Showing posts with label ပေးစာကဏ္ဍ. Show all posts
Showing posts with label ပေးစာကဏ္ဍ. Show all posts

Friday, October 11, 2013

ရွှေညာသူတစ်ဦးထံမှ ပေးစာ

မန္တလေး ဘူတာ (ဓါတ်ပုံ- အင်တာနက်)
မန္တလေးဘူတာ (ဓာတ်ပုံ- အင်တာနက်)

မန္တလေး မှ မြစ်ကြီးနားသို့ ထွက်ခွါမည့် ညနေ (၄း၂၀) အမြန်ရထားသည် ယခု ည (၉-၁၀-၂၀၁၃) (၉း၃၀) အချိန်ထိ မန္တလေး ဘူတာမှ ထွက်ခွါခြင်း မရှိသေးပါ။ ခရီးသည်များမှာ ညနေ (၃း၃၀) ခန့်မှ စ၍ မန္တလေး ဘူတာတွင် စောင့်ဆိုင်းနေကြရပါသည်။

ဆယ်ကျော်သက်အရွယ် မိန်းကလေး၊ ယောင်္ကျားလေးများ၏ ဟီရိသြတပတရား ကင်းမဲ့စွာ
ပြောဆိုနေထိုင်နေမှုများ၊ စင်္ကြန်လမ်းများ၏ သံတံခါးများကို ကျော်ခွကာ မိန်းကလေးများ ထံသို့ ပြေးလွှားနေမှုများ၊ ဘူတာထဲမှာပင် ဖိုမကိစ္စများကို အရှက်မဲ့စွာ ပြောဆိုနေမှုများ၊ ကြမ်းတမ်းစွာ ဆဲဆိုသံများဖြင့် မန္တလေး ဘူတာကြီးသည် ညစ်ညမ်းမှုများဖြင့် ပြည့်နှက်၍နေပါသည်။

ခရီးသွားများအနေဖြင့်လည်းစိတ်ပန်းလူပန်းဖြစ်ရကာကိုယ်လက်အင်္ဂါများညောင်းညာ နွမ်းနယ်၍ နေရပါသည်။

ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်နေချိန်တွင် ယခုကဲ့သို့ခရီးသွားပြည်သူများအပေါ် အချိန်မတိကျခြင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမပေးနိုင်ခြင်း၊ အများပြည်သူများ၏ စိတ်ချမ်းမြေ့မှုကို
မဆောင်ရွက်နိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်စေခြင်းမျိုးများဖြစ်ပေါ်လျက်ရှိပါသည်။

လေယာဉ်ပျံကို မမျှော်လင့်ဝံ့သော ရထားစီး အခြေခံလူတန်းစားပြည်သူများ၏ခံစားချက်များကို သက်ဆိုင်ရာလူကြီးမင်းများ အနေဖြင့် သိရှိနားလည်ကူညီထောက်ပံ့ပေးစေလိုပါသည်။


ရွှေညာသူ

မန္တလေး
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)