ရန်ကုန်မြို့သို့
သံဃာအယောင်ဆောင်ကာ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးကို
သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်ပြီး ၎င်းတို့အား ခေါ်ဆောင်ခဲ့သူ
မွတ်စလင် လင်မယားနှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးသည် သင်္ကန်းဝတ်ဖြင့်
သံဃာအယောင်ဆောင်ကာ Beman လေကြောင်းလိုင်းဖြင့် ဇူလိုင် ၉ ရက် နံနက် ၉
နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး
ဖုန်းဆက်ထားသည့် အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးက လာရောက်ကြိုခဲ့ကြောင်း၊
၎င်းတို့နှစ်ဦးအား ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ
ပိုလိုတည်းခိုခန်းသို့ ပို့ပေးကာ တည်းခိုစေခဲ့ကြောင်း သိရသည်။
တည်းခိုခန်းသို့ ရောက်ရှိပြီး မကြာမီ အဆိုပါ ဘင်္ဂလားဒေ့ရှ်
နိုင်ငံသားနှစ်ဦးသည် အရပ်ဝတ်ဖြင့် ဆင်းလာကာ တည်းခိုခန်းအောက်
လမ်းဘေးထမင်းဆိုင်တွင် ထမင်းစားနေကြောင်း သတင်းအရ ပန်းဘဲတန်း ရဲစခန်းမှ
တာဝန်ရှိသူများက သွားရောက်ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ခေါ်ဆောင်စစ်ဆေးရာတွင် ၎င်းတို့နှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ
ဖြစ်နေကြပြီး မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်
ပို့ဆောင်ပေးမည်ဟု မြန်မာနိုင်ငံမှ မွတ်စလင် လင်မယားနှစ်ဦးက
ဖုန်းဆက်ပြောဆိုခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထိုင်းနိုင်ငံ၊
ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယခုလို
ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရောက်ရှိလာပြီး မွတ်စလင်
လင်မယားနှစ်ဦး ပို့ပေးသည့် တည်းခိုခန်းတွင် တည်းခိုပြီးနောက် ထမင်းစားရန်
သင်္ကန်းဝတ်နှင့် မသွားဘဲ အရပ်ဝတ်ဖြင့်သာ သွားပါဟု မွတ်စလင် လင်မယားနှစ်ဦးက
ပြောသဖြင့် အရပ်ဝတ်ဖြင့် ထမင်းထွက်စားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး
သင်္ကန်းဝတ်ထား သည်မှာလည်း ၁၅ ရက်သာ ရှိသေးကြောင်း ရဲ၏စစ်ဆေးချက်အရ သိရသည်။
"အဲဒီ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးရဲ့ ဖုန်းနံပါတ်ကနေတစ်ဆင့် မွတ်စလင်
လင်မယားနှစ်ဦးကို ခြေရာခံမိတာပါ။ သူတို့လင်မယား နှစ်ဦးကို ဇူလိုင် ၉
ရက်ည ၉ နာရီခွဲမှာ သကေတမြို့နယ်၊ ၇/၈ ရပ်ကွက်မှာရှိတဲ့ သူတို့နေအိမ်မှာပဲ
ဖမ်းဆီးရမိ ခဲ့ပါတယ်" ဟု ပန်းဘဲတန်း ရဲစခန်းမှ စခန်းမှူးက ဇူလိုင် ၁၀ ရက်
မွန်းလွဲပိုင်းက ပြောကြားသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
နှစ်ဦးကို စစ်ဆေးရာတွင် လက်ကိုင်ဖုန်းတစ်လုံး၊ အမေရိကန်ဒေါ်လာ ၁၀၀ တန်
ခြောက်ရွက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံးငွေ ၅၀၀ တန် တစ်ရွက်၊ ၁၀၀
တန်နှစ်ရွက်၊ ၅၀ တန် တစ်ရွက်၊ မြန်မာငွေစက္ကူ ၁၀၀၀ တန် ၆၃ ရွက်၊ ၅၀၀၀ တန် ၅၉
ရွက်နှင့် အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦး၏ လေယာဉ်လက်မှတ်နှင့်
ပတ်သက်သော စာရွက်စာတမ်း ၁၃ စောင်တို့ကို ၎င်းတို့နှင့်အတူ
သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဘာသာရေးကို
ခုတုံးလုပ်၍ ဗုဒ္ဓဘာသာ၏ အထွတ်အမြတ် သင်္ကန်းအား ၀တ်ဆင်ကာ လူအများ ကိုးကွယ်သည့်
ဗုဒ္ဓဘာသာ သာသနာကို နစ်နာပျက်စီး ယုတ်ညံ့စေရန် ပြုလုပ်ခြင်း၊ နိုင်ငံအတွင်း
နေထိုင်သော လူများ၏ ဘာသာရေးစိတ်ကို နာကြည်းစေခြင်း၊ ဘာသာသာသနာ
ယုံကြည်မှုကို စော်ကားခြင်းတို့ ပြုလုပ်ရာ ရောက်သဖြင့် အဆိုပါ ဘင်္ဂလားဒေ့ရှ်
နိုင်ငံသားနှစ်ဦးဖြစ်သည့် PARSUJET BARUA နှင့် Antar Barua တို့ကို
ပန်းဘဲတန်း မြို့မရဲစခန်းက အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။
အေးချမ်းမွန် Copy & Credit To >Eleven Media Group < Thank
(သတင်းအရင်းအမြစ်- အေးချမ်းမွန်၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)
No comments:
Post a Comment