Friday, December 13, 2013

တပ်မတော် သမားတော်ကြီးများ မောင်တောနယ်စပ်တွင် တိုင်းရင်းသားများကို ဆေးကုသ

health-care-conducted-Burmese-Army-in-border
 မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် ကပ်ရပ်တည်ရှိသော မောင်တောမြို့နယ် မြောက်ပိုင်းတွင် တပ်မတော်မှ ခွဲစိတ် အထူးကုနှင့် အထွေထွေရောဂါကု သမားတော်ကြီးများ ဦးဆောင်သည့် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့တစ်ခုသည်  ဒေသခံတိုင်းရင်းသားများကို ဆေးဝါးကုသ ပေးလျှက်ရှိကြောင်း သတင်း ရရှိသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ၎င်းတပ်မတော် နယ်လှည့် ဆေးကု အဖွဲ့သည် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ မီးတိုက်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး မီးတိုက်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ဒေသခံ တိုင်းရင်းသားများကို ရောဂါစစ်ဆေးခြင်း၊ ဆေးကုသပေး ခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း များကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဒေသခံ ကျေးရွာအုပ် စာရေး တစ်ဦးက ပြောသည်မှာ ၎င်းအဖွဲ့သည် ရခိုင်၊ ဒိုင်းနက်၊ မာရမာကြီးစသည့် ဒေသခံ တိုင်းရင်းသား ၁၆၄ ယောက်အား တစ်နေ့တည်းတွင် ထိုသို့ ကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးဝါးကုသခြင်း၊ ကျန်းမာရေး အသိပညာပေးမူများ ပြုလုပ်ခဲ့ကြောင်း ပြောဆိုသည်။
ကျန်းမာရေး နယ်လှည့် အဖွဲ့နှင့် အတူ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးလည်း လိုက်ပါခဲ့ပြီး ဒေသစံတော်ချိန် ညနေ(၄)နာရီခန့်တွင် မီးတိုက်ကျေးရွာသို့ ရောက်ရှိလာသည်ဟု ၎င်းကျေးရွာ စာရေးက ပြောကြားသည်။
၎င်းအဖွဲ့သည်  ဒေသခံများနှင့်လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ လက်ဆောင်ပစ္စည်းများအားလည်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ယင်းက ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: