Thursday, May 23, 2013

နောက်ထပ် မြန်မာမှ မူဆလင် (၅)ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ

မြန်မာနိုင်ငံသားများဟု ယူဆရသူ မူဆလင် ၅ ဦးကို ဒက္ကားလေဆိပ်အာဏာပိုင်များက စနေနေ့က ဖမ်းဆီးလိုက်သည်ဟု တနင်္ဂနွေနေ့က ထုတ်သော The Independent နှင့် New Age တို့တွင် သတင်းဖေါ်ပြသည်။
Hazrat-Shahjalal-International-Airport
သူတို့သည် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့များကို ကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် စီစဉ်နေစဉ် ဒက္ကားလေဆိပ် ဖမ်းမိခြင်း ဖြစ်ကြောင်း ရဲ အဖွဲ့က ပြောသည်။
ဒက္ကားလေဆိပ် လုံခြုံရေး လက်နက်ကိုင် ရဲတပ်ဖွဲ့ အကြီးအကဲ အာလမ်ဂီယာ ဟူစိန် ( Alamgir Hossain) က ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများမှာ ဂျာဖါ အာလန်၊ ချီဟက်၊ မူဟာမတ် အာဇစ်၊ အမ်း ချာဟတ်ဒါ ဟူစိန်နှင့် တာဟာဂျေး ဟူစိန်တို့ ဖြစ်ကြသည်ဟု ဆိုသည်။
သူတို့ (၅) ဦးသည် ဘင်္ဂလာဒေခ်ျ့ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အသစ်ထုတ်ပေးသော နိုင်ငံတကာ အဆင့်မီ ပတ်စ်ပို့အား အတု ပြုလုပ်ပြီး မလေးရှားနိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေချိန်တွင် လေဆိပ်ထဲတွင် ဖမ်းဆီးမိသည်ဟု ရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။
သူတို့အား အကျိုးဆောင်ပေးသူ ပွဲစားအားလည်း ဖမ်းဆီးလိုက်သည်ဟု သိရသည်။
သူတို့သည် မြန်မာမှ ကော့စ်ဘဇားခရိုင်သို့ ၀င်လာရောက် လာသူများ ဖြစ်ကြောင်း ပြောဆိုသည်။
ယခုအခါ သူတို့ကို တရားစွဲဆိုရန် အမူဖွင့်လိုက်ပြီဟု ဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: