ရခိုင်ပြည်၊
စစ်တွေမြို့တွင် ပြည်နယ်အစိုးရမှ မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော
လူဦးရေထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် ယနေ့ လူပေါင်း
၁၀၀၀ ကျော်ပါဝင်သော ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ကို ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲအား စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များမှ ဦးဆောင်သွားကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများမှာ ဆိုင်းဘုတ်ကိုယ်စီ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက်ဆန္ဒပြနေကြောင်း သိရသည်။
“ (လူ့အခွင့်အရေး)၂ (အညီအမျှပေး)၂
(လူ့အခွင့်အရေး)၂ (ဥပဒေကိုလေးစားပါ)၂
လူမျိုးရေးအတွက်နယ်ချဲ့သူ (ဒို့ရန်သူ)၂
နယ်ချဲ့အကျိုးလိုလားသူ (ဒို့ရန်သူ)၂ ” စသည့် အချက် (၁၀) ကျော်ပါဝင်သော ကြွေးကြော်သံများကို ကြွေးကြော်နေကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြသူများမှာ ယခု ၀င်္ကမ္ဘာကွင်း အနီးသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

(သတင်းအရင်းအမြစ်- Arakantimes ၏ Facebook စာမျက်နှာ)
No comments:
Post a Comment