ဆရာတော် ဦးစရဏ ယခုကဲ့သို့ ငွေပေးပို့လှူဒါန်းသဖြင့် စစ်တွေမြို့မ ဈေးသူ ဈေးသားများကို ကျေးဇူးတင်ကြောင်း ပြောဆိုသည်။ “ အခုလို ပေးပို့ လှူဒါန်းကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီလို လှူဒါန်းကြတဲ့ အတွက်လည်း အားကိုးတစ်ကြီးနဲ့ တစ်ဘက်နိုင်ငံကနေ ခိုလုံလာကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာ အရရော အကြီးအကျယ် အထောက်အပံ့ ဖြစ်စေတဲ့ အတွက် အထူး အကျိုးရှိပါတယ်။ နတ်သာဓုခေါ်၊ လူသာဓုခေါ်တဲ့ အလုပ်ဖြစ်တာကြောင့် လှူတဲ့သူတွေကိုရော၊ အလှူကို ရရှိကြတဲ့သူတွေရော နှစ်ဦးနှစ်ဘက် အကျိုးရှိစေပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။ ယခု လက်ရှိ ဘင်္ဂလာဒေခ်ျ့မှ မြန်မာနိုင်ငံသို့ ခိုလုံရန် ရောက်ရှိလာကြသော ရခိုင် မျိုးနွယ်စု ၂၉၂ စု ရှိပြီး လူဦးအားဖြင့် ၁၂၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
- See more at: http://www.narinjara.com/burmese/?p=6094#sthash.I6qtsVS3.dpuf
No comments:
Post a Comment