ရခိုင်ပြည်၊ မြို့နယ်အတွင်းရှိ ကျူရှင်မထားနိုင်သော ဆင်းရဲနွမ်းပါးသည့် ကျောင်းသူ၊ ကျောင်းသား လေးများအား မြို့နယ်အတွင်း ဖွဲ့စည်းထားသော အာရက္ခဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များက အခမဲ့ စာသင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
မြေပုံမြို့မှ အာရက္ခဖောင်ဒေးရှင်း၏ အဖွဲ့ဝင်များမှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကလေးများအား စာသင်ကြားပေးရန် မိဘများနှင့် ဆွေးနွေးနေစဉ်။ မြေပုံမြို့မှ အာရက္ခဖောင်ဒေးရှင်း၏ အဖွဲ့ဝင်များမှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကလေးများအား စာသင်ကြားပေးရန် မိဘများနှင့် ဆွေးနွေးနေစဉ်။
" ကျနော်တို့မြို့နယ်မှာ မိဘမဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေ၊ အများကြီးရှိပါတယ်။ သူတို့တွေဟာ အပြင်ကျူရှင် မတက်နိုင်ကြဘူး၊ နောက်တစ်ခုက စီးပွါးရေးအဆင်မပြေတော့ မိဘတွေက ကျောင်းမထားနိုင်ကြဘူး၊ ဒီကလေးတွေကိုလည်း မိဘတွေနဲ့ တိုင်ပင်ပြီး ကျောင်းထားပေးတယ်၊ တစ်ချို့ကလေးတွေအတွက် အ၀တ်အစား၊ ကျောင်းသုံး စာအုပ်တွေကအစ ကူညီပံ့ပိုးပေးရပါတယ်၊ နွေရာသီ ကျောင်းပိတ်ရက်တွေမှာလည်း နံနက်ပိုင်းကို အင်္ဂလိပ်စာနှင့် အခြားဘာသာရပ်တွေ သင်ကြားပေတယ်၊ နေ့လည်ပိုင်းကို ဘာသာရေးသင်တန်းတွေ ပြုလုပ်ပေးပါတယ်။ " ဟု မြေပုံမြို့နယ် အာရက္ခဖောင်ဒေးရှင်း၏ တာဝန်ခံ ကိုအောင်မြင့်က ပြောသည်။
မြေပုံမြို့နယ် အာရက္ခဖောင်ဒေးရှင်း အခမဲ့စာသင်ကြားမှုကို ၂၀၁၂ ဒီဇင်ဘာ တစ်ရက်နေ့က မြို့မကုသိံနာရုံ ဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး မူလတန်းမှ ၉ တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်ကို အဖွဲ့ဝင် ကျောင်းဆရာ ၁၄ ဦးဖြင့် အခမဲ့ စာသင်ကြားခဲ့ကြောင်း သိရသည်။
" ကျနော်တို့အဖွဲ့ ဖွဲ့စည်းခါစက ပထမ ၆၀ ကျော်ရှိပါတယ်၊ ရန်ပုံငွေမဖြစ် ၁ လကို ၁၀၀၀ ကောက်ခံပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်၊ ဒီ ၁၀၀၀ စီကောက်ခံလို့ ရတာလည်း တစ်လပဲရှိခဲ့တယ်၊ အဖွဲ့ဝင်တွေက ကျောင်းသားတွေဖြစ်တော့ သူတို့လည်း နောက် ဆက်လက် ကောက်ခံဖို့က အခက်အခဲဖြစ်တဲ့အတွက် မကောက်ဖြစ်တော့ပါဘူး၊ နောက်ပိုင်း ရည်ရှည် ဆက်လက် ကူညီပေးနိုင်အောင် ကျနော်တို့ ကြိုးစာသွားရအုံ့မယ်၊ မိဘဆင်းရဲပြီးစာမသင်နိုင်ဘဲ မိသားစု ၀င်ငွေရှာနေရတဲ့ ခလေးတွေလည်း ရှိနေကြတယ်၊ ဒီခလေးတွေရဲ့ အနာဂတ်ဘ၀အတွက် ကျနော်တို့ ပြုစုပေးရပါမယ်။ " ဟု ကိုအောင်မြင့်က ဆက်ပြောသည်။
မြေပုံမြို့မှ အာရက္ခဖောင်ဒေးရှင်း၏ အဖွဲ့ဝင်များမှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကလေးများအား စာသင်ကြားပေးနေစဉ်။မြေပုံမြို့မှ အာရက္ခဖောင်ဒေးရှင်း၏ အဖွဲ့ဝင်များမှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကလေးများအား စာသင်ကြားပေးနေစဉ်။
အာရက္ခဖောင်ဒေးရှင်းအား အမေရိကန်ရောက် ဒေါက်တာ အသျှင်နာယကမှ ဦးဆောင်ဖွဲ့စားထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်ရှိ မြို့နယ်တိုင်းမှာ လူငယ်များအား ခေါင်းဆောင်မှု အရည်အသွေး မြင့်တင်ရေး သင်တန်းများအား ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
မြေပုံမြို့နယ်မှ လူငယ်များမှာ အဆိုပါ သင်တန်းသို့ တက်ရောက်ပြီးနောက်ပိုင်တွင် မြို့နယ်အဆင့် အာရက္ခဖောင်ဒေးရှင်းအဖွဲ့ကို ဖွဲ့စည်းက မိမိ စွမ်းဆောင်နိုင်သ၍ ပညာရေး ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
မြေပုံမြို့မှ အာရက္ခဖောင်ဒေးရှင်း၏ အဖွဲ့ဝင်များမှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကလေးများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်နေစဉ်။မြေပုံမြို့မှ အာရက္ခဖောင်ဒေးရှင်း၏ အဖွဲ့ဝင်များမှ ဆင်းရဲနွမ်းပါးသော ကျောင်းသားကလေးများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်နေစဉ်။