၁၀-၇-၂၀၁၃
ရက်နေ့ ၁၈၀၀ အချိန် စစ်တွေမြို့မရဲစခန်းသို့ ဧရာဝတီတိုင်းဒေသကြီး၊
ကျောင်းကုန်းမြို့နယ်နေ မxxxxxxx(၂၀)နှစ် ရောက်ရှိလာပြီး ၎င်းအား ၂၅-၃-၂၀၁၃
ရက်နေ့ ညနေတွင် ပိန်းခရပ်ရွာနေ မစန်းစန်း(ခ)ညိုညိုစန်း(၃၅)နှစ်မှ စစ်တွေမြို့ရှိထမင်းဆိုင်တွင် တစ်လလျှင် (၅၀၀၀၀ိ/-)ရရှိမည်ဟုခေါ်သဖြင့်
၂၈-၃-၂၀၁၃ ရက်နေ့တွင် မစန်းစန်း(ခ)ညိုညိုစန်းနှင့် လိုက်ပါခဲ့ကြောင်း၊
စစ်တွေမြို့သို့ရောက်ရှိစဉ် ထမင်းဆိုင်သို့ခေါ်မသွားဘဲ
အဝေးပြေးကားဂိတ်အနီးရှိ ကန်တော်ကြီးရပ်ကွက်နေ ဦးတင်စိုးဝင်း(၄၃)နှစ်နှင့်
ဇနီးဖြစ်သူ မဝေေ၀နိုင်တို့နှင့်တွေ့ဆုံပြီး ၎င်းအား နေအိမ်အပေါ်ထပ်တွင်
လှောင်ပိတ်ကာ အမျိုးသားများနှင့်ပျော်ပါးရန် အတင်းအဓမ္မစေခိုင်းခဲ့ကြောင်း၊
၎င်းင်းအားလိုက်ပါ ပို့ဆောင်သူ မစန်းစန်းမှာ ပွဲစားခငွေကျပ်(၅၀၀၀၀ိ/-)ရယူပြီး
ပြန်သွားခဲ့ကြောင်း၊ ၎င်းမှာ တစ်ညလျှင် ပြည့်တန်ဆာလုပ်ခငွေကျပ်
(၂၅၀၀၀ိ/-)ဖြင့် (၃)လခန့်လုပ်ကိုင်ခဲ့ရကြောင်း၊ ၎င်းအား တစ်ညလျှင်
လုပ်အားခ(၂၅၀၀ိ/-)ကျပ်
ပေးမည်ဟုပြောသော်လည်း မရရှိခဲ့ကြောင်း၊ အဆိုပါနေအိမ်တွင် ၎င်းကဲ့သို့
အမျိုးသမီး(၆)ဦးမှာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံနေရကြောင်းနှင့်
အရေးယူပေးရန်တိုင်တန်းခဲ့ သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊
ကျောင်းကုန်းမြို့နယ်၊ ပိန်းခရပ်ကျေးရွာနေ မစန်းစန်း(ခ)ညိုညိုစန်း၊
စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက်နေ ဦးတင်စိုးဝင်းနှင့်မဝေေ၀နိုင်တို့ ၃
ဦးအား စစ်တွေမြို့မရဲစခန်း (ပ)၁၅၈/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ ထားကြောင်း သတင်းရရှိသည်။
(ဤသတင်းအား ရဲဇာနည် Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)
No comments:
Post a Comment