Sunday, May 26, 2013

စစ်တွေ အုန်းတောကြီးတွင် လက်ပစ်ဗုံးနှင့် ကျည်ဆန်များတွေ့ရှိ

ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတောကြီး အနီးတွင် လက်ပစ် ဗုံးများနှင့် ကျည်ဆန်များကို ကျောပိုး အိတ်ကြီး တစ်လုံးထဲမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု မေလ ၂၄ ရက်နေ့ မြ၀တီ အင်တာနက် စာမျက်နာတွင် ဖေါ်ပြထားသည်။
ဓါတ်ပုံ - မြ၀တီ
ဓါတ်ပုံ – မြ၀တီ
ရှာဖွေတွေ့ရှိခဲ့သော ခဲယမ်းမီးကျောက်များမှာ အမှတ်(၃၆) လက်ပစ် ဗုံး ၂၁ လုံးနှင့်  ၉ မမကျည် ၉ဝဝ တောင့် တို့ ဖြစ်သည်။
စစ်တွေမြို့ပြင်ရှိ အုန်းတောကြီး ကျေးရွာနှင့် ပလ္လင်ပြင် အကြား လမ်းဖောက် လုပ်စဉ် လမ်းဖေါက်လုပ်ရေး အဖွဲ့မှ အဆိုပါ ပစ္စည်းများကို အုန်းတောကြီး ကျေးရွာ အနီး ရေနုတ်မြောင်း တူးဖော်စဉ်  နှစ်ပေခန့်အနက်၌် တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ရှာဖွေ တွေ့ရှိချိန်ကို ယမန်နေ့ မေလ ၂၄ ရက်  မွန်းလွဲ ၁၂ နာရီခွဲခန့်ဟု သတင်းတွင် ဖေါ်ပြသည်။
လက်ပစ်ဗုံးနှင့် ကျည်ဆန်များမှာ သံချေးတက် နေပြီး လွန်ခဲ့သည့် ၁ဝ နှစ် ခန့်က နှစ်မြှုပ် ထားသည့် ပစ္စည်းများ ဖြစ်နိုင်ကြောင်း တာဝန်ရှိ သူများက ခန့်မှန်းကြသည်ဟု ဆိုသည်။
ယခုအခါ သက်ဆိုင်ရာမှ အဆိုပါ ခဲယမ်းမီးကျောက်များကို စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: