Share Arakan News သတင်းတွင် “ ဘောဒူဘ ဒုက္ခသည်စခန်းတွင် တာဝန်ဖြင့် သွားရောက်သူ (၂)ဦး ဘင်္ဂလီများ၏၀ိုင်းရိုက်ခြင်းခံရပြီး ဒဏ်ရာရ ” သတင်းဖော်ပြပါရှိခြင်းနှင့်ပတ်သက်၍ ဖြစ်စဉ် အမှန်အား ပြည်သူများသိရှိရေး ဖော်ပြအပ်ပါသည်-
ဖြစ်စဉ်မှာ ၁၇-၇-၂၀၁၃ ရက်နေ့(၁၀၃၀)အချိန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ
ဖွဲ့စည်းထားသည့် ကယ်ဆယ်ရေးအဆောက်အဦများ အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်တွေ
ခရိုင်အင်ဂျင်နီယာမှူး ဦးကိုကိုအောင် ဦးစီး(၁၄)ဦးခန့်သည်
မော်တော်ယာဉ်(၂)စီးဖြင့် အဖွဲ့(၂)ဖွဲ့ခွဲကာ စစ်တွေမြို့နယ်၊
ဘောဒူဖကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိခဲ့ပြီး ဦးကိုကိုအောင် ဦးစီးအဖွဲ့၊ နတလ
ဒုဦးစီး ဦးအောင်ဝင်းနိုင် ဦးစီးအဖွဲ့(၂)ဖွဲ့ခွဲကာ
စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊(၁၂၂၅)အချိန်
နတလ ဒုဦးစီး ဦးအောင်ဝင်းနိုင် ဦးစီး အဖွဲ့သည် ဘောဒူဖဒုက္ခသည်စခန်းရှိ
အဆောက်အဦများကို စစ်ဆေးနေစဉ် ဘင်္ဂလီ ဒုက္ခသည်(၇၀)ဦးခန့်မှ
ခဲများဖြင့်ပစ်ပေါက်သဖြင့်မြို့နယ်စာရင်းစစ်ရုံးမှရုံးအကူ ခိုင်မင်းထွန်း (၂၀)နှစ်၊(ဘ)ဦးမောင်သန်းလှိုင် ရခိုင်/ဗုဒ္ဓ၏ နှာခေါင်းတွင်ပေါက်ပြဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊
နတလ ဒုဦးစီးမှူး ဦးကျော်ဟိန်း (၂၅)နှစ်(ဘ)ဦးထွန်းရင်တွင်
ယာဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)တို့ရရှိပြီး
၎င်းတို့အဖွဲ့စီးလာသည် ဟွန်ဒါကားအမှတ်၊ ၁ခ/၅၈၉၇၏ ရှေ့လေကာမှန်ခဲမှန်၍အက်သွားခဲ့ကြောင်းသိရသဖြင့်အနီးရှိလုံခြုံရေးတပ်စခန်းရှိအဖွဲ့မှသွားရောက်ရှင်းလင်းပေးခဲ့ပါသည်။
အကြောင်းအရင်းအား စိစစ်ရာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ရခိုင်/ဘင်္ဂလီ
ပဋိပက္ခဖြစ်စဉ်တွင် ခိုင်မင်းထွန်းမှ ဘင်္ဂလီနေအိမ်များအား မီးရှို့ရာတွင်
ပါဝင်သူ(၁)ဦးဖြစ်ကြောင်း ဘင်္ဂလီ(၇၀)ဦးခန့်မှ စွပ်စွဲ ပြောဆိုပြီး
ခဲဖြင့်ပစ်ပေါက်ခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
ဖြစ်စဉ်တွင်ပါဝင်သူများအား ဖော်ထုတ်နိုင်ရေးအတွက်
စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့ရာ
(၁၄၄၅)အချိန် အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပါသည်။ ကိုယ်ထိ
လက်ရောက်ကျူးလွန်သူများအား သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှဆက်လက်ဖော်ထုတ်လျက်ရှိပါသည်။
(ဤသတင်းအား ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)
No comments:
Post a Comment