ရခိုင်ဒေသကို လုံခြုံရေး အင်အားလျှော့ချရန် အစီအစဉ်မရှိဟုဆို
Yangon Media Group
ရခိုင်ပြည်နယ် အတွင်းတာဝန်ယူ ထားသည့် လုံခြုံရေး အင်အားကို လျှော့ ချရန်
အစီအစဉ်မရှိကြောင်း ရခိုင်ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး
ဗိုလ်မှူးကြီးထိန်လင်းက ထုတ်ဖော် ပြောကြားလိုက်သည်။
ဇူလိုင် ၉ရက် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် ပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ယင်းသို့ပြောကြားခြင်းဖြစ် သည်။
ဗိုလ်မှူးကြီးထိန်လင်းက ''လောလောဆယ်တော့ ရခိုင်ပြည် နယ်အတွင်းမှာ ရှိတဲ့
လုံခြုံရေး အင် အားတွေကို တိုးခြင်း၊ လျော့ခြင်း လုပ်ဖို့အစီအစဉ် မရှိပါ
ဘူး။ နောင် ဖြစ်လာမယ့် အကျိုးဆက်ပေါ်မူ တည်ပြီးတော့ စီစဉ်ဆောင်ရွက်
သွားမှာပါ။ အခုက လုံလောက်တဲ့ အင်အားကိုအသုံးပြုထားပါတယ်'' ဟု ပြော သည်။
လက်ရှိတွင် ရခိုင်ဒေသအတွင်း အခြေအနေပြန်လည်တည် ငြိမ်စဖြစ် လာပြီဟု
ယူဆရသည့် အတွက် ပြည်နယ်တွင်းဖြန့်ကြက် တာဝန်ယူထား သည့် လုံခြုံရေး
အင်အားကို များမကြာမီလျှော့ ချသွားမည်ဖြစ်ကြောင်း တပ် မတော်
အရာရှိကြီးတစ်ဦးက ယခုနှစ် မေလအတွင်းတွင် ပြည်တွင်း ပုဂ္ဂလိက သတင်းစာတစ်စောင်
အား ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းသို့
လုံခြုံရေးအင်အား ကို လျှော့ချသွားမည်ဆိုပါက ဒေသတွင်း ပဋိပက္ခများ ထပ်မံ
ပေါ်ပေါက်လာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိပြီး လုံခြုံရေးမရှိ လျှင်
မနေရဲကြောင်း ဒေသခံများ က ပြောသည်။
မြောက်ဦးမြို့နယ်
ပုရိန်ကုန်း ကျေးရွာမှ အသက် ၅၂နှစ်အရွယ် ရှိ ဒေါ်နုစိန်က
''လုံခြုံရေးမရှိရင် ကိုယ့် နေရာမှာ မနေရဲဘူး။ နောက် ပြီး လယ်ယာ
လုပ်ငန်းခွင်တွေကို လဲ မလုပ်နိုင်ဘူး''ဟုဆိုသည်။
လက်ရှိတွင်
ရခိုင်ဒေသ အခြေအနေ တည်ငြိမ်အေးချမ်း ရေးအတွက် ရဲအင်အား ၆၀၀၀ ကျော်ဖြင့်
တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာနမှ ဒုတိယဝန်ကြီး
ဗိုလ် မှူးချုပ်ကျော်ဆွေ က ပြောသည်။ ဗိုလ်မှူး ချုပ် ကျော်ဆွေက ''ပဋိပက္ခတွေ
ထပ်မဖြစ်ဖို့အတွက် လုံလောက်တဲ့လုံခြုံရေးအင်အား ကို ဖြန့်ကျက်ဆောင်ရွက်နေပါ
တယ်''ဟုဆိုသည်။
ဖြိုးလွင်အောင် ၊ မာန်ယုကျော်
(ဤသတင်းကို Rakhine Citizen Journalists စာမျက်နှာမှ ကူးယူဖော်ပြပါသည်)
No comments:
Post a Comment