သံဃာတော်များက ဦးဆောင်ရေးဆွဲထားသော
ဗုဒ္ဓဘာသာဝင် မြန်မာများအတွက် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန်
မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းရန်လိုသည်အပ်ဟု ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ(RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)တို့က ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ
ဦးအေးသာအောင်အား မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ဇွန်လ ၂၆ ရက်နေ့က
အာရ်ကန်တိုင်းမ်စ်မှ ဆက်သွယ်မေးမြန်းရာ သူက ယခုလိုဖြေကြားခဲ့သည်။
" အမျိုးသားရေး အမြင်နဲ့
ကြည့်ဖို့လိုတယ်။ ဥပမာ - စင်္ကာပူနိုင်ငံမှာ ဘာသာတူခြင်း
လက်ထပ်ထိမ်းမြားခြင်း ပြုတဲ့အချိန်မှာ တရားရုံးက တစ်မျိုး၊ ဘာသာခြားနဲ့
ယူမယ်ဆိုရင် အဲဒီဘာသာရဲ့ ဓလေ့ထုံးတမ်းတွေကို သိအောင်၊ နားလည်အောင်
လုပ်ပြီးမှ လက်ထပ်ရမယ်၊ မင်္ဂလာဆောင်ရမယ် ဆိုတာတွေကို လုပ်တာတွေ ရှိပါတယ်။
ထိုနည်းတူစွာပဲ တခြားနိုင်ငံတွေမှာလည်း တိုင်းတစ်ပါးသား
တခြားလူမျိုးခြားကို ယူမယ်ဆိုရင်လည်း စည်းမျဉ်း စည်းကမ်းတွေ လုပ်ထားတယ်။
လက်ထပ်တဲ့ စည်းမျဉ်းဥပဒေတွေ ရှိတယ်လို့လည်း တွေ့ရတယ်။ အဲဒါကြောင့်မို့
မြန်မာနိုင်ငံမှာလည်း ကိုယ့်ရဲ့လူမျိုး၊ အမျိုးဘာသာ သာသနာကို
စောင့်ထိန်းသိမ်းဖို့ လုပ်တဲ့ကိစ္စတစ်ခုကိုတော့ အတိုင်းအတာတစ်ခုထိ
လုပ်သင့်တယ်လို့ မြင်တယ်။ " ဟုပြောသည်။
အမျိုးသားရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့်
လုပ်သည့်အချိန်တွင် လူ့အခွင့်အရေးနှင့် ထိပါးမည်ဆိုလျှင်လည်း
တစ်လင်တစ်မယားစနစ်ကို လုပ်ဖို့လိုအပ်သည်ဟု မြင်ကြောင်း၊ ကိုယ့်နိုင်ငံ၏
အခြေအနေအပေါ်မှာ မူတည်၍ အမျိုးဘာသာ သသနာကို စောင့်ရှောက်ဖို့ကိစ္စမှာ
အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်သည်ဟု ပြောလို့မရကြောင်း သူက
ဆက်လက်ပြောသည်။
" နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊
ဒေသတစ်ခုနဲ့ တစ်ခု မတူပါဘူး။ ကျနော်တို့နိုင်ငံက လူဦးရေ သန်း (၁၀၀၀)
ကျော်ရှိတယ်။ တရုတ်ပြည် သန်း (၂၀၀၀)ကျော်ရှိတယ်။ အိန္ဒိယ နိုင်ငံငယ်ပြီးတော့
လူဦးရေ ပေါက်ပွားနေကြတယ်။ အမျိုးသားရေး လှုပ်ရှားမှု တစ်ရပ်အနေနဲ့
လုပ်တဲ့အခါမှာ တစ်ချို့ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့
ထိပါးတယ်ဆိုရင်လည်း ဘာပဲဖြစ်ဖြစ် တစ်လင်မယားစနစ်၊ တစ်အိမ်ထောင်ကို
ကလေးနှစ်ယောက်သာ ယူရမယ်ဆိုတဲ့စနစ်တွေက လုပ်ဖို့လိုအပ်တယ်ဆိုရင်လည်း
လုပ်သင့်တယ်လို့ မြင်တယ်။ တရုတ်ပြည်မှာ လူဦးရေ
အင်မတန်များပြားတဲ့အတွက်ကြောင့် တစ်အိမ်ထောင်ကို တစ်ယောက်ပဲယူရမယ်ဆိုတဲ့
ကန့်သတ်ချက်ထားရင်လည်း ကန့်ကွက်မဲ့သူမရှိ ဆိုတာကိုလည်း တွေ့ရတယ်။
အဲဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ တစ်လင်မယားစနစ် ကျင့်သုံးဖို့၊
အမျိုးဘာသာ သာသနာကို စောင့်ထိန်းဖို့ လုပ်တဲ့ကိစ္စမှာ တကယ်တော့
ကိုယ့်နိုင်ငံရဲ့အခြေအနေ၊ ကိုယ့်ဒေသရဲ့ အခြေအနေကြောင့် လုပ်ဖို့သင့်လို့
လုပ်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်တယ်လို့
ပြောရုံသက်သက်နဲ့ မဖြစ်နိုင်ပါဘူး။ " ဟု ပြောသည်။
RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးကလည်း
" မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က သဘောတူတယ်။
လိုအပ်တယ်လို့လည်း မြင်တယ်။ သို့သော် RNDP တစ်ခုတည်းက သဘောတူလို့မရဘူး။
မြန်မာနိုင်ငံမှာရှိတဲ့ လူထုလူတန်းစားအားလုံးက ဒီကိစ္စကို
လုပ်ဖို့လိုအပ်တယ်လို့ ယူဆပြီးတော့ လူထုကို ကိုယ်စားပြုပြီးတော့
လွှတ်တော်ထဲမှာ ရောက်နေတဲ့ လွှတ်တော်အမတ်တွေက ဒါကို လွှတ်တော်ထဲမှာ
တင်သွင်းပြီးတော့ ဥပဒေတစ်ခုဖြစ်အောင် ကြိုးစားရမယ်လို့ မြင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ လူဦးထိန်းချုပ်မှုကို
လုပ်ဖို့အတွက် ဥပဒေတစ်ခု လိုအပ်နေပြီဆိုတာကိုတော့ လက်ခံပါတယ်။ " ဟု ပြောသည်။
RNDP ပါတီအနေဖြင့် လွှတ်တော်မှာ
တင်ပြမည့်အစီအစဉ် လောလောဆယ် မရှိသေးကြောင်း၊ သို့သော် တစ်ခြားပါတီများက
တင်ပြမယ်ဆိုပါက ဒီဥပဒေကို ထောက်ခံပါကြောင်း၊ တစ်ခြားပါတီများမှ
တင်ပြခြင်းမရှိဘူးဆိုလျှင် RNDP ပါတီက တင်ပြသွားမည်ဟု စဉ်းစားထားကြောင်း
သူကဆိုသည်။
မြန်မာနိုင်ငံမှာ၊ အထူးသဖြင့်
ရခိုင်ပြည်ဒေသမှာ လက်တွေ့ရင်ဆိုင်နေရသော အပိုင်းက
ရှုမြင်စဉ်းစားကြည့်မယ်ဆိုလျှင် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းလို့
မမြင်ကြောင်း၊ ယခုကိစ္စမှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစခပ်သိမ်းကို
ထိန်းသိမ်းဖို့အတွက် လုပ်ခြင်းတစ်ခုလို့ပဲ သုံးသပ်ကြောင်း၊
လူ့အခွင့်အရေးဆိုဆိုသည်မှာ နေရာဒေသတစ်ခုနှင့်တစ်ခု
တူချင်မှတူမည်ဖြစ်သည့်အတွက် လူဦးရေ ထိန်းချုပ်မှုတစ်ခုက အမှန်တကယ် လိုကို
လိုအပ်နေပြီလို့မြင်ကြောင်း ဦးခိုင်ပြည်စိုးက ဆက်လက်ပြောကြားခဲ့သည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)
![ရခိုင့် ရွှေဂတ်စ်ကို ဇူလိုင်လ (၁)ရက် ယနေ့စတင်ပို့လွှတ်မည်
==================
By Oodu-khinsai
စစ်တွေ ၊ ၀၁ ဇူလိုင် ၂၀၁၂ ၊ Coral Arakan News ၊ [ ဥတုခင်စိုင်းမှတ်စု ]
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဇူလိုင် ၁ ရက်တွင် စတင်ပို့လွှတ်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူမှစတင်၍ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှ တစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ အသီးသီး ၀င်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါပိုက်လိုင်းဖြင့် ကနဦး ကာလပိုင်းတွင် တစ်နှစ်လျှင် ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ ပို့ဆောင်နိုင်
မည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့ဆောင်နိုင်မည်ဖြစ်ပြီး Process Station ခြောက်ခု တည်ဆောက် ထားမည် ဖြစ်ကြောင်းလည်း CNPC မှ ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သော ဓါတ်ငွေ့စတင်တွေ့ရှိသော ၂၀၀၄-ခုနှစ်ကပင် ယနေ့အထိ ကြားကာလ အချိန် ခုနစ်နှစ်တွင် ရွှေဂတ်စ်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားတို့၏ ရပိုင်ခွင့်အတွက် ရခိုင်တက်ကြွလှုပ်ရှားသူများဘက်မှ လောက်လောက်လားလား တိုက်ပွဲဝင်မှု မတွေ့ခဲ့ရချေ။
ရခိုင်လက်နက်ကိုင်အင်အားစုများသည်လည်း ပိုက်လိုင်းကို ခြိမ်းခြောက်နိုင်လောက်သည့် (ဗုံးခွဲဖျက်ဆီးနိုင်လောက်သည့်) အခြေအနေမရှိဟု မြန်မာအစိုးရ၊ တရုတ်အစိုးရနှင့် တကွ နိုင်ငံရပ်ခြား ထောက်လှမ်းရေးအေးဂျင်စီများက သုံးသပ်ယူဆကြပုံရသည်။
ရွှေဂတ်စ် သဘာဝဓါတ်ငွေ့သိုက် တွင် ဓါတ်ငွေ့ပမာဏ ၉.၁ ထရီလီယံ ကုဗပေ (260 km³) ရှိနေသည်ဟု ခန့်မှန်းတွက်ချက်ထားကြသည်။
=================
( ဥတုခင်စိုင်း / Coral Arakan News )](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash4/s403x403/1016771_617803454905899_63300779_n.jpg)