ရခိုင်စုံစမ်းရေး ကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး
ရခိုင်ဘက်က အမြင် သဘောထားတွေကို လက်လှမ်းမိသလောက် စုဆောင်း
တင်ပြလိုက်ပါတယ်။
ဦးအေးသာအောင်- ဥက္ကဌ- ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD)

(
အစီရင်ခံစာဟာ ဘက်စုံ ထောင့်စုံက အတော်လည်းတင်ပြထားတာကို တွေ့ရတယ်။
ဒီအရေးအခင်း ဖြစ်တဲ့ အပေါ်မှာ လတ်တလောဖြစ်တဲ့ အနေအထား၊
သမိုင်းကြောင်းနဲ့ချီပြီး တာစူလာတဲ့ အနေ အထားတွေ ကိုပါ ပြည့်ပြည့်စုံစုံ
တင်ပြထားတာကိုလည်းတွေ့ရတယ်။ နောက်တခါ ဒီလို ပြသနာမျိုး နောက်ထပ် မဖြစ်ဖို့
အတွက် အကြံပြုထားတာကိုလည်းတွေ့ရတယ်။ နောက်တခုက ဒီဘင်္ဂလီ တွေဟာ
သူတို့ကိုသူတို့ ရိုဟင်ဂျာ လို့ သမုတ်ပြီး သမိုင်းတွေကို နိုင်ငံတကာတွေမှာ
အမျိုးမျိုး လုပ်ပြီး ဟောပြောနေတဲ့အပေါ်မှာလည်း ဒီ စုံစမ်းရေးကော် မရှင်က
ရိုဟင်ဂျာနဲ့ ပတ်သတ်ပြီး ဘင်္ဂလီဘဲ ရှိတယ်ဆိုတာကိုလည်း အထောက်အထား
အခိုင်အလုံနဲ့ တင်ပြ ထားတာကိုလည်း တွေ့ရတယ်။ နောက်တခု ရခိုင်နဲ့
ဘင်္ဂလီတွေဖြစ်သွားတဲ့ ပြသနာနဲ့ပတ် သတ်လို့ နိုင်ငံ တကာ မှာရော တချို့အဖွဲ့
အစည်းတွေပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ တွန်းအားပေးနေတာ
တွေရှိတယ်။ အဲဒီ ကိစ္စ အပေါ်မှာလည်း ကော်မရှင်က အတူ ယှဉ်တွဲ နေထိုင်ဖို့
မဖြစ်နိုင် ဆိုတာ ကိုလည်း ပြတ်ပြတ်သားသား တင်ပြ ထားတာကိုတွေ့ရတယ်။
ဘာကြောင့်လည်းဆိုရင် အခု ရခိုင်ပြည်နယ်မှာ ဖြစ်သွားတဲ့ အရေး အခင်းမှာ ဘင်္ဂလီ
တွေဟာ ပထမဖြစ်တဲ့ အနေအထား ဒုတိယ ဖြစ်တဲ့ အနေအထား တွေကို သုံးသပ်လိုက်တဲ့
အခါမှာ အတူ တူနေဖို့ မဖြစ်နိုင်ဆိုတာကို ရခိုင်ပြည်သူ တရပ်လုံးက သိလာတယ်။
ဒါကြောင့်လည်း ကော်မရှင် က စုံစမ်းစစ်ဆေး တဲ့အခါ ပြည်သူတွေက တညီတညွတ်တည်း
တစ်ပြိုင်နက် ဘင်္ဂလီတွေနဲ့ အတူနေထိုင်ဖို့ မဖြစ်နိုင်လို့ တင်ပြ ပြောဆိုတဲ့
အတွက် ကော်မရှင် ကလည်း လောလောဆယ်မှာ အတူနေထိုင်ဖို့ မဖြစ်နိုင်ဆိုတာကို
တင်ပြ ထားတာကိုတွေ့ရတယ်။ ဒါကြောင့် ဒီဘင်္ဂလီပြသနာနဲ့ပတ်သတ်လို့ ကော်မရှင်
စုံစမ်း စစ်ဆေးချက်တွေဟာ တော်တော်လေး စုံစုံလင်လင်တင်ပြ ထားသလို
မှန်မှန်ကန်ကန် ဘက်မလိုက်ဘဲ တင်ပြထားတာကိုလည်း တွေ့ရတယ်။)
ဒေါ်စောခင်တင့် – ဥက္ကဌ- ရခိုင်စာပေနဲ့ ယဉ်ကျေးမူအသင်း (ရန်ကုန်)
( ဟုတ်ကဲ့။ ကျမ အဲဒီအစီရင်ခံစာကို အင်္ဂလိုရော မြန်မာလိုရော အားလုံးဖတ်ပြီးပါပြီ။ ကျမ အနေနဲ့ ပြောရ ရင် စုံစမ်းစစ်ဆေးရေးကော်မရှင်ထုတ်
တဲ့
အစီရင်ခံစာအပေါ်မှာ ကျမလက်ခံပါတယ်။ ဒီ အစီရင်ခံစာ အပေါ်မှာ ကြေ
နပ်မှုလည်းရှိပါတယ်။ သူတို့ရေးထားတာတွေဟာ အမှန်ကို အမှန်တိုင်း ရေးထား
တယ်လို့ ကျမယူဆတယ်။ ရေးတဲ့လူတွေနဲ့ ကျမအနေနဲ့ထိတွေ့မှုရှိတဲ့အတွက်သူ
တို့ရဲ့
ပုဂ္ဂိုလ်ရေး အပေါ်မှာလည်း ကျမယုံကြည် ပါတယ်။ သူတို့ရေးထားတဲ့ စာတွေကို
ကြည့်လိုက်တဲ့အခါ ကျမကိုယ်တိုင်ကလည်း ဒီအရေးအခင်းအပေါ်မှာ ပါဝင်ဆောင်
ရွက်နေတဲ့အတွက်ကြောင့် သူတို့ ရေးထားတဲ့ အပေါ်မှာ ရခိုင်တွေဘက်က
မှားတာကိုလည်း မှား တယ်လို့ သူတို့ ထောက်ပြထားတဲ့ အပေါ်မှာ ကျမထောက်ခံပါတယ်။
ကျူးကျော်တဲ့ ဘင်္ဂလီတွေဘက်က မှားတဲ့အမှားကို လည်း သူတို့ ထောက်ပြထားပါတယ်။
သမိုင်းကြောင်းအရ ဖြစ်နေတဲ့အပေါ်မှာလည်း သူတို့က စေ့စေ့ငှငှ ထောက်ပြ
ထားပါတယ်။ သမ္မတ မှားရင်လည်းမှားတယ်လို့ အားလုံးကို အပြုသဘောနဲ့ ဝေဖန်
ထောက်ပြထား တဲ့အနေနဲ့ ကျမအနေနဲ့ ဒီအစီရင်ခံစာအပေါ်မှာ ကြေနပ်မှုလည်းရှိပါတယ်။
ဖြစ်သင့် ဖြစ်ထိုက်တဲ့ အနေအထား တစ်ခုကို သူ တို့ရေးထားတာဟာ လက်ခံသင့်တဲ့
အနေနအထားမှာ အများကြီးရှီ ပါတယ်။ တဘက်သတ် မဆန်ပါ။)
ဦးအောင်မြကျော် - စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
( အခုထုတ်လိုက်တဲ့ အစီရင်ခံစာအပိုင်းကိုတော့ ကျွန်တော်တို့ သူတို့က
အကြံပြုချက် အနေနဲ့ လုပ်တဲ့ သဘာမျိုးဆိုတော့ ထိုဘက် ဒီဘက် နည်းနည်း မျှတ
တယ်လို့တော့ ကျွန်တော်တို့ အနေနဲ့ သုံးသပ်မိပါတယ်။ ဘာကြောင့်လည်းဆိုရင်
ဘက်လိုက်တာမရှိဘဲ နှစ်ဘက်လုံးကိုပြောထားတာ ဖြစ်တဲ့ အတွက် သင့်တော်
ကောင်းမွန်တဲ့ အစီရင်ခံစာလို့ ပြောလို့၇ပါတယ်။ အစီရင်ခံစာထဲမှာ
ရေးသားထားတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ မျှော်မှန်းချက်တွေ၊
အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး ပြောရရင် သူတို့ အစီရင်ခံစာ ထုတ်ပြီး
နောက်ပိုင်းမှာ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှု အပိုင်းကတော့ အဓိက ကျမယ်လို့
ထင်ပါတယ်။ HRW တို့ တခြား အဖွဲ့အစည်းတွေကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်
သူတို့ က တစ်ဘက်ကိုဘဲ စဉ်းစား တတ်တယ်။ တစ်ဘက်ကိုဘဲ ကြည့်တယ်။ တစ်ဘက် ဆိုတာက
ဘင်္ဂလီတွေရဲ့ အခြေအနေ ကိုဘဲ လေ့လာပြီး အဲဒီဘက်က အမြင်တစ်ခုတည်းကိုဘဲ
သုံးသပ်ပြီး လူ့အခွင့်အရေး အနေနဲ့ ပြောကြ တယ်။ ဒီမှာဘက်မှာ ကျွန်တော်တို့
ရခိုင်တွေဘက်ကို ခံစားနေရတဲ့အပိုင်းကို နိုင်ငံတကာ အဖွဲ့ အစည်းတွေက
ကိုယ်ချင်းစာ တရားမရှိဘဲ ဘက်လိုက်တဲ့ ကဏ္ဍတွေကိုဘဲ တွေ့ရတဲ့ အတွက် ဒီအစီရင်
ခံစာနဲ့ပတ်သတ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက သဘော မကျတဲ့ ပုံစံ
ဖြစ်နေကြတယ်လို့ဘဲ ကျွန်တော်အနေနဲ့ သုံးသပ်မိပါတယ်။
ဦးကျော်ဇောဦး- ရခိုင်လူမူကွန်ယက်က
(အသံ) အစီရင်ခံစာကို စနစ်တကျလုပ်ထားတာကိုတွေ့ရပါတယ်။ ရခိုင်
တထောင်ကျော်ကို မေးထားတယ်။ ဘင်္ဂလီ ၈၀၀ကိုလည်း မေးထားတာကိုတွေ့ရပါတယ်။
သုံးသပ်ချက်တွေကလည်း တော်တော်ကို သမာသမတ် ကျတာကိုတွေ့ရပါတယ်။ ရခိုင်ကိုလည်း
အပြစ်တင်ထားတာကို နည်းနည်းတွေ့ရတဲ့အတွက် ကျွန်တော်က တော့
နည်းနည်းစိတ်တော့မကောင်းပါ။ အဲဒီမှာ ကျွန်တော်သတိထားမိတဲ့
အချက်တချက်ရှိပါတယ်။ ဒါကဘာ လည်းဆို ရင် ဘင်္ဂလီပြဿနာနဲ့ ပတ်သတ်လို့
အစိုးရကာသာ တာဝန်ဖြေရှင်း မပေးဘူး ဆိုရင် ရခိုင်တွေအနေနဲ့ ဒီပြသနာကို
ကိုယ့်နည်းကိုယ့်ဟန့်ဖြေရှင်းဖိ
ု့ ရခိုင်ပြည်နယ်မှာ
ဘင်္ဂလီကြီးစိုးမှုမရှိအောင် လုပ်ဖို့ ရခိုင်တွေကိုယ် တိုင် ဆုံးဖြတ်
ထားပုံရတယ်ဆိုတဲ့ အချက်တစ်ချက်ကိုတွေ့ရပါတယ်။ ရခိုင်တွေစိတ်မှာ
ဘယ်လိုရှိလည်းဆိုရင် ဒီဘင်္ဂလီပြသနာ ကို ရခိုင်တွေရဲ့သဘောတူညီမှု မပါဘဲ
ဒီပြသနာကို ဖြေရှင်းလို့ မရ။ ရခိုင်တွေရဲ့ သဘောတူညီ ချက်နဲ့သာ ဖြေရှင်းရမယ်
သို့မဟုတ်လျှင် ပြေလည်မည် မဟုတ်လို့ ခံယူထားကြပါတယ်။ အဲဒီအချက်နဲ့
ပတ်သတ်ပြီး ကျွန် တော်တို့အနေနဲ့ အငြင်းပွားမှု မရှိပါ။ အဲဒီဘင်္ဂလီပြသနာကို
ဖြေရှင်းတဲ့နေရာမှာ ရခိုင်တွေအနေနဲ့ နိုင်ငံရေး အာဏာရှိသည်ဖြစ်စေ၊
မရှိသည်ဖြစ်စေ ကျွန်တော်တို့ သဘောတူညီချက်နဲ့သာ ဒီပြသနာ
ပြေလည်နိုင်မယ်ဆိုတာကို လက်ခံပြီးသားဖြစ်ပါတယ်။)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment