ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တယ်လီဖုန်းကဒ်အများအပြားနှင့် ကျပ်ငွေ
၅၀၀၀၀ ခန့်ပါဝင်သော လက်ကိုင်အိတ်တစ်လုံးကို ကောက်ရထားသဖြင့် ပိုင်ရှင်
အစစ်မှန် အနေဖြင့် အောက်ဖေါ်ပြပါ ဖုံးနံပတ်သို့ ဆက်သွယ်ရယူနိုင်ကြောင်း
အသိပေးအပ်ပါသည်။
ယမန်နေ့ ညနေ ၃ နာရီခန့်က ၎င်းအိတ်အား စစ်တွေမြို့၊ လမ်းမကြီး၊ ရွှေဟင်္သာဆေးဆိုင်အနီးမှ ကောက်ရခဲ့သည်ဟု ကောက်ရသူမှ နိရဉ္စရာသို့ ဆက်သွယ်ပြောကြားသည်။
၎င်းအိတ်ထဲတွင် GSN ဖုန်းကဒ် အများအပြား ပါဝင်ပြီး ငွေများလည်း ပါဝင်နေသဖြင့် ပြန်ပေးရန် စီစဉ်ရခြင်း ကြောင်း ကောက်ရထားသူမှ ပြောကြားသည်။
ပိုင်ရှင် အစစ်အမှန်ဖြစ်သူသည် အမျိုးသားမှတ်ပုံတင်ကဒ်နှင့် အတူ ဦးမျိုးနိုင် ဖုန်းနံပတ် (၀၉၂၅၀၈၉၇၇၆၅) ဆက်သွယ် လွဲပြောင်းယူနိုင်ပါသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments:
Post a Comment