Showing posts with label ဂုဏ်ထူးဆောင်ဆု. Show all posts
Showing posts with label ဂုဏ်ထူးဆောင်ဆု. Show all posts

Tuesday, January 6, 2015

ရခိုင်ပြည်နယ် အစိုးရအား အကြည်အညို ပျက်စေမှုဖြင့် ဖမ်းဆီးခံထားရသည့် ကိုနိုင်နိုင် လူမှုထူးချွန်ဆု ချီးမြှင့်ခံရ


DSCN8469
ရခိုင်ပြည်နယ်အစိုးရကို အကြည်အညိုပျက်စေမှုပုဒ်မဖြင့် ဖမ်းဆီးထားသည့် ရခိုင့်အမျိုးသားရေး နိုင်နိုင်အား ပြည်ပရှိ ရခိုင်အဖွဲ့အစည်းတစ်ခုက ၂ဝ၁၄ခုနှစ်အတွက် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုထူးချွန်ဆု ချီးမြှင့် လိုက်ကြောင်း သိရသည်။
ကိုနိုင်နိုင်မှာ ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် အရက်သေစာများကို လုံးဝ ပပျောက်ရန် တိုက် ဖျက်နေသူဖြစ်သောကြောင့် သူ့အား ယင်းဆုကိုပေးအပ်ရန် ပြည်တွင်းပြည်ပရှိ ရခိုင်တိုင်းရင်းသားများ၏ရွေး ချယ်ပေးမှုဖြင့် ယခုကဲ့သို့ ချီးမြှင့်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ဆုငွေက မြန်မာငွေ ကျပ်တစ်သိန်းဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဆုငွေကို သူ့ကို အခမ်းအနားတွေ လုပ်ပြီးပေးလို့ မရဖြစ်နေတဲ့အတွက် ရန်ကုန်မှာရှိနေတဲ့သူ့အမေဆီကို လွှဲပေးပါလို့ နိုင်နိုင်က တောင်းဆိုထားပါတယ်” ဟု စစ်တွေမြို့မှ ရခိုင်အမျိုးသမီးကွန်ရက်၏ ဒုတိယဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဉ္စရာသို့ပြောသည်။
ယင်းဆုကို အမေရိကန်ပြည်ထောင်စုရှိ စောမြတ်ဇံ ရခိုင်ဖောင်ဒေးရှင်းက ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က ချီးမြှင့်ပေးလိုက်ခြင်းဖြစ်သည်
စစ်တွေမြို့မှကျောင်းသူ၊ ကျောင်းသားအချို့ကို ကျောင်းမတက်စေဘဲ ပျော်ပွဲရွှင်ပွဲများတွင် အသုံးပြုနေသည့် အတွက် ရခိုင်ပြည်နယ် ပညာရေးအား ထိခိုက်စေသည်ဟု ဆိုကာ ပြည်နယ်ဝန်ကြီးချုပ်အား နောက်နောင် ထိုသို့ မပြုလုပ်ရန် ပြောကြားသည့် စာ သားများ ပါဝင်သောစာတစ်စောင်ကို ကိုနိုင်နိုင်က ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း စစ်တွေရှိ ပညာရေးညွှန် ကြားရေးမှူးရုံးတွင်သာမက မြို့အနှံ့လိုက်လံဖြန့်ဝေခဲ့သည့်အတွက် ယင်းအား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။
ကိုနိုင်နိုင်အနေဖြင့် ရခိုင်ပြည်နယ် အစိုးရအား တစ်စုံတစ်ရာ အကြည်အညိုပျက်စေရန် လုပ်ဆောင်မှုများ ရှိခဲ့လျှင် သတိပေးမှုများ၊ ခေါ်ယူ ဆွေးနွေးမှုများ လုပ်နိုင်ပါလျှက် တစ်စုံ ပြုလုပ်ခြင်း မရှိဘဲ ဖမ်းဆီးပြီး ထောင်ထဲသို့ ပို့ဆောင်သော အလုပ်မှာ စစ်အစိုးရလက်ထက်က လုပ်ရပ်မျိုး ဖြစ်သဖြင့် အများပြည်သူကြားတွင် ဝေဖန်မှုများလည်း တိုးပွားနေသည်ဟု သိရသည်။
ယင်းကိစ္စနှင့်တပ်သက်ပြီး ကိုနိုင်နိုင်အား ယခုလ ဇန်န၀ါရီလ ၈ ရက်နေ့တွင် ရုံးထုတ် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)