရမည့်သဘောမျိုး သက်ရောက်စေသည့် ]ညွှန်ကြားချက်ရရှိခြင်းကြောင့် စိတ်မသက်မသာ ဖြစ်နေချိန်တွင် ယခုကဲ့သို့ ဘင်္ဂလီလှုပ်ရှားမှု သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မြို့မရဲတပ်ဖွဲ့တို့မှ စာသင်ကျောင်းများသို့ အခါအားလျော်စွာ လှည့်လည်ခြင်းများ ရှိသော်လည်း အမြဲတမ်းလုံခြုံရေးအင်အား ချထားပေးရန်မှာလည်း ဖြစ်နိုင်ဖွယ်မရှိပေ။
ယခုကဲ့သို့ မကြာခဏ ဘင်္ဂလီလှုပ်ရှားမှု သတင်းများထွက်ပေါ်နေခြင်း၊ လှုပ်ရှားမှုများကို စာသင်ကျောင်းများတွင် အများဆုံးတွေ့ရှိနေရခြင်းသည် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအတွက် အလွန် စိုးရိမ်ဖွယ် အခြေအနေဖြစ်နေကြောင်း တွေ့ရှိရပြီး အကြမ်းဖက် အဖွဲ့များအနေဖြင့် အခြေခံပညာ ကျောင်းသားများကို အခြေခံအင်အားအဖြစ် အသုံးချလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
(ဤသတင်းကို  Arakan Blood မှ ကူးယူဖော်ပြပါသည်)

ကန်ဒေါ်လာသန်း ၁၆ဝ ကုန်ကျမည့် လေအားလျှပ်စစ် မာန်အောင်မြို့တွင် တည်ဆောက်မည်

manung
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အား လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် တိုင်းတာမှုများစတင်ပြု လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ဂျာမနီနိုင်ငံမှ အဖွဲ့တစ်ခုက ကနဦး ဘတ်ဂျက်ငွေ ကန်ဒေါ်လာသန်း ၁၆ဝ ဖြင့် အကုန်အကျခံ တည်ဆောက် သွားမည်ဟု သိရသည်။
ယင်းသို့ဆောင်ရွက်နိုင်ရန် အဆိုပါအဖွဲ့သည် မာန်အောင်မြို့ထံ မကြာသေးမီက သွားရောက် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာလ ၁ဝ ရက်၊ နံနက်ပိုင်းက အတည်ပြုပြောသည်။
“သူတို့အဖွဲ့ မကြာသေးခင်ကပဲ မာန်အောင်ကို တစ်ခေါက်သွားပြီး တိုင်းတာမူတွေ ပြုလုပ်ခဲ့ကြတယ်။ အခု တိုင်းတာမူ ပြီးလို့ ပြန်သွားကြပြီ”ဟု ယင်းက ဆိုသည်။
အစိုးရက လက်ရှိဆောင်ရွက်နေသည့်  မဟာဓာတ်အားလိုင်းမှတဆင့် ရခိုင်ပြည်နယ်မြို့နယ်တိုင်း လျှပ်စစ်မီး ရရှိရေးဆောင်ရွက်ရာတွင် မာန်အောင်မြို့သည် ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များနှင့် မတူဘဲ ရေပတ်လည် ဝန်းရံထားသော ကျွန်းမြို့တစ်မြို့ဖြစ်သည့်အတွက် ယင်းမြို့အနေဖြင့် မဟာဓာတ်အား လိုင်းမှတဆင့် လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရန် များစွာအခက်အခဲရှိနေသည်ဟု ဆိုသည်။
“ဒီမြို့ကို မဟာဓာတ်အားလိုင်းကတဆင့် လျှပ်စစ်မီးရရှိဖို့ ပင်လယ်အောက်က မီးကြိုးသွယ်မယ်ဆိုလည်း မရဘူး။ အပေါ်က ဓာတ်တိုင်တွေထောင်ပြီး သွယ်မယ်ဆိုလည်း အဆင်မပြေဘူး။ ဒါကြောင်း ဒီစီမံကိန်းကို ပြုလုပ်ဖို့ စီစဉ်ရတာပါ” ဟု ဦးလှသိန်းက ဆိုသည်။
မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်စနစ်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် အတွက် ယခုလ ၃ ရက်နေ့ က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များ ရှိသော Wind Park (Energy Sufficient Feldheim Village)သို့သွားရောက်လေ့လာခဲ့သည်ဟု သိရသည်။
Wind Park ရှိ Energy Sufficient Feldheim Village မှ တာဝန်ရှိသူများနှင့် နိုင်ငံတော် သမ္မတတို့ တွေ့ဆုံ ဆွေးနွေးခဲ့မူများ ရှိခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောဆိုသည်။
မာန်အောင်မြို့သည် ကျောက်ဖြူမှ ထွက်ရှိသည့် ဂတ်စ်များဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိသလို မဟာဓာတ်အားလိုင်းမှသွယ်တန်းမည့်ဓာတ်အားများဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ခြင်းမရှိသည့်အတွက် မာန်အောင်မြို့မီးလင်းရေးအတွက် လေအားလျှပ်စစ်ဖြင့်သာအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရ ထံ ဒေသခံများက လွှတ်တော်များမှတဆင့် တင်ပြတောင်းဆိုထားပြီးဖြစ်ကြောင်း မာန်အောင်မြို့ခံများက ဆိုသည်။
“ကျွန်တော်တို့မြို့ကို လေအားလျှပ်စစ်နဲ့ပေးဖို့ အခုလိုမျိုး လာရောက်တိုင်းတာမှုတွေလုပ်တာတော့ ကျွန်တော်တို့မသိရသေးဘူး။ ဒီလိုပေးလာနိုင်ရင်တော့ ကျွန်တော်တို့မာန်အောင်ကျွန်းအတွက် အင်မတန် ကောင်းတဲ့ အချက်ပါပဲ”ဟု မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ၏ဗဟိုကော်မတီဝင် ဦးတင်ရွှေက ပြောသည်။
လက်ရှိတွင် မာန်အောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့မီးလင်းရေးကော်မတီတို့ပူးပေါင်းပြီး ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအထိတစ်ကြိမ်၊ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၆ နာရီ ၁၅ မိနစ်အထိတစ်ကြိမ်- တစ်နေ့လျှင် လျှပ်စစ်မီး စုစုပေါင်းနှစ်ကြိမ်ပေးလျက်ရှိပြီး ပထမ ယူနစ် ၂ဝ သုံးစွဲခအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်ပေးရပြီး ယင်းထက်ပိုမိုသုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၄ဝဝ ပေးနေရကြောင်း မာန်အောင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။မာန်အောင်မြို့အား ယခုကဲ့သို့လေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးပေးမည့်စီမံချက်ကို မည်သည့် အချိန်တွင်စတင်ဆောင်ရွက်သွားမည်ဆိုသည်ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပေ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များဖြင့် ရခိုင်ရိုးရာမင်္ဂလာဝတ်စုံပြပွဲနှင့် သမက်တက်သရုပ်ပြပွဲ စစ်တွေတွင် ပြုလုပ်မည်

Rakhine-State-Traditional-Dressနိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များနှင့် ရခိုင်အနုပညာရှင်များစွာပါဝင်သည့် “ရခိုင်ရိုးရာ မင်္ဂလာဝတ်စုံပြ ပွဲနှင့် ရခိုင်သမက်တက်သရုပ်ပြပွဲ”ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပွဲဖြစ်မြောက်ရေးနှင့်ပတ်သက်၍ စက်တင်ဘာလ ၁ဝ ရက်နေ့၊ နံနက် ၉ နာရီက စစ်တွေမြို့ရှိ River Valley စားသောက်ဆိုင်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လှသိင်္ဂီ မိတ်ကပ်နှင့် မင်္ဂလာဝတ်စုံ”မှ မိတ်ကပ် ကိုကျော်ကျော်မိုးက ပြောသည်။
ယင်းပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့၊ ညနေ ၆ နာရီမှ ၁ဝ နာရီအထိပြုလုပ်သွားမည်ဖြစ်သည်။
တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်လာပြီဖြစ်သော ရခိုင်ရိုးရာ မင်္ဂလာဝတ်စုံများနှင့် ရခိုင်ရိုးရာ သမက်တက်ပုံများကို ရိုးရာယဉ်ကျေးမှုနှင့် အညီ သိရှိစေရန်ရည်ရွယ်ပြုလုပ်ရ ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူ “လှသိင်္ဂီ မိတ်ကပ်နှင့် မင်္ဂလာဝတ်စုံ”မှ မိတ်ကပ် ကိုကျော်ကျော်မိုးက ပြောသည်။
“အဓိကပေးချင်တဲ့ Image က ရခိုင်ပြည်ဖြစ်ပြီးတော့ ကျွန်တော်တို့ ဟိုနှစ်က သိပ်အခက်အခဲရှိခဲ့ပါ တယ်။ ရခိုင် မင်္ဂလာဆောင်တာတွေဟာ ဗမာဘက်ကို သိပ်ရောက်ရောက်သွားတဲ့ အချက်တွေ ရှိပါတယ်။ ထိမ်းမြားတဲ့ အခါ ကောက်ညင်းထမင်းနဲ့ပြီးသွားတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရခိုင်ရိုးရာကိုပြန်ဖော်ထုတ် ချင်တဲ့အတွက် အခုလိုပွဲလုပ်ဖို့စီစဉ်ရတာပါ” ဟုသူက ဆိုသည်။
အဆိုပါသရုပ်ပြပွဲကို နိုင်ငံတော်ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော အကယ်ဒမီရန်အောင်၊ ခိုင်သင်း ကြည်၊ ရဝေအောင်၊ နေယံ၊ နေဒွေး၊ ထွန်းကိုကို၊ မြတ်သူအောင်၊ ထူး၊ ရိုတ၊ ရတနာမိုင်၊ ဆုပန်ထွာ၊ အိချောပို၊ မေမြင့်မိုရ်နှင့် ရခိုင်တေးသံရှင်များအပါအဝင် စုစုပေါင်းအနုပညာရှင် ၃ဝ ဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။
ယခုပွဲမှရရှိလာသည့် အကျိုးအမြတ်များကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေကရုဏာအခမဲ့ကုသိုလ် ဖြစ်ဆေးခန်းရန်ပုံငွေနှင့် ပြည်နယ်အတွင်းရှိ HIV/AIDS ရောဂါဝေဒနာသည်များအတွက် ကူညီထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုကျော်ကျော်မိုးက ပြောသည်။
နှစ်ရက်ဆက်တိုက်ပြုလုပ်မည့် အဆိုပါပွဲပထမနေ့တွင် “ရခိုင်ရိုးရာမင်္ဂလာဝတ်စုံပြပွဲနှင့် ရခိုင်သမက် တက်သရုပ်ပြပွဲ”နှင့်အတူ ရခိုင်ရိုးရာ ရှင်ပြုနားသက်မင်္ဂလာပြပွဲကို အနုပညာများကသရုပ်ပြတင်ဆက်သွားကြ မည်ဖြစ်ပြီး ဒုတိယမြောက်နေ့တွင် ယင်းအနုပညာရှင်များဖြင့် စတိတ်ရှိုးပုံစံသီဆိုဖြေဖျော်တင်ဆက်သွားကြ မည်ဖြစ်ကြောင်းလည်း သိရသည်။
“ပထမတစ်ရက်တော့ သရုပ်ပြပွဲလုပ်မယ်။ နောက်တစ်ရက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ညှိနှိုင်းပြီး တော့ စတိတ်ရှိုးပုံစံမျိုး စည်စည်ကားကားလုပ်မယ်။ ပြည်နယ်အစိုးရအဖွဲ့ကလည်း ဒုတိယနေ့အတွက် သူတို့ အားလုံးတာဝန်ယူပေးမယ်လို့ပြောတယ်”ဟု ကိုကျော်ကျော်မိုးက ဆိုသည်။
အဆိုပါပြပွဲဝင်ခွင့်လက်မှတ်တစ်စောင်ကို ကျပ် ၃ဝဝဝဝ တန်လက်မှတ်နှင့် ကျပ် ၂ဝဝဝဝ တန်လက် မှတ်ဟူ၍ လက်မှတ်နှစ်မျိုးရောင်းချပေးလျက်ရှိပြီး လက်မှတ်တစ်စောင်တည်းဖြင့် ပွဲနှစ်ရက်စလုံးကို ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကာ ပွဲပြုလုပ်သည့်နှစ်ရက်စလုံးကို MRTV က live  တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီလိုမျိုး ကျွန်တော်တို့ရခိုင်မှာရှိတဲ့ အရင်ကတည်းကရိုးရာ ကိုဖော်ထုတ်ပြီးတော့ ခုလိုမျိုးခမ်းခမ်းနား နားနဲ့ မင်္ဂလာဝတ်စုံတွေဝတ်ပြီး ပြလိုက်တော့ လူတွေကလည်း ရိုးရာကိုထိမ်းသိမ်းရာရောက်မယ်။ ပိုပြီးတော့ လည်း စိတ်ဝင်စားလာမယ်။ ဒီလိုလုပ်တဲ့ရည်ရွယ်ချက်ကတော့ သိပ်ကောင်းပါတယ်”ဟု ရခိုင်တေးသံရှင် မောင်ကိုကိုက အဆိုပါပွဲအပေါ် သုံးသပ်ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဂွမြို့နယ်က အိမ်မရှိတဲ့ ရေလုပ်သားမိသားစု ၉၂စု အိမ်နဲ့ နေနိုင်တော့မလား

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း နေစရာအိမ်မရှိသည့် ရေလုပ်သားအိမ်ထောင်စု ၉၂ စုကို  တိုးချဲ့ရပ်ကွက်အသစ်တွင် နေရာချထားပေး နိုင်ရန်အတွက် ဒီဇင်ဘာတွင် ကျင်းပမည့် ပြည့်သူ့လွှတ်တော် အစည်းဝေးတွင် တင်ပြတောင်းပြဆိုသွားမည်ဟု ဂွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက ပြောသည်။
၎င်းက "အခုချိန်မှာတော့ တိုးချဲ့ရပ်ကွက်နေရာကို ကွင်းဆင်းပြီး  လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။ စာရင်းတွေ အကုန်ပြုစုပြီးရင် ဒီဇင်ဘာ လွှတ်တော်အစည်းဝေးလောက်မှာမှ တင်ပြဖြစ်မယ်လို့ ထင်ပါတယ်။ အားလုံးက ဂွမြို့နယ်ထဲက နေစရာအိမ်မရှိတဲ့ ရေလုပ်သားတွေပါ" ဟု ဆိုသည်။
ယင်းအဆိုတင်ခြင်းနှင့် ပတ်သက်၍လည်း ဦးကြည်သာက  "ပြည်နယ်လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် နှစ်ခုလုံးမှာ တင်ပြသွားမှာပါ။ မြေမဲ့ယာမဲ့တွေကို ပြန်လည်နေရာချထားလို့ရမယ့် နေရာတွေလည်း ရှိနေတာကြောင့်ဖြစ်ပါတယ်" ဟု ဆိုသည်။
အဆိုပါရပ်ကွက်သစ်ကို ဂွမြို့အနီးရှိ ဘုတ်ပင်ချောင်းတွင်  စိမ့်စမ်းသာရပ်ကွက် အမည်ဖြင့် နေရာချထား ပေးရန် မြို့နယ်မြေစာရင်းဦးစီးဌာန နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးများသို့ ၂၀၁၄ ခုနှစ် သြဂုတ် ဒုတိယအပတ် အတွင်းတင်ပြခဲ့ပြီး အိမ်ခြံအကွက်ချပုံစံ နှင့် မြေစာရင်းပုံစံ (၁၀၅ ) ကျထားပြီဖြစ်ကာ ရခိုင်ပြည်နယ် အစိုးရခွင့်ပြုချက် ကျန်ရှိနေသေးသည်ဟုလည်း ဂွမြို့ ရွာမရပ်ကွက်၊ ကံငူကျေးရွာ ဒီရေတော ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။
လက်ရှိအချိန်တွင် ရေလုပ်သားအိမ်ထောင်စု ၉၂ စု ကို ဂွမြို့အနီး ကမ်းခြေအနီးတွင် နေရာချထားပေးပြီး ရပ်ကွက်သစ်အား ရှင်းလင်းခြင်း၊ခြံကွက်ရိုက်ခြင်းများ ပြုလုပ်နေပြီး မိုးကုန်ကာလတွင် ရေလုပ်သားများ အနေဖြင့် ပြောင်းရွှေ့နေထိုင်လိုသည်ဟုလည်း နေအိမ်မရှိသည့် ရေလုပ်သား  ဦးစိုးမောင် ကပြောသည်။
"ဂွမှာက လယ်လုပ်စရာမရှိရင် ရေလုပ်ငန်းလုပ်ရတယ်။ ရေလုပ်ငန်းကလည်း အထိအမိနည်းတော့ စားဖို့တောင်အနိုင်နိုင်ပဲ။ အဲဒီတော့ အိမ်ကွက်လည်း မဝယ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ တရားဝင်ချထားပေးဖို့တော့ မျှော်လင့်မိတာပေါ့" ဟု ဆိုသည်။
စိမ့်စမ်းသာ တိုးချဲ့ရပ်ကွက်သည် ၅ ဧက ကျယ်ဝန်းပြီး အိမ်ထောင်စု တစ်စုလျှင် ၃၅ ပေ၊ ၅၀ ပေ တစ်ကွက်စီ နေရာချထားပေးမည်ဖြစ်ပြီး စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာဆေးပေးခန်းများ ပါရှိကြောင်း အဆိုပါ ကျေးရွာတွင်နေထိုင်မည့် ရေလုပ်သားများက ဆိုသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

KIO ကချင်နယ်မြေမှာ ရိုဟင်ဂျာ လက်နက်ကိုင်လှုပ်ရှားခွင့် ရရှိရေး ဆွေးနွေး

kio_forces_feb_2009_305px.jpg
KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှ ၂၀၀၉ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀၀ခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဌဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)

ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ မြန်မာရိုဟင်ဂျာ အသင်း BRAT- Burmese Rohingya Association in Thailand အဖွဲ့ ရဲ့ ဥက္ကဌ ဦးမောင်ကျော်နု ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်လွတ် မြောက်ရေးအဖွဲ့ ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းတို့  ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီး ဆွေးနွေး ကြတဲ့ ဗွီဒီယိုရုပ်သံမှတ်တမ်းတစ်ခုကို အခုစက်တင်ဘာ လ ၇ ရက်နေ့ မှာ BRAT အဖွဲ့က ယူကျု့အင်တာနက်မှာ လွှင့်တင်လိုက်ပါတယ်။
အဲ့ဒီရုပ်သံဖိုင်ထဲမှာ BRAT ရိုဟင်ဂျာအသင်း ဥက္ကဌ ဦးမောင်ကျော်နုက KIA ရဲ့စစ်ရေးအကူအညီ လိုအပ်ကြောင်း ပြောဆိုခဲ့ပြီး၊ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းကလည်း ညီညွတ်ကြဖို့နဲ့ ကိုယ့်ကိုကိုယ် ဝေဖန်ဖို့လိုအပ်ကြောင်း ပြောဆို ခဲ့ပါတယ်။
ဒါ့အပြင် ဦးမောင်ကျော်နုက ရိုဟင်ဂျာနဲ့ ကချင်ဟာ ညီအကိုဖြစ်တဲ့အတွက် အပြန်အလှန် အကူအညီပေး ဖို့ ပြောဆိုခဲ့သလို  KIO ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်း ကလည်း KIO/KIA အဖွဲ့ဟာ ဂျပန်ခေတ်လက်ကျန်သေနတ် အနည်းငယ်နဲ့ စတင်တည်ထောင်ရာကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့  တိကျတဲ့လှုပ်ရှားမှုတွေကြောင့် အင်အားကြီးမားတဲ့အဖွဲအစည်း ဖြစ်လာတာဆိုတဲ့အကြောင်းတွေ ဥပမာပေးပြောဆိုသွားခဲ့ပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ကို BRAT ခေါ် ဗမာ-ရိုဟင်ဂျာအသင်းက စစ်ရေးအကူအညီ တောင်း တဲ့ ဆွေးနွေးပွဲ ရုပ်သံဖိုင်ပါပြောဆိုချက်တွေကို RFA ဝိုင်းတော်သားကိုနေရိန်ကျော်က ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း BRAT- Burmese Rohingya Association in Thailand အဖွဲ့ ဥက္ကဌ ဦးမောင်ကျော်နုကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်း ကိုလည်း RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်နှင့် ဆက်သွယ်မေးမြန်းချက်ကိုနားထောင်ရန်
ဗမာ-ရိုဟင်ဂျာအသင်း ဆွေးနွေးတင်ပြချက်ကိုနားထောင်ရန်
ဦးမောင်ကျော်နုနှင့် ဆက်သွယ်မေးမြန်းချက်ကို နာေးထာင်ရန်
(သတင်းအရင်းအမြစ်- RFA Burmese)

ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး


ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿ     နာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။
စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ် ရိုဟင်ဂျာဒုက္ခသည်များကူညီ စောင့်ရှောက်မှုနှင့် နိုင်ငံမဲ့ရိုဟင် ဂျာများအရေးဟု ခေါင်းစဉ်တပ်၍ မေးမြန်းခဲ့သော နယ်သာလန် ပါလီမန်အမတ်တစ်ဦးအား ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီများကို နိုင်ငံမဲ့ (stateless)ဟုပြော၍မရဘဲ အင်္ဂလိပ်လက်ထက်က လယ်လုပ်ရန် ရခိုင်ပြည်နယ်အတွင်းသို့ အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့်ဖြစ်၍ ၎င်းတို့တွင် မူရင်းဒေသရှိပြီးဖြစ် ကြောင်း ဦးသိန်းစိန်က ပြောကြား သည်။
‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်းစိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်အမတ် ကို ပြန်လည်တုံ့ပြန်ခဲ့သည်။
နယ်သာလန်ပါလီမန် အမတ်မှာ ၎င်းထံသို့ နယ်သာလန် အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ ပေးပို့ထားသော ဘင်္ဂါလီအရေး နှင့်ပတ်သက်သည့်စာကို သမ္မတ နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ရည် ညွှန်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့်အတူ လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေ ကြားသည်။
ထို့အပြင် နယ်သာလန် သတင်းဌာနအချို့ကလည်း သမ္မတဦးသိန်းစိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာတို့ အရေးနှင့် ပတ်သက်၍ မေးမြန်းရန် နယ်သာလန် အစိုးရကို နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က တောင်းဆိုခဲ့ကြောင်း ဖော်ပြကြ သည်။
‘‘အခုအစိုးရက ရခိုင်မှာ ပဋိ ပက္ခထပ်မဖြစ်အောင်ထိန်းတယ်။ လူမျိုးစုနှစ်ခု သဟဇာတဖြစ် အောင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံချက်ဆွဲပြီး နိုင်ငံ တကာနဲ့ ပူးပေါင်းလုပ်ဆောင် မယ်။ လက်တွေ့သိချင်ရင် လာ လေ့လာပါလို့ သမ္မတကြီးက ဖြေ ကြားခဲ့ပါတယ်’’ဟု ဦးရဲထွဋ်က ဖြေကြားသည်။
နယ်သာလန် နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်က မြန်မာ့အရေး လှုပ်ရှားသူများကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ယခုအခါ မြန်မာအစိုး ရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည့် နိုင်ငံလည်းဖြစ် သည်။ နယ်သာလန်လွှတ်တော် အသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဆွေးနွေးခဲ့ပြီး ခရီးစဉ်တိုင်း အမြဲလို ဖိအားပေးခံခဲ့ရသည့် ရခိုင်ပြဿ     နာနှင့်ပတ်သက်၍ နယ်သာလန်လွှတ်တော်အမတ် တစ်ဦးကသာ မေးမြန်းခဲ့ခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- 7Days News၊ ဓာတ်ပုံ- မှူးဇော် Facebook)

(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားတွင် အချက်၃ချက် တောင်းဆို

ရန်ကုန်မြို့ရှိ MCC တွင်ကျင်းပသည့် (၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။

စက်တင်ဘာ ၉ရက်ကစစ်တွေမြို့တွင်ကျင်းပသည့်(၇၅) နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားတွင် ရခိုင်ပြည်သူများကအချက်၃ချက်ကို တောင်းဆိုလိုက်ကြသည်။
စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံရုပ်တုရှေ့တွင်တောင်းဆိုလိုက်သည့်တောင်းဆိုချက်၃ချက်မှာ ဆရာတော်ဦးဥတ္တမနေ့အား ရုံးပိတ်ရက်နှင့်ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ပေးရန်၊ ရန်ကုန်မြို့ရှိ ကန်တော်မင်ပန်းခြံအားဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန်နှင့် ဆရာတော်ဦးဥတ္တမ၏
အတ္ထုပတ္တိအား ကျောင်းသုံးစာအုပ်များတွင် ပြန်လည်ပြဌာန်းသင်ကြားခွင့်ပြုရန်
တို့ဖြစ်သည်။
“ဆရာတော် ဦးဥတ္တမနဲ့ ပတ်သက်ပြီး တောင်းဆိုချက်တွေကို ကျွန်တော်တို့
သဘောတူပါတယ်။ ဆရာတော် ဦးဥတ္တမသည် ရခိုင်တွေအတွက်ဘဲ ရပ်တည်ပြီး လုပ်ခဲ့တာ
မဟုတ်ဘူး။ ဆရာတော်သည် မြန်မာ့လွတ်လပ်ရေး ရဖို့အတွက် မြန်မာတစ်ပြည်လုံးကို
ကိုယ်စားပြုပြီး ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်ဒီလိုပွဲမျိုးကို ရခိုင်ပြည်နယ်နဲ့ ရန်ကုန်မှာဘဲ မဟုတ်ဘဲ ဆရာတော်ရဲ့ဂုဏ်ကျေးဇူးကို သိတတ်တဲ့ လူတိုင်း လုပ်ဆောင်သင့်တယ်” ဟု စစ်တွေမြို့မှ
ဦးကျော်ဧ ကပြောသည်။
စစ်တွေမြို့တွင် ကျင်းပသည့် (၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်တာဝန်ရှိသူတို့က ပန်းခွေများချကာ ဂါရ၀ပြုကြသည်။ ထို့နောက် စစ်တွေမြို့ရှိနိုင်ငံရေးပါတီများ၊ လူမှု ကွန်ယက်များ၊ အသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများမှ ဦးဥတ္တမပန်းခြံရှိ ရုပ်တုရှေ့တွင် ပန်းခွေများနှင့် ဂါရဝ
ပြုခဲ့ကြသည်။
ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ရှိ MCC
(မြန်မာကွန်ဗင်းရှင်းစင်တာ) တွင်လည်း ကျင်းပခဲ့သည်။ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများကို ယခင်ကစစ်အစိုးရ လက်ထက်တွင် ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရသည်။
ဆရာတော်သည် အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး ၀ံသာနု တရားများနယ်လှည့်ဟောပြောခဲ့သောကြောင့် အင်္ဂလိပ်နယ်ချဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ပထမဆုံး နိုင်ငံရေးအကျဉ်းသား သံဃာတော် တစ်ပါးဖြစ်သည်။
ဆရာတော်ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ရက်တွင် ဆီးချိုရောဂါဖြင့်ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ကွယ်လွန်သည့်နေ့အား ဆရာတော်ဦးဥတ္တမနေ့အဖြစ်ပြည်တွင်းပြည်ပတွင် အောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပကြခြင်းဖြစ်သည်။
(ဤသတင်းအား Rakhine News Agency မှ ကူးယူဖော်ပြပါသည်)

RSO အခြေစိုက်ခွင့်ပေးရန် အစီအစဉ်မရှိဟု ကေအိုင်အိုပြော

ကေအိုင်အေထိန်းချုပ် နယ်မြေအတွင်း ရိုဟင်ဂျာတပ်မ တော် (RSO) ထူထောင်အခြေ စိုက်ခွင့်ပြုရန် တောင်းဆိုခဲ့သော ဘင်္ဂါလီအဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံခဲ့ ခြင်းသည် တရားဝင်တွေ့ဆုံခဲ့ ခြင်း မဟုတ်ကြောင်းနှင့် ရိုဟင် ဂျာတပ်မတော် ထူထောင်အ ခြေစိုက်ခွင့်ပေးရန် ကိစ္စနှင့်ပတ် သက်၍ မည်သည့်အစီအစဉ်မှ မရှိကြောင်း ကေအိုင်အိုက ငြင်း ဆိုလိုက်သည်။
ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့် BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်နု၊ ဘာသာရေးခေါင်းဆောင်အချို့နှင့် RSO တာဝန်ခံ တစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ တို့၂၀၁၄ မတ်လအတွင်းက ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သော ရုပ်သံမှတ်တမ်းတစ်ခုအင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည်။ ယင်းရုပ်သံမှတ်တမ်းတွင် ဦးမောင်ကျော်နုနှင့် အဖွဲ့က ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ရိုဟင်ဂျာတပ်မတော်ကို ဖွဲ့စည်း၍ အခြေစိုက်ခွင့်ပြုရန် တောင်းဆိုခဲ့ သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုသို့ ဆက်သွယ်မေး မြန်းခဲ့ရာ‘‘တစ်ဦးတစ်ယောက်အ နေနဲ့ ပုဂ္ဂိုလ်ရေးအရတွေ့ဆုံခဲ့တာ ပါ။ ကေအိုင်အေအနေနဲ့ တရား ၀င်တွေ့တာ မဟုတ်ပါဘူး’’ ဟု ကေအိုင်အိုထိပ်ပိုင်းခေါင်းဆောင် တစ်ဦးကဖြေကြားခဲ့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသော ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန် မော်ကလည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှု အရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရား ၀င်ဆွေးနွေးခြင်းမဟုတ်ဘဲ ဗိုလ်မှူးကြီးဂျိမ်းစ်အနေဖြင့်လည်း ဗဟိုကော်မတီသို့ပြန်လည်တင်ပြခြင်းမရှိပေ။ ပြည်တွင်း၌ ဖြစ်ပွားနေသည့်ကိစ္စရပ်များအပေါ် ကေအိုင်အိုအနေဖြင့် လက်နက်တပ်ဆင်ပေးခြင်း၊စစ်သင်တန်းပေးခြင်းမရှိကြောင်းနှင့် အထက်ပါကိစ္စနှင့်ပတ်သက်၍လည်း မည်သည့်အစီအစဉ်မျှမရှိကြောင်း DVB သတင်းဌာနသို့ ပြောကြားထားသည်။
ကေအိုင်အိုနှင့်  တွေ့ဆုံခဲ့ သော အဆိုပါဘင်္ဂါလီအဖွဲ့က၎င်း တို့သည် ရိုဟင်ဂျာ တိုင်းရင်းသား များဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန် မာ အစိုးရဘက်ကမူ ရိုဟင်ဂျာတိုင်းရင်းသား ဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားသည်။
မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့က  တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဒေသအ ချို့တွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန် တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းပြောကြား ထားသည်။ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)နှင့်ရိုဟင် ဂျာလွတ်မြောက်ရေးအဖွဲ့(RLO)ကို ဦးဆောင်သော ဘင်္ဂါလီလူမျိုး များသည် ၁၉၈၈ခုနှစ် ၁၉၉၄ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်များတွင်မောင် တောဒေသကို သိမ်းပိုက်ရန်ဝင် ရောက်အကြမ်းဖက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မ တော်နှင့်လုံခြုံရေးတပ်ဖွဲ့များက ကာကွယ်နိုင်ခဲ့ကြောင်းရခိုင်ပဋိပ က္ခစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ တွင်ဖော်ပြထားသည်။
ကေအိုင်အို ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် ကလည်း ၎င်းနှင့် ရင်းနှီးသည့် ကချင်အမျိုးသမီးတစ်ဦး၏ ခင် ပွန်း အမေရိကန်နိုင်ငံသားတစ်ဦး ဖိတ်ကျွေးသော ညစာစားပွဲသို့ သွားရာ မျက်နှာစိမ်း မလေးရှား နှင့် ရခိုင်ပြည်နယ်ဘက်မှ မွတ် စလင် ခုနစ်ဦးခန့်နှင့် မမျှော်လင့် ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တရားဝင် ဆွေးနွေးခဲ့ခြင်း မဟုတ်ဘဲ ယင်း ရုပ်သံမှတ်တမ်းကို ယူကျု့ဘ်တွင် ဖြန့်ဝေနေခြင်းမှာ ကေအိုင်အိုအဖွဲ့ အတွင်း အချေအတင်ဖြစ်အောင် လုပ်လို၍ ဖြစ်နိုင်ကြောင်း DVB သတင်းဌာနအား ပြောကြားထား သည်။
လက်ရှိအချိန်တွင် ကေအိုင် အို ထိန်းချုပ်နယ်မြေ၌ ရက္ခိုင့် တပ်မတော် (AA)နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဌာနချုပ်တို့ တည်ရှိ သည်။
(သတင်းအရင်းအမြစ်- 7 Days News)

Wednesday, September 10, 2014

(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်ရှိ ဒေသအနှံ့တွင် ပြုလုပ်

ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသော ဆရာတော်ဦးဥတ္တမ (၇၅) နှစ်မြောက် အခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

စက်တင်ဘာ ၉ ရက်တွင် ကျရောက်သော ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်း (၇၅)နှစ်မြောက်အခမ်းအနားအား ရန်ကုန်မြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ ဒေသအနှံ့အပြားတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသည့် ဆရာတော်ဦးဥတ္တမ၏ (၇၅) နှစ်မြောက် စိန်ရတု ဂုဏ်ပြုအခမ်းအနားအား စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခန့်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ဦးဆောင်ကာ ကျင်းပခဲ့သည်။

အဆိုပါပွဲသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အပါအဝင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဦးအေးသာအောင်၊ နိုင်ငံခြားသံရုံးအသီးသီးမှ တာဝန်ရှိသူများ၊ သံဃာတော်များ၊ ရခိုင်တိုင်းရင်းသားများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ ကန်တော်မင်္ဂလာအမည်ဖြင့် ဖွင့်လှစ်ထားသောပန်းခြံအား ယခင်မူလ ဦးဥတ္တမပန်းခြံအမည်ဖြင့် ပြန်လည်ပြောင်းလဲသတ်မှတ်ပေးရန် နိုင်ငံတော်အစိုးရထံ အဆိုပြုခဲ့ကြသည်။

(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်ဂုဏ်ပြုပွဲများကို ရခိုင်ပြည်နယ်ရှိ မြို့အနှံ့အပြားတွင်ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ပူးပေါင်းပါဝင်ကျင်းပခဲ့သဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့တွင် စိုက်ထူထားသည့် ဆရာတော်ဦးဥတ္တမ ရုပ်တုအား တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)


ရခိုင်မီးရှူးတန်ဆောင်ဖြစ်သည့် ဆရာတော်ဦးဥတ္တမသည် ၁၉၃၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့ရာ ယခုအခါတွင် (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားခဲ့သော ဆရာတော်သည် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပြီး နယ်ချဲ့မကြောက်တရားများကိုလည်း အကြိမ်ကြိမ်ဟောကြားခဲ့သည်။ ယင်းသို့ ဟောကြားခဲ့သဖြင့်လည်း ထောင်အကြိမ်ကြိမ်ကျခဲ့ရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “ဆရာတော်ဟာ လေးစားရတဲ့ပုဂ္ဂိုလ်တစ်ပါး ဖြစ်တယ်။ ဒါကြောင့် အခုလိုစည်ကားသိုက်မြိုက်စွာ ကျင်းပတာကို အားပေးတယ်” ဟုလည်း ထည့်သွင်းပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပန်းခွေဖြင့် လာရောက်ဂါရဝပြုခဲ့ပြီး ဆရာတော်နေ့အထိမ်းအမှတ် ပန်းချီပြပွဲနှင့် ကျောင်းသူကျောင်းသားများ၏ ပြိုင်ပွဲဝင်ပန်းချီများကိုလည်း လှည့်လည်ကြည့်ရှုပြီး ဆုရကျောင်းသူကျောင်းသားများကိုလည်း ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနှင့် အခြားမြို့များတွင်လည်း စည်းကားစွာ ကျင်းပခဲ့ကြောင်းနှင့် စစ်တွေမြို့တွင် ဦးဥတ္တမပန်းခြံအတွင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလည်း ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကျင်းပရေးဆပ်ကော်မတီဖွဲ့စည်းကာ စီစဉ်ခဲ့ကြောင်းလည်း သိရသည်။
(သတင်းအရင်းအမြစ်- Daily Eleven)

စိတ်ကြွဆေးပြားများသိုလှောင်ကာ အကြိမ်ကြိမ်ရောင်းဝယ်ဖြန့်ဖြူးခဲ့သည့် Natural Force ကုမ္ပဏီ၏ ဘဏ်စာရင်းများအား ယခုရက်ပိုင်းအတွင်း ပိတ်မည်

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Natural Force ကုမ္ပဏီရုံးခန်းတစ်ခုကို ယခုလအတွင်း တွေ့ရစဉ်
Natural Force ကုမ္ပဏီပိုင်ရှင်က စိတ်ကြွဆေးပြားများကို သိုလှောင်ကာ အကြိမ်ကြိမ်ရောင်းဝယ်ဖြန့်ဖြူးခဲ့ပြီး ယင်းကုမ္ပဏီ၏ ဖွင့်လှစ်ထားသော ဘဏ်စာရင်းများအားလုံးကို ယခုရက်ပိုင်းအတွင်း ပိတ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်ကျော်ဝင်းက စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
အဆိုပါ Natural Force ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ ရဲထွန်းကျော် နှင့် မခင်သန္တာဝင်းတို့မှ စက်တင်ဘာ ၈ ရက်တွင် ထွက်ဆိုချက်နှင့် မူးယစ်ရဲတပ်ဖွဲ့မှ ရရှိထားသော အချက်အလက်များမှာ ၎င်းတို့အနေဖြင့် စိတ်ကြွဆေးပြားများကို အကြိမ်ကြိမ်ရောင်းဝယ်ဖြန့်ဖြူးခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။
“ မနေ့က ဒီအမှုနဲ့ပတ်သက်ပြီး ထပ်မံဖော်ထုတ်ရရှိခဲ့ပါတယ်။ အဲဒီကုမ္ပဏီရဲ့ လုပ်ငန်းတွေက ဘဏ်တွေမှာ ငွေသွင်းငွေထုတ်မှုတွေကို ဒီရက်ပိုင်းလေးမှာပဲ ပိတ်သိမ်းသွားမှာ ဖြစ်တယ်။ ပိတ်သိမ်းဖို့အတွက် အခုဆက်သွယ်ဆောင်ရွက်နေပါပြီ။ ကုမ္ပဏီက လည်ပတ်နေတဲ့ ငွေကြေးတွေကိုလည်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က စစ်ဆေးနေပါတယ်။ ပြီးရင် လည်ပတ်နေတဲ့ ငွေကြေးတွေကို ပြည်သူ့ပဏ္ဍာအဖြစ် သိမ်းဆည်းဖို့အတွက် ဒုဝန်ကြီးတစ်ယောက်က ဦးဆောင်ပြီးတော့ ဆောင်ရွက်သွားမယ်။ ပြီးရင်တော့ တရားရုံးကသိမ်းဆည်းဖို့ အတွက် အမိန့်ချသွားမှာပါ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်ကျော်ဝင်းက ဆိုသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ည ၁ဝ နာရီ ၂ဝ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းပေါ်တွင် ယာဉ်တစ်စီးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယင်းယာဉ်ပေါ်မှ အမျိုးသားနှစ်ဦး ကို ခေါ်ယူစစ်ဆေးခဲ့သည်။
ယင်းသို့ စစ်ဆေးခဲ့ရာတွင် ယာဉ်ပေါ်ရှိ အမျိုးသားနှစ်ဦးအနက်မှ တစ်ဦးဖြစ်သူ မောင်မောင်အောင်၏ ထွက်ဆိုချက်အရ အမှတ် ၁၈/၅၊ ကုန်းမြင့်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်နေ ရဲထွန်းကျော်နှင့် ဇနီးဖြစ်သူ မခင်သန္တာဝင်းတို့ထံမှ စိတ်ကြွဆေးပြား တစ်သိန်းပြားအား ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရဲထွန်းကျော်နှင့် မခင်သန္တာဝင်းတို့နေအိမ်အား ရှာဖွေခွင့်အမိန့် ၁၁၇/၁၄ ဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းသို့ရှာဖွေရာတွင် နေအိမ်အပေါ်ထပ် လှေကားဝဲဘက်ထောင့်မှ အညိုရောင် ခရီးဆောင်အိတ်တစ်လုံးအတွင်း၌ အစိမ်းနုရောင်အညိုကွက်ပါ ဘောင်းဘီတိုဖြင့် ပတ်ထားသည့် USA စာတန်းပါ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်ခြောက်တောင့်ပါ စတီးရောင် ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနစ်တောင့် ပါစတီးကျည်ကတ်တစ်ခုနှင့် MOD.5. CALE 35mm A T C BRNO C2/204926 စာတန်းပါ ပစ္စတိုသေနတ်တစ်လက်၊ အနက်ရောင်ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနစ်တောင့်၊ ပစ္စတိုနှစ်လက်၊ ကျည်ကတ်၊ ကျည်ဆန်များတွေ့ရှိခဲ့သည်။
ထို့အပြင် ပလတ်စတစ်အကြည်ဖြင့် ပတ်ထားသည့် WY နှင့် R စာတန်းပါ နီညီုရောင်စိတ်ကြွဆေးပြား(၁ဝဝ၁ဝ)ပြားပါ ရှစ်ထုပ်၊ ၂ဝဝဝ ပြားပါတစ်ထုပ်၊ ၂ဝဝ ပြားပါ ငါးထုပ်စုစုပေါင်း ၈၃ဝဝဝ ပြား အလေးချိန် ၈၃ ကီလိုဂရမ်ခန့်နှင့် မိုင်းခံစက္ကူဖြင့် ပတ်လျက်အတွင်း၌ ပလတ်စတစ်အကြည်ဖြင့် ပတ်ထားသည့် အလေးချိန် ၃၅ဝ ဂရမ်ရှိသော ဘိန်းဖြူဘလောက်တုံးတစ်တုံးနှင့် အခန်း၏ယာဘက်အခြမ်းရှိ ခရမ်းရောင်ခရီးဆောင်အိတ်အတွင်းမှ ပလပ်စတစ်ကြည်ဖြင့် ပတ်လျက်အတွင်း၌ မှိုင်းခံစက္ကူဖြင့် ထုပ်ထားသည့် WY နှင့် R စာတန်းပါ စိတ်ကြွဆေးပြား ၂ဝဝဝဝ ပြားစီပါ ငါးထုပ်၊ ၁ဝဝဝဝ ပြားပါ တစ်ထုပ်၊ ၂ဝဝဝ ပြားပါလေးထုပ် စုစုပေါင်း ၁၁၈ဝဝဝ ပြားအား တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီပိုင်ရှင်နေအိမ်အတွင်း စုစုပေါင်းဆေးပြား ၂ဝ၁ဝဝဝ၊ စုစုပေါင်းတန်ဖိုး (၁ဝဝ၅ဝဝဝဝဝဝဝ) ကျပ်နှင့် ဘိန်းဖြူ ၃၅ဝ ဂရမ်တန်ဖိုး သိန်း ၃၅ဝ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက မယ(ပ) ၂၅/၂ဝ၁၄၊ မရမ်းကုန်းမြို့မရဲစခန်း မယ(ပ)၇/၂ဝ၁၄ ပြစ်မှုပုဒ်မ ၁၅/ ၁၉(က)/၂ဝ(က)/၂၁/၂၂(ခ)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဖော်ထုတ်ရမိချိန်တွင် Natural Force ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ရဲထွန်းကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး စက်တင်ဘာ ၁ရက်တွင် ၎င်း၏သူငယ်ချင်း နေထိုင်သည့် မြောက်ဦးမြို့နေအိမ်၌ ဖမ်းမိခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Opposite Eye)


 

မြန်မာရွာသားများဘ၀ကို ခြိမ်းခြောက်နေသည့် တရုတ်တို့၏ စွမ်းအင်လောဘ

ရခိုင်ပြည်နယ်ရှိ ရေနံတွင်းများမှ ရေနံစိမ်းများသယ်ယူလာသော ဒေသခံအမျိုးသမီးတစ်ဦးကိုတွေ့ရစဉ် (ဓာတ်ပုံ− Hereward Holland)
မြန်မာနိုင်ငံအနောက်ပိုင်းတွင် တရုတ်တို့ ကျောထောက်နောက်ခံပေးထားသည့် စွမ်းအင်နှင့် ကုန်သွယ်မှုဇုန်တို့၏ အကျိုးဆက်များက ရွာစွန်းကျွန်းလေးအပေါ် သက်ရောက်စပြုနေပြီ ဖြစ်သည်။
ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းရွာလေးပေါ်က ယိုင်နဲ့နဲ့အရက်ဆိုင်တွင် ဖြစ်ပျက်သမျှအတွက် ကြမ္မာဆိုးကိုသာ ယိုးမယ်ဖွဲ့နေကြပုံရသည်။ ဖုန်အလိမ်းလိမ်းနှင့် တစ်ကိုယ်တော် ရေနံတူးသူ ဦးညွန့်ရွှေတစ်ယောက် ချန်းဘီယာနွေးနွေး တစ်ဘူးကိုပင် အားပါးတရမော့ချလိုက်ရင်း လတ်တလော တရုတ်တို့တွန်းအားကြောင့် သဘာဝဓာတ်ငွေ့ လှိုင်လှိုင်တူးနေသည့်အပေါ် ညည်းညူလိုက်ည်။
‘‘ဒီကနေ့ တရုတ်တွေက အမြတ်အစွန်းတွေ အများကြီးရကြတာ။ ဒေသခံတွေက ဘာမှရတာမဟုတ်ဘူး။ ငါးကြီးရဖို့ ငါးစာတော့လိုတာပေါ့’’
စီမံကိန်းများက ဒေသခံများ၏ဘ၀များအပေါ် ရိုက်ခတ်စေခဲ့သည် (ဓာတ်ပုံ− Hereward Holland)
ဤအရာကိုပင် အိမ်လုပ်ကာနေရသည့် ဦးညွန့်ရွှေ၏ ရေနံတူးသည့် ၀ါးဆိုင်းကို မကြာမီ ရွှေ့ပေးရတော့မည်။ ဤနေရာကို အထူးစီးပွားရေးဇုန်နှင့် ကူးသန်းသွားလာရေးလမ်းဆုံ လုပ်တော့မည်။ တရုတ်တို့၏ စွမ်းအင်နယ်နိမိတ် ချဲ့ထွင်ရေးအစီအစဉ်နှင့် ကုန်သွယ်ရေးလုံခြုံမှု တစ်စိတ်တစ်ပိုင်းအတွက် အရေးပါလှသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်။
ရမ်းဗြဲကျွန်းသည် အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ကို သွယ်တန်းထားသည့် မိုင် ၇၇၀ ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အနောက်ဘက်ဂိတ်ဆုံး ဖြစ်နေသည်။ ယင်းပိုက်လိုင်းက အမေရိကန်တို့ စောင့်ကြပ်နေသော မလက္ကာရေလက်ကြားကို ရှောင်ကွင်းဖောက်လုပ်သွယ်တန်းထားသည်။
လူဦးရေသန်းတစ်ထောင့်သုံးရာကျော်ဖြင့် စီးပွားရေးအတက်မြန်လာနေသည့် တရုတ်တို့က စွမ်းအင်ကို ငမ်းငမ်းတက်လိုနေသည်။ တရုတ်တို့က ကမ္ဘာ့အကြီးဆုံး စွမ်းအင်အသုံးပြုသူ၊ ထုတ်လုပ်သူအဖြစ် အမေရိကန်ကို မကြာမီကျော်တက်သွားလိမ့်မည်ဟု အမေရိကန်စွမ်းအင်ဆိုင်ရာဌာနက ဆိုသည်။
မကြာသေးမီက ပြီးစီးသွားခဲ့သည့် ရေနံပိုက်လိုင်းက ၆ မိုင်ခွဲမျှသာ ရှည်လျားသည့် ဤကျွန်းငယ်လေးကို စတင်ရိုက်ခတ်နေပြီ ဖြစ်သည်။ ကုန်သွယ်မှု၏ ဗဟိုချက်မတစ်ခုဆိုရလျှင် မြန်မာနိုင်ငံ၏ ချို့ငဲ့သော အနောက်ဘက်ကမ်းခြေက စင်ကာပူလိုဖြစ်လာရန် ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ ၆၆ ဒသမ ၆ ကုဗပေ (၁ ဒသမ ၈ ဘီလီယံကုဗမီတာ)ကို တရုတ်သို့ တင်ပို့ခဲ့သည်။ ယခု ရေနံပိုက်လိုင်းက ဤနှစ်အတွင်း စတင်ရန်ရှိပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့မှ ရေနံစည်ပေါင်း လေးသိန်းကျော် (၄၄၀,၀၀၀)ကို နေ့စဉ်သယ်ယူပို့ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။
‘‘အထူးစီးပွားရေးဇုန်’’၏ ပထမအဆင့်တွင် လာမည့် ၁၀ နှစ်အတွင်း မြေဧကပေါင်း ၂၄၇၁ ပေါ်တွင် ဇုန်တည်ဆောက်ရေးလုပ်ငန်းများ၊ ၁၂,၃၅၅ ဧကပေါ်တွင် လူနေအိမ်များနှင့် ရမ်းဗြဲကျွန်း၏ အရှေ့ဘက်ခြမ်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု ဆောက်လုပ်ရေးတို့ပါဝင်သည်။
နှစ်ပေါင်းရာချီနေပြီဖြစ်သည့် ဦးညွန့်ရွှေလို ဒေသခံရွာသားများ၏ ရေနံတူးလုပ်ငန်းများက မရေရာတော့ပါ။
ယနေ့ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နယူးယောက်အခြေစိုက် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ သိပ္ပံကဲ့သို့သော ပွင့်လင်းမြင်သာမှုအဖွဲ့များက စိုးရိမ်ကြောင့်ကြဖြစ်နေရသည့် ဖြစ်ရပ်များတွင် ဦးညွန့်ရွှေရင်ဆိုင်နေရသည့် အခြေအနေမျိုးလည်း ပါဝင်သည်။ နိုင်ငံ၏ အရင်းအမြစ်များကို တူးဆွမွှေနှောက်မှုများကြောင့် ဒေသခံများ အမြတ်ထုတ်ခံရ၊ ဖိနှိပ်ခံရကာ ဆက်လက်ပြီး ဆင်းရဲချွတ်ခြုံကျနေသည့် အခြေအနေများပင် ဖြစ်သည်။
မြန်မာအများအပြားအတွက် လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဖြစ်သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းတို့က စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးရန်အတွက် ဟန်ပြသက်သက် လူမြင်ကောင်းရန် လုပ်နေခြင်းများလား၊ သို့တည်းမဟုတ် အမှန်တကယ်ပင် ဖိနှိပ်သည့် အကျည်းတန်လှသည့် သမိုင်းကကွက်ကို အဆုံးသတ်ရန် ကြိုးပမ်းမှုလေလားဆိုသည်က မသေချာ မရှင်းလင်းလှပါ။ ဦးညွန့်ရွှေဘက်က အမြင်ကတော့ အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် သဲသဲမဲမဲဖြစ်နေပုံက အာဏာရှင်လက်သစ်ပုံစံတစ်ခု ဖြစ်သည်ဟူ၏။ ရမ်းဗြဲကျွန်းလေးပေါ်က ဖွံ့ဖြိုးမှုများက သူ့ကို အလုပ်လက်မဲ့အိုးမဲ့အိမ်မဲ့အဖြစ် တွန်းပို့မည်ကို စိုးရိမ်နေသည်။
‘‘ရခိုင်မှာ အရင်းအမြစ်တွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့က အဲဒါတွေလည်း လိုချင်တယ်’’
လက်ယက်တွင်းများမှသည် ကမ်းလွန်ရေနံတူးဖော်မှုများဆီသို့
ရေနံတောင်ဟု ဒေသခံများ ခေါ်ဆိုကြသည့်နေရာတွင် အမိုးချွန်ချွန်နှင့် ဆောက်ထားသည့် တဲလေးများ ဟိုတစ်ကွက်ဒီတစ်ကွက်ရှိနေပြီး ငြမ်းဆင်ထားသည့် ပိရမစ်များ တောင်ကြောတစ်လျှောက်ပြန့်နေသလို ထင်ရသည်။ ဦးညွန့်သန်းလို တွင်းပိုင်ရှင်များက ကြေးနီရောင်အရည် ရှစ်ဂါလန်ခန့်ကို မြေတွင်းမှ နေ့စဉ်နှင့်အမျှ တူးဖော်ရရှိကြသည်။ ဓာတ်ဆီလိုအနံ့ရသည့် ရမ်းဗြဲရေနံစိမ်းကို အနီးအနားက ကျောက်ဖြူမြို့တွင် ရွှေ့ပြောင်းတဲများဖြင့် သန့်စင်ခဲ့ဖူးသည်။ ယင်းနောက် မော်တော်ဆိုင်ကယ်နှင့် ကားများအတွက် ရောင်းချခဲ့သော်လည်း ဆီသန့်စင်ရေးလုပ်ငန်းက အန္တရာယ်များလှသည်။ ယခုအခါတွင်မူ ပို၍စိတ်ချရသော ရန်ကုန်မြို့မှ ဓာတ်ဆီများကို ပို့ဆောင်လာနေပြီ ဖြစ်သည်။
တစ်နေ့တူးသည့် ရေနံစိမ်းအတွက် ၁၄,၀၀၀ ကျပ် (၁၄ ဒေါ်လာခန့်)ရကြောင်း ဦးညွန့်သန်းက ပြောပြသည်။ ဈေးချိုသည့် ရေနံဆီအဖြစ် သုံးကြသည်။ ရသမျှကို ရွာက သူ့မိန်းမထံပို့ပေးသည်။ တစ်နာရီခန့် လမ်းလျှောက်ရသည့် ရွာဖြစ်သော်လည်း အိမ်ပြန်ရန်တော့ သူအချိန်သိပ်မပေးနိုင်။
ရေနံစိမ်းတူးသည့်နည်းကတော့ မြန်မာနိုင်ငံကိုလိုနီခေတ်ကတည်းက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပေးခဲ့သောနည်းပင် ဖြစ်သည်။ ၀ါး (သို့မဟုတ်) အပြာရောင် ပလတ်စတစ်ပိုက်ဖြင့် လုပ်ထားသည့် တော်ပီဒိုပုံစံထိပ်ဖူးကို တူးထားသော ကျင်းသို့ချသည်။ ရေနံစိမ်းပြည့်လာသည့် ထိပ်ဖူးကို အပေါ်ကို ကြိုးဖြင့် လက်နှင့်ဆွဲတင်သည် (သို့မဟုတ်) တွဲထုပ်တန်းတွင် တွဲထားသည့် မောင်းနှင့်ဆွဲတင်သည်။
သို့ရာတွင် ခေတ်မီရေနံရှာဖွေတူးဖော်ခြင်းက နေရာအတော်များများကို ၀င်ရောက်နေလေပြီ။ ပြီးခဲ့သည့် ဧပြီလပိုင်းက လေလံပစ်ခဲ့သည့် ကမ်းလွန်လုပ်ကွက် ၂၀ ကို ပံ့ပိုးပေးရန် ဤနေရာတွင် ပင်လယ်ဆိပ်ခံတစ်ခုဆောက်ရန် မြန်မာအစိုးရက စီစဉ်ထားသည်။ အနောက်နိုင်ငံ ရေနံကုမ္ပဏီများဖြစ်သည့် Shell, ENI, Total, Chevron တို့ပါဝင်သည့် အစုအစပ် ဖြစ်သည်။
ဒုတိယအကြီးဆုံး ကမ္ဘာ့ရေနံဖောက်သည်ကြီး တရုတ်မပါဝင်လာခြင်းက ထူးဆန်းနေသည်။ မြန်မာက သူ၏နိုင်ငံတကာမဟာမိတ်များအား စည်းတားထားပုံရကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ သို့သော် တရုတ်က မြင်ကွင်းမှ ပျောက်ကွယ်မသွားပါ။ ဘေဂျင်းက မြန်မာ၊ အထူးသဖြင့် ရမ်းဗြဲကျွန်းကို လုံခြုံမှုများ၊ မြန်ဆန်သော ကုန်သွယ်မှုများ၏ အဓိကသော့ချက်အဖြစ် မြင်ထားသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်တွင် ရထားလမ်းများ၊ ကားလမ်းများ ဖောက်လုပ်ရန် အစီအစဉ်ရှိနေသည်။ သယ်ယူပို့ဆောင်ချိန်ကလည်း တိုတောင်းပြီး ပင်လယ်ဓားပြများဖြင့် ပြည့်နှက်နေသည့် ရေပြင်ကို ရှောင်ရှားနိုင်သည့် စီးပွားရေးပင်မလမ်းကြောင်းကြီး တည်ထောင်ရန်နှင့် ပို၍အရေးကြီးသည်က မလက္ကာရေလက်ကြားအသုံးပြုရာတွင် အမေရိကန်နှင့် ရှေ့လျှောက်ရင်ဆိုင်စရာမလိုသည့် အာမခံချက် ဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ် ဤရေနံပိုက်လိုင်းအစီအစဉ်ကို တင်ပြခဲ့စဉ်က တရုတ်စီးပွားရေးပညာရှင်များက စိုးရိမ်တကြီးဖြစ်ခဲ့ကြသည်။
‘‘တရုတ်ရဲ့ အဓိကရေနံတင်ပို့မှုက အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့က ဖြစ်တယ်။ လက်ရှိ မလက္ကာရေလက်ကြားအခြေအနေကိုကြည့်ရင် တခြားသင့်တော်တဲ့နည်းတစ်ခုခုကို ရွေးရတော့မယ်။ အမေရိကန်ထိန်းချုပ်မှုအောက် ရောက်ဖို့ဆိုတာက တရုတ်အတွက် အင်မတန် အန္တရာယ်များလွန်းတယ်’’ဟု အစီအစဉ်ကို ပူးတွဲရေးသားတင်ပြခဲ့သူ လီချန်ရန်းက ၂၀၀၄ ခုနှစ်တွင် စထရိတ်တိုင်မ်းသတင်းစာကို ပြောဆိုခဲ့သည်။
ပြုပြင်ပြောင်းလဲမှု အစစ်အမှန်လား ဟန်ပြလား
ကျောက်ဖြူမှ မိနစ် ၄၀ မော်တော်ခရီးက သင့်ကို ရမ်းဗြဲကျွန်း၏ အေးဆေးငြိမ်သက်နေသည့် ဖြူညစ်ညစ် စစ်သင်္ဘောဆိပ်ခံအစုအပုံကို ကျော်ဖြတ်ပြီး ရေနံပိုက်လိုင်း၏ အနောက်ဘက်ဂိတ်ဆုံးဖြစ်သည့် ဆိပ်ကမ်းကို ခေါ်ဆောင်သွားလိမ့်မည်။
မကြာမီ ရေနံကိုစုပ်ယူတော့မည့် မြင့်မားစီးမိုးနေသော လိမ္မော်ရောင် ပိုက်လိုင်းများတစ်လျှောက် ဖြတ်မောင်းသွားစဉ် ရွှေဂက်စ်လှုပ်ရှားမှုစည်းရုံးသူတစ်ဦးဖြစ်သူ ကိုစိုးရွှေက မြန်မာနိုင်ငံအရေး သူ့အမြင်များကို ပြောပြနေသည်။
‘‘အရင်စစ်အစိုးရနဲ့ အခုအစိုးရသစ်က အတူတူပါပဲ။ အင်္ကျီပဲလဲလိုက်တာပါ’’ဟု ၂၀၁၀ ရွေးကောက်ပွဲနှင့် တက်လာသည့် အရပ်သားတစ်ပိုင်းအစိုးရကို ရည်ညွှန်းပြောဆိုလိုက်သည်။ အနောက်နိုင်ငံသံတမန်များက ယင်းရွေးကောက်ပွဲကို အလိမ်အညာအဖြစ် လက်ခံထားကြသည်။
အ၀တ်လဲလိုက်သော်လည်း လူထုအကျိုးကို မငဲ့ကွက်သည့် ဤလူများကပင် တိုင်းပြည်၏ အရင်းအမြစ်များကို ဆက်လက်၍ လုယက်ရယူနေမည်ကို သူကစိုးရိမ်နေသည်။
အစိုးရသစ်တွင် ယခင်စစ်အစိုးရနှင့် အဆက်အသွယ်ကောင်းလှသည့် ပင်စင်စား စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ပြည့်နှက်နေသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်တွင် မြန်မာသည် ကမ္ဘာ့သို့ ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ခဲ့ပြီး အာရှတစ်ခွင်လုံးတွင် အကောင်းဆုံးပညာရေးတက္ကသိုလ်များရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံအပါအ၀င် ဖြစ်ခဲ့သည်။
ရာစုနှစ်ထက်ဝက်ခန့် အာဏာရှင်အုပ်ချုပ်မှုနှင့် ညံ့ဖျင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုတို့က နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာဖြစ်စေခဲ့ပြီး ဆင်းရဲတွင်းနက်စေခဲ့သည်။
မြေပေါ်မြေအောက်သယံဇာတများဖြစ်သည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်၊ ရှားပါးသတ္တု၊ ကျောက်မျက်ရတနာများ တူးဖော်ရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံသူများ တန်းစီနေချိန်၊ ဈေးပေါသော လုပ်အားခများကို အသုံးချနိုင်မည့် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်များအတွက် အမေရိကန်နှင့် ဥရောပတို့ထံမှ အားပေးသံသဲ့သဲ့မျှသာ ထွက်ပေါ်ခဲ့သည်။
သဘာဝသယံဇာတအရင်းအမြစ်များ ထိန်းချုပ်ကွပ်ကဲရေးသိပ္ပံမှ ဘီလီကိုက်က မြန်မာသည် အတိတ်ကလိုပင် ပွင့်လင်းမြင်သာမှုမရှိသည့် စီးပွားရေးစနစ်မျိုးကို ဆက်လက်အကောင်အထည်ဖော်သွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း ပြောဆိုလိုက်သည်။ ယင်းစနစ်တွင် လူတစ်စုကသာ အကျိုးများပြီး အောက်ခြေလူထုကို အကျိုးအမြတ်များ သက်ရောက်မှုမရှိပါ။ စီးပွားရေးကို အလျင်အမြန်ဖွင့်လှစ်ပြီး နိုင်ငံတကာကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ ဖက်စပ်လုပ်ရန် အားပေးမှုများသည် အတွင်းသိများကိုသာ အခွင့်အလမ်းကောင်းများရစေခဲ့သည်ဟု သူကထောက်ပြခဲ့သည်။
‘‘ရေနံနဲ့ သဘာဝဓာတ်ငွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ပုန်းလျှိုးကွယ်လျှိုးပိုင်ဆိုင်ကြတဲ့သူတွေက အရင်ခရိုနီတွေပါပဲ။ သူတို့က အမြတ်ခွန်တွေရှောင်တာတွေ၊ လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှုတွေအတွက် အပြစ်ပေးမခံရအောင် ရှောင်တာတွေမှာ ကျွမ်းကျင်ကြတယ်။ ပြီးတော့ ဒေသခံလူထုအဖွဲ့အစည်းတွေရဲ့ဘ၀ကို လုံးဝလျစ်လျူရှုထားတဲ့သူတွေပါ’’
မျှော်လင့်ချက်၏ လက္ခဏာများ
ရမ်းဗြဲကျွန်းတွင် တရုတ်တို့ ကျောထောက်နောက်ခံပေးထားသည့် ဖွံ့ဖြိုးမှုလုပ်ငန်းများက မြန်မာအစိုးရ၏ တကယ့်ရည်ရွယ်ချက်များ၏ မှတ်ကျောက်ဖြစ်နေသည်။ ကောင်းသောလက္ခဏာများ ရှိနေသည်ကတော့ အသေအချာပင် ဖြစ်သည်။
ဒေသခံလူထုကို အကြောင်းကြားအသိပေးရန်နှင့် သူတို့၏ စိုးရိမ်ပူပန်မှုများကို လက်ခံဖြေကြားပေးရန်အတွက် အစိုးရက ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး စင်ကာပူအကျိုးဆောင်အဖွဲ့တစ်ခုဖြစ်သည့် စီပီဂျီကိုလည်း ငှားရမ်းကာ စီမံကိန်းချမှတ်၍ ရင်းနှီးမြှုပ်နှံမည့်သူများကို ရွေးချယ်မည် ဖြစ်သည်။ ယင်းစီမံချက်တွင် သဘာ၀၀န်းကျင်အပေါ် ရိုက်ခတ်မှုကို လေ့လာသုံးသပ်ချက်လည်း ပါဝင်သည်။
ဖွံ့ဖြိုးမှု၏ ပထမအဆင့်တွင် ထုတ်လုပ်မှု၊ အထူးသဖြင့် ဆောက်လုပ်ရေးပစ္စည်းများ၊ အ၀တ်အထည်ထုတ်လုပ်မှုနှင့် ရေလုပ်ငန်းကို အဓိကဦးစားပေးမည်ဖြစ်ကြောင်း စီပီဂျီအကျိုးဆောင်အဖွဲ့က အီးမေးလ်တွင် ရေးသားခဲ့သည်။ ‘‘ဒေသခံလူထုက ဒီစီမံချက်ရဲ့ အဓိကလုပ်အားတွေဖြစ်တဲ့အတွက် သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်’’
ဇူလိုင်လတွင် နော်ဝေးနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ EITI က မြန်မာကို တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုဆိုင်ရာအဖွဲ့ဝင်အဖြစ် လက်ခံလိုက်သည်။
EITI အောက်တွင် နိုင်ငံတစ်ခုသည် ၎င်း၏ သဘာဝအရင်းအမြစ်များကို မည်သို့မည်ပုံစီမံခန့်ခွဲကြောင်း လုပ်ငန်းစဉ်တိုးတက်မှုများကို ပြသထားသည့် အစီရင်ခံစာတစ်ခုကို ၁၈ လအတွင်း ပြင်ဆင်ပြီး တင်သွင်းရသည်။ ယင်းအချက်က မြန်မာနိုင်ငံ၏ လျှို့ဝှက်လုပ်ကိုင်နေကြသည့် တူးဖော်ရေးလုပ်ငန်းများ၏ ခြုံလွှာကို ဖယ်ရှားပစ်နိုင်ရေးအတွက် သိသာသည့် ခြေလှမ်းရပ်တစ်ခုပင် ဖြစ်သည်။
ကမ္ဘာ့ဘဏ်အတွက် EITI ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမ်မာအာဗင်က ‘‘မြန်မာနိုင်ငံအတွက် ပွင့်လင်းမြင်သာမှုနဲ့ ပြဿနာတွေနဲ့ ပတ်သက်တဲ့ လူထုဆွေးနွေးမှုတွေ ဖြစ်လာစေဖို့အတွက် တကယ့်အခွင့်အခါကောင်းကြီး တစ်ရပ်ပါပဲ။ ဒီထဲမှာ အခွန်ဘဏ္ဍာဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လိုင်စင်ချပေးတဲ့ လုပ်ငန်းစဉ်တွေ၊ ပိုင်ဆိုင်မှုကို ဆက်ခံတဲ့ကိစ္စတွေနဲ့ စာချုပ်စာတမ်းတွေကို ထုတ်ဖော်ပြသတာတွေလည်း ပါဝင်ပါတယ်’’
EITI ၏ ညွှန်ကြားချက်များနှင့်အညီ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ငွေလက်ခံမှတ်တမ်းများကို အများပြည်သူသိအောင် ကြေညာပေးမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ကတိပြုခဲ့သည်။ ‘‘အရေးကြီးဆုံးကတော့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး လုံးဝဥဿုံပွင့်လင်းမြင်သာမှုရှိပြီး လူတိုင်းက ဒီတူးဖော်ရေးလုပ်ငန်းတွေက အခွန်ငွေတွေ ဘယ်ကိုသွားတယ်ဆိုတာကို သိနိုင်ဖို့ လုပ်ရပါမယ်’’ဟု ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
မကောင်းသည့် မျိုးစေ့များ
ယင်းသို့သော အာမခံမှုများကတော့ ထိုမျှပင်ဖြစ်သည်။ ဦးညွန့်ရွှေလို ရွာသားများ၏ စိုးရိမ်ကြောင့်ကြမှုများက ခါးသီးလှသော အတွေ့အကြုံများတွင် အရင်းခံနေလေသည်။ အတိတ်ကဆိုလျှင် မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှုသည် သာမန်အရပ်သားများအတွက် ကြွယ်ဝမှုမဟုတ်ခဲ့ပါ။ တရုတ်တို့ ကျောထောက်နောက်ခံပေးထားသည့် စီမံချက်ကြီးများကြောင့် ဒေသခံများ မြေယာပျောက်ဆုံးခဲ့ရသည်ဟူသော စွပ်စွဲမှုများရှိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းတိုးချဲ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်သူများကို အင်အားသုံးဖြိုခွဲခဲ့သည့် ဖြစ်ရပ်က အကြမ်းဖက်သည့် အခြေအနေသို့ ရောက်ခဲ့သည်။ ရဲများက အဖြူရောင်ဖော့စဖရပ်သုံးပြီး လူအုပ်ခွဲခဲ့သဖြင့် ဗုဒ္ဓဘာသာဘုန်းကြီးများအပါအ၀င် လူဒါဇင်ပေါင်းများစွာ မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံရောက်လာခဲ့သည်။
တရုတ်တို့ တည်ဆောက်မည့် ၃ ဒသမ ၆ ဘီလီယံဒေါ်လာတန် မြစ်ဆုံရေကာတာစီမံချက်ကို ဆန့်ကျင်ကန့်ကွက်သူများက ယခုနှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့မှ နိုင်ငံတစ်ဝန်းဖြတ်ကျော်ပြီး မိုင် ၈၀၀ ဝေးသည့် မြစ်ဆုံဆည်တည်ဆောက်မည့် နေရာဆီသို့ ချီတက်သွားခဲ့ကြသည်။ ယင်းရေကာတာစီမံချက်ကို ၂၀၁၁ ခုနှစ်တွင် ခေတ္တရပ်ဆိုင်းထားခဲ့သည်။ ယင်းမတိုင်မီ တစ်နှစ်က စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား တိုက်ပွဲကြောင့် ဆည်စီမံကိန်းအနီးတွင် တရုတ်အလုပ်သမားတစ်ဦးနှင့် အခြားလူတချို့ သေဆုံးခဲ့ရသည်။
၂၀၁၅ အလွန်တွင် တရုတ်တို့က မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်စတင်မည်ကို ဆန္ဒပြသူများက စိုးရိမ်နေကြသည်။ ယင်းမှထွက်သည့် လျှပ်စစ်၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို ပို့ဆောင်ရန် စီစဉ်ထားသည်။
ရမ်းဗြဲကျွန်းတွင် အကြမ်းဖက်မှုများတော့ မစတင်သေးပါ။ သို့သော် မနှစ်မြို့မှုများကို စတင်တွေ့နေရပြီဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် မောင်ဝင်းနိုင်၏ မြေ ၂ ဧကကို ရေနံပိုက်လိုင်းတူးဖော်ရေးအတွက် အာဏာပိုင်များက သိမ်းယူခဲ့သည်။
အစိုးရက လယ်သမားများကို နစ်နာကြေးအဖြစ် ဒေါ်လာ ၄၅၀၀ ပေးခဲ့သော်လည်း ယင်းငွေက အလျင်အမြန်ပင် ကုန်သွားခဲ့သည်။ ယခုအခါ သူ့အတွက် ၀င်ငွေရလမ်းမရှိတော့ပါ။ ‘‘ကျွန်တော်အိမ်တစ်လုံးဆောက်တယ်ဗျ။ အဲဒါပြီး နောက်တစ်နှစ်ကျတော့ ငွေက အားလုံးကုန်သွားတာပဲ’’ဟု သူက နှမြောတသစွာပြောသည်။
တရုတ်အမျိုးသားရေနံကုမ္ပဏီနှင့် ဒေသခံအာဏာပိုင်များအား ရေနံပိုက်လိုင်းအတွက် မြေယာသိမ်းမှုများ တိုင်တည်ရန် ကြိုးစားကြသော ရွာသားများကို အစပိုင်းတွင် ဖမ်းဆီးခြင်းများဖြင့် ရဲများက တုံ့ပြန်ခဲ့ကြပြီးနောက်ပိုင်းတွင်မှ နစ်နာကြေးပေးရန် ကမ်းလှမ်းလာခြင်း ဖြစ်သည်။
ရမ်းဗြဲကျွန်းပေါ်က တံငါများကလည်း ရေနံပိုက်လိုင်းစတင်သည့် ၂၀၁၀ ပြည့်နှစ်ကစပြီး ငါးဖမ်းရမှု သုံးပုံနှစ်ပုံလျော့နည်းသွားသည်ဟု ဆိုသည်။
ဒီရေရောက်တောစပ်ရှိ ယိုင်နဲ့နဲ့စင်ဖြင့် ငါးဒိုင်ဖွင့်ထားသည့် ဦးတင်ကြည်က ရေနံပိုက်လိုင်းအနီးတွင် ဖမ်းဆီးရမိသည့် ငါးများကိုဝယ်ပြီး ကျောက်ဖြူတွင် သွားရောက်ရောင်းချသည်။ ရေနံပိုက်လိုင်းနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ မေးမြန်းပြောဆိုခြင်းမရှိခဲ့ဟု သူကပြောပြသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် ငါးဖမ်းပိုက်များချထားရာ ကမ်းရိုးတန်းတစ်လျှောက် ကျောက်တောင်ကြီးများကို ဖြိုချခဲ့သဖြင့် မည်သို့မျှ ငါးဖမ်း၍ မဖြစ်နိုင်တော့ဟု သူကဆိုသည်။
ပို၍ဆိုးသည်က သင်္ဘောလမ်းကြောင်းအတွက်ဟုဆိုကာ ရေနက်ပိုင်းတွင်လည်း ငါးဖမ်းခွင့်ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။ ရေနံတင်သင်္ဘောကြီးများ၏ လမ်းကြောင်းကို ငါးဖမ်းလှေများက အနှောင့်အယှက်ဖြစ်စေသည်ဟူ၏။
ယခင်က သူ၏လုပ်ငန်းမှ တစ်နှစ်လျှင် အသားတင်အမြတ်ငွေ ကျပ် ၁၀ သန်း (ဒေါ်လာ ၁၀,၅၀၀)ရရှိကြောင်း ဦးတင်ကြည်ကဆိုသည်။ ယင်းအမြတ်ငွေများက နိဋ္ဌိတံသွားခဲ့သည်။ ထို့ကြောင့် အခြားရွာသားများနှင့်အတူ ရေနံပိုက်လိုင်းဆန့်ကျင်ဆန္ဒပြရာတွင် သူဝင်ပါခဲ့သည်။ ရဲကဖမ်းပြီး သူ့ကို ထောင်နှစ်လချခဲ့သည်။ ‘‘အခုတော့ ကျွန်တော်ဝင်ငွေလည်း မရှိတော့ဘူး။ မိသားစုအတွက် ကုန်တာပဲရှိတော့တယ်။ ကျွန်တော်တို့ကို ဖမ်းမယ့်အစား အစိုးရက ဒီပြဿနာကို ဖြေရှင်းပေးသင့်တယ်’’
နိုင်ငံတော်အဆင့်တွင်တော့ အကျင့်ဟောင်းများပြင်ရန် ခက်နေသည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း အစိုးရက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက် ၂၀ နှင့် ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်ကို လေလံပစ်ခဲ့သည်။ ပွင့်လင်းမြင်သာမှုအကြောင်း ပြောဆိုနေသော်လည်း ယင်းရေနံလုပ်ကွက်များကို လေလံရသွားသည့် ကုမ္ပဏီ၏ အကျိုးခံစားခွင့်ရသူအများစုကို မသိရဘဲ သံသယဖြစ်ဖွယ်တွေ့ရကြောင်း တူးဖော်ရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်နေသည့် Global Witness အဖွဲ့ကြီးက ပြောဆိုလိုက်သည်။
‘‘အမည်မဖော်တဲ့ကုမ္ပဏီတွေက လာဘ်စားတဲ့ နိုင်ငံရေးသမားတွေ၊ ရာဇ၀တ်သမားတွေနဲ့ အခွန်ရှောင်တဲ့သူတွေအတွက် နိုင်ငံတကာထွက်ပေါက်ပေးနေတဲ့ နည်းလမ်းကြီးလိုပါပဲ’’ဟု Global Witness အဖွဲ့ကြီးမှ ဂျူမန်းကပ်ဘာက ပြောဆိုသည်။
‘‘အာဏာရှိတဲ့ တစ်သီးပုဂ္ဂလတွေကို သူတို့ ဘယ်သူတွေဖြစ်တယ်၊ ဘာတွေလုပ်နေတယ်ဆိုတာတွေကို ဖုံးကွယ်ခွင့်ပေးထားတဲ့အတွက် အဲဒီလူတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ဈေးမတန်တဆနှိမ်ပြီး ကိုယ့်ဘာသာ ပြန်ဝယ်ခွင့်ရတဲ့အခြေအနေကို ဖန်တီးပေးနိုင်ပါတယ်’’
ထို့အပြင် ကုမ္ပဏီကို လျှို့ဝှက်ထားခြင်းက ယခင်စစ်အစိုးရအဖွဲ့ဝင်များကို ငွေလွှဲပေးရာတွင် အကူအညီဖြစ်စေသဖြင့် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်နှောင့်ယှက်ပေးရန် အထောက်အကူပေးနေခြင်းလည်း ဖြစ်သည်။
ရေနံ၏ သီချင်းသံ
ရမ်းဗြဲကျွန်း၏ အနောက်ဘက်ကမ်းခြေရှိ လိပ်အေးရွာ၏ ပင်လယ်ဘက်က စပါးခင်းများတွင် မောင်အေး၏ မိသားစုမျိုးဆက်သုံးဆက်က ရေနံ၏သီချင်းသံကို နာယူရင်း ကြီးပြင်းခဲ့ကြသည်။
ယင်းသီချင်းသံဆိုသည်မှာ တွင်းထဲသို့ ပုံးပြုတ်ကျသည့်အသံ ဖြစ်သည်။ ‘‘ရေနံကို ပုံးကထိလိုက်တဲ့အခါ အသံပျော့ပျော့လေးကို ကျွန်တော်ကြားရတယ်။ ရေကိုထိရင်တော့ အသံကမာတယ်။ ပိုကျယ်တယ်’’ဟု သူက ရှင်းပြသည်။ ကမ်းခြေကို  ခပ်ပြေပြေ နှိမ့်ဆင်းသွားသည့် သူ၏မြေကွက်ပေါ်တွင် လူနေအိမ်ဆောက်မည်ဟု အထူးစီးပွားရေးဇုန်ကော်မတီ၏မြေပုံက ဖော်ပြထားသည်။ ဟိုတယ်လည်း ဖြစ်ကောင်းဖြစ်မည်။ အရင်းအမြစ်ကို အသည်းအသန်လိုအပ်နေသော တရုတ်တို့က ၁၉၉၀ နှောင်းပိုင်းမှစ၍ ၂၀၁၂ ခုနှစ်အထိ အနောက်က စီးပွားရေးပိတ်ဆို့ထားချိန်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအားလုံးကို နေရာယူထားပြီး ဖြစ်သည်။ ယင်းအချိန်က မြန်မာနိုင်ငံကို တရုတ်လက်ဝေခံနိုင်ငံငယ် ဖြစ်လာမည်ကို စိုးရိမ်ခဲ့ကြသည့် မြန်မာအရာရှိများက ဥရောပနှင့် အမေရိကန်တို့ကို ဆွဲဆောင်ပြီး နိုင်ငံခြားမှ လွှမ်းမိုးမှုချိန်ခွင်လျှာမျှတရေး စတင်ကြိုးပမ်းခဲ့ကြသည်။
‘‘ရေနံချမ်းသာတဲ့နိုင်ငံတွေက သာမန်အားဖြင့်ဆိုရင် လိုင်စင်ချတဲ့အခါ ကွဲပြားတဲ့ ရေနံကုမ္ပဏီအမျိုးမျိုးရအောင် ကြိုးစားကြတယ်။ ဒါမှလည်း နိုင်ငံရေးအရ အကျိုးအများဆုံးဖြစ်အောင် လုပ်နိုင်မှာဖြစ်သလို သူတို့နိုင်ငံရဲ့ ဒေသန္တရနိုင်ငံရေးသြဇာဖြန့်ကြက်နိုင်ဖို့လည်း ဖြစ်တယ်’’ဟု ဗြိတိန်အခြေစိုက်နိုင်ငံတကာတူးဖော်ရေးလုပ်ငန်း အကျိုးဆောင်တစ်ဦးဖြစ်သူ ဂျီးလ်ရန်ကယ်မန်က ပြောဆိုသည်။
‘‘ဒီတော့ မြန်မာက တရုတ်တစ်ဦးတည်းမဟုတ်ဘဲ ဥရောပ၊ မြောက်အမေရိကနဲ့ အာဆီယံရင်းနှီးမြှုပ်နှံသူတွေကို ခွဲပေးဖို့လုပ်တာက ဘာမှအံ့သြစရာမရှိပါဘူး’’။ သို့သော် မြန်မာနိုင်ငံက ပွင့်လင်းမြင်သာမှုရှိသည့် စီမံခန့်ခွဲမှုကို ကျင့်သုံးမှုမရှိမချင်း၊ ကြွယ်ဝမှုများကို သူ့ပြည်သူများကို ပြန်လည်ပေးအပ်မှုမရှိမချင်း မည်သည့်နိုင်ငံခြားအာဏာပိုင်က အခွင့်အရေးရသည်ဆိုသည့်အချက်က ရမ်းဗြဲကျွန်းမှ လူထုအတွက် သိပ်တော့ခြားနားမှုမရှိပါ။
‘‘ကျွန်တော်က ဒီမြေကိုချစ်တယ်’’ ရေနံစိမ်းကို ပုံးထဲဂရုတစိုက်လောင်းထည့်ရင်း မောင်အေးက ပြောလိုက်သည်။ ‘‘ဒီမှာနေတဲ့လူတွေအတွက်တော့ နေပြည်တော်မှာရှိတဲ့အစိုးရက ဂရုမစိုက်ပါဘူးဗျာ’’
(National Geographic မဂ္ဂဇင်းပါ ဆောင်းပါးရှင် ဟီးယားဝါဒ်ဟောလန်၏ In Myanmar, China's Scramble for Energy Threatens Livelihoods of Villagers ဆောင်းပါးကို ခင်မေဇော် ဘာသာပြန်ဆိုသည်။)
(သတင်းအရင်းအမြစ်- 7 Days News)

ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားများ ကျင်းပ

ရခိုင် တိုင်းရင်းသား, လွတ်လပ်ရေး ကြိုးပမ်းမှု , ဦးဥတ္တမ , စစ်တွေ , ရန်ကုန်မြို့
ရန်ကုန်မြို့ MCC ခန်းမ၌ ယနေ့ ကျင်းပသော ဆရာတော် ဦးဥတ္တမ ပျံလွန်တော် မူသည့် ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနား (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု၌ ဦးဆောင် ပါဝင်ခဲ့သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားကို ရခိုင်ပြည်နယ်၊ ရန်ကုန်မြို့နှင့် ပြည်ပ နိုင်ငံတချို့တွင် ကျင်းပကြကြောင်း သိရသည်။
စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ၌ ယနေ့ နံနက် ၅ နာရီတွင် ပြည်နယ် အစိုးရ အဖွဲ့မှ ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး စစ်တွေမြို့ ပန်းချီ ပညာရှင်များ အသင်းမှ ကြီးမှူး၍ ဦးဥတ္တမ ပုံတူ ပန်းချီပြိုင်ပွဲ၌ ဆုရသူများအား ချီမြှင့်ခြင်း၊ ကဗျာရွတ်ခြင်းတို့ကို ကျင်းပခဲ့ကြောင်း စစ်တွေ ရပ်မိရဖ တဦး ဖြစ်သူ ဦးသန်းထွန်း က ဧရာဝတီ ကို ပြောသည်။
ထို့အတူ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဆရာတော်၏ ရုပ်တုအား လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ မြို့ခံများ၊ ကျောင်းသား လူငယ်များ စသည့် ဒေသခံများက သွားရောက် ဂါရ၀ပြုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ MCC ခန်းမတွင်လည်း ဆရာတော် ကွယ်လွန်ခြင်း ၇၅ နှစ်မြောက် စိန်ရတု အခမ်းအနားကို ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ ရခိုင်လူမျိုးများ၊ ဆရာတော်အား ကြည်ညိုလေးစားသူများ စသည်ဖြင့် လူထောင်ချီ၍ တက်ရောက်ကြောင်း အခမ်း အနား ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦး က ပြောသည်။
ရန်ကုန်မြို့၌ အခမ်းအနား ကျင်းပရခြင်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထိပ်တန်းမှ ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ မှေးမှိန်နေသည့် သမိုင်းအား ဖော်ထုတ်ရေး၊ ဆရာတော်၏ မျိုးချစ် စိတ်ဓာတ်၊ စွမ်းရည်သတ္တိနှင့်ဂုဏ် အရည်အချင်းတို့အား မျိုးဆက်သစ်များ သိရှိ အတုယူစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဆရာတော်သည် အမျိုးသား ခေါင်းဆောင်ဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် ထိုက်တန်စွာ ဂုဏ်ပြုပေးရန် လိုအပ် ကြောင်း အစိုးရကို တိုက်တွန်းသွားမည်ဟုလည်း အထက်ပါ အခမ်းအနားဖြစ်မြောက်ရေး အဖွဲ့ဝင်က ပြောသည်။
အလားတူ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ကျောက်တော်၊ ရမ်းဗြဲ၊ သံတွဲ၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့များတွင်လည်း စည်ကားစွာ ကျင်းပကြကြောင်း ဒေသခံများ က ပြောသည်။
ကျောက်ဖြူမြို့ ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ မြို့ခံများ၊ ကျောင်းသား လူငယ်များတက်ရောက်ခဲ့ပြီး လွမ်းသု ပန်းခွေချခြင်း၊ ကဗျာရွတ်ခြင်း၊ ဆရာတော်၏ ကိုယ်ရေး အကျဉ်း ဖတ်ကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပကြကြောင်း ကျောက်ဖြူမြို့ခံ ဦးဖိုးစံ က ပြောပြသည်။
ထို့အပြင် ဆရာတော် ကွယ်လွန်ခြင်း ၇၅ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် နိုင်ငံ များတွင်လည်း ကျင်းပကြသည်ဟု ဆိုသည်။
ရခိုင် တိုင်းရင်းသား ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်တွေမြို့၌ မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။
ထိုခေတ် ပါလီမန်က စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- ဧရာဝတီသတင်းဌာန)

ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသားများတောင်းဆို

Photo by Rakhine Citizen Journalists
Photo by Rakhine Citizen Journalists
ဆရာတော်ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက တောင်းဆိုလိုက်သည်။
စက်တင်ဘာ ၉ ရက်က စစ်တွေမြို့ရှိ ဆရာတော်ဦးဥတ္တမပန်းခြံတွင်ပြုလုပ်သည့် ၇၅ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်စိန်ရတုအခမ်းအနားတွင် ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရေးအချက်အပါအဝင် ဆရာတော်နှင့်ပတ် သက်သည့် အခြားအချက်တစ်ချို့ကို စစ်တွေလူထုနှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက တောင်ဆိုခဲ့ကြရာ ယင်းအထဲတွင်
ဆရာတော်ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ပေးရန်၊ ရန်ကုန်မြို့ရှိ ကန်တော်မင်ပန်းခြံအား ဆရာတော်ဦးဥတ္တမပန်းခြံအဖြစ်ပြန်လည်သတ်မှတ်ပေးရန်နှင့် ဆရာတော် ဦးဥတ္တမ အတ္ထုပ္ပတ္တိကို ပညာရေးကျောင်းသုံးစာအုပ်များတွင် ပြန်လည်သင်ကြားခွင့်ပြုပေးရန်စသည့်အချက်များ ပါဝင်သည်။
“ဆရာတော်ဦးဥတ္တမဟာ ရခိုင်ပြည်သူတွေအတွက်တောင်မက မြန်မာတစ်နိုင်ငံလုံးအတွက် လွတ်လပ် ရေးမီးရှူးတန်ဆောင်ဖြစ်တဲ့အတွက် ဆရာတော်ဦးဥတ္တမနေ့ကို ဘယ်အချိန်ဘယ်နေရာမှာမဆို ကျွန်တော်တို့ အသက်ခန္ဓာရှိသရွေ့ ဆရာတော်ဦးဥတ္တမနေ့ကိုမမေ့ကြဖို့ ပြောချင်တယ်”ဟု စစ်တွေမြို့၊ ကွန်ပျူတာတက္က သိုလ်မှ ဒုတိယနှစ်ကျောင်းသား ကိုသန်းထွန်းစိုးက ပြောသည်။
မြန်မာနိုင်ငံ၏လွတ်လပ်ရေးကိုမျိုးစေ့ချပေးခဲ့သည့် ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့်နေ့ကို လက် ရှိတွင် အစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ရခိုင်ပြည်နယ်ရှိ ရခိုင် တိုင်းရင်းသားဌာန ဆိုင်ရာဝန်ထမ်းအများစု စက်တင်ဘာလ ၉ ရက်နေ့တွင် ရုံးတက်ရောက်ခြင်းမပြုခဲ့ကြပေ။
“ရုံးပိတ်ရက်မဟုတ်ပေမယ့် ဒီနေ့တော့ သွားမတက်ဘူး။ ခွင့်လည်းမတိုင်ဘဲ ဒီအခမ်းအနားကို လာ တက်တာ”ဟု စစ်တွေမြို့ရှိ အထက(၇)မှ အထက်တန်းပြကျောင်းဆရာမတစ်ဦးက ပြောသည်။
၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်မွေးဖွားခဲ့သည့် ရခိုင်တိုင်းရင်း သားတစ်ဦးဖြစ်သူဆရာတော်ဦးဥတ္တမသည် ၁၉၁၁ ခုနှစ်မှစတင်ကာ မြန်မာ့နိုင်ငံရေးလောကသို့ဝင်ရောက် လာခဲ့ပြီးနောက် ၁၉၂၇ ခုနှစ်တွင် ဗြိတိသျှဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်အား “ကရက်ဒေါက် – မင်း မြန်မာပြည်က ထွက်သွား”ဟူသော ရာဇသံကို သူရိယသတင်းစာမှတဆင့်ထည့်သွင်းနှင်ထုတ်ခဲ့သည်။
နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ဖိနှိပ်အုပ်ချုပ်ခံဘဝဖြင့် မြန်မာပြည်သူတို့ နယ်ချဲ့အစိုးရကို မော်မကြည့်ဝံ့ သည့်ထိုအချိန်တွင် ဆရာတော်၏ အဆိုပါစကားတစ်ခွန်းကြောင့်ပင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ နိုင်ငံ ရေးအသိအမြင်များနိုးထခဲ့ရပြီး တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့အင်္ဂလိပ်ကို တိုက်ထုတ် ကာ မြန်မာနိုင်ငံ၏လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် ဆရာတော်ဦးဥတ္တမကို မြန်မာအစိုးရက အသိအမှတ်မပြုဘဲ လျစ်လျူရှုထားခဲ့ပြီး ရန်ကုန်မြို့ရှိ ဆရာတော်ဦးဥတ္တမပန်းခြံကိုပင် ကန်တော်မင်ပန်းခြံ ဟူ၍ ပြောင်းလဲသတ်မှတ်ကာ ပန်းခြံတွင်းရှိ ဆရာတော့်ရုပ်တုကိုလည်း ဖျောက်ဖျက်ပစ်ခဲ့ကြသည်။
ယင်းအချိန်က ရခိုင်ပြည်အပါအဝင် အနယ်နယ်အရပ်ရပ်ရှိ ဆရာတော်၏ရုပ်တုများအား ရှိခိုးသူ၊ လာ ရောက်ပန်းတင်သူနှင့် ဆီးမီးထွန်းပူဇော်သူများကို ဥပဒေပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချအပြစ်ပေးခဲ့ ရာ ကျေးဇူးရှင်ကိုကျေးဇူးဆပ်ခွင့်မရခဲ့ကြသည့်အတွက် ရခိုင်တိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူများ ယူကြုံးမရဖြစ်ခဲ့ကြသည်။
သို့သော် ယခု စစ်အာဏာရှင်အစိုးရလက်ထက်မှ ဒီမိုကရေစီအစိုးရအဖြစ်ဖော်ဆောင်နေချိန်ကာလ တွင် ဆရာတော်ဦးဥတ္တမ၏ မြန်မာနိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံမှုများစသည့် ဆရာတော်၏ကျေးဇူးတ ရားများကို အစိုးရက အသိအမှတ်ပြုလာသည့်အတွက် ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်အခမ်းအနား များကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်တစ်ဝန်းတွင် ပွင့်လင်းမြင်သာစွာကျင်းပပြုလုပ်ခွင့်ပေးလာနေပြီဖြစ်သည်။
စစ်တွေတွင် ပြုလုပ်သည့်ဆရာတော်ဦးဥတ္တမနေ့အောက်မေ့ဖွယ်အခမ်းအနားကိုလည်း စစ်တွေလူထု များနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း တတတ်တအား ပါဝင်ကူညီဆောင်ရွက်ပေးသည်ကိုတွေ့ရ သည်။
“ဆရာတော်ပျံလွန်တော်မူတဲ့အချိန်သာကြာခဲ့ပေမယ့် ဆရာတော်ရဲ့ကိုယ်ကျိုးစွန့်၊ ဆောင်ရွက်ချက်၊ ဟောပြောချက်တွေဟာ ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်သလို ဆရာတော်ရဲ့ကြီးမားတဲ့ဂုဏ်ကျေးဇူး တွေကိုလည်း ကျွန်တော်တို့အားလုံး ဘယ်တော့မှမမေ့နိုင်သလို မမေ့အပ်ပါဘူး”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက (၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ယခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သော ၇၅ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များတွင်လည်း စည်ကားသိုက်မြိုက် စွာပြုလုပ်ခဲ့ကြသည်။
ယင်းအခမ်းအနားများတွင် ဆရာတော်၏ရုပ်တုများကို ပန်းခွေများချခြင်း၊ ဆီးမီးများထွန်းညှိပူဇော်ခြင်း၊ ဆရာတော်နှင့်ပတ်သက်သည့် ဟောပြောပွဲများပြုလုပ်ခြင်း၊ ပညာရေးကျောင်းများတွင် အခြေခံပညာ မူလ တန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသား များ၏ ဆရာတော်နှင့်ပတ်သက်သည့် ပန်းချီ ပြိုင်ပွဲများ၊ စာစီကုံးပြိုင်ပွဲများကိုလည်း ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့ပုဏ္ဏားကျွန်းမှာလည်း ဆရာတော့်အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် အသက် ၂ဝ နှစ်အောက် အခြေခံပညာအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွေလုပ်ဖြစ်ပါတယ်။ ဆရာတော်ကို ဂုဏ်ပြုတဲ့ တစ်ခြား အစီအစဉ်တွေလည်းပါပါတယ်။ အားလုံး အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးခဲ့ပါတယ်”ဟု ပုဏ္ဏား ကျွန်းမြို့ခံ ဦးစံရွှေကျော်က ပြောသည်။
ပါဠိ၊ သက္ကတ၊ ဟိန္ဒီ၊ ဘင်္ဂါလီ၊ အင်္ဂလိပ်၊ တိဘက်၊ ပြင်သစ်၊ ဂျပန်နှင့် အိန္ဒိယဘာသာစသည့် ဘာသာ စကား ၉ မျိုးကိုတတ်ကျွမ်းနားလည်သည့် ဆရာတော်ဦးဥတ္တမသည် သက်တော် ၆ဝ၊ ဝါတော် ၄ဝ သို့အ ရောက် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ညောင်တုန်း ဘုန်းတော်ကြီးကျောင်းတွင် ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်အမျိုးသားပါတီညီလာခံဖွင့်ပွဲ သံတွဲမြို့သမိုင်းဝင်အောင်မြေတွင် ပြုလုပ်မည်

THANDWEရခိုင်အမျိုးသားပါတီ ANP ၏ ပထမဆုံးအကြိမ် ပါတီ ညီလာခံဖွင့်ပွဲကို သံတွဲမြို့ သမိုင်းဝင် အောင်မြေနေရာ တစ်ခု ဖြစ်သော လေးမျက်နှာကုန်းတွင် ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
သံတွဲမြို့တွင် ရောက်ရှိနေကြသော ပါတီခေါင်းဆောင်များနှင့် ညီလာခံကျင်းပရေး ကော်မီတီဝင်များက ယင်းသမိုင်းဝင်နေရာတွင် ကျင်းပရန် စက်တင်ဘာလ ၆ ရက်မှ ၇ နေ့က ပြုလုပ်ခဲ့သော  ငပလီ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ယင်းနေရာတွင် ကျင်းပရန် ညီလာခံကျင်းပရေး ကော်မီတီက ဆုံးဖြတ်လိုက်ကြောင်းကို ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက ယခုလို ပြောသည်။
“သံတွဲမှာ လေးမျက်နှာကုန်းဆိုတာ အထင်ကရ သမိုင်းဝင် နေရာတစ်ခုဖြစ်သလို အောင်မြေလို့လည်း ဒေသခံတွေက ပြောကြတယ်။ အဲဒါကြောင့် သံတွဲဒေသခံတွေရဲ့ ဆန္ဒနဲ့ အညီ ပါတီ ညီလာခံ ဖွင့်ပွဲကို လေးမျက်နာကုန်းမှာ ပြုလုပ်လုပ်ဖို့  ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဆိုသည်။
ရခိုင်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံကို လာမည့် စက်တင်ဘာလ ၂၅ ရက်မှ ၂၉ ရက်နေ့ထိ သံတွဲမြို့တွင် ကျင်းပရန် စီစဉ်နေပြီး ယင်းညီလာခံသို့ ပါတီ ကိုယ်စားလှယ် ၃၀၀ နီးပါးခန့် တက်ရောက်မည်ဟု သိရသည်။
ယခုအခါ သံတွဲမြို့သို့ ပါတီခေါင်းဆောင်များဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်၊ ဦးလှစော၊ ဦးလှမြင့်၊ ဦးခိုင်ပြည်စိုးတို့ အပါအ၀င် တခြားပါတီ ထိပ်ပိုင်းခေါင်းဆောင်များရောက်ရှိနေကြပြီး ပါတီညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစီအစဉ်များ ချမှတ် ဆောင်ရွက်နေကြသည်ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
ယခု ရခိုင်အမျိုးသားပါတီ ညီလာခံ ကျင်းပမည့် သံတွဲမြို့မှာ အစဉ်အဆက် ရခိုင်နိုင်ငံရေးပါတီများ အားကြီးသော ဒေသတစ်ခု မဟုတ်ခဲ့သည်သာမက ရခိုင်နိုင်ငံရေးပါတီများ တစ်ကြိမ်တစ်ခါမျှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းမရှိခဲ့ဖူးကြောင်း သိရသည်။
သို့သော်လည်း ပြောင်းလဲလာသော ခေတ်စနစ် အခြေအနေများကြောင့် လူထု၏ အမြင်သဘောများ ပြောင်းလဲလာပြီး အမျိုးသားညီညွတ်ရေးကို ရှေ့ရှူ့လာကြရာမှ သံတွဲဒေသမှာ ယခုအခါ ရခိုင်အမျိုးသားပါတီ၏ အားကောင်းသော ဒေသတစ်ခု ဖြစ်လာနေသည်ဟု သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မိုးရွာသွန်းမှုကြောင့် မီးတောင်မှရွှံ့ရည်များ ဖုံးလွှမ်း၍ စိုက်ပျိုးလယ်မြေများ ထပ်မံပျက်စီး

Mud_volcano_erupts_in_Arakanရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မကြာသေးမီကပေါက်ကွဲခဲ့သည့် ရွှံ့မီးတောင်မှ စီးကျလာသော ရွှံ့ချော်ရည်များမှာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အနီးရှိလယ်ယာမြေများကို ပိုမိုဖုံးလွှမ်းလာနေသဖြင့် စပါးစိုက်ပျိုးထားသော လယ်များ ထပ်မံပျက်စီးမူများရှိနေကြောင်း ဒေသခံများက ပြောသည်။
“အခုက မိုးတအားရွာလာတော့ ချော်ရည်တွေက မိုးရေစီးနဲ့မျောပါလာပြီး လယ်တွေကို တဖြေးဖြေးနဲ့ ပိုဖုံးလွှမ်း လာတယ်”ဟု ချော်ရည်ဖုံးလွှမ်းခြင်းကြောင့် လယ်မြေဧကအချို့ပျက်စီးခြင်းခံရသူ ကျောက်ဖြူမြို့ နယ်၊ ရှောက်ချောင်းကျေးရွာမှ ဦးမောင်ချမ်းနုက ပြောသည်။
ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏အရှေ့တောင်ထောင့် ၃ ဖာလုံခန့်အကွာရှိ ရွှံ့မီးတောင် မှာ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်၊ ညနေ ၅ နာရီခွဲခန့်အချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းမီးတောင်မှ ထွက်ပေါ်လာသော ရွှံ့ချော်ရည်ပူများမှာ မီးတောင်အနီးရှိ ရှောက်ချောင်းကျေးရွာ၊ စည်မော်ကျေးရွာနှင့် ကြတ္တိန် ကျေးရွာများမှ စပါးစိုက်ပျိုးပြီး လယ်မြေဧက ၃ဝဝ ခန့်ကို ဖုန်းလွှမ်းသွားကြောင်း မျက်မြင်သက်သေများနှင့် ကျေးရွာဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယခု နောက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် အဆိုပါချော်ရည်များမှာ မိုးရေစီးနှင့် မျောပါလာပြီး လယ်မြေများကို ပိုမိုဖုံးလွှမ်းလာနေခြင်းကြောင့် စိုက်ပျိုးပြီးစ စပါးစိုက်ခင်းများ ပိုမိုပျက်စီးလာနေ ကြောင်း ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့က ချော်ရည်တွေ လယ်မြေတွေကို နောက်ထပ်မဖုံးလွှမ်းအောင် သက်ဆိုင်ရာအာဏာ ပိုင်တွေ တစ်ခုခုလုပ်ပေးစေချင်တယ်”ဟု လယ်ယာမြေပျက်စီးခြင်းခံလိုက်ရသည့် ဦးကျော်ဝင်းက ပြောသည်။
မီးတောင်ပေါက်ကွဲအပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ခင် ပါဝင်သော တာဝန်ရှိအဖွဲ့မှလာရောက်ကာ ချော်ရည်ဖုံးလွှမ်းသွားသည့်အတွက် ပျက်စီးဆုံးရှုံးသွားသည့် လယ်မြေစာရင်းကို လာရောက်စာရင်းကောက်ယူသွားခဲ့သော်လည်း စက်တင်ဘာလ ၈ ရက်အထိ မည်သည့် လုပ်ဆောင်ပေးခြင်းမျှ မရှိသေးကြောင်း ဒေသခံများက ပြောသည်။
“ဝန်ကြီးဦးကျော်ခင်ပြောခဲ့တာက လုပ်ပေးမယ်လို့ပြောတယ်။ သူက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတွေကို တင်ပြထားသလိုလို၊ ပျက်စီးသွားတဲ့လယ်မြေတွေအတွက် မျိုးစပါးတွေပေးမယ့်ပုံလိုလို၊ မြေသြ ဇာတွေပေးမယ့်ပုံလိုလို ပြောသွားတယ်။ ဘာလုပ်ပေးမယ်ဆိုတာတော့ တိတိကျကျမပြောခဲ့ဘူး”ဟု ဦးကျော် ဝင်းက ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ဝန်ကြီးဦးကျော်ခင်အား နိရဉ္စရာသတင်းဌာက စက်တင်ဘာလ ၈ ရက်နေ့၊ နေ့လယ်ပိုင်းက ဆက်သွယ် မေးမြန်းရာ ယင်းက “အဲဒီကိစ္စကို ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုမေးပါ။ ကျွန်တော်ခ ရီးသွားနေတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။
အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ထပ်မံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
မီးတောင်ပေါက်ကွဲအပြီး ဒေသခံများ၏ ကနဦးခန့်မှန်းချက်အရ ရွှံ့ချော်ရည်ဖုံးလွှမ်းပျက်စီးသွားသည့် လယ်မြေများမှာ ကျေးရွာသုံးခုပေါင်း ဧက ၃ဝဝ ကျော်ခန့်ရှိသည်ဟုခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရက ချော်ရည်ဖုံးလွှမ်းမှုကြောင့် ပျက်စီးသွားသည့်လယ်မြေဧကများမှာ ကျေးရွာသုံးရွာမှ ဒေသခံ ၂ဝ ဦး၏ လယ်မြေဧက ၁၂ ဒသမ ၄ဝ ဧကသာပျက်စီးသွားကြောင်း ကြေညာခဲ့သည်။
“အတွေ့အကြုံရှိတဲ့လူကြီးတွေပြောတာကတော့ ချော်ရည်ဖုံးသွားတဲ့လယ်တွေက လုပ်စားလို့မရတော့ ဘူးလို့ပြောကြတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဇွန်လအရေးအခင်းအတွင်း ကျဆုံးသွားခဲ့ကြသူများ၏မိသားစုများသို့ အလှူငွေပေးအပ်ပွဲနှင့် ‘မာရယုချစ်သော ဓည၀တီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်

wain-hin-agစာရေးဆရာဝေဟင်အောင်၏ သွေးနဲ့ရေးသည့်မြေစာအုပ်မှ ရရှိသောငွေများကို ၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားခဲ့ကြသူများ၏ ကျန်ရစ်သူ မိသားစုများအား အလှူငွေပေးအပ်ပွဲ နှင့် စာရေးဆရာဝေဟင်အောင်၏ ‘မာရယုချစ်သော ဓည၀တီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်။အခမ်းအနားအား အမှတ် ၄၄၊ ဖဖြူလမ်း၊ လမ်းသစ်ရပ်ကွက် စစ်တွေမြို့ရှိ ၀ံလက်ဒေသဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း ရုံးခန်းတွင် ၎င်းနေ့ မွန်းလွဲ ၁-နာရီတွင်ပြုလုပ်ခဲ့သည်။
wai-hinအခမ်းအနားသို့ စစ်တွေမြို့မှ  နာမည်ကြီး စာရေးဆရာများဖြစ်ကြသော ဆရာကြီးဦးမောင်ဗသိန်း၊ ဆရာကြီး ဦးအောင်လှသိန်း၊ ဗဂျီးကျော်(စစ်တွေ)၊ စစ်တွေပွင့်လွှာ၊ ပံသုခင်အပါအ၀င် စာရေးဆရာများ၊ ဆရာဝေဟင်အောင် မိသားစု၊ ၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားသူများ၏ ကျန်ရစ်သူမိသားစုတချို့နှင့် စိတ်ဝင်စားသူစုစုပေါင်း ၄၀-ခန့်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ၂၀၁၂-ခု ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားသူများ၏ ကျန်ရစ်သူ မိသားစုများက စာရေးဆရာ ဝေဟင်အောင်ထံမှ အလှူငွေများကို လက်ခံရယူပြီး၊ တက်ရောက်လာကြသော လူကြီး-လူငယ် စာရေးဆရာများက ဆရာဝေဟင်အောင်၏ စာပေလောက၌ အောင်မြင်လာမှုများ၊ ယခင်ထုတ်ဝေခဲ့သော သွေးနဲ့ရေးသည့်မြေစာအုပ်နှင့် ယခုအသစ်ထုတ်ဝေလိုက်သော မာရယုချစ်သော ဓည၀တီ စာအုပ်နှင့်ပတ်သက်၍ ချီးကျူး၊ ထောက်ပြ၊ ဝေဖန်မူများကို ပွင့်လင်း ရင်းနှီးစွာ ပြုလုပ်ခဲ့ကြသည်။
စာရေးဆရာဝေဟင်အောင်၏ သွေးနဲ့ရေးသည့်မြေစာအုပ်ကို မလေးရှားတွင် တစ်ကြိမ်၊ မြန်မာနိုင်ငံထဲတွင် ၄-ကြိမ်၊ စုစုပေါင်း ငါးကြိမ်ထုတ်ဝေခဲ့ရပြီး ယင်းစာအုပ်ရောင်းချသော ငွေများကို ၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားသော သူများ၏ မိသားစုများကို ထောက်ပံ့ငွေများ ပေးလှူခဲ့ခြင်းဖြစ်သည်။
waiစာရေးဆရာဝေဟင်အောင်က” ဒီစာအုပ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ လူမျိုးတမျိုးရဲ့ သမိုင်းစတင်ခြင်းကို မျိုးဆက်သစ်လူငယ်များ သိစေဖို့ ထုတ်ဝေရခြင်းဖြစ်ပါတယ်” ဟု ‘မာရယုချစ်သော ဓည၀တီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ယင်းအခမ်းအနားသို့တက်ရောက်လာသော ရခိုင်သမိုင်းသုတေသီ-စာရေးဆရာ ဆရာကြီးဦးမောင်ဗသိန်းက ယခုလို ပြောဆိုသည်။
“သိပ်စေတနာထားပြီးတော့ ရင်တွင်းခံစားချက်တွေကို ထင်ဟပ်အောင် ရေးသားထားတဲ့စာအုပ်ဖြစ်တဲ့အတွက် အထူးအောင်မြင်မှုရှိခဲ့ပြီး စာအုပ်ကို ၄-ကြိမ်ထပ်ရိုက်ခဲ့ရပါတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ မိသားစုတွေအတွက် စေတနာထားလှူဒါန်းတာကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ရခိုင်တွေဟာ အုပ်ချုပ်ခံတွေ ဖြစ်နေတဲ့အတွက် ကူညီမယ့်သူမဲ့နေပါတယ်။ ညီညီညွတ်ညွတ်နဲ့ ခုခံသွားရပါမယ်။ စာအုပ်နဲ့ မှတ်တမ်းတင်ထားတဲ့အတွက် သိပ်တာဝန်ကျေပါတယ်” ဟု ပြောကြားသွားပါသည်။
ဆရာကြီး ဦးအောင်လှသိန်းကလည်း “သမိုင်းနဲ့ပတ်သက်ပြီးရေးသားရင် သတိထားပြီးရေးသားဖို့လိုပါတယ်။ ဆရာဝေဟင်အောင်ကို တခုထောက်ပြချင်တာကတော့ ကျမ်းကိုးဆိုတဲ့နေရာမှာ မှီငြမ်းလို့ရေးစေချင်ပါတယ်” ဟု ထောက်ပြဝေဖန်သွားပါသည်။
စာရေးဆရာမကြီး စစ်တွေပွင့်လွှာကလည်း “သွေးနဲ့ရေးသည့်မြေစာအုပ်ကို ၄-ကြိမ်ထုတ်ဝေခဲ့ရတယ်။ အခု စာအုပ်ဟာလည်း ၁၀-ကြိမ်လောက် ထုတ်ဝေရလိမ့်မယ်လို့ယုံကြည်ပါတယ်။ သမိုင်းကြောင်းနောက်ခံ စာပေတွေ အများကြီးရေးသားနိုင်ပါစေ” ဟု အားပေးစကားပြောသွားပါသည်။
စာရေးဆရာမ ပံသုခင်ကလည်း “သမိုင်းနောက်ခံ ၀တ္ထုတွေဟာ စာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်ပါတယ်။ သမိုင်းတုံးတိတိကို မဖတ်ချင်သူတွေကို ၀တ္ထုပိုင်းကဆွဲဆောင်နိုင်ပါတယ်။ ရသပါတဲ့ သမိုင်းနောက်ခံဝတ္ထုတွေ နောက်ထပ်ရေးသားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ချီးကျူးပြောကြားသွားသည်။
မောင်မောင်စော ရခိုင်ညွန်ဖူးကလည်း “ရခိုင်ညွန့်ဖူးဆိုတာ မြောက်ဦးရွှေနန်းတော်ကို ရည်ညွှန်းပါတယ်။ ပုလွေမှုတ်နေတဲ့ ပုံမဟုတ်ပါဘူး။ ယခုစာအုပ်မှာပါတဲ့ ဘီလူးပုံဟာ မာရယုသမိုင်းထဲက ဘီလူးပုံနဲ့လွဲနေပါတယ်။ အမှန်က မွေးရှည် ဒြာဘီဒီယန်ဘီလူးပါ” ဟု စာအုပ်မျက်နှာဖုံးပါ ဘီလူးပုံကို ဝေဖန်ထောက်ပြသွားပါသည်။
စာရေးဆရာ ဂေါယာမြေစောဝင်းကလည်း “လင်္ကာနဲ့ပြောရရင် အများကြီးပဲ။ ဆရာဝေဟင်အောင်ဟာ စာပေနယ်ထဲကို ၀င်လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စာပေအလင်းရောင်နဲ့ ဂူထဲကိုဖြတ်သန်းတဲ့အခါ ဂူမှာဘာတွေရှိလဲဆိုတာကို သတိထားဖြတ်လျှောက်ပါ” ဟု ထောက်ပြဝေဖန်သွားပါသည်။
ဆရာဝေဟင်အောင်က “ဘက်စုံ ထောင့်စုံမှ ဝေဖန်ထောက်ပြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ စာအုပ်မှာ ပါတဲ့ဘီလူးကတော့ ဇာတ်လမ်းထဲက ဘီလူးအဖြစ်သဘောထား ဖေါ်ပြတာပါ။ မိမိတို့ရခိုင် ဘီလူးများဟာလည်း သာသနာစောင့်ဘီလူးဖြစ်တဲ့အတွက် မသင့်တော်လို့ မသုံးတာဖြစ်ပါတယ်” ဟု ထုတ်ဖေါ်ပြောကြားသည်။
စာရေးဆရာဝေဟင်အောင်အနေဖြင့် ရသစာပေကိုအားသန်သူ ဖြစ်သော်လည်း  သရော်စာ၊ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဒဿန၊ သမိုင်းဆိုင်ရာ စာအုပ်များကိုနောက်ထပ် ထုတ်ဝေသွားမည်ဖြစ်ပြီး စာအုပ်ထုတ်ဝေခြင်းမှ ရရှိသောအကျိုးအမြတ်များကို တိုင်းပြည်နဲ့လူမျိုးအတွက် အသုံးပြုသွားမည်ဟု သူ၏ရည်ရွယ်ချက်ကို နိရဉ္စရာ သတင်းဌာနအားပြောကြားသွားပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ကြားဖြတ် ရွေးကောက်ပွဲပယ်ဖျက်မူ ၂၀၁၅ ရွေးကောက်ပွဲကိုထိခိုက်နိုင်ဟု ရခိုင်ခေါင်းဆောင် တုန့်ပြန်

ANP-Leader-in-CEC-meeting-U-Aye-Tha-Aungယခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲအား ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်လိုက်ခြင်းသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထိခိုက်နိုင်သည်ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်ကတုန့်ပြန် ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပ တော့ဟု ပြောဆိုလိုက်ခြင်းအပေါ် မည်သို့ သဘောထားပါသလဲဟု နိရဉ္စရာသတင်းဌာနမှ မေးမြန်းစဉ် ဦးအေးသာအောင်က ထိုသို့ တုန့်ပြန် ပြောကြားခြင်း ဖြစ်သည်။
“ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို လုပ်မယ်၊ နောက်မလုပ် တော့ဘူး ဆိုပြီး ပြောနေတာတွေဟာ လုံးဝမလုပ်သင့်ဘူး။ ဒီလိုပြောဆိုနေတဲ့ အတွက် ရွေးကောက်ပွဲကော်မရှင်ကို ထင်ယောင်ထင်မှားဖြစ်လာနိုင်တယ်။ ဒီလိုပြောနေတဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေက အမျိုးမျိုးမြင်လာနိုင်တယ်။ ဒီလိုမြင်လာခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက် ပွဲတခု ဖြစ်လာမလားဆိုတာကို စဉ်းစားစရာ ဖြစ်လာနိုင်တယ် ” ဟု ဦးအေးသာအောင်က ဆိုသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံးဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဟု ပြောဆိုခဲ့သည်။
လွတ်တော်တွင် ဖွဲ့စည်းပုံပြင်မည့်ကိစ္စ၊ ရွေးကောက်ပွဲစနစ် လေ့လာသည့် ကိစ္စများရှိသည့်အတွက် အလုပ်များမည့်အပြင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်အတွက် ကျပ် ၂ ဘီလီယံနီးပါး ကုန်ကျ မည်ဖြစ်ကြောင်း၊  မဲဆန္ဒနယ် ၃၀ ကျော်မှာ လွတ်တော်အတွင်း ပြောင်းလဲမှု သက်ရောက်မည် မဟုတ်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပရန် ဥက္ကဌ တစ်ဦး လုပ်ပိုင်ခွင့်ဖြင့် ဆုံးဖြတ်ပြီး မကျင်းပခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောဆိုသွားသည်။
ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် နိုင်ငံရေးအရ စမ်းသပ်သည့် လုပ်ရပ် သဘောမျိုး ဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ယခုကဲ့သို့ပြောသည်။
“ရွေးကောက်ပွဲကော်မရှင်က အခုလို ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ပြောနေတာဟာ အမှန်က တိုင်းပြည်အတွက်၊ လွတ်တော်အတွက်ထက် နိုင်ငံရေးအရ စမ်းသပ်တဲ့ သဘောမျိုးဖြစ်နေတယ်။ တကယ်တော့ ဒီလိုမျိုး ပြောလည်းမပြောသင့်၊ လုပ်လည်းမလုပ်သင့်ဘူး” ဟု ဆိုသည်။
ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ပြောဆိုနေခြင်းကြောင်း ပြည်သူများက ထင်ယောင်ထင် မှားဖြစ် လာနိုင်ပြီး နိုင်ငံရေးပါတီများကလည်း သံသဖြစ်လာနိုင်ကြောင်း ဦးအေးသာအောင်က ပြောဆိုသွား သည်။
ရခိုင်ပြည်နယ်တွင် လစ်လပ်နေသည့် မဲဆန္ဒနယ်မြေ (၃) နေရာတွင် ရခိုင်အမျိုးသားပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ရန် မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတစ်ခုလုံးအတိုင်းအတာဖြင့် လိုက်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ကျော်တွင် ကြားဖြတ် ရွေး ကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလကုန် (သို့မဟုတ်) ဒီဇင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွန်ကြားရေးမှူး ဦးသောင်းလှိုင်က မကြာသေးမီးက ထုတ်ဖော် ပြောဆိုခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တပြုတ်သီးဦးသာကျော်၏သား မူးယစ်ဆေးဝါးနှင့် ဆက်စပ် ဖမ်းဆီးခံရ

Yaba_807297657ရခိုင်ပြည်နယ်မှ တပြုတ်သီး ဦးသာကျော် (ကွယ်လွန်)၏သား ဦးရဲထွန်းကျော် (၃၅) နှစ်အား မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားမူနှင့် ဆက်စပ်င်္ပြီး ရဲကဖမ်းဆီးလိုက်သည်ဟု ရခိုင်ပြည်နယ် အစိုးရ ၀က်ဆိုက်တွင် ဖေါ်ပြသည်။
သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး (အလေးချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ကာသူ့အား မြောက်ဦးမြို့ နေအိမ်တစ်ခုမှ ဖမ်းဆီးခဲ့သည်ဟု ယင်းသတင်းတွင် ဖေါ်ပြသည်။
သြဂုတ် ၃ဝ ရက် ည ၁ဝ နာရီကျော်ခန့်က ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E—– Kluger မော်တော်ယာဉ်အား တွေ့ရှိခဲ့ကြောင်း၊ စုံစမ်းရာမှ ၎င်းသည် သြဂုတ် ၃ဝ ရက် နံနက်ပိုင်းက မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း၏ နေအိမ်၌ ရောက်ရှိနေကြောင်း၊ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူး နှင့် ချိတ်ဆက်၍ မြောက်ဦးမြို့ တောင်ရပ် (၂)လမ်း၊ အမှတ်(တ၇/၂၂၄) နေ ဦးကျော်ဆန်း၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ည ၆ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော ရဲထွန်းကျော် ၃၅ နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း ဖေါ်ပြသည်။
ယခုအခါ အရေးယူအပြစ်ပေးနိုင်ရန် ဆောင်ရွက်နေပြီး အမှုနှင့် ဆက်စပ်နေသော ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာမှ ဆောင်ရွက်နေသည်ဟု သိရသည်။
သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးမှ ဦးရဲထွန်းကျော်အား ဖမ်းဆီးထားခြင်း ဟုတ်မှန်ကြောင်း၊ သို့သော်လည်း စစ်ဆေးနေတုန်းဖြစ်၍ အသေးစိတ် မပြောနိုင်ကြောင်း၊ သူ့အား ရန်ကုန်သို့ လွဲပြောင်းသွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒီဇင်ဘာလတွင် ရခိုင် မြို့ ၅ ခု မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိတော့မည်

 ကျောက်ဖြူ မဒေးကျွန်းတွင် ဓါတ်မီးတိုင်များ စိုက်ထူထားစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူ မဒေးကျွန်းတွင် ဓါတ်မီးတိုင်များ စိုက်ထူထားစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ယခုလာမည့်ဒီဇင်ဘာလတွင် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့ ၅ မြို့တွင် မဟာဓာတ်အား လိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိမည်ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ရခိုင်ပြည်နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအင်ဂျင်နီယာဌာနမှ  တာဝန်ရှိ သူတစ်ဦးက ထုတ်ဖော် ပြောကြားသည်။
“ဒီဇင်ဘာမှာ မြို့ ၅ မြို့ လျှပ်စစ်မီး ၂၄ နာရီရရှိတော့မှာပါ။ အချိန်မီရရှိနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ယင်းက နိရဉ္စရာသတင်းဌာသို့ အတည်ပြုပြောသည်။
အစိုးရတာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်သို့ရောက်ရှိတိုင်း  စစ်တွေမြို့နှင့် ပုဏ္ဏား ကျွန်း မြို့တို့တွင် လာမည့်ဒီဇင်ဘာလအတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိ မည်ဟု ကတိပြုပြောဆိုထားသည်။
ယခုအခါ ယင်းမြို့ (၂) မြို့ အပြင် ကျောက်တော်၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့များတွင်လည်း ဒီဇင်ဘာလအတွင်း လျှပ်စစ်မီး ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
“လာမယ့်ဒီဇင်ဘာမှာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းပဲရမယ်လို့ ကျွန်တော်တို့သိထားတယ်။ အခုတော့မြို့ အများကြီးရမယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ တစ်ပြည်နယ်လုံးကိုတောင် ချက်ချင်းရစေချင်တာ”ဟု ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး အပြည့်အဝ သုံးစွဲနိုင်ခြင်းမရှိသေးသည့်အတွက် မြို့ကြီးများထက် ကျေးလက်ဒေသများတွင် ဒေသဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ အားနည်းများ များစွာရှိနေသည်ကိုတွေ့ရပြီး ယင်းအား နည်းချက်များကို ကုစားနိုင်ရန်မှာ လျှပ်စစ်မီးသည်သာ အဓိကကျကြောင်း ရခိုင် ဒေသခံများက တစ်ညီတညွတ်တည်းထောက်ပြ ပြောဆိုကြသည်။
၂ဝ၁၅ ခှုနှစ်အတွင်း ရခိုင်တစ်ပြည်လုံး လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝရရှိရေးအတွက် အစိုးရက မဟာ ဓာတ်အားလိုင်းမှ တဆင့် လျှပ်စစ်မီးသွယ်တန်းလျက်ရှိရာ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ တောင် ကုတ်မြို့များတွင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဖြစ်ပြီး အမ်းမြို့တွင်လည်း မဟာ ဓာတ်အားလိုင်းမှတဆင့် တစ်နေ့လျှင် လျှပ်စစ်မီး ၈ နာရီခွဲနီးပါး အထိ ရရှိကြောင်း သိရသည်။
အလားတူ သဘာဝဓာတ်ငွေ့များစတင်ထွက်ရှိရာ ကျောက်ဖြူမြို့တွင်လည်း ၁ ဒသမ ၁ မဂ္ဂါဝပ်ရှိသော ဂတ်စ်တာဘိုင် ၄ လုံးဖြင့် လျှပ်စစ်မီး ၂၄ နာရီပေးလျက်ရှိပြီး အဆိုပါဂတ်စ်တာဘိုင်များကို နောက်ပိုင်းတွင် ၅ဝ မဂ္ဂါဝပ်အဖြစ်ပြောင်းလဲထုတ်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
ရခိုင်ပြည်ရှိ မြို့များအားလုံးကိုလည်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ် ၂၄ နာရီထုတ်လွှတ် ပေးနိုင်ရန် မြို့နယ်တိုင်းတွင်ဓာတ်အားခွဲရုံများတည်ဆောက်ကာ ဓာတ်အားခွဲရုံများမှတဆင့် မြို့တိုင်း၊ ကျေးလက်တိုင်းကိုအဆင့်ဆင့်ထုတ်လွှတ်ပေးသွားရန်အစိုးရကစီမံချက်ဖြင့် ဆောင်ရွက် နေသည်ကို တွေ့ရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တရုတ်အဆောင် မီးရှို့မူဖြင့် မြန်မာအလုပ်သမား (၁၇) ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

china-opens-pipeline-to-bring-gas-from-myanmar
ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်စောက် တရုတ် ရေနံတွန်းအားပေး စက်ရုံရှိ တရုတ် အလုပ်သမား အဆောင် မီးရှို့မူနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ မြန်မာ အလုပ်သမား ချင်းလူမျိုး (၁၇) ဦးကို အမ်းမြို့နယ်တရားရုံးက နှစ်ရှည် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။
စက်တင်ဘာလ (၅) ရက်နေ့ နောက်ဆုံး ရုံးချိန်းတွင် အမ်းမြို့နယ် တရားရုံးက ဦးဆောင်ပါဝင်သူ သုံးဦးကို ထောင် ၁၀ နှစ်၊ ကျန် ၁၄ ဦးကို ထောင် ၆ နှစ်စီ အသီးသီး စီရင်ချက်ချလိုက်ကြောင်း မြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။
“ သူတို့ထဲက ဓာတ်ဆီယူလာသူ၊ မီးခြစ်ပေးသူ၊ မီးရှို့သူ သုံးဦးကို ထောင် (၁၀) နှစ်စီ တရားရုံးက အပြစ်ပေးလိုက်တယ်။ ကျန် ၁၄  ဦးကိုတော့ ၆ နှစ်စီချလိုက်တယ်။ အမ်းမြို့နယ် တရားရုံးက  ခုလို သူတို့ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်” ဟု သူက ဆိုသည်။
သူတို့အား ထောင်ချလိုက်သော ပုဒ်မများမှာ မီးရှို့မူ ပုဒ်မ ၄၃၆၊ ပိုင်နက်ကျူးလွန်မူ ပုဒ်မ ၄၅၂ နှင့် အကျိုးဖျက်ဆီးမူ ပုဒ်မ ၄၂၇ တို့ဖြစ်ကြောင်း၊ ထိုအထဲမှ မင်းကို၊ မောင်ဇော်နဲ့ ငမဲတို့မှာ ဦးဆောင်သူများဖြစ်၍ ထောင် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း၊ ကျန် ၁၄ ဦးကို (၆) နှစ်စီ ချလိုက်ကြောင်း  အဆိုပါ ရဲတာဝန်ရှိသူက ဆိုသည်။
“ ဖြစ်တာက တရုတ်အလုပ်သမားတွေက သူတို့ကို အနိုင်ခံတယ်။ နောက်တစ်ချက်က လစာနည်းတယ်ဆိုပြီး မြန်မာ အလုပ်သမားတွေက မကျေနပ် ဖြစ်ရာကနေ အဆောင်တွေကို ဖျက်ဆီး၊ မီးရှို့မူတွေ လုပ်ခဲ့အတွက် အမ်းမြို့နယ် တရားရုံးက ခုလို ထောင်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်” ရဲတာဝန်ရှိသူက ဆိုသည်။
ယခု တရားစီရင်မူမှာ ဥပဒေကြောင်းရ မျှတမူ မရှိသဖြင့် ကျောက်ဖြူခရိုင် တရားရုံးတွင် အယူခံဝင်သွားမည်ဟု သူတို့အမူကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ (၄) ဦးထဲမှ တစ်ဦးဖြစ်သူ ဦးမျိုးမြတ်ဟိန်းက ပြောသည်။
“ ဥပဒေကြောင်းအရရော၊ တခြားအကြောင်းအခြင်းအရာတွေအရရော ခုလို စီရင်ချက်ချလိုက်တာဟာ မျှတမူ မရှိဘူးလို့ ယုံကြည်တဲ့ အတွက် ကျောက်ဖြူခရိုင် တရားရုံးမှာ ဆက်လက် အယူခံ ၀င်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့က  အမ်းမြို့နယ် တောင်စောက် ရေနံတွန်းအားပေး စက်ရုံတွင် အဆောင် အပေါ်ထပ်တွင် နေထိုင်သူ တရုတ်အလုပ်သမားများက အောက်ထပ်တွင် နေထိုင်သူ  မြန်မာအလုပ်သမားများ အပေါ်သို့ ရေဖြင့် လောင်းချရာမှ အချင်းများခဲ့ကြပြီး ကျေနပ်မူ မရှိသော မြန်မာ အလုပ်သမားများက တရုတ်အလုပ်သမားများနေထိုင်သော အဆောင် တစ်ဆောင်အား  မီးရှို့ ဖျက်ဆီးခံခဲ့ကြသည်။
ယင်းအမူနှင့် ဆက်စပ်ပြီး မြန်မာ အလုပ်သမား ၁၇ ဦးကို ရဲက ဖမ်းဆီးခဲ့ပြီး တရားစွဲတင်ကာ အမ်းမြို့နယ်တရားရုံးက  (၈) လအကြာ အမူကို ကြားနာ စစ်ဆေးခဲ့သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် အမ်းမြို့နယ် တရားရုံးက မြန်မာ အလုပ်သမားများကို ပြစ်မူ ထင်ရှားသည်ဟု ဆိုကာ ထောင် (၆) နှစ်ကနေ (၁၀) နှစ်ထိ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ရခိုင်အမျိုးသားပါတီ မြို့နယ် ကော်မီတီ(၁၅) ခု အောင်မြင်စွာဖွဲ့စည်း

( မြောက်ဦးမြို့နယ် ညီလာခံ)
( မြောက်ဦးမြို့နယ် ညီလာခံ)
ရခိုင်အမျိုးသားပါတီ (ANP) ၏ မြို့နယ်ကော်မီတီများကို မြို့နယ် တစ်ခုချင်းစီအလိုက် ဖွဲ့စည်းနေရာ ယခုအခါ  မြို့နယ် (၁၅) ခုတွင် အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်သည်ဟု ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။
“ ကျောက်ဖြူနဲ့ မင်းပြား မြို့နယ် (၂) ခုဘဲ ကျန်တယ်။ ကျန်တဲ့ မြို့နယ်တွေ အကုန်လုံးမှာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ဦးစံကျော်လှက ဆိုသည်။
( ရသေ့တောင် မြို့နယ် ညီလာခံ)
( ရသေ့တောင် မြို့နယ် ညီလာခံ)
ဖွဲ့စည်းပြီးစီးသွားသော မြို့နယ်များမှာ စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မာန်အောင်၊ မြေပုံ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့ ဖြစ်ကြသည်။
“  ဖွဲ့စည်းခဲ့တဲ့ မြို့နယ်တိုင်းမှာ ပြသနာကြီးကြီးကျယ်ကျယ် ဖြစ်တာ မရှိပါဘူး။ အားလုံး အေးအေးဆေးဆေးနဲ့ ပီးဆုံးသွားခဲ့ပါတယ်။ အခု ဖွဲ့စည်းနေတာက ပါတီရဲ့ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း ပထမအကြိမ် ပါတီညီလာခံ မတိုင်မီ မြို့နယ်ကော်မီတီတွေကို ဖွဲ့စည်းနေတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
( ဘူးသီးတောင်မြို့နယ် ညီလာခံ)
( ဘူးသီးတောင်မြို့နယ် ညီလာခံ)
ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ် ပါတီ ဗဟိုကော်မီ အစည်းအဝေးကို ယခု လကုန်ပိုင်းတွင် သံတွဲမြို့တွင် ကျင်းပရန် စီစဉ်ထားရာ မြို့နယ် တစ်ခုစီမှ ကိုယ်စားလှယ် (၅) ဦးကျစီ တက်ရောက်ပြီး ပါတီ ဗဟိုကော်မီတီဝင်များအပါအ၀င် ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး စသော ပါတီ ခေါင်းဆောင်များကို ရွေးချယ် တင်မြောက်ကြမည် ဖြစ်သည်။
“ ကျွန်တော်တို့ မြို့နယ်မှာတော့ ဘာမှ ပြသနာ မရှိဘူး။ အဆင်ပြေချောမွေ့စွာနဲ့ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဗဟိုအလုပ်အမူဆောင် (၂၅) ဦးကို ရွေးချယ် တင်မြောက်ခဲ့ကြပါတယ်” ဟု ပုဏ္ဍားကျွန်းမြို့နယ် ဒုဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဦးစံရွှေကျော်က ပြောသည်။
( မောင်တောမြို့နယ် ညီလာခံ)
( မောင်တောမြို့နယ် ညီလာခံ)
မြောက်ဦးမြို့နယ် ကော်မီတီကိုလည်း ကိုယ်စားလှယ်ပေါင်း (၅၈၈) ဦး တက်ရောက်ခဲ့သော မြို့နယ် ညီလာခံမှ စက်တင်ဘာလ ၂ ရက်နေ့တွင် ရွေးချယ် တင်မြောက်နိုင်ခဲ့ပြီး ဦးထွန်းလိုင် (ဥက္ကဌ)၊ ဦးထွန်းသာစိန် (ဒုဥက္ကဃ)၊ ဦးမြသာအောင် (ဒုဥက္ကဌ ၂)၊ ဦးထွန်းနေ၀င်းတို့ကို အတွင်းရေးမှူး အဖြစ် ရွှေးချယ်တင်မြောက်ခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ မြို့နယ် ကော်မီတီများကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ် တစ်ခုစီတွင် ကိုယ်စားလှယ် (၃၀၀) ကျော်အထိ တက်ရောက်ခဲ့သည့် မြို့နယ် ညီလာခံများကို ပြုလုပ်နိုင်ခဲ့သည်မှာ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်သူလူထုက မည်မျှ စိတ်ဝင်တစားနှင့် ထောက်ခံမူ ပြုနေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ထောက်ခံမူ၊ ပြည်သူများအကြား စည်းလုံးညီညွှတ်မူတို့ကို မြင်တွေ့ရ၍ အထူးဝမ်းမြောက်ကြောင်း ပါတီ ခေါင်းဆောင် ဦးစံကျော်လှက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီဖွဲ့စည်း

DSCN1160
တောင်ကုတ်မြို့နယ်၏ ဒေသလိုအပ်ချက်များကို တစ်ဘက်တစ်လမ်းက ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်ကုတ်မြို့နယ် လူထုအကျိုးဆောင်ကော်မတီကို သြဂုတ်လ ၃၁ ရက်နေ့က အတည်ပြုဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိသည်။
သြဂုတ်လ ၃ဝ ရက်မှ ၃၁ ရက်အထိ ၂ ရက်နေ့များက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ယင်းကော်မီတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးရဲမာန်ခိုင်က ပြောသည်။
“တောင်ကုတ်မြို့နယ်ရဲ့ ဒေသလိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ဖို့ ရည်ရွယ်ပြီး  တောင်ကုတ် မြို့လယ်ရှိ ဓမ္မာရုံကြီးမှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ ဖွဲ့စည်းခဲ့တာပါ။ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟု သူက ဆိုသည်။
ယင်ဖွဲ့စည်းလိုက်သော လူုထုအကျိုးဆောင် ကော်မတီတွင် တောင်ကုတ်မြို့နယ်ရှိ နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုအဖွဲ့အစည်းအသီးသီးတို့မှ လူငယ်၊ လူလတ်၊ လူကြီးများ ပါဝင်ကြောင်း သူက ဆိုသည်။
ရခိုင်ဒေသအကျိုးကို ဆောင်ရွက်ရန် ရခိုင်ပြည်နယ် မြို့နယ်တိုင်းနီးပါးတွင် တစ်မြို့နယ်ချင်းစီအလိုက် “ရခိုင်လူမှုကွန်ရက်” အမည်ဖြင့် အဖွဲ့ ဖွဲ့စည်းထားကြပြီး၊ ယင်းအထဲ တောင်ကုတ်မြို့တွင် ဖွဲ့စည်းထားသော ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)လည်း ပါဝင်သည်။
သို့သော် ယခုဖွဲ့စည်းလိုက်သော “တောင်ကုတ်မြို့နယ် လူထု အကျိုးဆောင်ကော်မတီ”မှာ ရခိုင်လူမှု ကွန်ရက် (တောင်ကုတ်)နှင့် သက်ဆိုင်မှုမရှိဘဲ သီးခြားအဖွဲ့အစည်းတစ်ခု အဖြစ်သာရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီအဖွဲ့ဝင်တို့က ပြောသည်။
ယင်းဆပ်ကော်မတီကို နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကော်မတီတို့အပါအဝင် အဖွဲ့ဝင် ၅၈ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“အခု တောင်ကုတ်မှာဖွဲ့စည်းလိုက်တဲ့ ကော်မတီအနေနဲ့လည်း ဒေသရဲ့လိုအပ်ချက်ကိုလုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပြီး နောက်ပိုင်းမှာ  သူတို့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားရလိုမှုအတွက် လုပ်သွားမယ် ဆိုရင်တော့ ဒါကို ကျွန်တော်တို့ လုံးဝလက် မခံနိုင်ဘူး”ဟု တောင်ကုတ်မြို့ခံတစ်ဦးက သူ၏ အမြင်ကိုပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွား

Burma-oic-protest-nov2013
အိုအိုင်စီကို ယခုလိုကန့်ကွက်မူများရှိခဲ့သဖြင့် တိတ်တိတ်ကလေး စစ်တွေသို့ ၀င်လာခဲ့သည်။ (Photo-RFA)
မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း Tan Sri Syed Hamid Albar ဦးဆောင်သော အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC) ၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းအဖွဲ့တွင် အဖွဲ့ဝင် (၆)  ဦးခန့်ပါဝင်ပြီး စစ်တွေမြို့သို့စက်တင်ဘာလ ၃ ရက်နေ့က ရောက်ရှိလာပြီး ၄ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူတို့၏ စစ်တွေ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်နှင့် မူဆလင် နှစ်ဘက်အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များကို ယင်းOIC ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
“ သူတို့က အိုအိုင်စီကိုယ်စားလှယ်အဖွဲ့လို့လည်း မပြောဘူး။ သူတို့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို စနည်းနာတဲ့ အနေအထားမျိုးနဲ့ လာကြည့်တဲ့သဘောပါ။ အဲဒီမှာ စစ်တွေက မြို့မိမြို့ဖတွေ၊ မူဆလင် ခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံသွားခဲ့ပါတယ်” ဟု သူတို့နှင့် အတူ ခရီးစဉ်ကို လိုက်ပါ ကူညီပေးခဲ့သူ ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲအား စစ်တွေမြို့ရှိ ၀န်ကြီးချုပ်ရုံးခန်းတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ (၆) နာရီခန်.တွင် ပြုလုပ်ခဲ့ပြီး OIC ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လူသားချင်းဆိုင်ရာ အကူအညီများကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည် ဆိုသည်။
“ သူတို့က လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုပြီင်္းတော့ ကမ်းလှမ်းပါတယ်။ ၀န်ကြီးချုပ်ကတော့ ကျေးဇူးတင်တဲ့ အကြောင်းတွေကို ပြောတယ်။ ဒါ့ပြင် အခုအချိန်ဟာ အခြေအနေတွေ မတည်ငြိမ်သေးတဲ့ အတွက် အိုအိုင်စီက အကူအညီကြောင့် နောက်ထပ် ပြသနာတွေ ထပ်ဖြစ်မှာကို စိုးရိမ်ရတယ်။ အခု အစိုးရက နိုင်ငံသား စိစစ်ရေးကို လုပ်နေတယ်။ အဲသလို လုပ်ပြီးတဲ့အခါ နေရာချထားပေးမူတွေကို စီစဉ်ပေးမယ်။ အဲဒီအခါ အကူအညီတွေ လိုကောင်းလိုမယ်။  အဲဒီအချိန်ရောက်မှ အကူအညီတွေကို စဉ်းစားမယ်လို့ ပြောဆိုလိုက်ပါတယ်” ဟု ဆိုသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် လက်ရှိ ဖြစ်ပေါ်တိုးတက်မူများကို ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။
ယင်းဆွေးနွေးပွဲတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စအပေါ် တစ်စုံတစ်ရာ ဖွင့်ဟ ပြောဆိုခဲ့ခြင်း မရှိကြောင်း ဦးလှသိန်းက ပြောသည်။
ယင်းOIC ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မိမြို့ဖများနှင့်လည်း ယင်းနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ပြီး အကူအညီပေးရန် ကမ်းလှမ်းမူများ ရှိခဲ့သည်ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ဆိုသည်။
“ သူတို့က ကျွန်တော်တို့ကို ဖိတ်တာက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်အဖွဲ့ တစ်ဖွဲ့က တွေ့ချင်တယ်ဆိုပြီး ဖိတ်ပါတယ်။ ကျွန်တော်တို့က အိုအိုင်စီအဖွဲ့မှန်း မသိဘူး။ သိရင် ဆွေးနွေးပွဲကို မတတ်မှာကို စိုးရိမ်လို့ ခုလို လိမ်ပြီးဖိတ်တာပေါ့။ အစည်းအဝေးမှာ သူတို့လိုချင်နေတဲ့ အတိုင်း လူသားချင်း စာနာတဲ့ အကူအညီတွေကို ပေးမှာပေါ့။ ဘက်မလိုက်ဘဲ နှစ်ဘက်စလုံးကို ပေးမှာပေါ့။အိုအိုင်စီက ဘာသာရေးအဖွဲ့မဟုတ်ကြောင်း၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှာ မဟုတ်ကြောင်း ဒါတွေကို ပြောကြားတာပေါ့” ဟု ဆိုသည်။
ဦင်္းသာပွင့်မှ သူတုန့်ပြန်ပြောကြားခဲ့မူကို ယခုလို ဆက်ပြောဆိုသည်။
“ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ၂၁၀၂ အရေးအခင်းမတိုင်မှီ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တယ်။ ဒီင်္မတိုင်ခင်မှာလည်း အမျိုးမျိုးကပ်ဆိုးတွေကျရောက်ခဲ့တယ်။ ဒီတုန်းကတော့ ခင်ဗျားတို့က ဘာမှ အကူအညီပေးဖို့ ရောက်လာခဲ့တာ မရှိခဲ့ဘူး။ အခု ၂၀၁၂ ကျမှ ဘင်္ဂလီတွေ ငိုပြတော့ ခင်ဗျားတို့က ကူညီဖို့ ရောက်လာခဲ့တယ်။ ဘယ်လောက်ဘဲ မင်းတို့က ဘက်မလိုက်ဘဲ သမာသမတ်ကျပါတယ်လို့ဆိုဆို ဒီအချက်ကို ကြည့်ကတည်းက သမာသမတ် မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါ့ပြင် လူသားချင်းစာနာတဲ့ အကူအညီပေးမယ်ဆိုရင်လည်း အစိုးရက တဆင့်သာပေး။ ခင်ဗျားတို့ကိုယ်တိုင် ပေးတာတို့ လက်မခံနိုင်ဘူးလို့ ပြောလိုက်တယ်” ဟု ဆိုသည်။
လူသားချင်း အကူအညီကို အစိုးရမှ တဆင့် ပေးကမ်းရန် ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ဖွံ့ဖြိုးရေး အကူအညီကို လက်ခံမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးရေး အကူအညီ နောက်ကွယ်တွင် လူမျိုးရေး၊ နိုင်ငံရေး စသည့် အကြောင်းအရာများ နောက်ကွယ်တွင် ကပ်ပါလာတတ်၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးသာပွင့်က ဆိုသည်။
OIC ကိုယ်စားလှယ်အဖွဲ့သည် နောက်ပိုင်းတွင် စစ်တွေမြို့တွင် တည်ရှိသော ရခိုင်နှင့် မူဆလင် ဒုက္ခသည် စခန်းများသို့ သွားရောက်လည်ပတ် ကြည့်ရှု့ခဲ့ပြီး  တွေ့ရှိချက်များကို အိုအိုင်စီအဖွဲ့သို့ အစီရင်ခံ တင်ပြ သွားမည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ငှက်ချောင်းဒုက္ခသည်စခန်းအား နယ်မြေတိကျသတ်မှတ်ရန် ပေါက်တောမြို့နယ်လူထုတောင်းဆို

monk-in-pauk-taw
အစည်းအဝေးပြုလုပ်နေကြစဉ်( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းအား နယ်မြေတိတိကျကျ ပိုင်းခြားသတ်မှတ်ရန်နှင့် စခန်းပြင်ပသို့ စည်းကမ်းမဲ့ ဝင်ထွက်သွားလာနေခြင်းအား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ထိန်းချုပ်ပေးရန် ပေါက်တောဒေသခံများက တောင်းဆိုလိုက်သည်။
ယင်းတောင်းဆိုမူအား စက်တင်ဘာလ ၃ ရက်နေ့က ပေါက်တောမြို့နယ်ရှိ စိုင်းတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သော ကျေးရွာပေါင်း (၂၃) ရွာမှ ကိုယ်စားလှယ်များ တက်ရောက်သည့် အစည်းအဝေးတွင် လက်မှတ်ရေးထိုးတောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးကို စိုင်းတုတ်ကျွန်း၊ သလွန်တောင်ကျွန်းနှင့် အင်္ဂရားချိုင်ကျွန်းပေါ်ရှိ ကျေးရွာပေါင်း (၂၃)ရွာမှ သံဃာတော်များနှင့် ရွာသူ၊ ရွာသားများအပြင် ပေါက်တောမြို့နယ်မှ နာရေးကူညီမှုအသင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအသင်း၊ မြို့နယ် သွေးအလှူရှင်အသင်းနှင့် မြို့နယ်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
ငှက်ချောင်းဘင်္ဂါလီဒုက္ခသည် စခန်းတွင် ရဲတပ်ရင်းများနှင့် စစ်တပ်မှ လုံခြုံရေးချထားသော်လည်း ဘင်္ဂါလီများက ဒုက္ခသည်စခန်းပြင်ပသို့ စည်းကမ်းမဲ့ ဝင်ထွက်သွားလာမှုများရှိနေပြီး၊ အနီးအနားရှိ စိုင်းတုတ်ကျွန်းအပါအဝင် အခြားပေါက်တောမြို့နယ် ကျေးရွာများမှ ရခိုင်တိုင်းရင်းသားများကို မကြာခဏ အုပ်စုဖွဲ့ရန်စမှုများရှိနေသဖြင့် စိုင်းတုတ်ဆရာတော် ဦးသောဘိတမှ ကျွန်းလုံးကျွတ် အစည်းအဝေးအား ဦးဆောင်ခေါ်ယူကာ ပြည်နယ်အစိုးရထံသို့ လက်မှတ်ရေးထိုး တောင်းဆိုကြခြင်း ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ပေါက်တောမြို့နယ် လူမှုကွန်ရက်မှ ဦးဦးကျော်ဝင်းက ပြောသည်။
“ ခုက ဒုက္ခသည်စခန်းလို့သာဆိုတယ်။ ဘင်္ဂါလီတွေက သွားချင်တာ လျှောက်သွားနေကြတယ်။ စခန်းနဲ့ မိုင်ပေါင်းများစွာကိုလည်းသွားတာပဲ။ အုပ်စုဖွဲ့ပြီး ရခိုင်တွေကို ရန်စရှာတာတွေ လုပ်လာတော့ အဲ့ဒီကျွန်းမှာ (တိုင်းရင်းသားတွေ) အလုပ်လုပ်စားလို့ မရဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။
ကျင်းပခဲ့သော အစည်းအဝေးမှ ငှက်ချောင်းဘင်္ဂါလီဒုက္ခသည် စခန်းအား နယ်မြေ ဧရိယာ တိတိကျကျသတ်မှတ်ပေးရန်၊ ဘင်္ဂါလီဒုက္ခသည်များအား စခန်ပြင်ပသို့ အချိန်မတော် စည်းကမ်းမဲ့ ဝင်ထွက်သွားလာခြင်းအား သက်ဆိုင်ရာမှ ထိန်းကွပ်ရန်၊ ဒုက္ခသည်စခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအား သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကြပ်မတ် စစ်ဆေးရန် စသည့် အချက်(၃)ချက်ကို တောင်းဆိုခဲ့ကြသည်။
pauktaw
ယင်းတောင်းဆိုချက်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းထံ မကြာခင် တင်ပြ အကြောင်းကြားသွားမည်ဟု ဦးဦးကျော်ဝင်းက နိရဉ္စရာသို့ ပြောသည်။
“ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆီကို မကြာခင် တိုက်ရိုက်တင်မယ်။ ပြီးရင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း အကြောင်းကြားမယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်းဆိုချက်များကို တာဝန်ယူဖြေရှင်းပေးခြင်းမရှိပါက ရွာသူ၊ ရွာသားများက ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်သွားရန် အစည်းအဝေးတွင် တက်ရောက်လာသူများက ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးတွင် တက်ရောက်ခဲ့သူ စိုင်းတုတ်ရွာမှ ဦးခိုင်မိုးက ပြောသည်။
ပေါက်တောမြို့နယ်ရှိ ငှက်ချောင်းဘင်္ဂါလီဒုက္ခသည် စခန်းအနီး ဆင်အိုင်ကျေးရွာနှင့် ဂျော်ဂျီရွာ ပျက်နေရာတွင် ရဲတပ်ကင်းစခန်းများ ရှိနေပြီး၊ ငှက်ချောင်းဒုက္ခသည်စခန်းတွင် စစ်တပ်ရှိ နေသော်လည်း ဒုက္ခသည်များမှာမကြာခဏအပြင်သို့ထွက်ပြီး ဒေသခံများကိုရန်စမှုများရှိနေကြောင်း ပေါက်တောဒေသခံများက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)