အစိုးရနန့် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွ
သူ့တို့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ သူတို့ လာရောက်ရတဲ့အကြောင်းကို ဒုဗိုလ်မှူးကြီး ကျော်ဟန်က အခုလို စပြောပါတယ်။
ဒုဗိုလ်မှူးကြီး ကျော်ဟန်- ကျွန်တော်တို့က အပစ်အခတ်ရေးဆိုင်ရာ ညှိနှိုင်ဆွေးနွေးရေးအဖွဲ့ ဆိုတာရှိပါတယ်။ အဲဒီအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့နဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ကျွန်တော်က ရက္ခိုင့်တပ်မတော်က ကိုယ်စားလှယ် အနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့် ဒီ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာ အစိုးရနဲ့ ကျွန်တော်တို့ ဆွေးနွေးဖို့ရှိတဲ့ အတွက် ရန်ကုန်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ NCCT လို့ဆိုတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ်အနေနဲ့ ကျွန်တော်တို့ ဒီကို လာတာဖြစ်ပါတယ်။
(ဒီဆွေးနွေးပွဲမှာ ပြည်သူတွေကို အသိပေးလို့ရတဲ့ အချက်တွေရှိရင် နည်းနည်း ပြောပြပေးပါ။ ဘယ်အ ချက်တွေကို အဓိက ဆွေးနွေးမယ်ဆိုတဲ့ အစီအစဉ်ပါ။)
ဒုဗိုလ်မှူးကြီး ကျော်ဟန်- ကျွန်တော်တို့ ဆွေးနွေးဖို့တာက အချက်အလက် တစ်ချက်ချင်းစီတော့ မဟုတ်ပါ။ ကျွန်တော်တို့ ပထမဆုံး လိုင်ဇာသဘောတူညီချက်ရှိခဲ့ပါတယ်
(ပထမ မေးတာက တိုင်းရင်းသားတွေ့ရဲ့ ကဏ္ဍပေါနော့်။ နောက်တခုက ရခိုင်ပြည်သူတွေက ALP နဲ့ AA ပေါင်းစည်းရေး ဘယ်လို ရှိနေသလဲဆိုတာကို သိပ်လိုလိုလားလား သိချင်နေကြပါတယ်။ ဒါတွေကို လည်း နည်းနည်းချပြပြောဆိုပေးပါ။)
ဒုဗိုလ်မှူးကြီး ကျော်ဟန် – ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်နဲ့ ALP က ထိပ်သီးခေါင်းဆောင်တွေ စုစည်းပြီး ၃ ကြိမ်တိုင်တိုင် ဆွေးနွေးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ Join ကော်မီတီဖွဲ့ရေး အဆင့်ကိုရောက်နေပါပြီ။ ဒါ ကြောင့် ကျွန်တော်တို့ စစ်ရေး၊ နိုင်ငံရေး Join ကော်မီတီကို ဘယ်လိုဖွဲ့မလဲ။ ဘယ်နှစ်ယောက်နဲ့ ဖွဲ့မှာ လည်းဆိုတာကို ကျွန်တော်တို့ နှစ်ဘက်လုံးက စဉ်းစားနေတာရှိပါတယ်။ အဲဒီကတစ်ဆင့် ပူးပေါင်း ဆောင် ရွက်ရေးမှာ ဘာတွေကို ပူးပေါင်းဆောင်ရွက်မှာလဲ။ အတူတူပူးပေါင်းဆောင်ရွက်ယင်း ကျွန်တော်တို့ အပြန်အလှန် နားလည် ယုံကြည်မှုကို အခြေခံရင်းနဲ့ ကျွန်တော်တို့ တစ်ဖွဲ့တစ်ပါတီဖြစ်ရေးကို ကျွန်တော်တို့ အရှိန်အဟုန် ပြင်းပြင်းနဲ့ ကြိုးစားနေတာတွေရှိပါတယ်။
( ဟုတ်ကဲ့၊ အခုကျောက်ဖြူမှာ ကျင်းပဖို့လုပ်နေတဲ့ အမျိုးသားညီလာခံနဲ့ ပတ်သတ်ပြီးလည်း နည်းနည်း ရှင်းပြပေးပါ။)
ဒုဗိုလ်မှူးကြီး- ကျော်ဟန် – ဟုတ်ကဲ့။ အမျိုးသားညီလာခံဆိုတာက ကျွန်တော်တို့ ရခိုင်တွေ နေရာတစ်ခုခုမှာ ဆုံပြီး စကားပြေားကြဖို့က သိပ်အရေးကြီးပါတယ်။ စကားပြောကြပြီး အဲဒီကထွက်လာတဲ့ ရလာဒ်ဟာ ကျွန် တော်တို့ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် သိပ်အရေးကြီးတဲ့ ရလာဒ်တွေဖြစ်လာမယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်အင်အားစုတွေ၊ အမျိုးသားတော်လှန်ရေး အင်အားစုတွေ၊ လူမှုရေးအင်အားစုတွေ၊ တတ်သိပညာရှင်တွေ၊ တစ်သီးပုဂ္ဂလတွေ ကျွန်တော်တို့ တစ်နေရာတည်းမှာစုပြီး လုံခြုံမှုကင်းမဲ့နေတဲ့ ရခိုင်အမျိုးသားတွေရဲ့ အခြေ အနေ၊ နိုင်ငံရေးရပိုင်ခွင့်၊ သယံဇာတ ရပိုင်ခွင့်၊ ပညာရေး၊ လူမှုရေး၊ အစစအရာရာအားလုံးကို ဆုံပြီးတော့ ဆွေး နွေးခြင်းအားဖြင့် ကျွန်တော်တို့ အဖြေကောင်း ရလာဒ်ကောင်း တစ်ခုကို ရလာမှာဖြစ်ပါတယ်။ အဲဒါတွေဟာ တစ်မျိုးသားလုံး ကိုင်စွဲသွားမဲ့ မူဘောင်တွေလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျောက်ဖြူမှာကျင်းမယ့် ရခိုင်အ မျိုးသားညီလာခံဟာ ရခိုင်တစ်မျိုးသားလုံးအတွက် အရေးကြီးတယ်။ ဒါကြောင့် ရခိုင်အမျိုးသား ညီလာခံ ဖြစ် မြောက်ဖို့အတွက် အားလုံးပါဝင်ဖို့နဲ့ အဲဒီညီလာခံမှာ ချမှတ်လာတဲ့ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ရခိုင်တမျိုးသားလံ
( အခုလာတဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီး ရခိုင်ပြည်သူတွေကို နည်းနည်း အမှာစကား ပြောကြားပေးစေချင်ပါတယ်။)
ဒုဗိုလ်မှူးကြီး ကျော်ဟန်- ရခိုင်ပြည်သူတွေကို အမှာစကား ပြောတယ်ဆိုတာထက် ကျွန်တော်တို့ သိတာလေးတွေကို အပြန်အလှန် တင်ပြပြောဆိုတဲ့ သဘောပါ။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေး တစ်ရပ်ကို မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ တစ်ဘက်မှာလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်ရေးကို တည်ဆောက်နေသလို ပြည်တွင်းမှာလည်း ALD နဲ့ RNDP ကလည်း ANP ဆိုပြီးတစ်ဖွဲ့တစ်ပါတီဖြစ်သွား
(ဒုဗိုလ်မှူးကြီးကျော်ဟန်တို့ဟာ မတ်လ ၇ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ရန်ကုန်မှာ နေထိုင်သွားမယ်လို့ သိရပါတယ်။)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment