Saturday, June 8, 2013

မြောက်ဦး ပုရိန်ရွာပစ်ခတ်မှု ၃ ဦးသေဆုံးကြောင်း အာဏာပိုင်တွေ အတည်ပြု

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဒေသခံတွေနဲ့ အာဏာပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဒီကနေ့ မနက်ပိုင်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အခုလို အတည်ပြုပြောကြားတာပါ။
"ရွာထဲကိုဝင်ပြီးတော့ စစ်ဆေးတဲ့အခါမှာ စုစုပေါင်း ၃ ဦး သေဆုံးတာကို တွေ့ရပါတယ်၊ နောက်တခါ ၄ ယောက်ကတော့ ဒဏ်ရာအသီးသီးရရှိတာကို တွေ့ရပါတယ်၊ ဒဏ်ရာရရှိတဲ့လူတွေကို တာဝန်ရှိသူတွေရဲ့အစီအစဉ်နဲ့ ကုသပေးနေတယ်လို့သိရပါတယ်”
ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ပုရိန်ကျေးရွာက ဒုက္ခသည်တွေနေထိုင်ဖို့ နေအိမ် ၁ ခန်းတွဲပါတဲ့ တန်းလျားတွေ ဆောက်လုပ်ဖို့အတွက် မြစ်အတွင်းက သစ်ဝါးတွေကို လက်မကျေးရွာက အလုပ်သမား ၃၂ ဦးနဲ့ ကမ်းပေါ်ကိုတင်နေစဉ် ပုရိန်ကျေးရွာက အမျိုးသမီး၊ အမျိုးသား ၄ဝဝ လောက်က တုတ်၊ ဓား၊ လေးခွ၊ ဂျင်ကလိတွေ ကိုင်ဆောင်ပြီး အနီးမှာလုံခြုံရေးယူနေတဲ့ စစ်တပ်နဲ့ ရဲဝန်ထမ်းတွေကို ဝိုင်းန်းအန္တရာယ်ပြုဖို့ ကြံစည်ခဲ့တာကြောင့် စစ်တပ်နဲ့ ရဲန်ထမ်းတွေက သေနတ်ပစ်ဖောက် နှိမ်နင်းခဲ့ရတာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးလှသိန်းက ဆိုပါတယ်။
အဓိကရုဏ်းဖြစ်စဉ် နောက်ပိုင်း ၂ နာရီခန့်အကြာ အခြေအနေတွေ ငြိမ်သက်သွားတဲ့အချိန်ကျမှ သေဆုံးသူ ၃ ဦးရဲ့ အလောင်းကို ကျေးရွာထဲမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုရိန်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၁၂ ခုနှစ် အောက်တိုဘာလအတွင်းက မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေအိမ်တွေရာနဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။
(သတင်းအရင်းအမြစ်- RFA)

မောင်တော အကြမ်းဖက်ခံရသည့် နှစ်လည်နေ့ အမျိုးသမီးအဖွဲ့က အလှူအတန်းလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရခိုင် အမျိုးသမီး ကွန်ယက်က ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ကျရောက်သော မောင်တောမြို့နယ် ရခိုင်လူမျိုးများ အကြမ်းဖက် ခံရသည့် နှစ်ပတ်လည်နေ့တွင်  အလှူဒါနများ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
 မောင်တောမြို့ပေါ်တွင် လွန်ခဲ့သော နှစ် ဇွန်လ (၈) ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မူ ဖြစ်ပွားနေစဉ်။
မောင်တောမြို့ပေါ်တွင် လွန်ခဲ့သော နှစ် ဇွန်လ (၈) ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မူ ဖြစ်ပွားနေစဉ်။
မောင်တောမြို့နယ် အမျိုးသမီးကွန်ယက်မှ ယနေ့တွင် ကျရောက်သော (၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အနေဖြင့် ယမန်နှစ်က မီးရှို့ တိုက်ခိုက် ခံခဲ့ရသည့် သရေကုန်ဘောင်နှင့် ကင်းချောင်း ကျေးရွာများသို့သွားရောက်ပြီး အိမ်ထောင်စု ၁၅၀ နီးပါးကို သွားရောက်လှူဒါန်းခဲ့သည်ဟု ဆိုသည်။
“ ဦးဇင်းတို့ကို မောင်တောမြို့နယ် ရခိုင် အမျိုးသမီး ကွန်ယက် အဖွဲ့က အကူအညီ တောင်းတဲ့ အတွက် သူတို့နဲ့ အတူ ဒီကနေ့ နှစ်ပတ်လည်နေ့မှာ သရေကုန်ဘောင်နဲ့ ကင်းချောင်းကို သွားပြီး အဲဒီ ဒေသမှာ မရနိုင်တဲ့ အိမ်သုံး ပစ္စည်းတွေကို သွားရောက် လှူဒါန်းခဲ့ပါတယ်” ဟု မောင်တောဗဟိုကျောင်းမှ ဦးဇင်း ၀ဏ္ဍိတက ပြောသည်။
လှူဒါန်းခဲ့သော ပစ္စည်းများ ဆား၊ ငရုတ်သီးခြောက်၊ ဆီ၊ ဟင်းချို့မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ ဖြစ်ကြသည်ဟု ဆိုသည်။
သရေကုန်ဘောင်မှ မိသားစု ၁၁၉ စုနှင့် ကင်းချောင်းကျေးရွာမှ  မိသားစု ၂၆ ခုကို သွားရောက် လှူဒါန်းခဲ့ကြသည်ဟု ပြောသည်။
မောင်တောမြို့ပေါ်တွင် နှစ်ပတ်လည်နေ့နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အခမ်းအနားများ ပြုလုပ်ခြင်း မရှိကြောင်း ဦးဝဏ္ဍိတက မိန့်ကြားသည်။
” မောင်တောမြို့ပေါ်မှာတော့ အထိမ်းအမှတ်နေ့ အခမ်းအနားတွေ လုပ်တာ မတွေ့ရပါ။ လုံခြုံရေး အခြေအနေကြောင့် ဖြစ်ဖို့များပါတယ်″ ဟု ဆိုသည်။
လွန်ခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က မောင်တောမြို့ မြို့မ အနောက်ရပ်ကွက်ရှိ ဂျာမေဗလီ (ခေါ်) ကျောက်ဗလီနှင့် မြို့မ ကညင်တန်း အုပ်စုရှိ သုဿန်ဗလီတို့မှ ၀တ်ပြု ဆုတောင်း အပြီးတွင် ကြိုတင် စီစဉ်ထားသည့် အတိုင်း ဘင်္ဂါလီ လူအုပ်ကြီးသည် ရခိုင်အမျိုးသားများနှင့် နေအိမ်များကို စတင် မီးရှို့ တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မူကြောင့် မောင်တောမြို့ပေါ် ဗိုလ်မှူးရွာတွင် အိမ်ခြေ (၁၅) လုံး ၊ မောင်တောမြို့နယ် အုန်းတော ကျေးရွာ အုပ်စု မောရ၀တီ စံပြကျေးရွာမှ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အပါအ၀င် အိမ်ခြေ (၁၀၉) လုံး၊ မောင်တောမြို့မှ ၁၂ မိုင်ကွာဝေးသည့် ဂေါ်ဒူသာရ ကျေးရွာ အုပ်စု သရေကုန်ဘောင်မှ အိမ်ခြေ (၉၇) လုံး၊ နစက (၃) မိုင်ရှိ ဝေသာလီကျေးရွာမှ မီးစက်ရုံနှင့် အိမ်ခြေ (၉) လုံး၊ ခရေမြိုင် စံပြကျေးရွာမှအိမ်ခြေ (၄၇) လုံး၊ ဗေါဓိကုန်းကျေးရွာမှ အိမ်ခြေ (၃၁) လုံး၊ တပ်ဦးချောင်း ကျေးရွာမှ အိမ်ခြေ (၂၁)လုံး၊ ကင်းချောင်းကျေးရွာမှ အိမ်ခြေ (၂၅) လုံး၊ ဒီပီအေ စံပြကျေးရွာမှ အိမ်ခြေ (၂) လုံး၊ ရွှေရင်အေး နတလ စံပြကျေးရွာမှ ဘုန်းတော်ကြီးကျောင်း အပါအ၀င် အိမ်ခြေ (၆၇)လုံး၊ ဝေသာလီ စံပြကျေးရွာမှ အိမ်ခြေ (၇)လုံး၊ ကိုင်းကြီးရွာဟောင်းမှ အိမ်ခြေ (၃၆) လုံး၊ မောင်တောမြို့ပေါ် အရှေ့ရပ်ကွက်မှ အိမ်ခြေ (၃) လုံးတို့  မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။
မောင်တောမြို့နယ် တွင် ဆူပူ အကြမ်းဖက် ခံရမူကြောင့် ရခိုင်လူမျိုး (၂၀) သေဆုံးခဲ့ပြီး (၇) ဦး ဒဏ်ရာ ရရှိခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ပထမဆုံး ချစ်ကြည်ရေး မြန်မာ့ရေတပ်သင်္ဘော စစ်တကောင်းဆိပ်ကမ်းသို့ ရောက်ရှိ

လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အနေဖြင့်  မြန်မာ့ စစ်သင်္ဘော UMS မဟာ သီဟသူရ စစ်သင်္ဘောသည် ယမန်နေ့က စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်ဟု ဘင်္ဂလာဒေခ်ျ့ အစိုးရက သတင်း ထုတ်ပြန်သည်။
Myanmar-ship-arrives-on-4-day-goodwill-visit-Bangladesh
စစ်တကောင်းဆိပ်ကမ်းသော ရောက်ရှိလာသော မဟာ သီဟသူရ စစ်သင်္ဘော ( ဓါတ်ပုံ- ISPR)
သဘောင်္တွင် မြန်မာ အရာရှိ ၁၅ ဦး အပါအ၀င် သင်္ဘောသား ၁၂၁ ဦး လိုက်ပါ လာသည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ ရေတပ်၏ ဖိတ်ကြားချက်အရ မြန်မာ ရေတပ် သဘောင်္သည် ဘင်္ဂလာဒေခ်ျ့သို့  လာလည်ခြင်း ဖြစ်ပြီး ယခု ပြုလုပ်သော မြန်မာ ရေတပ် သဘောင်္၏  ချစ်ကြည် ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုသည်။
မြန်မာ စစ်သင်္ဘောအား စစ်တကောင်း ရေတပ် စစ်ဌာနချုပ် ရေတပ် ဦးစီးမှူး ကပ္ပတိန် Gloam Sadek က ကြိုဆိုလက်ခံခဲ့သည်ဟု ဆိုသည်။
မြန်မာ ရေတပ် သင်္ဘော၏ လေးရက်ကြာ ခရီးစဉ် အတွင်း မြန်မာ ရေတပ် သင်္ဘောသာများ အနေဖြင့် ဘင်္ဂလာဒေခ်ျ့ ရေတပ် သဘောင်္ အများအပြားသို့ သွားရောက် လည်ပတ်ကြမည် ဖြစ်သလို ချစ်ကြည်ရေး အားကစားပြိုင်ပွဲများနှင့် ယဉ်ကျေးမူ ဖလှယ်ရေး အစီအစဉ်များကိုလည်း ပြုလုပ်ကြမည်ဟု သိရသည်။
UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဇွန်လ ၁၁ ရက်နေ့တွင် စစ်တကောင်းဆိပ်ကမ်းမှ မြန်မာသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

မြန်မာ အနောက်နယ်စပ် တိုင်းရင်းသားကလေးများ ပရဟိတကျောင်း ထောက်ပံ့ငွေများ ပိုလိုအပ်နေ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် တိုင်းရင်းသား ကျောင်းသား လူငယ်များ အတွက် ဖွင့်လှစ်ထားသော ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ယခုနှစ် ပညာသင်နှစ် အတွင်း ကျောင်းသား ဦးရေများ အထူးတိုးပွားနေသဖြင့်  ထောက်ပံ့ ကူညီမူများ လိုအပ်နေကြောင်း သတင်း ရရှိသည်။
to-narinjara
အထူးသဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံနှင့် ကပ်ရပ် တည်ရှိသော နံ့သာတောင်  “နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်း” ကျောင်းမှာ ပိုမိုပြီး အကူအညီများ ပိုလိုအပ်နေသည်ဟု ဆိုသည်။
လုံခြုံရေး အခြေအနေများကြောင့် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် အစိုးရ စာသင်ကျောင်းများကို ပုံမှန် မဖွင့်နိုင်သလို ကျောင်းသားများ အနေဖြင့်လည်း တစ်ရွာမှ တစ်ရွာသို့ ကျောင်းသွားတက်ရန် မဖြစ်နိုင်ရာမှ မိဘများက သားသမီးများကို နံ့သာတောင် ပရဟိကျောင်းတွင် လာအပ်ရာမှ ကျောင်းသားဦးရေ တိုးပွားလာသည် ကျောင်းတည်ထောင်သူ ဦးစရဏမှ ဆိုသည်။
“ ဦးဇင်းတို့  ၂၀၁၂-၁၃ ပညာသင်နှစ်မှာကျတဲ့အခါမှာ အလယ်တန်းကနေ အထက်တန်း အထိ ကျောင်းသား ၈၀ ရှိပါတယ်။ ဒီနှစ်မှာဆိုရင် အလယ်တန်းကပင် အထက်တန်းထိ ၂၀၀ နီးပါးရှိနေပြီဆိုတော့ ၁၂၀ နီးပါးတိုးလာပါတယ်။”
ယခုကဲ့သို့ အစိုးရကျောင်းများထက် ပရဟိတကျောင်းများတွင် ကျောင်းသား ဦးရေ တိုးပွားလာရသည့် နောက်ထပ် အခြား အကြောင်းအရင်းမှာ ဒေသအတွင်းရှိ ပြည်သူများ အနေဖြင့် တစ်နေ့ထက် တစ်နေ့ စီးပွားကပ်ဆိုက်ကာ ဆင်းရဲလာရာမှ ဖြစ်ကြောင်း  ဦးဇင်းက  မိန့်ကြားသည်။
“ ဘာဖြစ်လို့ တိုးလာသလဲဆိုရင် မောင်တောမြို့နယ်မှာ လွန်ခဲ့တဲ့နှစ်က ဖြစ်သွားတဲ့ ကိစ္စ အပြင်  ကျောင်းသား မိဘတွေက စီးပွားရေး မဖုံလုံဘူး၊ တဖြည်းဖြည်း ပိုဆင်းရဲ လာကြတယ်။ ဆင်းရဲတော့ သားသမီးတွေကို ပညာသင်ပေးဖို့ အာရုံ စူးစိုက်မူ အပိုင်းမှာလည်း အားနည်းလာတယ်။ နောက်တခုက သားသမီးတွေက ကျောင်းနေချင် ပေမယ့် အစိုးရကျောင်းတွေမှာဆိုရင် ငွေရေးကြေးရေးက အကုန်အကျ များတယ်။ မထားနိုင်ကြဘူး။ ပရဟိတကျောင်းနဲ့ အစိုးရကျောင်းတွေက သင်ကြားပို့ချမှုလည်း  ကွာခြားပါတယ်။ နောက်တခါ စည်းကမ်းထိန်းသိမ်းတဲ့အပိုင်းကလဲ ကွာခြားတဲ့ အတွက်ကြောင့် ပရဟိတ ကျောင်းကိုဘဲ လာအပ်ကြတယ်။ ဒါကြောင့် ကျောင်းသား ဦးရေ တိုးလာတာဖြစ်ပါတယ်” ဟု ဆိုသည်။
၂၀၁၃- ၁၄ ပညာသင်နှစ်အတွက် မေလ ၂၈ ရက်နှေ့မှ စပြီး ကျောင်းသားများ လက်ခံရာတွင်  မူလတန်းကျောင်းသား များမပါဝင်ဟု ဦးဇင်းက ပြောသည်။ မူလတန်းကျောင်းသားများကိုသာ လက်ခံပါက ကျောင်းသားမှာ ထောင်ချီ ဖြစ်သွားနိုင်သည်ဟု ဆိုသည်။
“မူလတန်းကို ဦးဇင်း ဒီနှစ်လက်မခံပါ။ ဘာကြောင့်လဲဆိုတော့ မူလတန်းအဆင့်ကို ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားမိဘတွေ အားလုံးက သင်ပေးနိုင်ပါတယ်။ ဒေသ တခွင်မှာလည်း မူလတန်းကျောင်းတွေက ရွာတိုင်းရွာတိုင်းမှာရှိပါတယ်။ မိမိတို့သား/သမီး တွေကို မိမိတို့ မူလတန်းကျောင်းမှာ သင်ပေးနိုင်တဲ့အတွက် ဦးဇင်းတို့ လက်မခံတာ ဖြစ်ပါတယ်။၊”
နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်းတွင် ယခုအခါ ကျောင်းသား ၂၀၀ ခန့် ရှိပြီး အလယ် တန်းမှ အထက်တန်းထိ ကျောင်းအိပ်ကျောင်းစား ကျောင်းသား ၁၇၀၊ အပြင်မှ လာရောက်သင်ကြားသူ ၃၀ ခန့်ရှိသည်ဟု သိရသည်။
ကျောင်းအိပ်ကျောင်းစား ကျောင်းသားများ၏ စားဝတ်နေရေးအတွက် အလှူရှင်များ၏ လှူဒါန်းသည့်အပေါ် မူတည်သည်ဟု ဦးဇင်းက မိန့်ကြားသည်။
“ ဦးဇင်းတို့ ကျောင်းသားတွေ စားဝတ်နေရေးအတွက် အခု ဖြေရှင်းနေရတာက အလှူရှင်တွေက လှူဒါန်းတဲ့အပေါ်မှာ မူတည်ပြီး ဖြေရှင်းနေရပါတယ်။ အလှူရှင်တွေက လှူဒါန်းမှု အားကောင်းလာလေလေ ဦးဇင်းတို့ ကျောင်းသားတွေ စားဝတ် နေရေးက အဆင်ပြေလာလေလေပါ။ အလှူရှင်တွေ အားနည်းလာလို့ရှိရင် ဦးဇင်းတို့ နည်းမျိုးစုံနဲ့ ဖြေရှင်းပေး နေရပါတယ်။”
လွန်ခဲ့သည့်နှစ်က ကျောင်းသူ/သားများကို သင်ပြပေးရန် ဆရာ/မ ၂၃ ဦးကို ခန့်အပ်ထားနိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ရုံပုံငွေ အခက်အခဲများကြောင့် ယခုနှစ်တွင် ဆရာ/မ ၂၂ ဦးသာ ခန့်အပ်နိုင်မည်ဟု သိရသည်။
နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်းမှ ၂၀၁၂-၁၃ ခုပညာသင်နှစ်က တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသူ/သား ၁၇ ဦးသာရှိခဲ့သော်လည်း ယခုနှစ်တွင်မှု ၃၅ ဦးအထိ ၀င်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်းကို ၂၀၁၂ ခု ဇူလိုင်လ ၃ ရက်နေ့က စတင်ဖွဲ့စည်း တည် ထောင်ခဲ့သည်။
အလားတူ မောင်တောမြို့နယ်တခုလုံးတွင် နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်းအပါ အ၀င် ပရဟိတကျောင်း ၄ ကျောင်းရှိရာ မောင်တောမြို့ပေါ်ရှိ သုံးမိုင်ပရဟိတကျောင်း၊ အလိုတော်ပြည့် ပရဟိတကျောင်း နှင့် ဇောတိကာရုံ ပရဟိတကျောင်းများတွင်လည်း ကျောင်းသားဦးရေ ပိုမို တိုးပွားလာသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်ရမ္မာ)

တောင်ကုတ်မြို့ မြေစာရင်းဦးစီး၏ ကိုယ်ကျိုးရှာ မသမာမှုများအား အရေးယူဆောင်ရွက်ပေးပါရန် (အယ်ဒီတာ့ထံပေးစာ)

တောင်ကုတ်မြို့ မြေစာရင်းဦးစီး၏ ကိုယ်ကျိုးရှာ မသမာမှုများအား အရေးယူ ဆောင်ရွက်ပေးပါရန် အယ်ဒီတာထံ မှတဆင့် တင်ပြလိုက်ပါသည်။
LTE ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အတွင်း ကွင်းအမှတ် VT.11 သည် ရန်မျိုး ကြေးတိုင်ပြင်ရွာ၊ ရန်မျိုးကျေးရွာ အုပ်စု ပိုင်နက်အဖြစ် ခေတ်အဆက်ဆက်က သတ်မှတ်ပြဋ္ဌာန်းထားသော ပိုင်နက်ဖြစ်ပါသည်။
ကွင်းအမှတ် VT.49 မှာ ကျောက်မောင်နှမ ကျေးရွာ ပိုင်နက်ဖြစ်ပါသည်။
တောင်ကုတ်မြို့နယ် မြေစာရင်းဦးစီး ဦးမောင်နွဲ့သည် တော၊တောင်၊ ချောင်းမြောင်းများ အထပ်ထပ် ကိုကျော်လွန်ကာ ဆင်းရဲသူ လယ်သမားများ၏ မြေများကို  တောင်ကုတ်မြို့ပေါ်ရှိ ငွေကြေး ဓန ဥစ္စာကြွယ်ဝသူ၊ အာဏာရှိသူများအတွက် မြေဂရန်များ ပြုလုပ်ပေးနေပါသည်။
ရန်မျိုးကြေးတိုင်ပြင်၊ ရန်မျိုးကျေးရွာ အုပ်စု ပိုင်နက် ကွင်းအမှတ် VT.11 ပိုင်နက်ကို ကျောက်မောင်နှမ ကျေးရွာ VT.49 ဟု မတရားဆုံးဖြတ်ကာ လယ်သမားများပိုင် လယ်များကို တစ်ခြား တောင်ကုတ်မြို့မှ ချမ်းသာသူများထံမှ အခကြေးငွေယူ၍ ဂရန်များ ထုတ်ပေးနေပါသည်။
ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်က ဓါးမဦးချ တပိုင်တနိုင်လုပ်ကိုင်စားသောက်လာခဲ့သော ဥယျာဉ်ခြံမြေများ ကိုလည်း ဂရန်မြေတွင်ပါဝင်သည်ဟုဆိုကာ ဖယ်ရှားခိုင်းပါသည်။
အခွန်ထမ်းလယ်မြေများ ပေါ်တွင်လည်း တိုးချဲ့ထားသဖြင့် လယ်သမားများမှာ နွားစားကျက် မြေပင် မရှိတော့သဖြင့် လယ်ယာလုပ်ငန်းခွင်အတွက် လွန်စွာ ဒုက္ခရောက်နေကြရပါသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီှး ရန်မျိုးကျေးရွာအုပ်ချုပ်ရေးမှုး အပါအ၀င် ရှေးမှီ နောက်မှီ လူကြီးများ၊ ကျေးရွာလူထု အားလုံးက အစဉ်အဆက်ကျေးရွာပိုင်ကွင်းဖြစ်သဖြင့် တားဆီးကြသော်လည်း လုံးဝလက်မခံပါ။ ခင်ဗျားတို့မှာ ပိုင်နက်ကို ငုတ်စိုက်ထားသလားဟု မခြေမငံပြောဆိုပါသည်။
သို့ပါသောကြောင့် ရန်မျိုးကျေးရွာလူထုမှာ အကြီးအကျယ် ဒေါသဖြစ်နေကြပါသည်။
သိရှိနားလည်သူများက၂၀၁၂ခု မတ် ၃၀ တွင် ပြဋ္ဌာန်းသော ပြည်ထောင်စု လွှတ်တော် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ အပိုဒ်၂၅(ခ) (ဂ)တို့ တွင် လက်ရှိ စိုက်ပျိုး လုပ်ကိုင်နေသော ဒေသခံတောင်သူလယ်သမားများ၏ စိုက်ပျိုးမြေပါဝင်နေပါက တရားဝင် လုပ်ကိုင်ခွင့်မရသည့်တိုင် နစ်နာမှုမရှိစေရန် ညှိုနှိုင်းပေးရန်ပြဋ္ဌာန်းထားကြောင်း တင်ပြသော်လည်း လုံးဝလက် မခံပါ။
အခွန်ထမ်းပြေစာများထုတ်ပြသော်လည်း ယင်းပြေစာများသူ၏ ဘီဒိုထဲတွင် လိုသလောက် ရနိုင်ကြောင်း ပြန်ပြောပါသည်။
ထို့ပြင် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာလယ်မြေများတွင်လည်း တရားဝင်အိမ်ယာချထားခွင့် လန(၃၉) မကျဘဲ အောက်ခြေအာဏာပိုင်များနှင့် ရိုက်စားလုပ်ပြီး လယ်မြေများ မတရားသိမ်းယူပြီး အိမ်ယာမြေများ ချထားသဖြင့် လယ်ပိုင်ရှင်များ မကျေမနပ်ဖြစ်နေကြပါသည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ခရိုင် မြေစာရင်းဦးစီးက လန (၃၉) ရှိသလားဟု လာရောက် စစ်ဆေးရာ ပျောက်ဆုံးသွားကြောင်း ပြောပါသည်။ ယင်းမှာ မတော်မတရား ပြုလုပ်ထားကြောင်း ထင်ရှားနေပါသည်။
ယင်းသို့ ဥပဒေမဲ့ထင်ရာစိုင်း ပြုလုပ်နေခြင်း ကြောင့် မလိုလားအပ်သော ပဋိပက္ခများ ကြီးထွားလာနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိ အထက်လူကြီးမင်း များအနေဖြင့် အချိန်မှီတားဆီးပြီး ဥပဒေအရ ထိထိရောက်ရောက် တိတိကျကျ အရေးယူဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါသည်။
(မြေစာရင်းဦးစီး၏ မတရားမှုကို မကျေနပ်သော တောင်သူလယ်သမားများ)
တောင်ကုတ်မြို့နယ်
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Friday, June 7, 2013

ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရန် RNDP နှင့် တရုတ်သံရုံး ဆွေးနွေးမည်


Photo: ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရန် RNDP နှင့် တရုတ်သံရုံး ဆွေးနွေးမည်
..................................................................................
ရန်ကုန်၊ ဇွန် ၎
 
ရခိုင်ကမ်းရိုးတန်းတွင် တရုတ် ကုမ္ပဏီအချို့နှင့် အစိုးရတို့ ဖက်စပ်တူးဖော် နေသော ရွှေသဘာဝဓာတ်ငွေ့မှ ထွက်ရှိသည့် ဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ် မီးပေးနိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးတို့ ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ သံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo က The Voice သို့ ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို ဇွန်လ ၅ ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo တို့က ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး ဈေးနှုန်း သက်သာသော လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက မေလ၂၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သဖြင့် ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိလာမည့် အကျိုးအမြတ်ကို ရခိုင်ပြည်နယ် နှင့် ဗဟိုအစိုးရအကြား ခွဲဝေပေးမည့် ဥပဒေတစ်ရပ် ကြိုတင် ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Mr.Wong Aung က အကြံပြုသည်။
“အကျိုးအမြတ် ခွဲဝေရေးကို မပြဋ္ဌာန်း သေးခင် တရုတ်ကို ဓာတ်ငွေ့နဲ့ ရေနံပို့တာ လုံးဝ ရပ်ထားသင့်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ထွက် သဘာဝရင်းမြစ်များမှ ရရှိမည့် အကျိုးအမြတ်ကို ရခိုင်လူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေ အသုံးပြုပေးသည့် အပြင် ရခိုင်ပြည်နယ် တစ်ခုလုံး ဈေးနှုန်း သက်သာသည့် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးပါက ဒေသခံများ စီမံကိန်းကို ကန့်ကွက်မည် မဟုတ်ကြောင်း ဦးစိုးမင်းက သုံးသပ် ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့အထိ သွယ်တန်းထားသော ကီလိုမီတာပေါင်း ၁၁၀၀ ရှည်သည့် ယင်း ဓာတ်ငွေ့ ပိုက်လိုင်းမှ ရေနံစိမ်း ၂၂ သန်း နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ သန်း နှစ်စဉ် တင်ပို့နိုင်ပါက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်တောင်ဘက်ရှိ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော မြို့နယ်များကို စွမ်းအင် ထောက်ပံ့မှု တိုးမြှင့်နိုင်မည် ဖြစ်သည်။

ယင်းပိုက်လိုင်း စီမံကိန်းကို တရုတ် အစိုးရပိုင် CNPC ကုမ္ပဏီ (China National Petroleum Coporation) နှင့် မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း လုပ်ဆောင်ရန် နှစ် ၃၀ စာချုပ် ချုပ်ဆိုထားပြီး မြန်မာအစိုးရက ဒေါ်လာ ၂၉ ဘီလီယံခန့် အကျိုးအမြတ် ခွဲဝေရရှိမည် ဖြစ်ကြောင်း CNPC ကုမ္ပဏီက ထုတ်ပြန်ထားသည်။

အဆိုပါတရုတ်-မြန်မာ ဓာတ်ငွေ့ ပိုက်လိုင်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။
ရခိုင်ကမ်းရိုးတန်းတွင် တရုတ် ကုမ္ပဏီအချို့နှင့် အစိုးရတို့ ဖက်စပ်တူးဖော် နေသော ရွှေသဘာဝဓာတ်ငွေ့မှ ထွက်ရှိသည့် ဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ် မီးပေးနိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးတို့ ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ သံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo က The Voice သို့ ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို ဇွန်လ ၅ ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo တို့က ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး ဈေးနှုန်း သက်သာသော လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက မေလ၂၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သဖြင့် ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိလာမည့် အကျိုးအမြတ်ကို ရခိုင်ပြည်နယ် နှင့် ဗဟိုအစိုးရအကြား ခွဲဝေပေးမည့် ဥပဒေတစ်ရပ် ကြိုတင် ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Mr.Wong Aung က အကြံပြုသည်။
“အကျိုးအမြတ် ခွဲဝေရေးကို မပြဋ္ဌာန်း သေးခင် တရုတ်ကို ဓာတ်ငွေ့နဲ့ ရေနံပို့တာ လုံးဝ ရပ်ထားသင့်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ထွက် သဘာဝရင်းမြစ်များမှ ရရှိမည့် အကျိုးအမြတ်ကို ရခိုင်လူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေ အသုံးပြုပေးသည့် အပြင် ရခိုင်ပြည်နယ် တစ်ခုလုံး ဈေးနှုန်း သက်သာသည့် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးပါက ဒေသခံများ စီမံကိန်းကို ကန့်ကွက်မည် မဟုတ်ကြောင်း ဦးစိုးမင်းက သုံးသပ် ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့အထိ သွယ်တန်းထားသော ကီလိုမီတာပေါင်း ၁၁၀၀ ရှည်သည့် ယင်း ဓာတ်ငွေ့ ပိုက်လိုင်းမှ ရေနံစိမ်း ၂၂ သန်း နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ သန်း နှစ်စဉ် တင်ပို့နိုင်ပါက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်တောင်ဘက်ရှိ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော မြို့နယ်များကို စွမ်းအင် ထောက်ပံ့မှု တိုးမြှင့်နိုင်မည် ဖြစ်သည်။

ယင်းပိုက်လိုင်း စီမံကိန်းကို တရုတ် အစိုးရပိုင် CNPC ကုမ္ပဏီ (China National Petroleum Coporation) နှင့် မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း လုပ်ဆောင်ရန် နှစ် ၃၀ စာချုပ် ချုပ်ဆိုထားပြီး မြန်မာအစိုးရက ဒေါ်လာ ၂၉ ဘီလီယံခန့် အကျိုးအမြတ် ခွဲဝေရရှိမည် ဖြစ်ကြောင်း CNPC ကုမ္ပဏီက ထုတ်ပြန်ထားသည်။

အဆိုပါတရုတ်-မြန်မာ ဓာတ်ငွေ့ ပိုက်လိုင်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။

(သတင်းအရင်းအမြစ်- The Voice Weekly ၏ Facebook စာမျက်နှာ)

ပါတီနှစ်ခုပူးပေါင်းရေး မအောင်မြင်ပါက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌအဖြစ်မှ ဒေါက်တာအေးမောင် နှုတ်ထွက်မည်

aldrndp-june6
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ရန်ကုန်မြို့၌ တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

ပါတီနှစ်ခု ပူးပေါင်းရေး မအောင်မြင်ပါက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဇွန် ၅ ရက်တွင် ပြောကြားသည်။
ရခိုင်တိုင်းရင်းသား ပါတီများဖြစ်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့သည် ပါတီပူးပေါင်းရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ရခိုင်သဟာယ အသင်း၌ ဇွန် ၁၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ပူးပေါင်းရေး မအောင်မြင်ပါက ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်မည်ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်ကတော့ ပေါင်းဖို့အတွက် ဥာဏ်စွမ်းကိုယ်စွမ်း ရှိသရွေ့ လုပ်မယ်။ ပူးပေါင်းလို့ မရရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ ရမယ်လို့ ထင်ပါတယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ပါတီပူးပေါင်းရေးနှင့် ပတ်သက်၍ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီမှတ်ပုံတင် ပြီးသည့်နောက်ပိုင်း ပါတီပေါင်းစည်းရေး မူဝါဒတစ်ရပ် ချမှတ်ထားကာ ပေါင်းစည်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားခဲ့ကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်ပေါ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များသို့ ပါတီစည်းရုံးရေးအတွက် ဒေသခံ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် အများစုမှာ နှစ်ပါတီပေါင်းစည်းရေးကို ဆွေးနွေးကြကြောင်း၊ မိမိပါတီ အတွင်း၌ ဆွေးနွေးမှုများ ပြုလုပ်ကာ နှစ်ပါတီ ပေါင်းစည်းရေး လုပ်ဆောင်သွားရန် အဆင်သင့်ရှိကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
"မနေ့က (ဇွန် ၄ ရက်) တရားဝင် ကျွန်တော့်ဆီကို RNDP က ပို့တဲ့စာ ရောက်ပါတယ်။ စာရောက်တဲ့အတွက် ကျွန်တော်တို့က ပေါင်းစည်းရေး ဆွေးနွေးဖို့ အဆင်သင့်ပါပဲ" ဟု ဦးအေးသာအောင်က ပြောကြားသည်။
လက်ရှိတွင် ဆွေးနွေးမှု မပြုလုပ်ရသေးသဖြင့် ပါတီနှစ်ခု ပေါင်းစည်းနိုင်မည့် အနေအထားအား မပြောဆိုနိုင်သေးကြောင်း၊ ဆွေးနွေးမှု၌ ပထမအဆင့် အနေဖြင့် ပါတီပေါင်းစည်းရေးသာ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဒုတိယ အဆင့်မှသာ ပါတီမူဝါဒများ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဦးအေးသာအောင်က ဆိုသည်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ပြည်သူများကိုလည်း ရွေးကောက်ပွဲတွင် မဲမပေးကြရန် စည်းရုံးလှုပ်ရှားမှုများ ရှိခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်ခံကာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အများအပြားတွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၈ နေရာ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၅ နေရာ၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးတစ်နေရာ အနိုင်ရရှိထားသည်။
ထို့အပြင် ပါတီများ ပူးပေါင်းရေးမှာ ရွေးကောက်ပွဲ ကော်မရှင်၌ လုပ်ထုံးလုပ်နည်း မရှိသေးသဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကလည်း မေ ၂၈ ရက်တွင် ပါတီပေါင်းစည်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
http://www.news-eleven.com/politic


တပ်ရင်းအနားက လယ်ကွင်းထဲ ကျွဲဝင်ရာမှ ငွေ ၃၀၀၀၀ တောင်းစားခံရ

ရသေ့တောင် အခြေစိုက် စစ်တပ် တပ်ရင်း တစ်ခုက စစ်သား တချို့သည် ကျွဲပိုင်ရှင် လယ်သမား တစ်ဦးထံမှ  ကျပ်ငွေ ၃၀၀၀၀ ကို မတရားသဖြင့် တောင်းစားသွားသည်ဟု သတင်း ရရှိသည်။
--buffalo
ရခိုင်တွင် လယ်ထွန်ရာတွင် နွားထက် ကျွဲကို အသုံးများသည်။
တပ်ရင်း အနီး မြေလွှတ် ဖြစ်နေသော လယ်ကွင်းထဲသို့ ကျွဲများ ၀င်ရောက်ရာမှ ယခုကဲ့သို့ ငွေတောင်းစားသွားခြင်း ဖြစ်သည်ဟု   ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်မှ ကျွဲပိုင်ရှင် ဦးကျော်အေးက ပြောသည်။
“ အဲဒီ လယ်ကွင်းထဲမှာ ဘာမှ စိုက်ပျိုထားတာလည်း မရှိပါဘူး။ မြေလွှတ်ပါ။ အစာ စားရင်းနဲ့ ကျွန်တော်ရဲ့ ကျွဲ ၁၃ ကောင်ဟာ  ခမရ ၅၃၈ တပ်ရင်းက  သိမ်းထားတဲ့  လယ်ကွင်းထဲကို ရောက်သွားခဲ့ပါတယ်။ ဒါကို စစ်တပ်က ဖမ်းပြီး ငွေ ၆၀၀၀၀ တောင်းပါတယ်။ ကျွန်တော်က ၆ သောင်းတော့ မတတ်နိုင်ဘူး ဆိုတော့ နောက်ဆုံး အတင်း ငွေသုံးသောင်း တောင်းယူသွားပါတယ်” ဟု ဆိုသည်။
ဇွန်လ ၃ ရက်နေ့က ဦးကျော်အေးပိုင်သော ကျွဲ ၁၃ ကောင်သည် အစာစားရင်း ခမရ ၅၃၈ အနားသို့ ရောက်ရှိသွားပြီးနောက် စစ်တပ်မှ အဆိုပါ ကျွဲ ၁၃ ကောင်ချည်နှောင်ထားခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် ပိုင်ရှင်မှ သွားတောင်းရာ နောက်တစ်နေ့ နံနက်မှ လာယူရန် ပြောကြောင်း၊ နောက်တစ်နေ့ နံနက်တွင် တပ်ရင်းသို့ သွားရောက် တောင်းခံရာ တပ်ရင်းဗိုလ်ကြီး ကျော်ဆန်းမှ ငွေ ၆၀၀၀၀ ပေးရမည်ဟု ပြောဆိုကြောင်း၊ ငွေခြောက်သောင်းကို ပေးရန် မတတ်နိုင်ကြောင်း ပိုင်ရှင်က ပြောသောအခါ ကျွဲသုံးကောင်ကို ထားခဲ့ရန် ပြောကြောင်း၊ ကျွဲတစ်ကောင်မှ မပေးနိုင်ကြောင်း ပြောသော အခါ ကျပ်ငွေ သုံးသောင်းကို မပေးရင် မရဟုဆိုကာ အတင်း အဓမ္မ တောင်းယူ ထားလိုက်သည်ဟု ဆိုသည်။
ငွေတောင်းသူမှာ တပ်ရင်း ဗိုလ်ကြီး ကျော်ဆန်းဖြစ်ပြီး ငွေလက်ခံသူမှာ တပ်ကြပ်ကြီး လွှင်ဦး ဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် စပါးစိုက်ရိတ်သိမ်းပြီးသည့် အချိန်မှ မိုးရာသီ စပါး မစိုက်ပျိုးမီ အချိန်ထိ  ကျွဲနွားများကို လယ်ကွင်းများထဲတွင် လွှတ်ပြီး မွေးမြူလေ့ရှိရာ မကြာခဏ ယခုလို ဖြစ်ရပ်များနှင့် ကြုံတွေ့နေကြရသည်ဟု ဆိုသည်။
တချို့ဒေသများတွင် လယ်ကွင်းများ ပေါ်တွင် သွားလာနေသော ကျွဲနွားများကို စစ်သားများက အနီးအနားတွင် လယ်သမားများ မရှိစဉ် စစ်တပ် တပ်စခန်းများ ချထားရာ ခြံထဲသို့ လိုက်သွင်း ယူသွားပြီး ပိုင်ရှင်များထံမှ ငွေညစ်တောင်းခံမူများလည်း ရှိသည်ဟု စွပ်စွဲမူများ ရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်ရမ္မာ)

လန်ဒန်တွင် ဗလီတစ်လုံး မီးရှို့တိုက်ခိုက်ခံရ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က မွတ်ဆလင် ဘာသာဝင်များ ၀တ်ပြု ဆုတောင်းရာ ဗလီ တစ်လုံး မီးလောင်ကျွမ်းသွားခဲ့သည်။
Mosqueအဆိုပါ မီးလောင်မူကို လန်ဒန်ရဲက မီးရှို့တိုက်ခိုက်မူ အဖြစ် သံသယရှိနေသည်ဟု ယနေ့ထုတ် The Independent သတင်းစာက “Mosque under arson attack in London” ခေါင်းစဉ်ဖြင့် သတင်း ဖေါ်ပြသည်။
လွန်ခဲ့သောလက လန်ဒန် လမ်းမပေါ်တွင် ဗြိတိသျှ စစ်သား တစ်ဦး ဓါးထိုး အသတ်ခံရပြီးနောက်ပိုင်း မွတ်ဆလင်များ အပေါ် ရန်လို တုန့်ပြန်မူများ တိုးပွားနေချိန်တွင် ယခု အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ အဆိုပါ မီးလောင်မူနှင့် ပတ်သက်ပြီး ရဲအဖွဲ့က စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး ဗလီထဲမှ အသော့ရေးထားသော စာတစ်စောင်ကို EDL အမည်ဖြင့် တွေ့ရသည်ဟု ဆိုသည်။ EDL ၏ အဓိပ္ပါယ်မှာ English Defense League ( EDL) ဖြစ်သည်။
သို့သော်လည်း ဗလီမီးလောင်မူမှာ သူတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း EDL က ငြင်းဆိုထားသည်ဟု ဆိုသည်။ အဆိုပါ အဖွဲ့သည် ဗြိတိန် စစ်သား အသတ်ခံရပြီးနောက် လန်ဒန်နှင့် တစ်ခြားနေရာ အများအပြားတွင် ဆန့်ကျင် ကန့်ကွက်မူများကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သော အဖွဲ့ ဖြစ်သည်။
ပေါက်ကွဲမူ တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ဗလီအား မီးသတ်ဌာနမှ ညလုံးပေါက် မီးငြိမ်းသတ်ခဲ့ရကြောင်း၊  တစ်စုံ တစ်ဦးမှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သတင်းက ဆိုသည်။
အလားတူ လွန်ခဲ့သော အပတ်ကလည်း Grimsby မြို့ အရှေ့မြောက် အရပ်တွင် ဗလီ တစ်လုံး ဓါတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး မေလ ၂၂ ရက်နေ့ကလည်း  ဗြိတိန် စစ်သား Lee Rigby အသတ်ခံရပြီးနောက် လန်ဒန်မြို့ တောင်ပိုင်းတွင်လည်း အလားတူ တိုက်ခိုက်မူမျိုးရှိခဲ့သည်။
Rigby အသတ်ခံရပြီးနောက် နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ရဲတပ်ဖွဲ့မှ ဗြိတိန်လူထုကို တည်တည်ငြိမ်ငြိမ် ရှိကြရန် စည်းလုံးညီညွှတ်ကြရန် ဆော်သြခဲ့သည်။ အသတ်ခံခဲ့ရသူ Rigby  မိသားစုများကလည်း လက်စားချေ တိုက်ခိုက်မူများကို ရပ်တန့်ကြရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။
ယခု ဗလီကို တိုက်ခိုက်မူသည် မွတ်ဆလင် အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်မူ အများအပြား ထဲမှ နောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ခိုက်မူ ဖြစ်ကြောင်း ဗြိတိန် မူဆလင် ကောင်စီ အဖွဲ့ အတွင်းရေးမှူး Farooq Murad က ပြောသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

လှေစီး၍ မလေးသွားရန် ကြံသူများ ဘင်္ဂလားဒေ့ခ်ျတွင် အဖမ်းခံရ

လှေစီး၍ မလေးရှားနိုင်ငံသို့ သွားရန် ကြံစည်နေသူ အများအပြားကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယခုရက်ပိုင်း အတွင်း ဖမ်းဆီးလိုက်သည်။
ယခင်ကလည်း မလေးသွားသူများ ဘင်္ဂလာတွင် အလားတူ ဖမ်းဆီးခံခဲ့ကြရသည်။
ယခင်ကလည်း မလေးသွားသူများ ဘင်္ဂလာတွင် အလားတူ ဖမ်းဆီးခံခဲ့ကြရသည်။
ဇွန်လ ၅ ရက်နေ့က လူအယောက် ၄၀ ကို ဘင်္ဂလာရဲက မောင်တောမြို့နယ်နှင့် ဆက်စပ် တည်ရှိသော  အိုခီးယားမြို့နယ် အတွင်း ဖမ်းဆီးလိုက်သည်ဟု ဒေသထုတ် သတင်းများတွင် ဖေါ်ပြသည်။
သူတို့အားလုံးကို မလေးရှားသို့ လှေစီး၍ သွားရန် စီစဉ်နေစဉ် ကော့စ်ဘဇား ခရိုင် အိုခီးယားမြို့နယ် ဘာလုခါလီရွာတွင်  ဗုဒ္ဓဟူးနေ့ နေ့လည် (၁) နာရီ အချိန်တွင် ရဲတပ်ဖွဲ့က  ဖမ်းဆီးမိသည်ဟု ဆိုသည်။
အလားတူ ဇွန်လ ၄ ရက်နေ့ကလည်း ကား နှစ်စီးနှင့် အတူ မလေးရှားသို့သွားရန် စီစဉ်နေသူ လူအယောက် ၂၃ ဦး ကို ဘင်္ဂလာနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများသည်  မိုက်ခရို အမျိုးအစား ကားနှစ်စီးနှင့် အတူ ကော့စ်ဘာဇားမြို့မှ  နယ်စပ်မြို့ တက်ကနက်သို့လာရောက်စဉ် ဒုံဒုံမီယာ စစ်ဆေး ရေး ဂိတ်တွင်ဖမ်းဆီးလိုက်သည်။ ၎င်းတို့နှင့် အတူ လူကုန်ကူးသူ ၃ ဦးကိုလည်း ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။
ယခု ဖမ်းဆီးခံရသူများ အထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင်များ ပါဝင်ခြင်း ရှိ မရှိကို သတင်းများတွင် တစ်စုံ တစ်ရာ ဖေါ်ပြထားခြင်း မရှိပါ။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်အေး)