Monday, July 1, 2013

ဦးဥတ္တမပန်းခြံဟု ခေါ်တွင်သင့်

ဦးဥတ္တမပန်းခြံဟု ခေါ်တွင်သင့်

(မင်းယုဝေ)

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက် သောကြာနေ့ထုတ် The Voice Daily သတင်းစာတွင် ပါရှိသော ‘ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု အမည် ပြောင်းလဲမည်မဟုတ်’ ဟူသော သတင်းကို ဖတ်ရှုပြီး ကျွန်တော် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။

ဗြိတိသျှနယ်ချဲ့တို့ အုပ်စိုးစဉ်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက် အရပ်တွင် အင်္ဂလိပ်တပ်တို့ စခန်းချထားပါသည်။ ထိုနေရာကို အစွဲပြု၍ ထိုအနီးရှိ ပန်းခြံကို ကန်တော်မင်ပန်းခြံဟု အမည်ပေးခဲ့ပါသည်။ ကန်တော် မင်မှာ Cantonment ဖြစ်၍ တပ်မြေ၊ တပ်မြို့ဟု အနက်ရပါသည်။ ဗြိတိသျှ တို့၏ တပ်မြေ တပ်မြို့ကို အစွဲပြု၍ မှည့်ထားသော ကန်တော်မင်ပန်းခြံကို ဖ.ဆ.ပ.လ လက်ထက်တွင် ဦးဥတ္တမပန်းခြံဟု ပြောင်းလဲခဲ့ပါသည်။

ကျွန်တော်သည် အသက် ၈၅ နှစ် ရှိပါပြီ။ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု ပြောင်းလဲခဲ့သည်ကို ကောင်းစွာ မှတ်မိပါသည်။

စာပေဗိမာန်က ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၅၊ စာမျက်နှာ- ၃၆၅ တွင် “ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေး ကြိုးပမ်းမှုများကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့ တိုင်း ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ ကြည်ညိုသူများက ကျင်းပလေ့ရှိကြသည်။ ရန်ကုန် မြို့ ရွှေတိဂုံဘုရား တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကိုလည်း ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ဦးဥတ္တမပန်းခြံဟု အမည်သစ် ပေး ကြလေသည်” ဟူ၍ အခိုင်အမာ ရေးသား ဖော်ပြထားပါသည်။

ထို မြန်မာ့ စွယ်စုံကျမ်းမှာ ၁၉၇၆ တွင် အုပ်ရေ ၁၀၀၀၀ ပုံနှိပ် ထုတ်ဝေခဲ့ပါ သည်။ စာပေဗိမာန် အုပ်ချုပ်ရေးမှူး ဦးထင်ကြီး (မှတ်ပုံတင်အမှတ်- ၀၄၈၀) က တာဝန်ခံ ထုတ်ဝေပါသည်။ ထိုစွယ်စုံကျမ်းကို ပြုစုရာ၌ စာတည်းမှူး အဖြစ် ဆရာကြီး မောင်ထင်က တာဝန်ယူ၍ အကြံပေး ပုဂ္ဂိုလ်များအဖြစ် ပန်းတနော် ဦးသန့်၊ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ ပါမောက္ခ ဦးမျိုးမြင့်၊ ပညာမင်းကြီး ဦးကောင်း စသူတို့ ပါဝင်ပါသည်။ ကျွန်တော်သည် စာပေဗိမာန်တွင် စာပြုအဖြစ် (၁၉၅၂မှ ၁၉၅၄) အထိ အမှုထမ်းခဲ့ပါသည်။

ဆရာတော် ဦးဥတ္တမနှင့် ပတ်သက်၍ ဆရာတော်၏ ရုပ်တုကြီးကို ဘဒ်လမ်းရှိ အိမ်တစ်အိမ်၏ ခြံထဲတွင် ချောင်ထိုးထားသည်ကို တွေ့ရ၍ ကြေးမုံ သတင်းစာ ၄-၁-၁၉၆၇ ထုတ်တွင် ကျွန်တော် ရင်နာစွာဖြင့် ဆောင်းပါး ရေး သား ဖော်ပြဖူးပါသည်။

ထိုရုပ်တုကြီးမှာ ကျိုးပဲ့နေပြီး လွန်ခဲ့သော သုံးနှစ်ခန့်က ပန်းပုဆရာကြီး ဦးဟန်တင်၏ ခြံထဲတွင် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပါသည်။ ထိုရုပ်တုကြီးမှာ ပန်းပုဆရာကြီး ဦးဟန်တင်၏ လက်ရာဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမ၏ အကြောင်းကိုလည်း ကျွန်တော် ထပ်မံ၍ အတ္ထုပ္ပတ္တိ ဆောင်းပါးရှည် ရေး သားခဲ့ပါသည်။

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆရာတော် ဦးဥတ္တမ၏ ကျေးဇူးကို ဂုဏ်ပြု၍ ဆရာတော် ကြေးရုပ်တုကို ကန်တော်မင်ပန်းခြံတွင် ထားသင့်ကြောင်း ဇွန်လ ၂၂ ရက် တွင် ရန်ကုန် မြို့ တောဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်သော မြန်မာ-ဂျပန် (နဂိုယာ) ချစ်ကြည် ရင်းနှီးမှု နှစ် ၁၀၀ ပြည့် အခမ်းအနားတွင် ပြောကြားသည်ကို လေးနက် စွာ ထောက်ခံပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ ကို ၁၉၇၆ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ ပန်းခြံ အတွင်း ကမ္ပည်းထိုးထားသော စာမှာ မခိုင်လုံပါ။ ထိုစာမှာ ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက် တွင် ရေးထိုးသောစာ ဖြစ်ပါသည်။
(သတင်းအရင်းအမြစ်- The Voice Weekly တွင် ဖော်ပြထားချက်အား ကူးယူဖော်ပြပါသည်)

Time မဂ္ဂဇင်းကို အမေရိကန်တွင် သံဃာတော်များ ဦးဆောင်၍ ဆန္ဒထုတ်ဖော်တော့မည်

၂၀၁၃ ခုနှစ် ဇူလိုင် (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) ကို " ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သူရဲ့မျက်နှာ " ဟု ရေးသားဖော်ပြခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုရောက် သာသနာပြုရဟန်း သံဃာတော်များမှ ဦးဆောင်၍ ဇူလိုင်လ ၃ ရက် ကြာသပတေးနေ့တွင် နယူးယောက်မြို့ရှိ တိုင်းမဂ္ဂဇင်းတိုက်ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃၀ ရက်နေ့က မြို့တော်ခန်းမရှေ့Time Magazine ကန့်ကွက်ဆန္ဒပြပွဲ။ (ဓါတ်ပုံ- ရခိုင်လူငယ်များအဖွဲ့)ဇွန်လ ၃၀ ရက်နေ့က မြို့တော်ခန်းမရှေ့Time Magazine ကန့်ကွက်ဆန္ဒပြပွဲ။ (ဓါတ်ပုံ- ရခိုင်လူငယ်များအဖွဲ့)
" ဗုဒ္ဓဘာသာတွင် ဝိနည်းတော်အရ ရဟန်းတော်တို့သည် သူတစ်ပါးအသက်ကို ကိုယ်တိုင် သတ်ဖြတ်ခြင်း၊ တိုက်တွန်းခြင်း ပြုလုပ်ခွင့် မရှိ၊ တိုင်း မဂ္ဂဇင်းဆောင်းပါးရှင်သည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ကိုယ်တိုင် သတ်ဖြတ်ညှင်းဆဲခြင်း၊ သို့မဟုတ် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) ၏ စေခိုင်းချက်အရ သတ်ဖြတ်ညှင်းဆဲသည့် အထောက်အထား တစ်စုံတရာ မရှိဘဲ စွပ်စွဲ ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ ဖော်ပြခြင်းသည် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) နှင့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များကိုသာမက ဗုဒ္ဓသာသနာတော် တစ်ခုလုံးအား ထိခိုက်နစ်နာစေမှုရှိကြောင်း၊ သို့အတွက် နယူးယောက်မြို့နှင့် အနီးရှိ ဗုဒ္ဓဘာသာဝင်ရဟန်းတော်များ စုပေါင်းကာ အကြမ်း မဖက်ငြိမ်းချမ်းသည့် ဆန္ဒဖော်ထုတ်ပွဲကို တိုင်းမဂ္ဂဇင်းတိုက်၏ ရှေ့တွင် ပြုလုပ်သွားမည် " ဟု ဆန္ဒပြမည့်ပွဲကို ဦးဆောင်စီစဉ်သူများထဲမှ သံဃာတပါးလည်းဖြစ်၊ နယူးယောက်မြို့ ဗုဒ္ဓဘာသာ ရခိုင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် တပါးလည်းဖြစ်သည့် ဒေါက်တာ အရှင်နာယမှ အာရ်ကန်တိုင်းမ်စ်သို့  ပေးပို့သည့် အီမဲလ်တွင် ဖော်ပြပါရှိသည်။
အဆိုပါ ဆန္ဒပြမည့်ပွဲတွင် ပူးပေါင်းပါဝင်နိုင်ရန် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီး၌ သီတင်းသုံး သာသနာပြုနေကြသော ရဟန်းသံဃာတော်များသည် နယူးယောက်မြို့သို့ စုရုံးရောက်ရှိလာနေကြပြီဖြစ်ကြောင်း သိရှိရသည်။
တိုင်းမ် (Time) မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်ကို ပြည်တွင်းရှိ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာတချို့နှင့် မြန်မာအစိုးရမှ ကန့်ကွက်ရှုတ်ချခဲ့ပြီး အစိုးရမှ ဖွဲ့စည်းထားသည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှလည်း ဇူလိုင်လ (၁)ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်း ဖြန့်ချိရောင်းချခွင့်ကိုပါ ပိတ်ပင်တားမြစ်ထားကြောင်း သိရှိရသည်။
အလားတူပင် သီရိလင်္ကာနိုင်ငံမှလည်း တိုင်း (Time) ၏ ရေးသားဖော်ပြချက်ကို ကန့်ကွက်ရှုတ်ချခဲ့ကြပြီး သတင်းဆောင်းပါးရေးသားသူ ဟန်နာဘိရှ် (Hennah Beech) ကိုပါ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ကြောင်း သီရိလင်္ကာနိုင်ငံထုတ် သတင်းစာများတွင် ရေးသားဖော်ပြပါရှိသည်။
ဇွန်လ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံတွင် TIME မဂ္ဂဇင်းကို သံဃာတော်များအပါအ၀င် ပြည်သူ ၇၀၀ ကျော်မှ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဇွန်လ ၃၀ ရက်နေ့ မြို့တော်ခန်းမရှေ့Time Magazine ကန့်ကွက်ဆန္ဒပြပွဲ။ (ဓါတ်ပုံ - ရခိုင်လူငယ်များအဖွဲ့)ဇွန်လ ၃၀ ရက်နေ့ မြို့တော်ခန်းမရှေ့Time Magazine ကန့်ကွက်ဆန္ဒပြပွဲ။ (ဓါတ်ပုံ - ရခိုင်လူငယ်များအဖွဲ့)
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် တောင်းဆိုချက်များမှာ " ဗုဒ္ဓ၀ါဒသည် အမျိုးသားရေးကာကွယ်မှုကို စောင့်ရှောက်သည်၊ ဦးဝီရသူသည် အမျိုးဘာသာ၊ သာသနာကို ကွာကွယ်နေသူဖြစ်သည်။ အကြမ်းဖက်သူမဟုတ်ပါ၊ အမျိုးသားရေးကာကွယ်မှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းမဟုတ်ပါ။ " စသော အချက်များပါဝင်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes)

"သံတွဲမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆက်တွဲဖြစ်ရပ်မှန် သတင်းအားတင်ပြခြင်း"

သာစွဌာနေရခိုင်ပြေ (ရခိုင်ပြည်နယ် အစိုးရအဖွဲ့)
 ၁။ သံတွဲမြို့တွင် ရခိုင်အမျိုးသမီးငယ် မ..........အား စော်ကားခဲ့သည်ဆို သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သော င/ပြူးနှင့် အခြားတစ်ဦးတို့အား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေး သံတွဲမြို့နယ် ၇ဲတပ်ဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် တရာခံ(၂)ဦးလုံးအား ၁-၇-၂၀၁၃ ရက်နေ့ (၀၇း၅၀) အချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

၂။လတ်တလောစီစစ်ချက်များအရ တရားခံ(၂)ဦးစလုံးသည် ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း သိရှိရပါသည်။

၃။တရားခံများအား သံတွဲရဲစခန်းတွင် စစ်ဆေးမေးမြန်မှုများ ဆောင်ရွက် လျှက်၇ှိပြီး တရာဥပဒေနှင့်အညီ သံတွဲရဲစခန်း(ပ)၃ရ/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ ဖြင့် အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

၎။သံတွဲမြို့မှ တရားဥပဒေစိုးမိုးရေးနှင့် မြို့ရွာအေးချမ်းသာယာရေးကို လို လားသော မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအနေဖြင့် မလိုလားအပ်သော အဖျက်အမှောက်လုပ်ရပ်များ မဖြစ်ပေါ်စေရေးအတွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ် ထိန်းသိမ်ဆောင် ရွက်ပေးရန် လိုလားလျှက်ရှိကြောင်း သိရှိရပါသည်။

၅။ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း ၃၀-၆-၂၀၁၃ ရက်နေ့မှစ၍ ည(၁၉း၃၀) အချိန်မှ နံနက်(၀၄း၃၀) အချိန်ထိ စည်ပင်သာယာ နယ်နိမိတ်အတွင်း အများပြည်သူသွားလာရာလမ်းမများတွင် လည်းကောင်း အများပြည်သူနှင့် ဆိုင်သော နေရာများတွင် တစ်ဦးတစ်ယောက် ချင်းသော်လည်းကောင်း အုပ်စုဖွဲ့၍ သော်လည်းကောင်း၊ သွားလာခြင်းမပြုရန် သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေသန္တရအမိန့်အား ၃၀-၆-၂၀၁၃ ရက်နေ့ (၁၉း၃၀)အချိန်တွင် ထုတ်ပြန်ထား၇ှိခဲ့ပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များမှလည်း မြို့အတွင်း ဖြန့်ကြက် ချထားကာ လှုပ်ရှား စိုးမိုးလျှက်၇ှိ ကာမြို့/ရွာ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

၆။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး(၂)ဦးလည်း ယနေ့သံတွဲမြို့ သို့လေယာဉ်ဖြင့် ထွက်ခွါသွားပြီးဖြစ်ကြောင်း သိရပါသည်။
(သတင်းအရင်းအမြစ်- Rakhine Citizens Journalists Facebook)

လွှတ်တော်မှာ ရခိုင်ကိုယ်စားလှယ်တွေ ရခိုင်အရေး ဘာတွေကို တင်ပြနေကြသလဲ (အင်တာဗျူး)

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့ရာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာတွေကို တင်ပြခဲ့ကြသလဲဆိုတာကို သိရှိနိုင်အောင် ရခိုင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ မြေပုံ မြို့နယ် အမတ် ဦးဖေသန်းကို မေးကြည့်ရာမှာ သူက အခုလို ပြောပြပါတယ်။
hluttaw
 (ဦးဖေသန်း) ကျွန်တော်တို့ ရခိုင်က အမျိုးသားလွတ်တော် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်။ အများအားဖြင့်တော့ ဒေသဖွံ့ဖြိုးရေး အတွက် ဖြစ်ပါတယ်။ မီးရရှိရေး၊ လမ်းရရှိရေး၊ ကျောင်းရရှိရေး၊ ရေရရှိရေးစတဲ့ ဒေသဖွံ့ဖြိုးရေးမေးခွန်းတွေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကြယ်ပွင့်ပြမေးခွန်း ၅ ခုမေးလို့ရှိပါတယ်။ ကြယ်ပွင့်ပြ ဆိုတာက အစိုးရကိုယ်တိုင် ဖြေရမယ့် မေးခွန်းပါ။ ကြယ်ပွင့် မပြဆိုတာက စာနဲ့ရေးပြီး ဖြေတဲ့ မေးခွန်းပါ။ ကြယ်ပွင့်ပြ မေးခွန်း ၅ ခု မေးထားပါတယ်။ ပထမ တစ်ခုက ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမှာလကည်း ဆိုတာပါ။ ဒါကိုတော့ ရွေးကောက်ပွဲ နောက်ထပ် လုပ် ဖို့ သူတို့မှာ အစီအစဉ် မရှိလို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက ဖြေသွားပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြေပုံမြို့နယ်မှာ ငပသုန်၊ ကျွန်းသာယာ၊ တောင်ရှည်အဲဒီလုပ်စားနေတဲ့ ကုန်းမြေ လွင်ပြင်ကို ဆည်းပေးဖို့ကိစ္စကို ကျွန်တော်တင်ပြထားပါတယ်။ အဲဒါကိုတော့ သမတရုံး ၀န်ကြီးက ၂၀၁၄-၁၅ မှာ ဆည်ပေးမယ်လို့ပြောသွားပါတယ်။ တစ်ခြားမေးထားတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ ဥပမာ- တခြားရခိုင်ပြည်နယ်က ဆည်မြောင်းတာတမံတွေကို ဆည်နေတဲ့ စက်ယန္တရားတွေ အလွန်နည်းတဲ့ အတွက် အသစ်ချပေးဖို့ကိစ္စကို ကျွန်တော်မေးခွန်း မေးလို့ ရှိပါတယ်။ နောက်တခုက ပေါက်တူးတောင်၊ ကမ်းထောင့်ကြီး လမ်း၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို မေးလို့ ရှိပါတယ်။ နောက်တခုက ဌာနဆိုင်ရာဝန် ထမ်းတွေကို ဖွဲ့စည်းပုံအရ ဘာကြောင့် အပြည့် ခန့်မပေးတာလည်းဆိုတာကို မေးလို့ရှိပါတယ်။ အားလုံး မေးခွန်း ၅ ခုမေးလို့ရှိပါတယ်။ နောက်ထပ် ကြယ်ပွင့်မပြတဲ့ မေးခွန်းတွေလည်း မေးလို့ရှိပါ တယ်။ မြေပုံမြို့နယ် အတွင်းက ဖုံးလိုင်းတွေ ကောင်းမွန်ဖို့အတွက် နောက်ထပ် တာဝါတိုင်တွေ ထောင်ပေးဖို့ အစီအစဉ် ရှိသလားဆိုတာကို မေးထားတယ်။ တခြားဒေသဖွံ့ဖြိုးရေးကိစ္စတွေကိုလည်းမေးထားတာ ရှိပါတယ်။ ထို့အတူ တခြားလွတ်တော် ကိုယ်စားလှယ်တွေကလည်း ဒေသဖွံ့ဖြိုးရေးတွေ အတွက် မေးလို့ရှိပါ တယ်။ ဥပမာ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့် တပ်ဖွဲ့စည်းဖို့ကိစ္စကိုလည်းမေးလို့ ရှိပါ တယ်။ နောက်ပြီးတော့ ရန်ကုန်မှာရှိတဲ့ ကန်တော်မင်ပန်းခြံကို ဆရာတော်ဦးဥတ္တမပန်းခြံဆိုပြီး ပြန်ပြီး ဖွင့်လှစ်ဖို့ရှိလားဆိုတာကိုလည်း မေးလို့ရှိပါတယ်။ တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတွေ လည်း မေးလို့ရှိပါတယ်။ အများအားဖြင့်တော့ ကျွန်တော်တို့အခု လွတ်တော်မှာ ဆွေးနွေးဖို့ပြင်ဆင် နေကြတာတွေကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်ပါတယ်။ နောက်တခု ရွေးကောက်ပွဲ PR စနစ်ကို ကျွန်တော်တို့ ဘက်က ကန့်ကွက်ပြီး ဆွေးနွေးဖို့ ဖြစ်ပါတယ်။ တခြားကိုယ်စားလှယ်တွေ တင်ပြ လာတဲ့ ဥပဒေကြမ်းတွေကိုလည်း ကျွန်တော်တို့လေ့လာနေပါတယ်။ အားလုံးခြုံပြီး ပြောရရင်တော့ ပထမတစ်ချက်က ကျွန်တော်တို့ မေးခွန်းတွေ အဆိုကြမ်းတွေကို တင်ပြ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကိုယ့်ဒေသရဲ့အခက်အခဲတွေကို အစိုးရအပါအ၀င်အားလုံးသိအောင် လွတ်တော်စင်မြင့်မှာ တင်ပြဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တခြား လွတ်တော် ကိုယ်စားလှယ်တွေ တင်ပြလာမဲ့ အဆို ဥပဒေ ကြမ်းတွေကို ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး ၊ အများအကျိုးရှိမယ်ဆိုရင် ကျွန်တော်တို့ ထောက်ခံ ဆွေးနွေးပြီး အကျိုးမရှိ အပြစ်သာ ရှိမယ်ဆိုရင် ကျွန်တော်တို့ ကန့်ကွက်ဆွေးနွေးနေကြတယ်လို့ ကျွန်တော်တို့ ယေဘူယျအားဖြင့် ဆွေးနွေးထားကြတယ်လို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ ( ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာကတော့ နယ်ခြားစောင့်တပ်ဖွဲ့မယ့် ကိစ္စကို ဘယ်လွတ်တော် ကိုယ်စားလှယ်က တင်ပြပြီး၊ သူက ဘာကြောင့် နယ်ခြားစောင့်တပ် ဖွဲ့ဖို့တောင်းဆိုရသလဲ ဆိုတာကို သိသလောက် ရှင်းပြ ပေးစေချင်ပါတယ်။) ( ဦးဖေသန်း) စစ်တွေပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက မေးထားတဲ့ မေးခွန်းဖြစ်ပါ တယ်။ ကျွန်တော်တို့ရခိုင်ပြည် အနောက်ဘက်တံခါး လုံခြုံဖို့အတွက် ရခိုင်အမျိုးသားတွေနဲ့ ဖွဲ့စည်း ထားတဲ့ တပ် တစ်တပ် အရေးကြီး လိုအပ်ပါတယ်။ အဲဒီအပေါ်မှာ သူက အကျိုးအကြောင်းနဲ့ ဖော်ပြပြီး ရခိုင်အမျိုးသား တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့် တပ် တစ်တပ် ဖွဲစည်းဖို့ လိုအပ် တယ်ဆိုတာကို တင်ပြထားတာဖြစ်ပါတယ်။ (အဲဒါကို ဘယ်လိုပြန်လည်ဖြေကြားခဲ့ပါလဲ) ( ဦးဖေသန်း)ဒါကတော့မေးထားဆဲပါ ပြန်ပြီးဖြေကြားတာမရှိသေးဘူး။ (ဘယ်နေ့က မေးတာပါလဲ) ( ဦးဖေသန်း) အဲဒါ အစီအစဉ်ထဲမှာ ပါမလာသေးဘူး။ သူမေးထားတာကို ကျွန်တော်မေးကြည့်လို့ ကျွန်တော့်ကို ပြောပြထားတာ ဖြစ်ပါတယ်။ လွတ်တော်အစပိုင်းက ၂၃ ရက်နေ့က မေးထားတဲ့ မေးခွန်းပါ။ ဒါက ဒီလိုရှိပါတယ်။ ကျွန်တော်တို့က မေးခွန်းတွေကို ကြိုပြီးတင်ပြထားပါတယ်။ အဲဒါကို လွတ်တော်ကနေ အစိုးရကိုပေးပြီး အစိုးရက သူ့ဌာနဆိုင်ရာတွေကို ပြန်ပြီးပေးပါတယ်။ အဲဒါတွေကို ပြည်ထောင်စုဝန်ကြီးက ဖြေနိုင်တဲ့အခါမှ အစည်းအဝေး အစီအစဉ်မှာထည့်ပြီး ဖြေတာဖြစ်တယ်။ အခုအထိ အစည်းအဝေး အစီအစဉ်မှာ မပါသေးဘူး။ (ဦးဥတ္တမပန်းခြံ ကိစ္စနဲ့လည်း စစ်တွေက ဦးမောင်ညိုမေးတယ်လို့ကြားပါတယ်။ အဲဒီကိစ္စကို ဘယ်လိုပြန်ပြီး ဖြေကြားခဲ့ပါလဲ) ( ဦးဖေသန်း) တချိန်က ကံတော်မင်းပန်းခြံဟာ ဦးဥတ္တမ ပန်းခြံလုပ်ခဲ့တယ်။ ဦး ဥတ္တမရုပ်ထု ထားခဲ့ တယ်လို့ ဒီဘက်က တင်ပြတယ်။ အဲဒါကို သူတို့က သူတို့လက်ထဲမှာ ဒီလို အထောက် အထာားမရှိ၊ နဂိုက ကန်တော်မင်ပန်းခြံကို အခုတော့ ကန်တော်မင်္ဂလာပန်းခြံ အနေနဲ့ နာမည် ပြောင်းထားတယ်။ ဦးဥတ္တမ ရုပ်ထု၊ ဦးဥတ္တမ နာမည်နဲ့ အထောက်အထားတွေကို မတွေ့ရှိရတဲ့ အတွက်ကြောင့် အခုအချိန် မှာ ကန်တော် မင်္ဂလာပန်းခြံလို့ ဘဲရှိနေတဲ့ အတွက် ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲဖို့ အစီအစဉ်မရှိ လို့ဘဲ ဖြေသွားပါတယ်။ (ဟုတ်ကဲ့။ အခုအခါ လွတ်တော်ကျင်းပနေတာ တစ်နှစ်ကျော် ၂ နှစ်နီးပါးရှိနေပြီဖြစ်တဲ့အတွက် ရခိုင် လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာ တင်ပြဆွေးနွေးမှုတွေ အပေါ် ဘယ်လောက် အတိုင်း အတာထိ အားရကျေနပ်မှု ရှိလည်းဆိုတာ နည်းနည်းပြောပြပေးပါ။) ( ဦးဖေသန်း) ကျွန်တော်တို့အရင်က မပြောနိုင်ခဲ့တာတွေ ရှိတယ်။ အခု ပါတီလို့ပေါ်လာတယ်။ လွတ် တော်ကိုယ် စားလှယ်အဖြစ် လွတ်တော်ထဲကို ရောက်လာတယ်။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ ရဲ့ ဆုံးရှုံး နစ်နာမှုတွေကို ကျွန်တော်တို့ လွတ်တော်မှာ အခါမလွတ် တင်ပြတယ်။ ဒီလိုဘဲ ကျွန်တော်တို့ လမ်းတံတား ရရှိရေးကိစ္စ၊ ကျောင်းရရှိရေးကိစ္စ၊ မီးရရှိရေးကိစ္စတွေကို ကျွန်တော်တို့ လွတ်တော်ထဲမှာ အတိုက်ခံ လုပ်ပြီး ကျွန်တော်တို့ တင်ပြနီုင်ခဲ့ပါတယ်။ ဒီလိုပါဘဲ ကျွန်တော်တို့ရဲ့အသံတွေကို ရခိုင်ပြည် အပါအ၀င် တိုင်းရင်းသားအားလုံး ဗမာပြည်က ခေါင်းဆောင်တွေ ကျွန်တော်တို့ရဲ့ အသံ တွေကိုကြားပြီး သူတို့အရင်ကမသိခဲ့တာတွေကို အရင်ကမပြင်ဆင်နိုင်ခဲ့တာတွေကို အခုပြင်ဆင်လာ နိုင်တယ်။ သူတို့ကိုယ်ချင်းစာတရားနဲ့ တုန့်ပြန်ပြီးလုပ်လာကြတဲ့အတွက် ကျွန်တော်တို့ အဲလို အောင်မြင်မှုတွေလည်း ရလာပါတယ်။ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ ဆက်လက်ကြိုးစားဖို့ဖြစ် ပါတယ်။ ဆိုလိုတာကတော့ အရင်က ပါးစပ်ပိတ်ခံထားရတဲ့ အခြေအနေက ဒီနေ့ ကျွန်တော်တို့ လူမျိုး ကျွန်တော်တို့ရပိုင်ခွင့်တွေကို ဥပဒေပြုလို့ရနိုင်အောင်အထိ ကျွန်တော်တို့ လွတ်တော်မှာ တင်ပြနေပါတယ်။ ရလည်း ရပါတယ်။ ရှေ့ကိုလည်း ကျွန်တော်တို့ မျှော်လင့်ချက်အများကြီး ထားပါ တယ်။ သို့သော်လည်း ဆုံးရှုံးခဲ့တာတွေ များစွာရှိနေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အချိန်တို အတိုးအတွင်းမှာ လုပ်ဆောင်ရမှာက အကန့်အသတ်တွေ ရှိနေသေးတယ်။ သို့သော်လည်း တဖြည်းဖြည်းနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်အောင်အထိ ကျွန်တော်တို့ ရခိုင်တွေ ကိုယ်ပိုင် ပြဌာန်းခွင့်ရအောင် အထိ ကျွန်တော်တို့ရခိုင်ဒေသက ထွက်ကုန်တွေကို ကျွန်တော်တို့ရခိုင်တွေ ပြည့်ပြည့်၀၀ သုံးနိုင်အောင် အထိ ဆက်ပြီး နိုင်ငံရေးစင်မြင့်ထက်မှာ ကျွန်တော်တို့ တောင်းဆို တိုက်ပွဲ ၀င်သွားဖို့ဖြစ် တဲ့အတွက်နဲ့ ကျွန်တော်တို့အနေနဲ့ အများကြီးမျှော်လင့်ချက်ထားပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6189#sthash.tNm0Rpoj.dpuf

သံတွဲမြို့တွင် အကြမ်းဖက်မှုဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ညနေပိုင်းက အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
thaandwe“ ဘယ်က စဖြစ်လည်းဆိုတော့ တောင်ကုတ်က မိန်းကလေးတစ်ယောက်ကို သံတွဲ စပယ်လမ်းက မူဆင်နှစ်ဦး ကနေ မုဒိန်းကျင့်လိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်လာရာကနေ စဖြစ်တာပါ။ အမျိုးသမီး နာမည်တော့မသိဘူး။ မုဒိန်းကျင့်တယ်လို့ စွပ်စွဲခံရတဲ့ မူဆလင်တစ်ယောက်ကိုတော့ ရဲစခန်းမှာ ဖမ်းမိ ထားပြီး နောက်တယောက်တော့ လွတ်နေသေးတယ်” ဟု သံတွဲမြို့ခံ တစ်ဦးကပြောသည်။ ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်ခံသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး သံတွဲမြို့တွင် အုပ်စု လိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။ ယနေ့ဖြစ်ပွားသည့် ဆူပူမှုမှာ ညနေ ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ညနေ ၇ နာရီခန့်တွင် အပြန်အလှန် တိုက်ခိုက်မူများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။ နှစ်ဘက်တိုက်ခိုက်မှုများကြောင်း မြို့စွန် ရပ်ကွက်များထဲမှ စားသောက်ဆိုင် ၂ ဆိုင် ပျက်ဆီးသွားပြီး ကားဂိတ် ၂ ခုတွင်လည်း ပျက်စီးမှုတချို့ရှိကြောင်း သိရသည်။ ညနေ ၉ နာရီခန့်တွင် တစ်ခြားသံတွဲမြို့ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ယခုအခါ တပ်က ရောက်ရှိနေပြီး သံတွဲမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။ တချို့နေရာများတွင် မီးစတင်လောင်ကျွမ်းနေကြောင်းပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။ ယနေ့ဖြစ်ပွားသည့် သံတွဲဆူပူမှုမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း အုပ်စုလိုက် ဆူပူမှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တွင် တည်ငြိမ်စပြုနေရာမှ နောက်ထပ်အုပ်စုလိုက် ဆူပူမှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်အေး) - See more at: http://www.narinjara.com/burmese/?p=6183#sthash.NpkMXYcH.dpuf

သံတွဲတွင် ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်

ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇွန်လ ၃၀ ရက်နေ့က ပုဒ်မ၁၄၄ကိုထပ်မံထုတ်ပြန်လိုက်ကြောင်းသတင်းရရှိသည်။
ည ၇ နာရီ၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ညမထွက်ရအမိန့် ည ၆း၃၀မှ မနက်၎နာရီထိထုတ်ပြန်လိုက်ကြောင်း သိရသည်။
သံတွဲမြို့ ဆိုင်းဘုတ်။ သံတွဲမြို့ ဆိုင်းဘုတ်။
ထိုသို့ အမိန့်ထုတ်ပြန်ရခြင်းမှာ ဇွန်လ ၂၉ ၊ ၃၀ ရက်နေ့က တောင်ကုတ်မြို့မှ ဗုဒ္ဓဘာသာ ရခိုင်မိန်းကလေးတစ်ဦးအား သံတွဲမြို့မှ မူဆလင်ဘာသာဝင် ၂ ဦးက အလိုမတူ သားမယားပြုကျင့်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူငယ်များ မခံမရပ်နိုင်ဖြစ်ကာ ရဲစခန်းရှေ့သို့ လူ ၂၀၀ ခန့် စုဝေးရောက်ရှိလာခြင်းကြောင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
သားမယားပြုကျင့်ခံရသူမှာ တောင်ကုတ်မြို့ ဆေးရုံကွက်သစ်၊ ၅ လမ်း၊ ဘ-ဦးသန်းကြည်၊ မိ-ဒေါ်ထွေးထွေးရီ သမီး စုစုမွန် ( အသက် ၁၈နှစ်) ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သံတွဲမြို့ လူမှုကွန်ယက် အဖွဲ့တစ်ဦးမှ " အဲဒီမိန်းကလေးကိစ္စနဲ့ ပတ်သက်ပြီး ကနော်သိရသလောက်ကတော့ ဇွန် ၂၉ ရက်နေ့ ညနေ ၆ နာရီ လောက်က ကလေးမလေးက ဂွမြို့နယ်၊ ဆပ်သွားရွာ အဒေါ်အိမ်က တောင်ကုတ်လာမယ်လို့ထွက်လာတယ်၊ ကားမမှီလိုက်တဲ့အတွက် မူဆလင်အငှား ဆိုင်ကယ်တစီးနှင့် သံတွဲကိုလာခဲ့တယ်၊ အဲဒီကလေးမက မူဆလင်မှန်းလည်း မသိဘူးလို့သိရတယ်။ သံတွဲမှာ တည်းစရာမရှိတဲ့အတွက် စပ္ပာယ်လမ်း ဆိုင်ကယ်သမားအိမ်ကို လိုက်သွားခဲ့တယ် လို့သိရတယ်၊ ည ၈ နာရီလောက်မှာ အံတော်တောင်ခေါ်ယူပြီး သားမယားအဖြစ် ပြုကျင့်တယ်လို့သိရတယ်၊ ညပိုင်း အံတော်ကွက်သစ်မှာ မူဆလင်အမျိုးသမီးတစ်နှင့် အိပ်ခဲ့တယ်၊ နောက်နေ့ မနက်၈နာရီမှာ ရွာနားဇရပ်ခေါ်ပြီး ဒုတိယတစ်ကြိမ် ကျင့်ခဲ့တယ်၊ နေ့လည်ပိုင်းမှာ တောင်ကုတ်ဘက် ခေါ်သွားမယ်ဆိုပြီး တောင်ပေါ်မှာ နောက်ထပ်တစ်ဦးနဲ့ နှစ်ယောက် ထပ်မံကျင့်ခဲ့ကြတယ်လို့ ကျနော်သိရပါတယ် " ဟု သူကပြောပြသည်။
အဆိုပါ အမျိုးသမီးငယ်အား ညနေ ၃ နာရီတွင် ရခိုင်လူမှုကွန်ယက်မှ တွေ့ရှိခဲ့ပြီး ရဲစခန်းခေါ်ယူလာကာ အမှုဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။ ညနေ ၆ နာရီခန့်တွင် သံတွဲအံတော်ကွက်သစ်မှ အိမ် ၄ လုံး ဖျက်ဆီခံရကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် စစ်တပ်မှာ လုံခြုံရေးများ ချထားလျှက်ရှိပြီး အဆိုပါဖြစ်စဉ်အား ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီတွင် သံတွဲခရိုင်မှ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းဖြစ်သည့်အချိန်ကလည်း ပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- နေဇော်(သံတွဲ))

ဖက်ဒရယ်မှုနှင့် တိုင်းရင်းသားတို့အမြင် ဆွေးနွေးပွဲ ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် တက်ရောက်ဆွေးနွေး

နိုင်ငံရေး — June 30, 2013 at 9:58 pm ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့ အမြင်ဆွေးနွေးပွဲ ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် တက်ရောက် ဆွေးနွေး (နိရဉ္စရာ- ၃၀ ဇွန် ၂၀၁၃) / မောင်နီမိုး ယနေ့ ရန်ုကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သော ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့ အမြင် ဆွေးနွေးပွဲသို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် တက်ရောက် ဆွေးနွေးခဲ့သည်။ ၎င်းဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
U-aye-tha-Aung-speech
ရခိုင် ဒ်ီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်မှ ဖယ်ဒရယ်နှင့် တိုင်းရင်းသားတို့၏ အမြင် အကြောင်းကို ဟောပြောဆွေးနွေးရာတွင် မြန်မာ့ လွတ်လပ်ရေး သမိုင်း နောက်ခံ အနေထားနှင့် မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိလာသည့် အခြေခံ အကြောင်းတရား ဖြစ်သည့် တိုင်းရင်းသားများ၏ ညီညွှတ်ရေး အရေးကြီးပုံကို အဓိက ပြောကြားသည်။ ယင်းအပြင် ပင်လုံ သဘောတူညီချက်၊ ပင်လုံစာချုပ်၊ ပင်လုံ စိတ်ဓါတ်စသည့် အကြောင်းအရာများကို ဟောပြောပြီး တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးသည် အရေးကြီး သည်ဟု သူက ဆိုသည်။ ၁၉၆၁ ခုနှစ် တောင်ကြီး ညီလာခံတွင် ချမှတ်ခဲ့သော ဖက်ဒရယ်မူမှာလည်း ခွဲထွက်ခွင့် မဟုတ်ကြောင်း ပြောဆိုသည်။ “ ၁၉၆၁-ခုနှစ် တောင်ကြီး ညီလာခံမှာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ဖယ်ဒရယ်မူဆိုတာ ခွဲထွက်ရေးမူ မဟုတ်ပါဘူး။ ပြည်နယ် ပြည်မ အာဏာခွဲဝေရေးဘဲ ဖြစ်တယ်။” ပြည်နယ်နှင့် ပြည်မ ပေါင်းပြီး စနစ်တကျ အာဏာခွဲဝေတာဟာ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမူ ဖြစ်ကြောင်း၊ အာဏာခွဲဝေရာတွင်လည်း ပုံစံသုံးမျိုး သုံးစားရှိကြောင်း၊ အာဏာကို ချိန်ခွင်လျှာညှိပြီး ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရ အကြားမှာ ကန့်သတ် ထားကြောင်း သူက ဆိုသည်။ ပြီးနောက် တက်ရောက်လာသည့် နိုင်ငံရေးသမားများ၊ နိုင်ငံရေး စိတ်ဝင်စားသောပြည်သူများမှ ဦးအေးသာအောင် မေးခွန်းများ မေးမြန်းပြီး ၎င်းမှ တစ်ချက်ချင်း ပြန်လည် ဖြေကြားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုသက်ဦးမှ တိုင်းရင်းသားများ၏ ဆန္ဒအမှန်ကို သိလို၍ သူတို့ အနေဖြင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ယခုလို နိရဉ္စရာသို့ ရှင်းပြသည်။ “ ဒီအခမ်းအနားကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဗမာတွေဟာ မြန်မာ တိုင်းရင်းသား တွေရဲ့ ဆန္ဒ အစစ်အမှန်ကို သိဖို့ လိုပါတယ်။ ဒါမှ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး ပြသာနာကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ခုလို ဆွေးနွေးပွဲတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။ ယင်းအပြင် ဆွေးနွေးပွဲကို အမှတ်စဉ်(၁) မှ အမှတ်စဉ် (၄) အထိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ယခု ဖယ်ဒရယ်မူနှင့် တိုင်းရင်းသား တို့၏ အမြင်ကို အမှတ်စဉ်(၅)မှ အမှတ်စဉ် (၈) အထိ ပြုလုပ်နေကြောင်း သူက ဆိုသည်။ ယခု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဦးအေးသာအောင် လာရောက်ဆွေးနေသည်မှာ အမှတ်စဉ်(၈) ဖြစ်သည်ဟု ပြောသည်။ တတိယအကြိမ် အမှတ်စဉ်(၉) တွင် ကယန်းပြည်သစ်ပါတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးဌေးအောင်(ခေါ်) ဗိုလ်မှူးကြီး စောလွင် ကိုဖိတ်ကြားထားကြောင်း၊ လာမည့် ဇူလိုင်လ (၁၄) ရက် နေ့တွင် ဖယ်ဒရယ်မူနှင့် တိုင်း ရင်းသားတို့၏ အမြင်အကြောင်းကို ထပ်ပြီးတော့ ဆွေးနွေးမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။ အခမ်းအနားကို နေ့လည်(၁)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၃ နာရီခွဲတွင် ရပ်နားခဲ့သည်။ အခမ်းအနားမှူး အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တာဝန်ခံ ကိုတင်မောင်ဦးမှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်နီမိုး) - See more at: http://www.narinjara.com/burmese/?p=6179#sthash.M0Fz6qpF.dpuf

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲသို့ ထိုင်း၊ အိန္ဒိယနှင့် သီဟိုနိုင်ငံရောက် ရဟန်းတော်များလည်း တက်ရောက်ခဲ့

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဆန်းတောရ ကျောင်းတိုက်တွင် ဇွန်လ ၂၇ ရက်နေ့ နံနက် ၉နာရီမှ ည ရနာရီ အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲသို့ တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ရဟန်းတော်များ သာမက ထိုင်း၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံတို့တွင် သီတင်းသုံးနေကြသော မြန်မာ ဆရာတော်များလည်း တက်ရောက်ခဲ့ကြသည်။
http://www.narinjara.com/burmese/wp-content/uploads/2013/06/Monk-meeting.jpgတက်ရောက်ခဲ့ကြသော ရဟန်းတော်များမှာ ထိုင်းနိုင်ငံမှ (၉)ပါး၊ သီရိလင်္ကာနိုင်ငံမှ (၁)ပါးနှင့် အိန္ဒိယနိုင်ငံမှ(၉)ပါး ဖြစ်ကြောင်း သိရသည်။ ညီလာခံသို့ တိုင်းနှင့် ပြည်နယ် အသီးသီးမှ တက်ရောက်ခဲ့ကြသော ရဟန်းတော်များမှာ ရန်ကုန်တိုင်းမှ (၇၈၄)ပါး၊ မန္တလေးတိုင်းမှ (၇၆)ပါး၊ ဧရာဝတီ တိုင်းမှ (၁၂၄)ပါး၊ မကွေးတိုင်းမှ (၇၀)ပါး၊ စစ်ကိုင်းတိုင်း မှ(၁၁၄)ပါး၊ တနသာင်္ရီတိုင်းမှ (၄၉)ပါး၊ ပဲခူးတိုင်းမှ (၉၃)ပါး၊ ကချင်ပြည်မှ (၃၆)ပါး၊ ကယားပြည်မှ (၁၀) ပါး၊ ကရင်ပြည်မှ(၂၄)ပါး၊ ချင်းပြည်မှ (၃)ပါး၊ မွန်ပြည်မှ(၃၀)ပါး၊ ရခိုင်ပြည်မှ (၂၁)ပါး၊ ရှမ်းပြည်မှ (၃၉)ပါး၊ နေပြည်တော်မှ (၁၂)ပါး တို့ ဖြစ်ကြသည်။ စုစုပေါင်း ရဟန်းတော် ၁၅၃၀ပါး၊ သီလရှင်(၂၅) ပါး၊ သတင်းမီဒီယာများမှ သတင်းထောက် (၈၃)ယောက်၊ လူပုဂ္ဂိုလ် (၁၀၀၀) ခန့် ထက်ရောက်ခဲ့ကြသည်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဇ၀နသီရိကျောင်းတိုက်မှ ဦးဇောတိကမှလည်း သံဃာ့ညီလာခံနှင့် ပတ်သက်ပြီး နိရဉ္ဖရာသို့ ယခုလို မိန့်ကြားသည်။ “ ရခိုင်ပြည် အရေးအခင်းဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား ညီနောင်တွကို အမျိုးသားရေး မျက်စိ ဖွင့်ပေးလိုက်တယ်လို့ ဦးဇင်းမြင်ပါတယ်။ ဦးဇင်းတို့ နိုင်ငံမှာ ရခိုင်စာပေ။ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်ဒေသ၊ ရခိုင်သမိုင်းအမွေအနှစ်တွေဟာ အလွန်တရာမှ ရှေ့ကျလှပါတယ်။ အမျိုးသီလကို စောင့်ထိမ်းတဲ့ နေရာမှာလည်း ဦးဇင်းတို့ကတော့ ရခိုင်လူမျိုးတွေကို စံထား အတုယူစရာလို့ မြင်ပါ တယ်။ အခု အစည်းအဝေးကနေ တိုင်းရင်းသား ညီနောင် သံဃာထု တွေအနေနဲလည်း ဒီထက်မက ညီညီညွတ်ညွတ် လုပ်ဆောင် လာနိုင်မယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ ဒီမျိုးစောင့် ဥပဒေကို လူအခွင့်အရေး ချိုးဖေါက်တယ်လို့ ပြောတာဟာ ဘာသာရေးမှာ အလွန်တရာမှ အားနည်းတဲ့ အတွက်ကြောင့်လို့ ဦးဇင်းက သုံးသပ် ပြောကြားချင်ပါတယ်။ ဒါ့ပြင် ရန်ကုန်မြို့မှာ ရခိုင် သတင်း မီဒီယာ တစ်ခုကို ခုလို ပြောခွင့်ရတာ ပထမဆုံး အကြိမ် ဖြစ်တဲ့ အတွက် နိရဉ္ဖရာကိုလည်း ကျေးဇူး တင်ပါတယ်” ဟု ဆိုသည်။ သံယာ့ အစည်းအဝေးသို့ ရခိုင်ပြည်နယ် ကိုယ်စားပြု ရဟန်းတော် (၂၁) ပါး တက်ရောက်ခွင့်ရခဲ့ပြီး ထိုအထဲတွင် ပါဝင်သော ရမ်းဗြဲမြို့နယ် ချောင်းဝရွာမှ အရှင် ကုန္ဒ၀ဇီရမှ ယခုလို မိန့်ကြားသည်။ “ ဦးဇင်းတို့ ရခိုင်ပြည်က သံဃာတော် ၂၁ ပါးတက်ရောက်ခဲ့ကြပါတယ်။ သို့သော် တခြား တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကိုယ်စားပြုပြီး တက်ရောက်လာကြတဲ့ ရခိုင် သံဃာတော်တွေကိုပါ ပေါင်းထည့်မယ် ဆိုရင်တော့ ၂၀၀ လောက်တော့ ရှိပါလိမ့်မယ်။ ဦးဇင်းတို့ ချောင်းဝရွာ (သပြေချောင်း) က အစပြုခဲ့တဲ့ ဒီအရေးအခင်းကြီးဟာ အခုဆိုရင် မျိုးစောင့် ဥပဒေ ထုတ်ပြန် ရတော့မယ့် အနေအထားထိ ဖြစ်လာပါပြီ။ ဒီလိုပါပဲ တခြား ဆော်ဒီတို့ မလေးရှားနဲ့ စင်ကာပူတို့လို့ နိုင်ငံတွေမှာလည်း သူ့တို့လူမျိုးကို ကိုကာကွယ်မယ့် ဥပဒေတွေ အသီးသီး ရှိကြတာဘဲ။ ဒါဟာ လူ့အခွင့် အရေး ချိုးဖေါက်တာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာလည်း သူ့နိုင်ငံနဲ့ သူ လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းလို့ ရှိတယ်လို့ ဦးဇင်းတို့ သိရတဲ့ အတွက် မြန်မာနိုင်ငံမှာလည်း ကိုယ့်လူမျိုးနဲ့ သက်ဆိုင်တဲ့ မျိုးစောင့် ဥပဒေ တစ်ရပ်တော့ ရှိဖို့လိုတယ်လို့ ဦးဇင်းတို့က ခံယူပါတယ်။ ရင်ထဲမှာရှိတာတွေကိုပြောခွင့်ရလို့ နိရဉ္စရာ သတင်းဌါနကို အထူး ကျေးဇူးတင်ပါတယ်။” သံယာ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာ ကျောင်းတိုက် ဆရာတော်အရှင် ဥာဏိကမှလည်း ယခုလို မိန့်ကြားသည်။ “ ဒီဥပဒေဟာ လူ့အခွင့်အရေးကို ချိုးဖေါက်မယ့် ဥပဒေ မဟုတ်ပါဘူး။ ဦးဇင်းတို့ နိုင်ငံအတွက် လိုအပ်လာလို့ ဒီဥပဒေကို တင်သွင်းဖို့ ရဟန်းတော်တွေ ကြိုးစားကြတာသာ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။ အစည်းဝေးတွင် သြ၀ါဒကထာ မြွက်ကြားသူ သီတဂူဆရာတော် ဒေါက်တာ ညာဏိသာရမှ Time မဂ္ဂဇင်း၏ ဇူလိုင်လ ၁ ရက်နေ့ထုတ် The Face of Buddhist Terror မျက်နာဖုံးနှင့် ဆောင်းပါးမှာ ရန်တိုက်ပေးလိုသော သဘောမျိုး ရှိသော်လည်း ဘုရားသားတော် သံဃာတော်များအနေဖြင့် အစစအရာရာ သည်းခံကြဖို့ လိုအပ်ကြောင်း အထူး တိုက်တွန်းမိန့်ကြား သွားခဲ့သည်ဟု ကျောက်ပြောက်ရွာ ဆရာတော်မှ မိန့်ကြားသွားပါသည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6171#sthash.UbELCiFO.dpuf

ရခိုင်သရုပ်ဆောင်တစ်ဦး မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုနှင့် ဖမ်းဆီးခံရ


ရခိုင်အမျိုးသား ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သူ ဘုန်းလျှံသည် မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမူနှင့် ဖမ်းဆီးခံခဲ့ရကြောင်း Myit Makha Mediagroup သတင်းတွင် ဖေါ်ပြသည်။ bon chan
ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ သတင်းအရ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံ ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း၌ရှိသော Inn တစ်ခု အတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါများကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ သူနှင့် အဖော်ဖြစ်သူ ဦးမောင်ထွန်းလှ ဆိုသူတို့ နေထိုင်ရာ အခန်းထဲရှိ ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွေ့ရှိသော Red Ruby စီးကရက်ဗူး ခွံတစ်ခုထဲမှ WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊ အစိမ်း ရောင် (၂) ပြား၊စုစုပေါင်း (၄၉)ပြားကို ရှာဖွေတွေ့ရှိသည်ဟု ဆိုသည်။ ၎င်းနောက် ဘုန်းလျှံနှင့်အတူ နေထိုင်သူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်ပြီး ထုတ်ထားသော အဖြူရောင် တစ်ရှုး စက္ကူအတွင်း ပလတ်စတစ်အိတ် အတွင်းမှလိမ္မော်ရောင် စိတ်ကြွဆေးပြား(၉၉)ပြားအား ထပ်မံ ရှာ တွေ့ရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကိုသိမ်းဆည်းရမိပြီး စုစု ပေါင်းစိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိကြောင်းသတင်းတွင် ဖေါ်ပြထားသည်။ ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား ယခုအခါ မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6167#sthash.pLaR3ILN.dpuf

(၁၁)နှစ်ကျာ်ကြာကျောင်းမလာတဲ့ ရခိုင်က ကျောင်းဆရာမ ရာထူးတိုးခံရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမ တစ်ဦးသည် တာဝန်ကျနေသည့် ၁၁ နှစ်ကျော် အချိန်ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်းသို့ ရောက်မလာသော်လည်း ယခုအခါ သူမအား သက်ဆိုင်ရာမှ မူလတန်းဆရာမ အဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။ ဇွန်လ ၂၂ ရက်နေ့က ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မူလွန်ကျောင်း၊ ဘူးရွှေမော်ကျေးရွာ တောင်ကုတ်မြို့နယ်မှ ပညာရေးမှူးထံသို့ တိုင်ကြားစာ ရေးသားပေးပို့ရာတွင် မူလတန်းပြ ဆရာမ ဒေါ်ကြည်ကြည်ရွှေသည် မူလတန်း ဆရာမအဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင်ခံခဲ့ရသည့် (၁၁) နှစ် အချိန် ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်းကို မရောက်လာခဲ့ကြောင်း ဖေါ်ပြသည်။ ယခု ကျောင်းမှာလည်း မူလတန်း အဆင့်မှ မူလွန်ကျောင်း အဖြစ်သို့ တိုးမြှင့်ခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
Rakhine-School
တိုင်ကြားသည့် စာထဲတွင် တောင်ကုတ် မြို့နယ် ဘူးရွှေမော် ကျေးရွာ မူလွန်ကျောင်းကို ယခုအခါ ဖွင့်လှစ် သင်ကြားနေပါကြောင်း၊ ဆရာကြီိး အဆက်ဆက် ပြောင်းခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုလက်ရှိ ဆရာကြီးမှာ ဦးမြင့်ဆွေ ဖြစ်ပါကြောင်း၊ မူလတန်း ဆရာမများမှာ ဒေါ်အေးအေးနိုင်၊ ဒေါ်ခင်မာလွင်၊ ဒေါ်စန္ဒာစိုး တို့ ဖြစ်ကြပြီး အ.လ.ပြ ဆရာမများမှာ ဒေါ်ညိုကြည်၊ ဒေါ်သန်းသန်းဆွေ၊ ဒေါ်ကြည်ကြည်ရွှေ တို့ ဖြစ်ပါကြောင်း၊ ယခုအခါ မောင်တောမြို့နယ်မှ အလပြ ဆရာ တစ်ဦးဖြစ်သူ ဦးတင်မြင့်မှာ ဘူးရွှေမော် မူလွန်ကျောင်းတွင် တာဝန်ကျသည်ဟု သိရပါကြောင်း၊ ယင်းသို့ တာဝန်ထမ်းဆောင်ရမည့် ဆရာ/မများအနက် မောင်တောမြို့နယ်မှ ဆရာဦးတင်မြင့်မှာ ယခုတိုင် ရောက်လာခဲ့ခြင်း မရှိသေးပါကြောင်း၊ ထို့အတူ မူလတန်းကျောင်း ဘ၀ကပင် မူလတန်းပြ ဆရာမအဖြစ် တာဝန်ကျနေသူ ဆရာ မဒေါ်ကြည်ကြည်ရွှေမှာလည်း ယခု အလပြ ဆရာမ အဖြစ် ရာထူးတိုးပြီး ယခု ကျောင်းမှာလည်း မူလွန်ကျောင်း ရသည် အထိ တစ်ကြိမ်မှ ကျောင်းသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း၊ ကျောင်းမရောက်သည် မှာ(၁၁)နှစ်ကျော်မျှပင် ရှိနေပြီ ဖြစ်ကြောင်း ဖေါ်ပြသည်။ ဘူးရွှေမော်ကျေးရွာမှ ကိုသန်းဋ္ဌေး (အမျိုးသား မှတ်ပုံတင် အမှတ် ၁၁/တကန(နိုင်)၀၇၂၀၉၄) ကလည်း ဒေါ်ကြည်ကြည်ရွှေ အနေဖြင့် ကျောင်းမတက်ဘဲ လစဉ်လတိုင်း ပြည်သူ့အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲ ဖြစ်ကြောင်း ပြောဆိုသည်။ “ ဘူးရွှေမော်ရွာ မူလွန်ကျောင်းမှာ ဒေါ်ကြည်ကြည်ရွှေ တာဝန်ကျပါတယ်။ ဒါပေမယ့် ယနေ့ အချိန် ၂၀၁၃ အထိ အဲဒီဆရာမဟာ ဘူးရွှေမော်ရွာကို တစ်ကြိမ် တစ်ခါမှ ခြေတစ်ဖ၀ါး မချဘူး သေးပါဘူး။ အင်မတန့်- အင်မတန် အံ့သြဖွယ်ရာ ဖြစ်ရပ်ကြီး ပါပဲ။ ဆရာမကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာ ကျောင်း ကော်မတီမှ ရပ်မိရပ်ဖများဟာမြို့နယ်ပညာရေးမှုးနဲ့ သွားရောက်ာ တွေ့ဆုံတိုင်း မေးမြန်းပေမယ့် အော်ဟောက် ကြိမ်းမောင်းခြင်းကို ခံကြရပါတယ်။ ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ မြို့နယ် ပညာရေးမှုးကို ပြန်မပြောရဲရှာဘဲ ရွာပြန်ခဲ့ကြရတာဟာလည်း နှစ်စဉ်လိုလိုပါပဲ။ ဆရာမကတော့ လစဉ် လတိုင်း ပြည်သူ့ အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲပါ။ ယခုလို ပြည်သူ့အခွန်ဘဏ္ဍာကို မတော် မတရား လိမ်လည် စားသောက်နေသူကို အမြန်ဆုံးအရေးယူပေးပါရန် တောင်းဆို လိုက်ပါတယ် ခင်ဗျား” ဟု သူက ပြောသည်။ မြန်မာနိုင်ငံ၏ ပညာရည် မြင့်မားရေး ကြိုးပမ်းနေသည့် ကာလတွင် ကလေးငယ်များ၏ ပညာရေးကို ထိခိုက်မခံနိုင်သဖြင့် အဆိုပါ ဆရာ ဆရာမများနေရာတွင် အခြားဆရာ ဆရာမများနှင့် အစားထိုးခန့်အပ်ရန် ကျေးရွာသားများက တောင်းဆိုထားကြောင်း သတင်း ရရှိသည်။ (သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန) - See more at: http://www.narinjara.com/burmese/?p=6162#sthash.3NBdJcyu.dpuf