မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကင်းစခန်းများတွင် တရားမ၀င် ခိုးဝင်လာသူများအား စောင့်ကြည့်ရန် မီးမောင်းများ တပ်ဆင်ထားစဉ် |
"တရားမ၀င် သွားလာမှုကို ကာကွယ်တားဆီးဖို့ရယ်၊ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးအတွက် လိုအပ်တဲ့ဟာဖြစ်လို့ အိမ်ထောင်စု လူဦးရေ စစ်ဆေးမှုတွေကိုတော့ ယခင်နှစ် ကတည်းကလို အပြောင်းအလဲမရှိ လုပ်နေပါတယ်။ အခု (မကဖ) ၀န်ထမ်းတွေကို ခိုးဝင်ခိုးထွက် ရှိနိုင်တဲ့ နေရာတွေဖြစ်တဲ့ ချောင်းပေါက်တို့ ကင်းစခန်းတို့မှာ တာဝန်ချထား ပေးပြီးတော့ ခိုးဝင်ခိုးထွက်မှု မရှိအောင် ဆောင်ရွက်နေပါတယ်" ဟု ဦးသိန်းတန်က ဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံ အတွင်းရှိ ကင်းစခန်းများတွင် မီးမောင်းများ တပ်ဆင်ထားပြီး ညအချိန် ခိုးဝင်ခိုးထွက် လာမှုများအားလည်း ကာကွယ်ထားကြောင်း သိရသည်။ သို့ရာတွင် ခေတ်မီ စက်ယန္တရားများ၊ စပိဘုတ်များ တပ်ဆင်ထားရှိခြင်း မရှိသေးကြောင်းနှင့် ခိုးဝင်လာသူများအား လိုက်လံဖမ်းဆီးခြင်းများ မလုပ်နိုင်သဖြင့် နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအား ခေတ်မီစက်ယန္တရားများ၊ အမြန်ရေယာဉ်များ တပ်ဆင်ပေးရန် လိုအပ်နေသေးကြောင်းလည်း မောင်တောမြို့ခံများက ပြောသည်။ အနောက်ဘက် နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) များကို ၀န်ထမ်းအင်အား ၃၅၀ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)
No comments:
Post a Comment