Tuesday, June 4, 2013

ကျပ်သန်းပေါင်း (၂၇၀) အကုန်အကျခံတည်ဆောက်မည့် ရခိုင်မှ ဆိပ်ခံတံတားများ စက်တင်ဘာလမှ လုပ်ငန်းစတင်နိုင်မည်

မိုးရာသီတွင် တည်ဆောက်ရန် အခက်အခဲ ရှိသဖြင့် ကျပ် သန်းပေါင်း (၂၇၀)  အကုန်ကျခံ တည်ဆောက်မည့် ရခိုင်ပြည်နယ် မြို့ (၄) ခုမှ ဆိပ်ခံ တံတားများကို စက်တင်္ဘာလလောက်မှ လုပ်ငန်း စတင်နိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ပုဏ္ဍားကျွန်းမြို့ လက်ရှိ ဆိပ်ခံတံတားကို တွေ့ရစဉ်။
ပုဏ္ဍားကျွန်းမြို့ လက်ရှိ ဆိပ်ခံတံတားကို တွေ့ရစဉ်။
မိုးများသော ဒေသဖြစ်ပြီး  မြစ်ချောင်းများတွင် ရေစီးသန် သဖြင့် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ရန် မသင့်တော်၍ စက်တင်္ဘာလရောက်မှ ဆိပ်ခံ တံတားများ တည်ဆောက်ရေးကို စတင် လုပ်ကိုင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ရခိုင်ပြည်နယ် သတ္တု ၀န်ကြီး  ဦးအောင်သန်းတင်က ပြောသည်။
“ ကျွန်တော်တို့ ပုဏ္ဍားကျွန်း ဆိပ်ခံတံတားကို ကျပ်သန်းပေါင်း (၂၇၀) နဲ့ အကုန်အကျခံပြီး တည်ဆောက်ဖို့ ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ထားပါပြီ။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ အခု မိုးရာသီ ဖြစ်နေတဲ့ အတွက် လုပ်ငန်း စတင်ဖို့ မဖြစ်နိုင်တာကြောင့် စက်တင်္ဘာလ လောက်မှ လုပ်ငန်းတင်ဒါတွေကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ကားလမ်းနှင့် ရထားလမ်းများကို နိုင်ငံတော် အစိုးရမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မူ ရှိစေရန် ရည်ရွယ်ပြီး ဖေါက်လုပ်ပေးနေသော်လည်း ကားလမ်းရထားများ တဆင့် ပြည်နယ် အနှံ့ သွားလာနိုင်ခြင်း မရှိသဖြင့်  ရေလမ်းခရီးကိုသာ ယခုအချိန် ရခိုင် လူထု အနေဖြင့် အားကိုးနေရဆဲ ဖြစ်သည်။ သို့အတွက် မြို့များရှိ သင်္ဘောများ၊ မော်တော်ဘုတ်များ ၀င်ထွက် ဆိပ်ကပ်ရာ ဆိပ်ခံတံတားများကို ခိုင်ခန့်အောင် ပြုပြင် တည်ဆောက်ရန် အရေးတကြီး လိုအပ်နေသည်။
၂၀၁၃-၂၀၁၄ ခုနှစ် အတွင်း ဆိပ်ခံတံတား (၄) ခုကို ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲနှင့် မာန်အောင်မြို့တို့တွင် တည်ဆောက်သွားမည် ဖြစ်ပြီး တံတား တစ်ခုစီကို ကျပ်သန်းပေါင်း (၂၇၀) စီ အကုန်အကျခံ တည်ဆောက်သွားမည်ဟု သိရသည်။
“ အခုက မိုးရာသီဆိုတော့ ဘယ်စီမံကိန်းကိုမှ လုပ်ကိုင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အစိုးရစီမံကိန်းတွေကို တင်ဒါ မခေါ်နိုင်ဘဲ ဖြစ်နေပါတယ်။ မိုးကုန်မှဘဲ လုပ်ငန်းတွေကို စတင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ဆိုသည်။
မိုးရာသီတွင် ရခိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် မဖြစ်နိုင်သဖြင့် မြန်မာ့ မီးရထား လုပ်ငန်းမှ ပုဏ္ဍားကျွန်း မြို့အတွက် တာဝန်ယူ တည်ဆောက်ပေးနေသော ဘော်လုံးကွင်း တည်ဆောက်ရေးကိုလည်း ယခုအခါ ရပ်ထားသည်ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ပုဏ္ဍားကျွန်း ရထားဘူတာ တည်ဆောက်ရာတွင် ဘော်လုံးကွင်း ပါဝင်သွားသဖြင့် မြန်မာ့ မီးရထား လုပ်ငန်းမှ အဆင့်မှီ ဘော်လုံးကွင်း အသစ်တစ်ခုကို မြို့ အနီးရှိ ပုဏ္ဍားကျွန်း-ရသေ့တောင် ကားလမ်းအနီးတွင် အစား ထိုး တည်ဆောက်နေသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒေသန္တရအမိန့်အား ထောက်ခံသောအားဖြင့် လူထုဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်မည်

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပြည်နယ်အစိုးရမှ မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော လူဦးရေထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် လာမည့် ဇွန်လ ၄ ရက်နေ့၌ လူထု ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲအား စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များမှ ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်တော ခရိုင်တွင် ဘင်္ဂလီလူဦးရေ ၉၅ ရာခိုင်နှုန်းရှိနေပြီး တိုင်းရင်းသားများမှ ၅ ရာခိုင်နှုန်းသာ ရှိနေ၍ စိုးရိမ်နေရသော အခြေအနေရောက်နေကြောင်းကို စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များအဖွဲ့၏ အတွင်းရေးမှူး ဦးကေသာရမှ မိန့်ကြားခဲ့သည်။
ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ပြုလုပ် စစ်တွေမြို့ရှိ မြို့မိမြို့ဘများ၊ ပါတီများ၊ လူ့မှုအဖွဲ့အစည်းများနှင့် သံဃာတော်များ အစည်းအဝေးပြုလုပ်နေစဉ်။ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ပြုလုပ် စစ်တွေမြို့ရှိ မြို့မိမြို့ဘများ၊ ပါတီများ၊ လူ့မှုအဖွဲ့အစည်းများနှင့် သံဃာတော်များ အစည်းအဝေးပြုလုပ်နေစဉ်။
" ဘူးသီးတောင်၊ မောင်တော ဒေသမှာ ထိန်းချုပ်မှုမလုပ်ရင် ရခိုင်တွေ တစ်ယောက်မှ မကျန်တော့ဘူး၊ အမျိုးဘာသာ၊ သာသနာ အကျိုးအတွက် ဒေသန္တရ အမိန့်က မဖြစ်မနေလိုနေတယ်၊ လူပုဂ္ဂိုလ်တစ်ချို့နှင့် အဖွဲ့အစည်းတစ်ချို့က ဒေသန္တရ အမိန့်ဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ပြောနေကြတဲ့အတွက် အမိန့်ပျက်ပြယ်သွားမှာစိုးတဲ့အတွက် ထုတ်ပြန်တဲ့ အမိန့်ကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒပြကြမှာ ဖြစ်တယ်။ " ဟု ဦးကေသာရမှ မိန့်ကြားသည်။
ဇွန်လ ၂ ရက်နေ့က စစ်တွေမြို့ မြို့သူကြီးရပ်ကွက်တွင် သံဃာတော်များ၊ ရခိုင်လူမှု အဖွဲ့အစည်းများမှာ အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ အဆိုပါ ထောက်ခံပွဲအား သံဃာတော်များမှ ဦးဆောင်ကာ ဇွန်လ ၄ ရက်နေ့တွင် မဖြစ်မနေပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေးအဖွဲ့မှ သံဃာတော် ၅ ပါးအပါအ၀င်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်လူမှုအဖွဲ့အစည်း ၁၄ ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စုစုပေါင်း ၅၁ ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးအား ညနေ ၁ နာရီခွဲတွင် စတင်ကာ ၃ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်မှ " ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင် အစီရင်ခံစာ၏ အကြံပြုချက်အရ ရခိုင်ပြည်နယ်တွင် မွတ်စလင်လူဦးရေ အဆမတန် တိုးပွားမှုနှုန်းအား ထိန်းချုပ်နိုင်ရန်အတွက် ဒေသန္တရ အမိန့်တစ်ရပ်ကို မောင်တော ခရိုင်အတွင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း။ " မေလ ၂၁ ရက်နေ့က RFA သတင်းဌာနတွင် ဖော်ပြထားသည်။
မွတ်ဆလင် အိမ်ထောင်စုတစ်စုတွင် ကလေး ၂ ဦးနှုန်း မွေးဖွားရန်နှင့် မြန်မာ့ဓလေ့ ထုံးတမ်းအရ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရန် အမိန့်ကို ထပ်မံအတည်ပြုထုတ်ပြန်ခြင်းဖြစ်ပြီး လက်ရှိထုတ်ပြန်သော ဥပဒေအပေါ် ချိုးဖောက်သူများအား လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။
ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ပြုလုပ် စစ်တွေမြို့ရှိ မြို့မိမြို့ဘများ၊ ပါတီများ၊ လူ့မှုအဖွဲ့အစည်းများနှင့် သံဃာတော်များ အစည်းအဝေးပြုလုပ်နေစဉ်။ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ပြုလုပ် စစ်တွေမြို့ရှိ မြို့မိမြို့ဘများ၊ ပါတီများ၊ လူ့မှုအဖွဲ့အစည်းများနှင့် သံဃာတော်များ အစည်းအဝေးပြုလုပ်နေစဉ်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ မောင်တော၊ ဘူးသီးတောင် အတွင်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်ကို ကန့်ကွက် ရှုတ်ချကြောင်းကို NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် မေလ ၂၇ ရက်နေ့က သတင်းထောက်များအား ပြောကြားလိုက်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- arakntimes ၊ ရေးသားသူ-ဇင်ကီး)


အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ရည်မျှော်ပြီး ထွန်းအထွေထွေရောဂါကုဆေးရုံမှ RNDP သို့ ကျပ် (၁၀)သိန်းလှူဒါန်း

အမျိုးဘာသာ၊ သာသနာ အကျိုးကို ရည်မျှော်ပြီး ထွန်း အထွေထွေ ရောဂါကု ဆေးရုံမှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) သို့ ငွေကျပ် (၁၀)  သိန်း ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
RNDP-office
ထွန်း အထွေထွေ ရောဂါကုသရေး ဆေးရုံ တည်ထောင်သော (၂၅) နှစ်မြှောက် အထိမ်းအမှတ် အဖြစ် မိသားစုများ ဖြစ်ကြသော ဒေါက်တာ သိန်းစောထွန်းနှင့် ဒေါက်တာ လတ်လတ်ထွန်းတို့မှ အဆိုပါ ငွေအား မေလ ၃၁ ရက်နေ့က လှူဒါန်းခဲ့သည်ဟု သိရသည်။
“ သူတို့က အမျိုးဘာသာ၊ သာသနာ အကျိုးကို ရည်မျှော်ပြီး လှူဒါန်းတာ ဖြစ်ပါတယ်။ လူထုကို အလုပ် အကျွေးပြုနေတဲ့ ကျွန်တော်တို့ပါတီ အပေါ် အားကိုး ယုံကြည်တဲ့ အတွက် ခုလို လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ပါတီ ဗဟို ကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။
ဒေါက်တာ သိန်းစောထွန်းမှ အဆိုပါ လှူဒါန်းငွေအား RNDP (ဗဟို) ရုံးသို့  သွားရောက်ပြီး  ပါတီ ဥက္ကဌဒေါက်တာ အေးမောင်သို့  ပေးအပ် လှူဒါန်းခဲ့ဟု ဆိုသည်။
ထွန်း အထွေထွေ ရောဂါကုသရေး ဆေးရုံမှာ ယခင်က ထွန်းဓါတ်မှန် အမည်ဖြင့် စစ်တွေတွင် ရှိခဲ့ပြီး နောက်ပိုင်းတွင် ထွန်း အထွေထွေ ရောဂါကုသရေး ဆေးရုံ အဖြစ် နာမည် ပြောင်းလဲခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နိုင်ငံသားမဟုတ်သူများအား ပါတီထူထောင်ခွင့် နှင့် မဲပေးပိုင်ခွင့်ကို ဖျက်သိမ်းပေးရန် RNDP ပါတီတောင်းဆို

မြန်မာနိုင်ငံအတွင်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံသားမဟုတ်သူများအား ပါတီထူထောင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်နှင့် ဆန္ဒမေးပေးပိုင်ခွင့် ရရှိနေခြင်းကို အမြန်ဆုံး ဖျက်သိမ်းပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)မှ မေလ ၂၇ ရက်နေ့က အမ်းမြို့တွင်ကျင်းပသော ပထမအကြိမ် ဗဟိုကော်မတီ နှစ်ပတ်လည် မျက်နာစုံညီအစည်းအဝေးမှ တောင်းဆိုလိုက်သည်။
မေလ ၂၉ ရက်နေ့က အမ်းမြို့တွင် ကျင်းပသော RNDP ပထမအကြိမ် ဗဟိုကော်မတီ နှစ်ပတ်လည် မျက်နာစုံညီအစည်းအဝေးမှ ထုတ်ပြန်ကြေငြာချက်။ မေလ ၂၉ ရက်နေ့က အမ်းမြို့တွင် ကျင်းပသော RNDP ပထမအကြိမ် ဗဟိုကော်မတီ နှစ်ပတ်လည် မျက်နာစုံညီအစည်းအဝေးမှ ထုတ်ပြန်ကြေငြာချက်။
အဆိုပါ နှစ်ပတ်လည် မျက်နာစုံညီအစည်းအဝေးကို မေလ (၂၇)မှ (၂၉)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပကာ အချက်(၆)ချက်ပါသော ၁/၂၀၁၃ သဘောထား ထုပြန်ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက် အပုဒ်(၂)တွင် ပါရှိသည့် ယာယီသက်သေခံကပ် ကိုင်ဆောင်၍ ပါတီထူထောင်ခွင့်နှင့် မဲပေးပိုင်ခွင့်ကို ပယ်ဖျက်ပေးရေး ကိစ္စနှင့် ပါတ်သက်၍ RNDP ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုက အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုပြောသည်။
"၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီမှာ ဘူးသီးတောင်၊ မောင်တော ဘက်ကတက်တဲ့ လွှတ်တော် အမတ်တွေဟာ နိုင်ငံသားမဟုတ်၊ သူတို့ မိဘတွေကလည်း နိုင်ငံသားမဟုတ်ဆိုတာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း နာမည်စာရင်း အမည်ပေးရပါတယ်။ စာရင်းလည်းသွင်းပြီးရော ဒီလူတွေဟာ နိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာတဲ့ လူတွေမဟုတ်ဆိုတာကို ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ၊ မောင်တောမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားတွေက လက်မှတ်ထိုးပြီးတော့ စာတင်ခဲ့ကြတယ်။ ကျနော်တို့ ယင်းဒေသက ကိုယ်မရှင်နှင့် ခရိုင်ကော်မရှင်ကပါ
ကန့်ကွက်ခဲ့ပါတယ်။ ဒါတောင်မကလို့ ပြည်နယ် ကော်မရှင်ကလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သို့သော် ပြည်ထောင်စု ကော်မရှင်က ဒီကိစ္စကို ဘာတစ်ခုမှ အဖြေမပေးခဲ့ဘဲနဲ့ ဗဟိုရဲ့ အမိန့်နဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် အမည်သွင်းခွင့်ကို ခွင့်ပြုလိုက်ပါတယ်။ ဒီလိုလုပ်တာဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ကိုက်ညီမှုမရှိဘူး။ ဒါကြောင့် ကျနော်တို့က လုံးဝပယ်ဖျက်ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။ " ပြောသည်။
ဤ မျက်နာစုံညီ အစည်းအဝေးမှ မေလ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကြေငြာချက်မှာ " RNDP ပါတီနှင့် ALD ပါတီတို့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောက်ရွက်ရေး၊ တရားမဝင်နိုင်ငံသားမဟုတ်သူ ဘင်္ဂလီများမှာ အစိုးရ၏ လုပ်ငန်းလိုင်စင်များကို ဆွဲယူခွင့်နှင့် မြေယာလုပ်ပိုင်ခွင့်များ ရရှိနေခြင်းကို အမြန်ဆုံးပယ်ဖျက်ပေးရေး၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ဒေသခံများမှာ စီမံကိန်းကြောင်း ဆုံးရှုံးနစ်နာမှုများ မရှိရအောင် အခိုင်အမာ ရပ်တည်ကာကွယ်ပေးရေး၊ ရွှေသဘာဝဓါတ်ငွေ့ကို ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီး ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲခွင့်ရရှိရေး၊ ပြည်ထောင်စု ကော်မရှင်မှ အကြံပြုတောင်းဆိုထားသည့် အချိုးကျကိုယ်စားလှယ်ပြု စနစ်(PR) ဖြင့် ပြောင်းလဲကျင့်သုံးခြင်းကို လုံးဝကန့်ကွက်ရေး။ " ဖြစ်ကြောင်း ကြေငြာချက်တွင် ပါရှိသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)


စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေးအတွက် ကျပ်သိန်းချီ မလိုအပ်ဘဲကုန်ကျနေမှု သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် တောင်သူလယ်သမားများ လိုလား

ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် အစိုးရ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးရန် စီစဉ်နေသော  စိုက်ပျိုး စရိတ်ချေးငွေများ  ရရှိရေးအတွက် လယ်သမား တစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းခန့်  မလိုအပ်ဘဲ အပို ကုန်ကျနေမူကို သက်ဆိုင်ရာမှ အမြန် စိစစ်ပြီး ဖြေရှင်း ပေးရန် တောင်သူ လယ်သမားများက လိုလားနေကြသည်ဟု သတင်း ရရှိသည်။
ploughingရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေးအတွက် လယ်သမားတစ်ဦးလျှင် ကျပ် ငွေ တစ်သိန်းခန့်လိုအပ်နေသဖြင့် လယ်သမားများ အနေဖြင့် အခက်တွေ့နေရသည်ဟု  ငွေတွင်းတူကျေးရွာ လယ်သမား တစ်ဦးက ပြောသည်။
“ အစိုးရက အခု စိုက်ပျိုး စရိတ် ထုတ်ချေးဖို့ စီစဉ်နေပါတယ်။ အဲဒီငွေကို ရရှိဖို့ အတွက် ပြင်ဆင် နေချိန်မှာ အခွန်ဦးစီးမှူးရုံးကို လက်မှတ်ထိုးခ ၂၀၀၀၀ ကျပ်၊ စိုက်ပျိုးရေး ရုံးမှာ ၉၀၀၀ ကျပ်၊ မှတ်ပုံတင် မရှိတဲ့သူဆိုရင် မှတ်ပုံတင်လုပ်ဖို့အတွက် မှတ်ပုံတင် ဌာနမှာ မှတ်ပုံတင် တရွက်ကို ၂၀၀၀၀ ကျပ်၊ အိမ်ထောင်စု စာရင်းအတွက် ၅၀၀၀ ကျပ်၊ စိုက်ပျိုး စရိတ် ထုတ်ပေးဖို့ စာအုပ် လုပ်ခ ၂၀၀၀၀ ကျပ်၊ စာအုပ်ရလာတဲ့အခါမှာ ၄၀၀၀ ကျပ် ထုတ်ပေးရပါတယ်။ ဒါမှ စိုက်ပျိုးစရိတ်ချေး ငွေတွေ ထုတ်လို့ရမှာ ဖြစ်ပါတယ်။ အခုလို စိုက်ပျိုးစရိတ်ငွေ ရဖို့အတွက် လယ်သမား တစ်ဦးမှာ ၈၀၀၀၀ နဲ့ တစ်သိန်းကြား လိုအပ်နေတာကြောင့် အခက်အခဲ ဖြစ်နေကြရတဲ့ အတွက် သက်ဆိုင်ရာက ဒါတွေကို စိစစ်ပြီး ဖြေရှင်းပေးဖို့ ကျွန်တော်တို့ လိုလား နေပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ သက်ဆိုင်ရာ ဌာနများမှ ငွေကောက်ခံယူခြင်းသည် လယ်ဧက အများကြီး ရှိသူများ အတွက် မထောင်းသာလှသော်လည်း အနည်းငယ်ရှိသူများ အတွက် အခက်အခဲဖြစ်စေသည်ဟု ဆိုသည်။
“  တဧကကို နှစ်သိန်းနုန်းနဲ့ ချေးငွေထုတ်ပေးမယ်ဆိုရင်  ဆယ်ဧကရှိတဲ့သူက  သိန်း ၂၀ ရမယ်။ သိန်း ၂၀ ထဲက လယ်များများ ရှိတဲ့ သူတွေ အနေနဲ့ တစ်သိန်း ကုန်ကျသွားတာ ဘာမှ မဖြစ်ပေမယ့် နှစ်ဧက၊  သုံးဧကသာရှိတဲ့ လယ်သမားတွေ အနေနဲ့ ရမယ့်ငွေက နည်းနည်းထဲမှာ ကျပ်တစ်သိန်းက ကုန်ကျခံရမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါ။  ရမယ့် ငွေကနည်းနည်း  အရင်းစိုက်ရတာက များများ ဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ လယ်နည်းတဲ့ သူတွေ အနေနဲ့  အထူးနစ်နာမူတွေ ရှိနေပါတယ်” ဟု ဆိုသည်။
လယ်သမားများ အနေဖြင့် လယ်ယာစိုက်ပျိုးရေးအတွက် ပြင်ဆင် နေချိန် ဖြစ်သဖြင့် ချေးငွေများ လိုအပ်နေသည့် အပေါ်တွင် အခွင့်ကောင်းယူပြီး ယခုလိုမျိုး မတရား သဖြင့် ငွေတောင်းယူနေကြသည်ဟု  သူကပြောသည်။
မြေပုံမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေကို တဧကလျှင် မည်မျှ ထုတ်ချေးပေးမည်ကို အတိအကျမသိ ရှိရသေးကြောင်း၊ လွန်ခဲ့သည့်နှစ်က အသစ်ချေးယူသူကို တဧက ကျပ်ငွေ ၂သိန်းနုန်းဖြင့်  ထုတ်ချေး ပေးခဲ့ကြောင်း၊ ယခင်ငွေထုတ်ချေးဖူးသူများကို ကျပ်ငွေ ၄ သိန်းမှ ၅သိန်း ခန့် ထုတ်ချေးပေးခဲ့ကြောင်း သူက ဆိုသည်။
အလားတူ ရမ်းဗြဲမြို့နယ်ရှိ တချို့ကျေးရွာများတွင် စိုက်ပျိုးစရိတ်ချေးငွေ ရရှိရေးအတွက် စာအုပ်လုပ်ခ ငွေပေးရသည့်အပြင် စာအုပ်လာပေးစရိတ်ဟု ဆိုကာ စာအုပ် တစ်အုပ်ကို ကျပ်ငွေ ၁၀၀၀ စီ ကောက်ယူသွားသည်ဟု သံချောင်းကျေးရွာသားတဦးက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ သံချောင်းမှာ လယ်ယာမြေ မှတ်ပုံတင် စာရွက် လာပေးတဲ့ အုပ်ချုပ်ရေးမှူး စာရေးက စာအုပ်ရတဲ့သူ လယ်သမားတစ်ဦးဆီက လာပို့ခဆိုပြီးတော့ ကျပ်ငွေ ၁၀၀၀ စီ တောင်းယူသွားပါ တယ်” ဟု ဆိုသည်။
ယခုကဲ့သို့ မိုးဦး အကျ စိုက်ပျိုးရာသီ အစတွင် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်မှ မာန်အောင်မြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များ အပါအ၀င် ရခိုင်ပြည်နယ် အနှံ့ အပြားတွင် စိုက်ပျိုးစရိတ် ထုတ်ယူနိုင်သည့် စာအုပ်များ ပြုလုပ်ပေးနေရာ လယ်သမားများ အနေဖြင့် ယခုလိုမျိုး အခက်အခဲနှင့် ကြုံနေကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်ရမ္မာ)

မောင်တောခရိုင်အတွင်း ဒေသန္တရအမိန့်ကို ရခိုင် NLD များ ထောက်ခံကြောင်း ထုတ်ပြန်

ဘူးသီးတောင်-မောင်တော၌ နေထိုင်ကြသော ဘင်္ဂလီများအား တစ်အိမ်ထောင်လျှင် ကလေး(၂)ယောက်သာ မွေးဖွားခွင့်နှင့် တစ်ကြိမ်သာလက်ထပ် ထိမ်းမြားခွင့်ရှိသည့် ဒေသန္တရအမိန့်ကို ရခိုင်ပြည်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) များမှ အလေးအနက်ထောက်ခံကြောင်း သဘောထားကို မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး။စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး။
ရခိုင်ပြည်တွင် NLD ပါတီသည် မြို့နယ် အများစုတွင်ရှိပြီး ၄င်းအထဲမှ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ မြို့နယ်များရှိ NLD များက အဖွဲ့ဝင်များ၏ ဆန္ဒအရ ထောက်ခံကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
စစ်တွေမြို့နယ် ဥက္ကဌ ဦးစံရွှေထွန်းက " ဒီအမိန့်ကို ထုတ်ပြန်လိုက်တာဟာ ဒေသအခြေအနေနဲ့ သဟဇာတ ဖြစ်တဲ့အတွက် ကျနော်တို့ ၈ မြို့နယ်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဆန္ဒအရ အလေးအနက် ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ရတာ ဖြစ်တယ်။ " ဟုပြောသည်။
ဘင်္ဂလီများ လူဦးရေ အဆမတန် တိုးပွားလာသောကြောင်း ပြည်နယ်အစိုးရမှ မောင်တောခရိုင်အတွင်း ဒေသန္တရအမိန့်ကို မေလတွင် ထုန်ပြန်ခဲ့ပြီး ရက်အနည်းနယ်အကြာတွင် ရခိုင်ပြည်ရှိ NLD များမှ လက်ခံကြောင်း သဘောထားထုန်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် "ရခိုင်ပြည်နယ်၏ ပထဝီနိုင်ငံရေးနှင့် အမျိုးသားလုံခြုံမှု အရလည်းကောင်း အလွန်လိုအပ်နေပါသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အလေးအနက် ထောက်ခံအပ်ပါသည်။ " ဟု ပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၇ ရက်နေ့က မောင်တောခရိုင်အတွင်း ထုန်ပြန်ထားသော ဒေသန္တရအမိန့်မှာ လူသားချင်း ခွဲခြားဆက်ဆံခြင်းနှင့် လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည်ဟု မီဒီများသို့ ရှုတ်ချ ပြောဆိုခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးအား ဆက်သွယ်မေးမြန်းရာ ယခုလိုပြောကြားခဲ့သည်။
" အဲဒီပေါ်မှာက အဓိကမြင်တာတော့ လူ့အခွင့်ရေးနဲ့ မဆိုင်ဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒေသန္တရ အရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် အဲဒီဒေသတွေက ရခိုင်ပြည်မှာ မေယုခရိုင်လို့ ပြောရမှာပေါ့။ အဲဒီ ဒေသမှာ အဓိက ဘင်္ဂလီတွေကို စီစစ်နေပါတယ်။ သူတို့က လူဦးရေ မွေးဖွားနူန်းက အဆမတန်များပြားနေပါတယ်။ အဲဒါကြောင်း အဲဒီဒေသရဲ့ လိုအပ်ချက်အရ ပြည်နယ်အစိုးရက ထုတ်ပြန်တယ်လို့မြင်ပါတယ်။ နေရာတိုင်းမှာ လူ့အခွင့်ရေးကို ကိုင်ပြီးတော့ ပြောလို့မရပါဘူး။ မြန်မာနိုင်ငံ တစ်ခုတည်းမဟုတ်ပါဘူး၊ နိုင်ငံတိုင်းမှာရှိတယ်။ တရုတ်ပြည်မှာဆိုရင်လည်း တရုပ်တွေရဲ့ ပေါ်လစီ အဲဒီလိုရှိပါတယ်၊ တရုတ်ပြည်မှာလည်း မှုဆလင်တွေရှိတာပဲ။ တစ်ခြားနိုင်ငံတွေမှာလည်း မှုဆလင်တွေရှိတယ်။ အဲဒီနိုင်ငံရဲ့ အချုပ်အခြာအဏာ၊ အဲဒီနိုင်ငံမှာရှိတဲ့ စည်းမျှည်း၊ စည်းကမ်း၊ ဒေသန္တရဆိုရင်လည်း ဒေသန္တရနဲ့ ပက်သက်တဲ့ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အမြင်ကိုတော့ ကျွန်တော်တို့က ဆန့်ကျင်ပြီး မြင်ပါတယ်။ ဒီနေရာမှာတော့ လူ့အခွင့်ရေးနဲ့ ပြောလို့မရပါဘူး။ အကုန်လုံးကို လူ့အခွင့်ရေးနဲ့ ပြောမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ ဒါက အခုမှရှိတာ မဟုတ်ပါဘူး ဟို (၈၂)နှစ် ကတည်းကရှိတာပါ။ အကောင်အထည်မဖော်ခဲ့တာပဲ ရှိပါတယ်။ ကျွန်တော်တို့ မြင်တာကတော့ လက်ရှိ ဖြစ်လာတဲ့အပေါ်မှာ အကောင်အထည်ဖေါ်တယ်လို့ မြင်ပါတယ်။ ဒီအပေါ်မှာတော့ လူ့အခွင့်ရေး အနေနဲ့ပြောလို့မရဘူးလို့ ပြောချင်ပါတယ်။ " ဟု ပြောသည်။
မေလ ၃၁ ရက် ရက်စွဲဖြင့် ရခိုင် NLD များမှ ထုတ်ပြန်လိုက်သည့် သဘောထားစာစောင်ကို " အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ်(ဗဟို)၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ၊ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက်။ " တို့ကို ဖြန့်ဝေခဲ့ကြောင်း ထုန်ပြန်ချက်အရ သိရသည်။
၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဥက္ကဋ္ဌလည်းဖြစ်၊ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည့် ဦးညီပုထံ အာရ်ကန်တိုင်းမ်စ်မှ ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရရှိခဲ့ပေ။
ဥပဒေရှု့ထောင့်နှင့် ပတ်သက်၍ " တိုင်ပြည်တစ်ခုမှာ ဥပဒေပြုတဲ့အခါမှာ အဆင့်နှစ်ဆင့်ရှိတယ်။ တိုက်ရိုက် ဥပဒေပြုတာနှင့် တစ်ဆင့်ခံ ဥပဒေပြုတာပေါ့။ တဆင့်ခံ ဥပဒေပြုတယ်ဆိုတာက ဒေသန္တရ အစိုးရတွေကို ဥပဒေပြုခွင့်ပေးတာဖြစ်တယ်။ အခု ဒီဘင်္ဂလီတွေကို ကလေးမွေးဖွားနှုန်း သတ်မှတ်တယ်ဆိုတာက ဒေသလိုအပ်ချက်အရ ဥပဒေပြုရတာ ဖြစ်တယ်လို့မြင်တယ်။ လူ့အခွင့်အရေးရှုတောင့်နှင့် အမျိုးသားလုံခြုံရေးကို နှိုင်းယဉ်မယ်ဆိုရင် ဘယ်နိုင်ငံမဆို အမျိုးသားလုံးခြုံရေးကို ဦးစားပေးရတာပါပဲ။ အခုလို ဥပဒေပြုတာဟာ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ တရားသေ စွပ်စွဲ ပြောလို့တော့မရပါဘူး။ တကယ်လို့ ဒီဥပဒေပြုမှုဟာ လိုအပ်မလိုအပ် သုံးသပ်နိုင်တာက ပြည်ထောင်စု လွှတ်တော်ကပဲ ပြန်လည်သုံးပါလိမ့်မယ်။ " ဟု ဥပဒေရေးရာ လေ့လာသူလည်းဖြစ်၊ AHRDO ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးကျော်ထွီးက ပြောသည်။
န၀တ နှင့် နအဖ စစ်အစိုးရတို့သည်လည်း ဘင်္ဂလီများ၏ ကလေးမွေးဖွားနှုန်းကို သိသောကြောင့် ၁၉၉၀ ခုနှစ်က ကလေးလျှော့ချရေးအတွက် ဒေသန္တရ အမိန့်ကို ကျင့်သုံးခဲ့ကြောင်း သိရသည်။
မေလ ၃၁ ရက် ရက်စွဲဖြင့် ရခိုင် NLD ပါတီ ၈ ခု က ထုတ်ပြန်ချက် စာစောင်။မေလ ၃၁ ရက် ရက်စွဲဖြင့် ရခိုင် NLD ပါတီ ၈ ခု က ထုတ်ပြန်ချက် စာစောင်။

(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)

NLD ဗဟိုကော်မီတီများ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ ရခိုင်ဗဟိုကော်မီတီဝင်များတက်ရောက်

မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မီတီ ၀င်များ စွမ်းရည်မြှင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ (၄) ဦး တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။
2013-05-30-15.03.35-NLD-meeting
“ NLD မှာ ရခိုင်က ဗဟို ကော်မီတီ ၄ ဦးရှိပါတယ်။ ဦးညီပုရယ်၊ ဦးသိန်းမောင်၊ ဦးမောင်ကြွင်းအောင်နဲ့ ကျွန်တော် ဖြစ်ပါတယ်။ ကျွန်တော် ၄ ဦးစလုံး တက်ရောက်ခဲ့ပါတယ်” ဟု NLD ဗဟိုကော်မီတီဝင် တောင်ကုတ်မြို့မှ ဦးမင်းအောင်က ပြောသည်။
ဆွေးနွေးပွဲတွင် အဓိက အးဖြင့်  နိုင်ငံတော် ဘတ်ဂျက် ကိစ္စ ၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မူကဏ္ဍနှင့် သက်ဆိုင်သော ကိစ္စ ၊ လယ်ယာ ကဏ္ဍ  ဖွံ့ဖြိုး တိုးတက်မူ ကိစ္စနှင့်  World bank  နှင့် IMF တို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
အလုပ်ရုံ ဆွေးနွေးပွဲသည် တက်ရောက်သူများအား အကျိုး အများကြီးရှိသည်ဟု ကိုမင်းအောင်က ပြောသည်။
“ ဗဟို အဆင့် အမူဆောင် ကော်မီတီ ၀င်တွေ အတွက် အင်မတန် အကျိုးရှိပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့  အတွေ့အကြုံ ဗဟုသုတတွေ အပြင် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ရရှိပါတယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို အထောက်အကူ ပြုနိုင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး” ဟု သူက ဆိုသည်။
အလုပ်ရုံ ဆွေးနွေးပွဲအား ရန်ကုန်မြို့ ၀ိုင်အမ်စီအေ ခန်းမတွင် ပြုလုပ်ခဲ့ပြီး NLD ဗဟိုကော်မီတီဝင် ၁၂၀ ရှိသည့် အနက် ၅၁ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
ဦးမျိုးမြင့် ( စီမံ ဘဏ္ဍာဌာနက ညွှန်ကြားရေးမှူးချုပ် ဟောင်း)၊ ဦသိမ်းဆွေ IMF ၀န်ထမ်းဟောင်းနှင့် တက္ကသိုလ် ဆရာကြီးဟောင်း၊ ဆရာ ဦးသံဒိုင် (ဘောဂဗေဒ)၊ ဒေါက်တာ သောင်းထွန်း ( NCGUB – ကုလ ဆိုင်ရာ ကိုယ်စားလှယ်ဟောင်း) တို့မှ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဘသာရပ်များကို ဟောပြော ပို့ချခဲ့သည်ဟု ပြောသည်။
“ ဒီ အလုပ်ရုံ ဆွေးနွေးပွဲကို ဗေဒါ နိုင်ငံရေး သိပ္ပံ သင်တန်းကျောင်းနဲ့ ဒေါက်တာ သောင်းထွန်း ဦးဆောင် ဖွဲ့စည်းထားတဲ့  Institute for Peace and Social Justice အဖွဲ့တို့က ကမကထ ပြုပြီး စီစဉ် ပြုလုပ်ပေးတာ ဖြစ်ပါတယ်” ဟု ဦးမင်းအောင် က ပြောသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆရာဝန် အလုံအလောက်မရှိ၍ ဒေသခံလူထုအခက်တွေ့

လူဦးရေ (၂) သိန်းပါးခန့်ရှိသော ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် တစ်ခုလုံးတွင် ဆရာဝန် တစ်ဦးတည်းသာ ရှိသဖြင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများ အနေဖြင့် အထူးအခက်အခဲ ရှိနေသည်ဟု သိရသည်။
Ponna-Kyunt-Arakan
“ ပုဏ္ဍားကျွန်းက လူတွေ နားစေး၊ ချောင်းဆိုးတာက အစ စစ်တွေကို သွားပြရတယ်။ ဒီမှာက ဆရာဝန် အလုံအလောက် မရှိတဲ့ အပြင် ကုသမူကလည်း အဆင်မပြေတာတွေ ရှိနေတော့ အသေးအဖွဲ့ ရောဂါက အစ စစ်တွေက ဆရာဝန်တွေကိုဘဲ အားကိုးနေကြရပါတယ်” ဟု ပုဏ္ဍားကျွန်း ဒေသခံ ဦးနေလင်းက ပြောသည်။
ပုဏ္ဍားကျွန်းမြို့နယ်တွင် မြို့နယ်ဆေးရုံနှင့် ယိုးတရုတ် တိုက်နယ် ဆေးရုံ -  (၂) ခု တည်ရှိသော်လည်း ပုဏ္ဍားကျွန်းမြို့ပေါ်တွင် ဆရာဝန် တစ်ဦးသာ ရှိပြီး ယိုးတရုတ် တိုက်နယ် ဆေးရုံတွင် ဆရာဝန် မရှိဘဲ ဖြစ်နေကြောင်း သူက ဆိုသည်။
“ ယိုးတရုတ် တိုက်နယ်ဆေးရုံ အတွက်လည်း ဆရာဝန် တစ်ဦး အရေးပေါ် လိုအပ်နေပါတယ်။ ပုဏ္ဍားကျွန်းမြို့ပေါ်မှာ ဆိုရင်လည်း လက်ထောက် ဆရာဝန် တစ်ဦးနဲ့ သွားဆရာဝန် တစ်ဦး နောက်ထပ် လိုအပ်နေပါတယ်။။ ဒေသခံတွေက ဒီလို ဆရာဝန်တွေ အလုံအလောက် မရှိတဲ့ အတွက် အခက်အခဲ ရှိနေတာကို အထက်ကို တင်ပြပေမယ့် အခုအချိန်ထိတော့ တစ်စုံတစ်ရာ ဖြေရှင်းပေးတာ မရှိသေးပါဘူး။”
ပုဏ္ဍားကျွန်းမြို့နယ်တွင် ဆရာဝန် အလုံ အလောက်မရှိသဖြင့် အခက်အခဲရှိနေသည်မှာ မှန်ကန်ကြောင်း၊ သို့အတွက် ကျန်းမာရေး ၀န်ကြီးဌာနကို တင်ပြထားကြောင်း ပုဏ္ဍားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတ္တုတွင်း ၀န်ကြီးလည်း ဖြစ်သော ဦးအောင်သန်းတင်က ဆိုသည်။
“ ကျွန်တော်တို့ ပုဏ္ဍားကျွန်းမြို့နယ်မှာ ဆရာဝန် မလုံလောက်တဲ့ အတွက် အခက်အခဲ ဖြစ်နေတာကို ကျန်းမာရေး ၀န်ကြီးဌာနကိုရော၊ ပြည်ထောင်စု လွှတ်တောကိုရော၊ ပြည်နယ် လွှတ်တော်ကိုရော အဆင့်ဆင့် တင်ပြထားပါတယ်။ အခုတော့ လက်ထောက် အမျိုးသမီး ဆရာဝန် တစ်ဦးကို ယိုးတရုတ် တိုက်နယ်ဆေးရုံ အတွက် ချပေးထားပါတယ်။ ပုဏ္ဍားကျွန်းမြို့နယ် ဆေးရုံအတွက်တော့ လောလောဆယ် မရနိုင်သေးဘဲ ဖြစ်နေပါတယ်။ ကျန်းမာရေး ၀န်ကြီးဌာနက ပြောတာကတော့ ဆရာဝန် ၅၀၀ ခန့််ကို အခု လေ့ကျင့် သင်တန်းပေးနေတယ်။ သင်တန်း ဆင်းတာနဲ့ ပုဏ္ဍားကျွန်း မြို့နယ်ကို ဦးစားပေး ချပေးမယ်လို့ ပြောဆိုထားပါတယ်။”
လက်ရှိ တာဝန်ကျနေသော မြို့နယ် ဆရာဝန် ဒေါက်တာ ဦးသိန်းမောင်မှာလည်း မြို့နယ်လူထုနှင့် အဆင်မပြေ သဖြင့် ပုဏ္ဍားကျွန်းမြို့နယ်၏ ကျန်းမာရေး မှာ ထိခိုက်မူများ ရှိနေသည်ဟု သူက ဆိုသည်။
“ ဆရာဝန် ဦးသိန်းမောင်က ကုသရေး အပိုင်းမှာလည်း မနိုင်မနှင်းတာတွေ ရှိတယ်။ ဒါကြောင့် မြို့နယ်လူထုနဲ့ ခဏခဏ ပြဿနာလေးတွေတော့ ရှိပါတယ်။တစ်ဘက်မှာလည်း သူ့ကျန်းမာရေးကလည်း  မကောင်းတော့ နိုင်နိုင်နှင်းနှင်း မလုပ်နိုင်ဘဲ ဖြစ်နေတယ်။ ဒီလို အားနည်းချက်တွေကလည်း မြို့နယ် တစ်ခုလုံးရဲ့ ကျန်းမာရေး အပိုင်းကို ထိခိုက်မူ ရှိနေတော့ ကျန်းမာရေး ၀န်ကြီးဌာနကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေမှန်ကို တင်ပြထားတာ ရှိပါတယ်” ဟု ဆိုသည်။
ပုဏ္ဍားကျွန်းမြို့နယ်သည် ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် နီးကပ်စွာ တည်ရှိပြီး လူဦးရေ (၂) သိန်း နီးပါးခန့် ရှိသော မြို့နယ် တစ်ခု ဖြစ်သော်လည်း ဆရာဝန် အလုံအလောက် မချပေးနိုင်သဖြင့် ကျန်းမာရေး အပိုင်းတွင် အခက်အခဲများ ရှိနေသည်ဟု ဒေသခံများကလည်း  ပြောကြားသည်။
မြို့နယ် အတွင်း ငှက်ဖျားနှင့် မလေးရီယားမှာ အဖြစ်များပြီး ရံဖန်ရံခါ ၀မ်းလျှော့ ရောဂါများ ဖြစ်ပွားတတ်သည်ဟု သိရသည်။ ယခု မိုးရာသီဝင်စ အချိန်ကာလတွင် ကလေးသူငယ်များနှင့် လူကြီးများတွင် အအေးမိ၊ ချောင်းဆိုး ရောဂါများ ဖြစ်ပွားတတ်သည်ဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

နတလ စံပြကျေးရွာအတွက် မြေသိမ်းပြီး လျှော်ကြေးမပေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ နတလ စံပြကျေးရွာ တစ်ခု အတွက် လိုအပ်နေတဲ့ မြေတွေကို ဒေသခံ တိုင်းရင်းသားတွေရဲ့ လက်ထဲက သိမ်းယူသွားပေမယ့် လျှော်ကြေး မပေးတာကြောင့် လယ်သိမ်းခံရတဲ့ တောင်သူ လယ်သမားတွေ အနေနဲ့ သူတို့ရဲ့ လယ်မြေအတွက် တန်ရာ တန်ကြေးကို ရလိုတယ်လို့ ပြောပါတယ်။
ကယ်သူမဲ့သော ရခိုင် အမျိုးသားပိုင် အိမ်တစ်လုံးကို နယ်စပ်တွင် တွေ့မြင်ရစဉ်။
ကယ်သူမဲ့သော ရခိုင် အမျိုးသားပိုင် အိမ်တစ်လုံးကို နယ်စပ်တွင် တွေ့မြင်ရစဉ်။
မြို့နယ် ဦးစီးမှူး ဦးကြည်သန်း၊ မောင်တော ခရိုင် မြေစာရင်း ဦးစီးမှူး ဦးလှထွန်းဖြူနဲ့ နတလ ဗိုလ်ကြီး  သန့်စင် တို့ဟာ ဧပြီလ ၉ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း လောင်တုံ ကျေးရွာ အုပ်စု၊ စေတီပြင်ကျေးရွာကို ရောက်ရှိလာပြီး လယ်သမားတွေ ပိုင်ဆိုင်တဲ့ လယ် ( ၆) ဧကကို လောင်တုံ နတလ စံပြကျေးရွာ အတွက် သိမ်းယူသွားခဲ့တယ်လို့ ဆိုပါတယ်။
လယ်သိမ်းကြောင်း လက်မှတ် မထိုးမီ လယ်တွေအတွက် လျှော်ကြေး (သို့မဟုတ်) လယ်အစား ပြန်ပေးမယ်ဆိုပြီး အာဏာပိုင်တွေက လယ်သမားတွေကို ဂတိပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခုအချိန်ထိတော့ လျှော်ကြေး တပြားတချပ်မှ မပေးသေးသလို လယ်မြေလည်း အစား လျှော်ပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။
“ အခု သူတို့က ကျွန်တော်တို့ရဲ့ လယ်တွေမှာ အိမ်အလုံးပေါင်း (၄၀) ကို တည်ဆောက်နေပါပြီ။ မင်းကျန်စစ် ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်နေတာပါ။ မကြာခင် ပြီးစီးပါတော့မယ်။ ကျွန်တော်တို့မှာသာ တပြားတချပ်မှ လျှော်ကြေး မရဘဲ ဖြစ်နေပါတယ်” လို့ လယ်သိမ်းခံရတဲ့ မိသားစုဝင် ရခိုင် လူငယ် တစ်ဦးက ပြောပါတယ်။
လယ်သိမ်းခံရတဲ့ လယ်သမားတွေကတော့ ဦးစိန်သာပွင့်၊ ဦးမောင်သိန်းညွှန့်နဲ့  ဒေါ်လှသာပွင့်တို့ ဖြစ်ကြပါတယ်။
“ ကျွန်တော်တို့ ဟာ မောင်တောမြို့နယ်မှာ လူနည်းစု တိုင်းရင်းသားတွေပါ။ ဒီဒေသမှာ နေထိုင်ရတာ အန္တရာယ် အလွန်များပါတယ်။ ဒါပေမယ့် ကိုယ့်မွေးရာ ဇာတိ ဖြစ်တဲ့ အတွက် မပြောင်း ရွှေ့လို တာကြောင့် အန္တရာယ်ကြားက နယ်စပ်ဒေသမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ခုလို နေထိုင်ရတဲ့ အခြေအနေမှာ လုပ်ကိုင်စားသောက်နေတဲ့ လယ်အနည်းငယ်ထဲက လယ်တွေကို ပိုက်ဆံ တပြား တစ်ချပ်မှ မပေးဘဲ အာဏာပိုင်တွေက သိမ်းယူသွားပါတယ်။ ကျွန်တော်တို့မှာ ပိုက်ဆံလည်း လျှော်ကြေးမရ။ လယ်လည်း အစားမရတဲ့ အတွက် အထူး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်” လို့ အဲဒီ ရခိုင်လူငယ်ရဲ့ ဖခင် ဖြစ်သူကလည်း ၀င်ပြောဆိုပါတယ်။
အခုအခါ စိုက်ပျိုးရာသီလည်း ရောက်လာပြီ ဖြစ်တဲ့ အတွက် လျှော်ကြေး မပေးရင်တောင် လယ်အစား ပေးမလားဆိုပြီး လယ်သမားတွေက မျှော်လင့်နေကြတုန်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
သူတို့ ဒေသမှာ လယ်တစ်ဧက (၁၃) သိန်း ဈေးရှိတာကြောင့် အခုလို အသိမ်းခံရတဲ့ အတွက် အထူး ထိခိုက် နစ်နာမူတွေ ရှိတယ်လို့ ပြောပါတယ်။
၂၀၀၆ ခုနှစ်ကလည်း လောင်တုံ ကျေးရွာကဘဲ  နတလ စံပြ ကျေးရွာ အိမ်ခြေ အလုံး ၆၀ စာ အတွက်   ရခိုင်အမျိုးသားပိုင် လယ်မြေတွေကို အာဏာပိုင်တွေက သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ခုတစ်ကြိမ်ကတော့ ဒုတိယအကြိမ် သိမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ အရင်ကတော့ စစ်အစိုးရလက်ထက်ဆိုတော့ ဘာမှ ပြန်ပြောပိုင်ခွင့် မရှိခဲ့ပါ။ အခု ဒီမိုကရေစီ အစိုးရ တက်လာတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အရင် အစိုးရ အတိုင်း လယ်တွေကို ပိုက်ဆံ တပြား တစ်ချပ်မှမပေးဘဲ လုပ်စားနေတဲ့ လယ်တွေကို သိမ်းယူသွားတဲ့ အတွက် နားမလည်အောင် ဖြစ်နေရတယ်” လို့ ရခိုင်လူငယ်က  ပြောပါတယ်။
လျှော်ကြေးငွေ ရမလားဆိုပြီး များမကြာသေးမီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် စုံစမ်းတဲ့ လယ်သမားတွေကိုလည်း “ လယ်သိမ်းတာ  လျှော်ကြေး ပေးစရာလိုသလား” ဆိုပြီး မြို့နယ် အဆင့် တာဝန်ရှိသူတွေက ပြောဆို လွှတ်လိုက်တယ်လို့ ဆိုပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်အေး)

ရခိုင်ဒုက္ခသည်စခန်းများရှိ ကလေးပေါင်း ၆၀၀၀ကျော်အတွက်UNICEF မှ ယာယီစာသင်ဆောင်၂၆ဆောင်ဆောက် လုပ်မည်..

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများရှိ မူလတန်းအရွယ်ကလေးများအတွက် ယာယီစာသင်ဆောင် ၂၆ ဆောင် ဆောက်လုပ်နေပြီး အဆိုပါစာသင်ဆောင်များကို ရခိုင်ပြည်နယ် မြို့နယ်၎ ခုရှိ ဒုက္ခသည်စခန်း ၁၆ ခုမှာခိုလှုံနေသောမူလတန်းအရွယ်ကလေးငယ်ပေါင်း ၆ ထောင်အတွက်ယာယီစာသင်ဆောင် ၂၆ ဆောင်ကို ယခုနှစ်စာသင်ချိန်အမီ UNICEF မှတာဝန်ယူဆောက်လုပ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင်ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် အဆိုပါယာယီစာသင်ဆောင်များကို
စတင်ဆောက်လုပ်နေပြီ ဖြစ်သော်လည်းတချို့နေရာများတွင်စာသင်ဆောင်များဆောက်လုပ်ဖို့အတွက်မြေနေရာ ပါမစ်ရရန် စောင့်ဆိုင်းနေရမှုများဖြစ်ပေါ်နေကြောင်းသိရသည်။ ယခုဆောက်လုပ်ပေးမည့် စာသင်ဆောင်
တစ်ဆောင်တွင် ကလေးငယ်ပေါင်း ၆၀ လွတ်လပ်စွာပညာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သောဆူပူအကြမ်းဖက်မှုများကြောင့် ပြည်နယ်အတွင်းဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့်မူလတန်း အဆင့်ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၈ ထောင် ကျော်
ရှိကြောင်း UNICEF ၏စစ်တမ်းအရသိရှိရသည်။

SkyNet TV Browser

(သတင်းအရင်းအမြစ်- အေးချမ်းမွန်၏ ဖေ့ဘွတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်၊