Friday, April 5, 2013

ပင်လယ်ဓားပြများသတ်ဖြတ်၍ ဘင်္ဂလားဒေ့ခ်ျ ငါးဖမ်းသမား ၂၇ဦးသေဆုံး၊ ၄ဦးပျောက်နေ

ပင်လယ် ဓါးပြများ၏ လက်ချက်ကြောင့် ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၂၇ ဦး သေဆုံးခဲ့ပြီး ၄ ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။
ပူဆွေးနေသော မိသားစု တစ်ခု (ဓါတ်ပုံ-အင်တာနက်)
ပူဆွေးနေသော မိသားစု တစ်ခု (ဓါတ်ပုံ-အင်တာနက်)
လွန်ခဲ့သော (၂) ရက် အတွင်း နောက်ထပ် အလောင်း (၆) လောင်းကို ရှာဖွေတွေ့ရှိပြီးနောက် သေဆုံးသူ ငါးဖမ်းသမား  အလောင်း ၂၇ လောင်းကို ရရှိပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။
သေဆုံးသွားသူ ငါးဖမ်းသမားများမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ခရိုင် ဘန်ချာခါလီ ( Banshakhali) မြို့နယ်မှ ဖြစ်ပြီး ပင်လယ်ပြင်သို့ သစ်သား ငါးဖမ်းစက်လှေ နှစ်စီးဖြင့် ငါးဖမ်း ထွက်စဉ် အသတ် ခံခဲ့ကြရသည်ဟု သတင်းများတွင် ဖေါ်ပြသည်။
ငါးဖမ်းစက်လှေ နှစ်စီးပေါ်တွင် လူပေါင်း ၃၁ ဦး ပါဝင်ပြီး လွန်ခဲ့သော တနင်္လာနေ့က ငါးဖမ်းရာမှ အပြန်တွင် ပင်လယ် ဓါးပြများ၏ စီးနှင်းမူကို ခံခဲ့ရသည်။
ဘင်္ဂလာ ပင်လယ်အော်တွင် ပင်လယ်ဓါးပြများ၏ တိုက်ခိုက်မူများ၊ ပြန်ပေးဆွဲမူများ မကြခဏ ဖြစ်ပေါ်နေသော်လည်း ယခုကဲ့သို့ငါးဖမ်းသမားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းမှာ ယခင်က မရှိခဲ့ဖူးကြောင်း ဒေသ အာဏာပိုင်များက ပြောကြားသည်။
ယခုသတ်ဖြတ်မူ အကြောင်းအရင်းကို မည်သူမျှ တိတိကျကျ မပြောနိုင်သေးသော်လည်း ဓါးပြတိုက်သူများအထဲမှ တစ်ချို့သည် မျက်နာသိများ ဖြစ်ရာမှ သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အသတ်ခံရသူ ဆွေမျိုးများက ခန့်မှန်း ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: