ဘင်္ဂလာဒေခ်ျ့မှ ရောက်ရှိနေသော ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ အဖွဲ့ဝင်များသည် ယမန်နေ့က ရွှေတိဂုံ ရင်ပြင် အနောက်ဘက်စောင်းတန်းရှိ ရခိုင်တန်ဆောင်းသို့ သွားရောက်ပြီး ရက္ခိုင် မောင်မယ် တံမြက်စည်းလှဲ အသင်းဝင်များနှင့် သွားရောက် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ဦးခိုင်မြတ်ကျော်မှ သူတို့ လာရောက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။ ၎င်းနောက် အဖွဲ့ခေါင်းဆောင် ဦးခိုင်ဆန်းအောင်မှ အဖွဲ့မှ လှူဒါန်းငွေ ကျပ် ၅၀၀၀၀ နှင့် တစ်ခြား အလှူရှင် နှစ်ဦးမှ လှူဒါန်းငွေ ကျပ် ၂၀၀၀၀ အား ရက္ခိုင်မောင်မယ် တံမြက်စည်းလှဲ အသင်း ဥက္ကဌ ဦးခင်မောင်သန်းသို့ ပေးအပ်လှူဒါန်းသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment