Monday, July 15, 2013

နစက ဌာနချုပ်ကို ဖျက်သိမ်းလိုက်ပြီ

Nasaka signbord
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် အခြေစိုက်သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးရေး ကွပ်ကဲမူ ဌာနချုပ် (နစက) အား ယနေ့မှ စ၍ ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း ၀က်ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။ အဆိုပါ ဖျက်သိမ်းမူကို အမိန့်ကြော်ငြာစာ အမှတ် ၅၉ / ၂၀၁၃ ဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က လက်မှတ် ရေးထိုးပြီး ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည်။ ကြေငြာချက်တဲတွင် နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးရေး ကွပ်ကဲမူ ဌာနချုပ်အား ယနေ့မှ စပြီး ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဖေါ်ပြသည်မှ အပ တစ်ခြား ဖေါ်ပြထားခြင်း မရှိပါ။ နစက ဌာနချုပ် ဖျက်သိမ်းခြင်းကို မောင်တောတွင် အများစု ပြည်သူများက သိရှိခြင်း မရှိသေးကြောင်း၊ နယ်စပ်ဒေသ အခြေအနေမှာ ပုံမှန် အတိုင်း ရှိနေကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ကိုလှမောင်က ညနေ ၇ နာရီခန့်တွင် ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: