သူတို့အထဲမှ မူဟာမတ် ဖါရုဒ် မှာ ဆော်ဒီအရေးဗီးယားနိုင်ငံသို့ သွားရန် ဖြစ်ပြီး ဆာဒီယာ ခါတွန် နှင့် အာဖါဆာနာ အက်သာတို့မှာ ထိုင်းနိုင်ငံသို့ သွားကြမည်ဟု ဆိုသည်။
ဘင်္ဂလာရဲအဖွဲ့ ထုတ်ဖေါ်ပြောကြားချက်အရ မူဟာမတ် ဖါရုဒ်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံ နာဆိန်းဒီ ခရိုင်မှ ဆာဖိအူဒင်း အမည်ဖြင့် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ကို ကိုင်ဆောင်ထားပြီး ဆာဒီယာ ခါတွန် နှင့် အာဖါဆာနာ အက်သာတို့မှာ ဆီရာဂျီ ဂန်ဂျီ ( Sirajganj) ခရိုင်မှ ချာကီလ ချော်ဒရီ နှင့် ကပ်စ်ဖီယာ ချော်ဒူရီ နာမည်များဖြင့် ပတ်စ်ပို့ကိုင်ဆောင်ထားကြသည်ဟု သိရသည်။
သူတို့ (၃) ဦးအား လေယာဉ်ပေါ်သို့ မတက်မှီ လေဆိပ် အတွင်းရှိ ခရီးသည် နားနေဆောင်တွင် လေဆိပ် ရဲအဖွဲ့မှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment