Sunday, May 26, 2013

သျှစ်သောင်းဘုရားပွဲတော် ဘောလုံးပြိုင်ပွဲတွင် တိမ်ညိုအသင်းဗိုလ်စွဲ

ဘော်လုံး အသင်း ၅၆ သင်း ၀င်ရောက်ယှဉ်ပြိုင်နေသော မြောက်ဦးမြို့ ရှစ်သောင်ဘုရားပွဲတော် ဘော်လုံးပွဲတွင် တိမ်ညိုကျေးရွာ ဘော်လုံး အသင်းသည် ယမန်နေ့ (မေလ ၂၅ ရက်) က ကျောက်တွင်းကုန်းရွာကို နိုင်ပြီး ဗိုလ်လုပွဲသို့ တက်သွားပြီဟု သိရသည်။
 ဘော်လုံးပွဲ ဖွင့်ပွဲ အခမ်းအနား ( ဓါတ်ပုံ- မြောက်ဦး ဂျလေပီ)
ဘော်လုံးပွဲ ဖွင့်ပွဲ အခမ်းအနား ( ဓါတ်ပုံ- မြောက်ဦး ဂျလေပီ)
“ မနေ့ ကန်တဲ့ ပွဲမှာ တိမ်ညိုအသင်းက ကျောက်တွင်းကုန်းရွာ ဘော်လုံး အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် နိုင်ပြီး ဗိုလ်လုပွဲသို့ တက်သွားပါပြီ။ ပွဲက အရမ်းကို ကောင်းပါတယ်။ လူတွေက သောင်းချီပြီး လာရောက် အားပေးကြပါတယ်” ဟု ဘော်လုံး ၀ါသနာရှင် ကိုထွန်နေမင်းက ပြောသည်။
ယနေ့ မေလ ၂၆ ရက်နေ့တွင် ဆင်အိုးကြီး ကျေးရွာ အသင်းနှင့် ဗူးရွက်မညိုး ကျေးရွာ အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး နိုင်သည့် အသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်မည် ဖြစ်သည်။
“ ဆင်အိုးကြီးနဲ့ ဗူးရွက် မညိုးမှာ နိုင်တဲ့ အသင်းက တိမ်ညိုအသင်းနဲ့ အင်္ဂါနေ့ နံနက်မှာ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။ ရှုံးတဲ့ အသင်းက ကျောက်တွင်းကုန်းနဲ့ တတိယဆု အတွက် မေလ ၂၇  ရက်နေ့ ညနေမှာ ကစားကြရမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
01
ယခုနှစ်တွင် ပထမဆုရ အသင်း ကျပ် (၇) သိန်းတိတိ ချီးမြှင့်မည် ဖြစ်ပြီး ဒုတိယဆုကို ကျပ် (၄) သိန်း၊ တတိယဆုကို ကျပ် (၂) သိန်းနှင့် စတုတ္ထဆုကို (၁) သိန်းစီ ချီးမြှင့်သွားမည်ဟု ဘော်လုံးပွဲ ကျင်းပရေး ကော်မီတီ ဥက္ကဌ ဦးကျော်ဇောလှက နိရဉ္စရာသို့ ပြောသည်။
“ ဒီနှစ် ဘော်လုံးပွဲက အရမ်းကို စည်ပါတယ်။ ဖွင့်ပွဲတွေက အစ ထူးထူးခြားခြား လုပ်တော့ ဒီနှစ်က အထူး စည်ကားပါတယ်။ မြောက်ဦး ဘော်လုံးကွင်း အပြည့် လူတွေ လာအားပေးကြပါတယ်။ ဒီနှစ် ဆုတွေကို ပထမဆုကနေ စတုတ္ထဆုထိ အပြင် သုံးသိန်းတန် ဒိုင်းဆုတွေ၊ အကောင်းဆုံး အသင်းဆု၊ ဘော်လုံးသမားဆုတွေကို ချီးမြှင့်သွားပါမယ်” ဟု ဦးကျော်ဇောလှက ဆက်ပြောသည်။
ရှစ်သောင်း ဘုရားပွဲတော်တွင် ပါဝင်သည့် နာမည်ကြီး လှေပြိုင်ပွဲ( ပြိုင်လောင်းပွဲ)၊ ရခိုင်ရိုးရာ ကျင်ပွဲများကိုလည်း စတင် ကျင်းပနေပြီ ဖြစ်ရာ အထူးစည်ကာနေပြီ ဖြစ်ကြောင်း သိရသည်။
ရှစ်သောင်း ဘုရားပွဲတော်ကို မေလ ၂၈ ရက်နေ့တွင် အဆုံးသတ်မည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: