ရခိုင်ဆိုတာက သူတို့တွေရဲ့ ရိုးရာဂုဏ်ကို ထိန်းသိမ်းကြတယ်။ သူတို့အယူအဆတွေကို အပျက်မခံဘူး။ ဒုတိယကမ္ဘာ စစ်ကြီး ဖြစ်တဲ့အခါကျတော့ အဲဒီမှာ ဘင်္ဂါလီတွေက စစ်အတွင်းက ကျန်ခဲ့တဲ့ လက်နက်တွေကို သုံးပြီးတော့ တောပုန်းဓားပြတွေ အဖြစ်နဲ့ မြန်မာပြည်နယ်စပ်ကိုဝင်ပြီးမွြှေ
မူဂျာဟစ်က ဘယ်လောက်ဆိုးလဲဆိုရင် အဲဒီနယ်စပ်ထဲကို ၀င်ပြီးတော့ ရခိုင်မလေးတွေ၊ ဗမာမလေးတွေကို အတင်းအဓမ္မသိမ်းပိုက်တာတွေ၊ သတ်ဖြတ်တာတွေရှိတယ်။ စစ်ပြီးလောက်မှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ထိအောင် မူဂျာဟစ်တွေရှိတယ်။ အဲဒီမူဂျာဟစ်တွေရဲ့အကြောင်း ကို ရွှေဒုံးဘီအောင်က အစောဆုံး သေသေချာချာရေးခဲ့တာ။ သူရေးခဲ့တဲ့ သွေးနဲ့ရေးတဲ့စာထဲမှာပါတယ်။ ပြီးတော့ လခြမ်းထက်က ကြယ်တစ်ပွင့်၊ ကိုယ်တော့်ကရုဏာ၊ အဲဒီဝတ္ထုတွေမှာ မူဂျာဟစ်တွေ အကြောင်း အကုန်ပါတယ်။ ရွှေဒုံးဘီအောင်က အဲဒီတုန်းက သတိကြီးစွာ ပေးခဲ့တယ်။ ဒီကောင်တွေက ဗမာမတွေကို မျိုဖို့ချည်း စဉ်းစားနေတယ်။ အဲဒီတုန်းက အဲဒီဝတ္ထုတွေကို သူက ရှုမ၀မှာ ရေးတယ်။
Eternal Light Magazine
October 2012
No comments:
Post a Comment