Sunday, May 26, 2013

လက်နက်အရောင်းအ၀ယ်ဂိုဏ်း ဒက္ကားမြို့ တွင် ဖမ်းမိ

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်တွင် လက်နက် အရောင်းအ၀ယ် လုပ်သော မှောင်ခိုဂိုဏ်း တစ်ခုကို လက်နက်များနှင့် အတူ ဘင်္ဂလာဒေခ်ျ့ အထူး ရဲထောက်လှမ်းရေး တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
Bangladesh-arms-traffickers-including-a-female-Indian-national
ကြာသပတေးနေ့ ညဥ့်အချိန်တွင် ဒက္ကားမြို့ မီပူရ်မြို့နယ် နှင့် မူဟာမတ်ပူရ် မြို့နယ်တို့မှ နေရာ (၂) ခုကို စီးနှင်း ရှာဖွေမူ ပြုလုပ်စဉ် အတွင်း အဆိုပါ လက်နက် မှောင်ခိုဂိုဏ်းကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများမှာ စုစုပေါင်း (၇) ဦး ဖြစ်ပြီး ထိုအထဲတွင် အိန္ဒိယ နိုင်ငံမှ အသက် (၁၉) နှစ် အရွယ် အမျိုးသမီး တစ်ဦးလည်း ပါဝင်သည်။
ဖမ်းဆီးရမိသည့် လက်နက် ခဲယမ်းမီးကျောက်များထဲတွင်  ပစ္စတို (၅) လက်၊ ခြောက်လုံးပူး (၁) လက်၊ ကျည်ဆံ ၂၈ တောင့်နှင့် ယာဘားဆေးပြား ၂၀၀တို့ ဖြစ်ကြသည်။
အဆိုပါ လက်နက်များကို အဓိက ၀ယ်ယူသူများမှာ အတိုက်အခံ နိုင်ငံရေး ပါတီ ခေါင်းဆောင်များ ဖြစ်ကြပြီး နောက်လာမည့် ရွှေးကောက်ပွဲတွင် ဥပဒေနှင့် မညီသည့် လုပ်ငန်းများကို ဖန်တီးရန် အတွက် ၀ယ်ယူကြခြင်း ဖြစ်ကြောင်း ရဲက ပြောသည်ဟု ဆိုသည်။
သို့သော်လည်း သီးခြား အတည်မပြုနိုင်ကြောင်း The Daily Star သတင်းစာက ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: