Thursday, July 18, 2013

တောင်ကုတ်တွင် ဘင်္ဂလီ ၁၀ ဦးသေဆုံးမှု ဒေသခံ ၆ ဦးဖမ်းဆီး

လွန်ခဲ့သော တစ်နှစ်ကျော်က တောင်ကုတ်မြို့တွင် ဘင်္ဂလီ ၁၀ ဦးကို ဒေသခံများက ၀ိုင်းရိုက်သတ်ဖြတ်မှုဖြင့် သေဆုံးသွားခဲ့ပြီး ၄င်းအမှုကိစ္စနှင့်ပတ်သက်၍ မြို့ပေါ်ဒေသခံ ၆ ဦးကို ဇူလိုင်လ ၁၇ ရက်နေ့ အာရုံတက်ချိန် ၁ နာရီခွဲကျော်တွင် ဒေသခံ သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသေ ၄င်း ၆ ဦးကို တောင်ကုတ်ရဲစခန်းမှ ယင်းနေ့ညဥ့် အချိန်မှာပင် ချက်ချင်း သံတွဲရဲစခန်း အချုပ်ထဲသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့ အေးရိပ်ငြိမ်ကားဂိတ် ၂-လမ်းတွင် နေထိုင်သည့် ကိုလင်းမောင် အပါအ၀င် နောက်ထပ် ၅ ဦး ဖမ်းဆီးခံရပြီး နေရပ်လိပ်စာနှင့် နည်အပြည့်အစုံမိသရေသေးပါ။

ကိုလင်းမောင်၏ ညီဖြစ်သူ ကိုထွန်းလင်းက “ ကျနော်ရဲ့ အကို ကို ညဥ့်တနာရီကျော်လောက်မှာလာပြီးတော့ ဧည့်စာရင်းစစ်ဖို့ဆိုပြီးတော့ ရဲတွေကလာပြီး ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ” ဟု ပြောသည်။

ယခု ဖမ်းဆီးခံရသော ကိုလင်းမောင်မှာ ယခင်ကလည်း သက်ဆိုင်ရာ ရဲဌာနတွင် စစ်ဆေးမှု နှစ်ကြိမ်ခံခဲ့ရပြီး ယင်းအချိန်က တစ်စုံတစ်ရာမှ ပြုမှုကျူးလွန်သည်ဟု မပေါ်ခဲ့ကြောင်း၊ သို့သော်လည်း ယခုအချိန်တွင် မည့်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း မသိကြောင်း၊ ထို့အပြင် ဘင်္ဂလီ ၁၀ ဦးကို ကျူးလွန်သည်မှာ တောင်ကုတ်မြို့တစ်မြို့လုံး ဖြစ်ပြီး ယခုလို ၆ ဦးကိုသာ ကြိုတင်အသိမပေးဘဲ ရာဇ၀တ်ပြေးတစ်ယောက်လို လာရောက် ဖမ်းဆီးခြင်းသည် အဓိပ္ပါယ်မရှိကြောင်း ကိုလင်းမောင်၏ ညီအငယ်ဖြစ်သူ ကိုထွန်းကြည်လင်းက ပြောသည်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ရမ်းဗြဲမှ မသီတာထွေးကို ဘင်္ဂလီကုလား နှစ်ဦး မဒိန်းကျင့်သတ်ဖြတ်ခဲ့ပြီး ၄င်းနောက်ပိုင်းတွင် ဘင်္ဂလီ ၁၀ ဦးက သံတွဲကနေ တောင်ကုတ်မြို့သို့ ကားဖြင့်လာကာ တောင်ကုတ်မြို့သူမြို့သားများမှ ၄င်း ဘင်္ဂလီများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ ဂယက်ကြောင့်ကြောင်းလည်း ရခိုင်ပြည်အပါအ၀င် မြန်မာနိုင်ငံ တစ်ခုလုံးလိုလို ဆူပူမှုများဖြစ်ပွားခဲ့သည်။ ထိုဆူပူမှုများကြောင့် ရခိုင်ပြည်တွင်းရှိ ဒေသခံတိုင်းရင်းသားများမှာ ယခုအချိန်ထိ မိမိနေရပ်ကို မပြန်ရသေးဘဲ ဒုက္ခသည်စခန်းထဲတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakntimes ၊ ရေးသားသူ- မိုးဇော်) (ကြားဖြတ်သတင်း)

No comments: