ရခိုင်တပြည်နယ်လုံးရှိ ဘင်္ဂလီကုလားများအား
ဘူးသီးတောင်၊ မောင်တောကဲ့သို့ ဒေသန္တရ အမိန့်ထုတ်ပြန်ပေးရန် ဇွန်လ ၎
ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သော ပြည်နယ်အစိုး၏ မောင်တောခရိုင်အတွင်း
ကလေးမွေးဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံ ဆန္ဒပြပွဲ မှ
တောင်းဆိုလိုက်သည်။
" မောင်တော ခရိုင်မှာထုတ်ပြန်တဲ့
ဒေသန္တရအမိန့်ကို ထောက်ခံတယ်၊ ဒီလို ဒေသန္တရအမိန့်မျိုးကို ရခိုင်
တပြည်နယ်လုံးမှာလည်း ထုတ်ပေးဖို့တောင်းဆိုပါတယ်။ " ဟု ရခိုင်အမျိုးသမီးကွန်ယက် ခေါင်းဆောင် ဒေါ်ညိုအေးက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် ရခိုင်တပြည်လုံးရှိ
ဘင်္ဂလီကုလားများအား ဘူးသီးတောင်၊ မောင်တော ကဲ့သို့ ဒေသန္တာရ
အမိန့်ထုတ်ပြန်ပေးရန်၊ မောင်တောခရိုင်အတွင်း ဘင်္ဂါလီများနှင့် ပတ်သက်၍
ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း၊ ပြည်နယ်အစိုးရ၏ ဆွဲ၊ တင်၊ စစ် လုပ်ငန်း
စီမံချက်အား အမြန်ဆုံးအကောင်းအထည်ဖော်ပေးရန် အဓိက အချက်သုံးချက်ကို
ဆောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရ၏ မောင်တောခရိုင် ကလေး
မွေးဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရအမိန့်အား ထောက်ခံဆန္ဒပြပွဲကို
စစ်တွေမြို့မှ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး
ရဟန်းတော်များအဖွဲ့မှ ကြီးကြပ်ကာ သံဃာတော် ၄၀၀ အပါအ၀င် ဒေသခံ ၃၀၀၀ ခန့်မှာ
မွန်းလွဲ ၁း၃၀ မှ ၂း၃၀ထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဒေသန္တရ အမိန့်ထောက်ခံသူများသည်
စစ်တွေမြို့ဝင်္ကဘာကွင်းတွင် စုဝေးခဲ့ကြပြီး တောင်းဆိုချက်များ
ကြွေးကြော်လျက် ဦးဥတ္တမလမ်းမှသည် မင်းဘာကြီးလမ်းမှ သင်္ဘောဆိပ်ဘက်သို့
ချီတက်ခဲ့ကာ ထိုမှတဆင့် လမ်းမကြီးတလျှောက်လှည့်လည်၍ ၀င်္ကဘာကွင်း၌
အဆုံးသတ်ခဲ့ကြသည်။
ရခိုင်ပြည်နယ် ၈ မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များ ကလည်း မောင်တော ခရိုင်အတွက် လူဦးရေ မွေးဖွားနှုန်း ကန့်သတ်ရန် ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း သဘောထားကို မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် ၈ မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များ ကလည်း မောင်တော ခရိုင်အတွက် လူဦးရေ မွေးဖွားနှုန်း ကန့်သတ်ရန် ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း သဘောထားကို မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ
မောင်တောခရိုင်အတွင်း ဒေသန္တရ အမိန့် ထုတ်ပြန်ခြင်းမှာ
လူ့အခွင့်အရေးချိုးဖောက်ကြောင်း မေလ ၂၇ ရက်နေ့က မီဒီယာများသို့
ပြောဆိုလိုက်ပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)၊ အမေရိကန်
အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့ကြီးတို့ကလည်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
ဒေသန္တရအမိန့်၌ အသက် ၁၈ နှစ်ပြည့်မှ အိမ်ထောင်ပြုရမည်ဖြစ်ပြီး၊ တလင်တမယားစနစ်သာ ကျင့်သုံးလျက်
အိမ်ထောင်တခုတွင် ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိသည်။ ဤအမိန့်မှာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ထားရာ ၂၀၁၁ ခုနှစ်ထိ တနှစ်တကြိမ် နှစ်စဉ်ဆက်တိုက် ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
အိမ်ထောင်တခုတွင် ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိသည်။ ဤအမိန့်မှာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ထားရာ ၂၀၁၁ ခုနှစ်ထိ တနှစ်တကြိမ် နှစ်စဉ်ဆက်တိုက် ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင်ဗဟိုအစိုးရပြန်ကြားရေး ဒု-ဝန်ကြီး
ဦးရဲထွဋ်ကလည်း အဆိုပါဒေသန္တရ အမိန့်အား ပြန်လည် သုံးသပ်ရန်ရှိကြောင်း
ဗွီအိုအေ အမေရိကန်အသံသို့ ပြောဆိုထားရှိသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- ဇင်ကီး)
No comments:
Post a Comment