ဒါကြောင့် မြို့ထဲက ရှိရှိသမျှ အမျိုးသမီးတွေဟာ မနေ့ မနက်က ဘုန်းတော်ကြီး ကျောင်းမှာ လူစုပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ချီတက်ကာ ဒုက္ခသည်တွေကို မြို့ထဲ ရပ်ကွက်တွေကို မရွှေ့ပြောင်းပေးဖို့ တောင်းဆို ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ ငြိမ်းငြိမ်းချမ်းချမ်းပြီးသွား
ဒါကတော့ မြေပုံမြို့ပေါ်က ဆရာတော်တစ်ပါး မိန့်ကြားတာ ဖြစ်ပါတယ်။
မြေပုံ မြို့နယ်အုပ် ချုပ်ရေးမှူးကတော့ မုန်တိုင်း ဘေးကနေ လွတ်ကင်းအောင် မြို့ပြင် ဒုက္ခသည် စခန်းတွေက မူဆလင် ဒုက္ခသည်တွေကို လုံခြုံမူ ပိုရှိတဲ့ မြေပုံမြို့ အမှတ် (၁)ရပ်ကွက်က စည်ပင်ရုံး၊ သမ၀ါယမရုံးနဲ့ ဆောက်လုပ်ရေး ရုံးတွေမှာ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
စည်ပင်ဝန်ထမ်း မိသားစုတွေကိုလည်း ဒုက္ခသည်တွေကို နေရာ ချပေးဖို့ အတွက် စည်ပင်ရုံးကနေ ဖယ်ခိုင်းထားတယ်လို့ သိရပါတယ်။
“ ကျွန်မတို့က မုန်တိုင်းတိုက်မှာကို ကြောက်ရမလား။ တစ်ဘက်မှာ သူတို့ကို နေရာချလိုက်ရင် ဘင်္ဂလီတွေကို ကြောက်ရမလား။ ကျွန်မတို့နဲ့ နီးနီးကပ်ကပ် နေရာချထားရင် အမျိုးသမီးများ အတွက် လုံခြုံမှု မရှိတဲ့ အပြင် နောက်ထပ် ပြဿနာတွေပါ ဆက်ဖြစ်နိုင်တဲ့ အတွက် မီးဘေးရှောင် မလောင်ခင်တားသဘောမျိုးနဲ့ နောက်နေရာတွေမှာသာ ရွှေ့ပြောင်းနေရာချထားဖို့နဲ့ မြို့ထဲကို ခေါ်မလာဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” လို့ မြေပုံ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ရေးအတွက် ယာယီ နေရာ ချထားပေးဖို့ စီစဉ်တာ ဖြစ်တယ်လို့ ပြောဆိုတယ်လို့ ဆိုပါတယ်။ မုန်တိုင်း အခြေအနေကလည် ထူးခြားမူ မရှိသေးတဲ့ အတွက် ဒုက္ခသည်တွေကို ယခုအချိန်ထိ ပြောင်းရွှေ့နေရာချပေးတာကတော့ မရှိသေးဘူးလို့ သိရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment