Thursday, July 11, 2013

သြစတေးလျားအစိုးရက နောက်ထပ် ဒေါ်လာငွေ ၃သန်းကျော် ကူညီမည်

assk-kevin-rudd-75-z
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် သြစတေးလျား အစိုးရက လူသားချင်း စာနာမှုအဖြစ် နောက်ထပ် သြစတေးလျှား ဒေါ်လာငွေ ၃သန်း ၂ သိန်းအကူအညီ ပေးမယ်လို့ ကြေညာလိုက်ပါတယ်။
အခုလိုထပ်မံလှူဒါန်းတဲ့ငွေကြောင့် ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် သြစတေးလျားက လှူဒါန်းငွေစုစုပေါင်း ဒေါ်လာ ၉ သန်းရှိသွားပြီဖြစ်ပါတယ်။
အခုအလှူငွေဟာ ဒုက္ခသည်တွေ ရေသန့်ရရှိရေးနဲ့ အညစ်အကြေးစွန့်ပစ်မှုအစီအစဉ်တွေ ပိုမိုကောင်းမွန်ရေးအတွက် သုံးစွဲဖို့ဖြစ်ပါတယ်လို့ မြန်မာပြည်ကို ရောက်ရှိနေတဲ့ သြစတေးလျား နိုင်ငံခြားရေးဝန်ကြီး ဘော့ကား ကပြောပါတယ်။
ဒုက္ခသည်တွေ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေရဲ့ ဘဝလုံခြုံမှု ရရှိရေးကို  မိမိတို့ကကူညီမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို မနေ့ကသွားရောက် တွေ့ဆုံပြီးနောက်မှာ သြစတေးလျား နိုင်ငံခြားရေးဝန်ကြီးက အခုလို မြန်မာနိုင်ငံကို အလှူုငွေ ထပ်မံတိုးမြှင့်ပေးအပ်မယ့်အကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး နဲ့ အဖွဲ့ဟာ နိုင်ငံတော်သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ ၀န်ကြီး ဦးစိုးသိန်း တို့ကိုလည်း မနေ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။
(သတင်းအရင်းအမြစ်- RFA)

No comments: