Thursday, June 6, 2013

မင်းပြားမြို့တွင် ဒေသန္တရအမိန့် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်

မောင်တောခရိုင်အတွင်း ဘင်္ဂလီများအား လွန်ခဲ့သည့် မေလက ရခိုင်ပြည် အစိုးရမှ ထုတ်ပြန်ထားသော ကလေးနှစ်ယောက်သာ မွေးရမည်ဆိုသည့် ဒေသန္တရ အမိန့်ဥပဒေကို ထောက်ခံကြိုဆိုကြောင်း မင်းပြားမြို့တွင် လူပေါင်း ထောင်ကျော် ပါဝင်သည့် ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ဇွန်လ ၅ ရက်နေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့တွင် ဒေသန္တရအမိန့် ထောက်ခံကြောင်း သံဃာတော်များအပါအဝင် မြို့သူမြို့သားများ ဆန္ဒထုတ်ဖော်နေကြစဉ်။မင်းပြားမြို့တွင် ဒေသန္တရအမိန့် ထောက်ခံကြောင်း သံဃာတော်များအပါအဝင် မြို့သူမြို့သားများ ဆန္ဒထုတ်ဖော်နေကြစဉ်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်မှ ဦးဆောင်ပြုလုပ်ခြင်းမဟုတ်ဘဲ မင်းပြားမြို့ပေါ်ရှိ လူငယ်များမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ရဟန်း သံဃာတော် အပါး(၅၀၀)ရာကျော်နှင့် မြို့လူထု (၁၀၀၀)ကျော်ပါဝင်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများ၏ တောင်းဆိုချက်များမှာ ဇွန်လ (၄)ရက်နေ့က စစ်တွေမြို့၌ ဆန္ဒဖော်ထုတ်ပွဲမှ တောင်းဆိုခဲ့သော အချက်များနှင့် အတူတူပင်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ကိုညီပုက ပြောသည်။
" (လူ့အခွင့်အရေး) (အညီအမျှပေး)၊ (လူ့အခွင့်အရေး) (ဥပဒေကိုလေးစားပါ)၊ လူ့အခွင့်ရေးဆိုသူများ (ရခိုင်သားကိုအားနာပါ)၊ လူမျိုးရေးအတွက်နယ်ချဲ့သူ (ဒို့ရန်သူ)၊ နယ်ချဲ့အကျိုးလိုလားသူ (ဒို့ရန်သူ)၊ နယ်ချဲ့မျိုးဖျက်ထောက်ခံသူ (ဒို့ရန်သူ)၊ နယ်စပ်လူဦးရေ ကန့်သတ်ရေး (ဒို့အရေး)၊ တရားဥပဒေစိုးမိုးရေး (ဒို့အရေး)၊ အမျိုးဘာသာ သာသနာ (ကာကွယ်ကြ)၊ ဒေသအရေးကို ၀င်မစွက်ဖက်နဲ့ (မှားလိမ့်မယ်)၊ ပြည်တွင်းရေးကို ၀င်စွက်ဖက်သူ (ဒို့ရန်သူ)၊ နယ်စပ်ဒေ သန္တရဥပဒေ (ထောက်ခံတယ်)၊ ရခိုင်ပြည်ကြီး တည်တံ့ရေး (ဒို့အရေး)။ " ဟု ပြောသည်။
ရခိုင်ပြည်အစိုးရက ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို မောင်ခရိုင်တစ်ခုတည်း၌ မဟုတ်ဘဲ ရခိုင်ပြည်အနှံ့ ဘင်္ဂလီများရှိရာ မြို့များတွင် မောင်တောခရိုင်ကဲ့သို့ ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သူကဆိုသည်။
" ကျနော်တို့ ဒီအချက်ကိုတောင်းဆိုတာက ရခိုင်ပြည်အနှံ့မှာရှိတဲ့ ဘင်္ဂလီတွေ ဒီဒေသန္တရ အမိန့်ကို သိသွားစေချင်တယ်။ ဒါမှလည်း သူတို့ရဲ့ ကလေးသားဖွားနှုန်းကို ကန့်သတ်လို့ရမှာပေါ့။ မောင်ခရိုင်တခုတည်းနဲ့တော့ မလုံလောက်သေးဘူး။ ဒီလိုသာ ရခိုင်ပြည်အနှံ့ အမိန့်ထုတ်ပြန် မပေးဘူးဆိုရင် ဘင်္ဂလီတွေ ကလေးမွေးဖွားတာနဲ့ ဘင်္ဂလီလူဦးရေးက ထပ်ပြီးတော့ တိုးလာမှာပဲ။ " ဟု ပြောသည်။
မင်းပြားမြို့တွင် ဒေသန္တရအမိန့် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေကြစဉ်။မင်းပြားမြို့တွင် ဒေသန္တရအမိန့် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေကြစဉ်။
ဒေသန္တရ အမိန့်ထောက်ခံသူများမှာ မြို့နယ် ဓမ္မာရုံတွင် လူစုကြဝေးပြီး နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် ဆန္ဒဖော်ထုတ်မှုကို စတင်ခဲ့ကာ ၂ နာရီခွဲကျော်မှာ ပြန်လည် မြို့နယ် ဓမ္မရုံ၌ ဆန္ဒဖော်ထုတ်မှု အဆုံးသတ်ခဲ့ကြောင်းနှင့် ယနေ့တွင် ဆန္ဒဖော်ထုတ်မည့်အကြောင့်ကို မြို့နယ်တာဝန်ရှိသူများအား အသိပေးအကြောင်းကြားခဲ့သည်ဟု သိရသည်။
ဒေသန္တရအမိန့်သည် အသက် ၁၈ နှစ်ပြည့်မှသာ အိမ်ထောင်ပြုရမည်ဖြစ်ပြီး၊ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးလျက်
အိမ်ထောင်တစ်ခုတွင် ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိသည်။ ဤအမိန့်မှာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ထားရာ ၂၀၁၁ ခုနှစ်ထိ တစ်နှစ်တစ်ကြိမ် နှစ်စဉ်ဆက်တိုက် ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- မိုးဇော်)


မြန်မာနယ်စပ်အနီးတွင် နယ်ခြားစောင့်တပ်ချရန် မြေသိမ်း၍ လူနည်းစုများ ဆန္ဒပြ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ကျေးရွာ (၃) ရွာမှ ရွာသားများသည် သူတို့ပိုင် မြေများအား နယ်ခြားစောင့်တပ်ချရန် သိမ်းယူသွားသဖြင့် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။
 ဒေသခံ မာရမာ အမျိုသမီးများ ရိုးရာပွဲတော် တစ်ခုတွင် ကပြနေကြစဉ်။
ဒေသခံ မာရမာ အမျိုသမီးများ ရိုးရာပွဲတော် တစ်ခုတွင် ကပြနေကြစဉ်။
ဆန္ဒဖေါ်ထုတ်ပွဲကို ဘင်ဒရိုဘင် (ရွာတော်) ခရိုင် အပိုင် ရုံမော်မြို့တွင် ကျေးရွာ (၃) ရွာမှ ရခိုင် မျိုးနွယ်စုဝင် မာရမာ ရွာသားများက တစ်ယောက်နှင့် တစ်ယောက် လက်ချင်းချက်ကာ ပြုလုပ်ခဲ့ကြသည်။ သူတို့ထံမှ ဘီဂျီဘီ နယ်ခြား စောင့် တပ်ချရန် သိမ်းယူရန် စီစဉ်နေသည့်  မြေ (၂၅) ဧကကို စာရင်းထဲမှ ပယ်ဖျက်ပေးရန် တောင်းဆို ခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါ မြေဧက (၂၅) ဧကမှာ ပိန်းဒူ မိုဇာ ( Paindu mouza) နှင့် ပိုလီ မိုဇာ ( Poli mouza) တို့မှ မြေများ ဖြစ်ကြပြီး မိုဇာဆိုသော ဝေါဟာရမှာ ဒေသ အခေါ် မြေဧရိယာ အကျယ်အ၀န်းကို ပြောဆိုခြင်း ဖြစ်သည်။ ၎င်းမြေများသည် ဒေသခံများက ကိုယ်အားကိုယ်ကိုးပြီး ခုတ်ထွင်ရှင်းလင်း လုပ်ကိုင် စားသောက်နေကြသော မြေများ ဖြစ်ကြသည်ဟု ရွာသားများက ဆိုသည်။
ဆန္ဒ ဖေါ်ထုတ်ကြသူများ အနေဖြင့် ဘင်္ဂလာဒေခ်ျ့ အစိုးရအား အဆိုပါ သိမ်းယူမည့် မြေပေါ်တွင်  မာရမာ လူမျိုး ၅၀၀ ခန့် နေထိုင်ကြသဖြင့် ကင်းလွှတ်ခွင့်ပြု တောင်းဆိုခဲ့ကြသည်။
၎င်းပြင် ဆန္ဒပြသူများသည် အသံချဲ့စက်ကို အသုံးပြုပြီး သူတို့ပိုင် မြေပေါ်တွင် နယ်ခြားစောင့်တပ် ချလိုက်ခြင်း အားဖြင့် ဒေသခံများမှာ မြေမဲ့ ယာမဲ့ဘ၀သို့ ကျရောက်သွားကြရတော့မည် ဖြစ်သဖြင့် မြေများကို မသိမ်းယူကြရန် ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။
ဆန္ဒ ဖေါ်ထုတ်ကြသူများ အထဲမှ ခေါင်းပချေ (မာရမာ)၊ မောင်ပု (မာရမာ)၊ မင်းအောင်ဖြူ (မာရမာ)၊ ကျန်သာအောင် (မာရမာ)တို့ မှ မိန်းခွန်းများ ပြောကြားခဲ့သည်ဟု သိရသည်။
ဆန္ဒဖေါ်ထုတ်ပွဲ အပြီးတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ထံသို့ စာတစ်စောင်အားလည်း ရုံမော်မြို့ အာဏာပိုင် မူဟာမတ် မာရုဖာ ရော်ချစ်ထံမှ တဆင့် ပေးပို့ခဲ့ကြောင်း ဆိုသည်။
ဘင်ဒရိုင်ဘင် ခရိုင် နယ်ခြားစောင့်တပ် ဘီဂျီဘီ အကြီးအကဲ ချာဖိ အာဆန်က အဆိုပါ မြေပေါ်တွင် နယ်ခြားစောင့် တပ်ရင်း တစ်ရင်း ချရန် စီစဉ်နေခြင်းမှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း အဆိုပါ မြေပေါ်တွင် လူများ နေထိုင်ခြင်း မရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းဒေသတွင် ရန်ဂါမတီ၊ ခါကာဆိုရီနှင့် ဘင်ဒရိုဘင်ဟု ခရိုင် (၃) ခု ရှိပြီး အဆိုပါ ခရိုင်များတွင် ဗုဒဘာသာဝင်များ ဖြစ်ကြသော သက်၊ မာရမာ၊ ဒိုင်းနက်၊ မြို လူမျိုးတို့ အဓိက နေထိုင်ကြသည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Wednesday, June 5, 2013

ရခိုင်တစ်ပြည်နယ်လုံးရှိ ဘင်္ဂလီ ကုလားများအား ဒေသန္တရအမိန့် ထုတ်ပြန်ပေးရန် တောင်းဆို

ရခိုင်တပြည်နယ်လုံးရှိ ဘင်္ဂလီကုလားများအား ဘူးသီးတောင်၊ မောင်တောကဲ့သို့ ဒေသန္တရ အမိန့်ထုတ်ပြန်ပေးရန် ဇွန်လ ၄ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သော ပြည်နယ်အစိုး၏ မောင်တောခရိုင်အတွင်း ကလေးမွေးဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံ ဆန္ဒပြပွဲ မှ တောင်းဆိုလိုက်သည်။
ရခိုင်တပြည်နယ်လုံးရှိ ဘင်္ဂလီကုလားများအား ဒေသန္တရအမိန့်ထုတ်ပြန်ပေးရန် စစ်တွေမြို့တွင် လူပေါင်း ၃၀၀၀ ခန့်ပါသော ဆန္ဒထုတ်ဖော်ပွဲက တောင်းဆိုလိုက်သည်။ရခိုင်တပြည်နယ်လုံးရှိ ဘင်္ဂလီကုလားများအား ဒေသန္တရအမိန့်ထုတ်ပြန်ပေးရန် စစ်တွေမြို့တွင် လူပေါင်း ၃၀၀၀ ခန့်ပါသော ဆန္ဒထုတ်ဖော်ပွဲက တောင်းဆိုလိုက်သည်။
" မောင်တော ခရိုင်မှာထုတ်ပြန်တဲ့ ဒေသန္တရအမိန့်ကို ထောက်ခံတယ်၊ ဒီလို ဒေသန္တရအမိန့်မျိုးကို ရခိုင် တပြည်နယ်လုံးမှာလည်း ထုတ်ပေးဖို့တောင်းဆိုပါတယ်။ " ဟု ရခိုင်အမျိုးသမီးကွန်ယက် ခေါင်းဆောင် ဒေါ်ညိုအေးက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် ရခိုင်တပြည်လုံးရှိ ဘင်္ဂလီကုလားများအား ဘူးသီးတောင်၊ မောင်တော ကဲ့သို့ ဒေသန္တာရ အမိန့်ထုတ်ပြန်ပေးရန်၊ မောင်တောခရိုင်အတွင်း ဘင်္ဂါလီများနှင့် ပတ်သက်၍ ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း၊ ပြည်နယ်အစိုးရ၏ ဆွဲ၊ တင်၊ စစ် လုပ်ငန်း စီမံချက်အား အမြန်ဆုံးအကောင်းအထည်ဖော်ပေးရန် အဓိက အချက်သုံးချက်ကို ဆောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရ၏ မောင်တောခရိုင် ကလေး မွေးဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရအမိန့်အား ထောက်ခံဆန္ဒပြပွဲကို စစ်တွေမြို့မှ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များအဖွဲ့မှ ကြီးကြပ်ကာ သံဃာတော် ၄၀၀ အပါအ၀င် ဒေသခံ ၃၀၀၀ ခန့်မှာ မွန်းလွဲ ၁း၃၀ မှ ၂း၃၀ထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဒေသန္တရ အမိန့်ထောက်ခံသူများသည် စစ်တွေမြို့ဝင်္ကဘာကွင်းတွင် စုဝေးခဲ့ကြပြီး တောင်းဆိုချက်များ ကြွေးကြော်လျက် ဦးဥတ္တမလမ်းမှသည် မင်းဘာကြီးလမ်းမှ သင်္ဘောဆိပ်ဘက်သို့ ချီတက်ခဲ့ကာ ထိုမှတဆင့် လမ်းမကြီးတလျှောက်လှည့်လည်၍ ၀င်္ကဘာကွင်း၌ အဆုံးသတ်ခဲ့ကြသည်။
ရခိုင်ပြည်နယ် ၈ မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များ ကလည်း မောင်တော ခရိုင်အတွက် လူဦးရေ မွေးဖွားနှုန်း ကန့်သတ်ရန် ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း သဘောထားကို မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ မောင်တောခရိုင်အတွင်း ဒေသန္တရ အမိန့် ထုတ်ပြန်ခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်ကြောင်း မေလ ၂၇ ရက်နေ့က မီဒီယာများသို့ ပြောဆိုလိုက်ပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)၊ အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့ကြီးတို့ကလည်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
ဒေသန္တရအမိန့်၌ အသက် ၁၈ နှစ်ပြည့်မှ အိမ်ထောင်ပြုရမည်ဖြစ်ပြီး၊ တလင်တမယားစနစ်သာ ကျင့်သုံးလျက်
အိမ်ထောင်တခုတွင် ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိသည်။ ဤအမိန့်မှာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ထားရာ ၂၀၁၁ ခုနှစ်ထိ တနှစ်တကြိမ် နှစ်စဉ်ဆက်တိုက် ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင်ဗဟိုအစိုးရပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကလည်း အဆိုပါဒေသန္တရ အမိန့်အား ပြန်လည် သုံးသပ်ရန်ရှိကြောင်း ဗွီအိုအေ အမေရိကန်အသံသို့ ပြောဆိုထားရှိသည်။ 
(သတင်းအရင်းအမြစ်- Arakantimes ၊ ရေးသားသူ- ဇင်ကီး)


ရခိုင်အမျိုးသား တပ်မတော်ကို တစ်မျိုးသားလုံး ၀ိုင်းဝန်းတည်ဆောက်ကြရန် ခိုင်မိုးလင်း ကျဆုံးသည့် (၃၆) နှစ်မြောက်နေ့တွင် ALP တိုက်တွန်း

ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးသည့် (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ခေတ်မှီ ကျစ်လစ်သော ရခိုင်အမျိုးသား တပ်မတော် တစ်ရပ်ကို ရခိုင်တမျိုးသားလုံး ၀ိုင်းဝန်း တည်ဆောက်ကြရန် အချိန်ရောက်နေပြီ ဖြစ်ကြောင်း ALP က တိုက်တွန်း ပြောဆို လိုက်သည်။
Khaing-Moe-linဇွန်လ  ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် ရခိုင် လွတ်လပ်ရေး တပ်မတော် (ALA) အား  စတင် တည်ထောင်ခဲ့သူ ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့သည့် (၃၆) နှစ်မြောက်နေ့ ကြေငြာချက် ထုတ်ပြန်ရာတွင် ထိုသို့ တိုက်တွန်း ဖေါ်ပြထားခြင်း ဖြစ်သည်။
ကျေညာချက်ထဲတွင် ဇွန်လ ၄ ရက် ယနေ့သည် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ နှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ၏ ဖခင်ကြီး ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးသည့် (၃၆) နှစ် အာဇာနည်နေ့ ဖြစ်ကြောင်း ဦးစွာ ဖေါ်ပြသည်။
၎င်းနောက် ဥက္ကဌ ခိုင်မိုးလင်း ကရင်ပြည် ကော့်မူးရာဒေသတွင် ALP နှင့် ALA တို့ကို အခက်အခဲ အကျပ်အတည်းများစွာကြားထဲမှ တည်ထောင်ပြီး မိုင်ပေါင်း၂၀၀၀ ကျော်ဝေးသော ရခိုင်ပြည်သို့ ချီတက်ခဲ့ကြောင်း စသဖြင့် ဥက္ကဌ ခိုင်မိုးလင်း၏ လုပ်ဆောင်ချက်များထဲမှ အချက်အလက် တချို့ကို အနည်းငယ် ကောက်နုတ်   ဖေါ်ပြသည်။
ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့ခြင်းသည် ရခိုင်ပြည်သူများ အတွက် တန်ဖိုး မဖြတ်နိုင်သည့် ဆုံးရှုံးမူ ဖြစ်သကဲ့သို့ မေ့ပျောက် မရနိုင်သည့် သမိုင်း ဖြစ်ရပ် တစ်ခုဖြစ်ကြောင်း ဖေါ်ပြသည်။
လက်ရှိ ရခိုင်ပြည် နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး ကြေငြာချက်တွင် သုံးသပ် ဖေါ်ပြရာ ယနေ့ ကာလသည် မြန်မာနိုင်ငံ၏ အလှည့်အပြောင်းကာလ ဖြစ်သဖြင့် ရခိုင်အမျိုးသားများ အနေဖြင့် အထူး သတိထားရမည့် အချိန်ကာလ ဖြစ်ကြောင်း၊ ယင်းအပြင် လက်ရှိ ရခိုင်၏ အနေအထားသည် Burmanization နှင့် Islamization စစ်မျက်နာ (၂) ခုကြား ရောက်နေသည့် အတွက် ရခိုင် အမျိုးသားတို့၏ ရပ်တည်ရေးပိုင်းကို ခြိမ်းခြောက်လျှက် ရှိကြောင်း၊ အုပ်ချုပ်သူ အဆက်ဆက်သည် ရခိုင် အမျိုးသားများပိုင် သယံဇာတများအား “ ရောင်းလို့ရတာ အကုန်ရောင်း မူဝါဒ” ဖြင့် ရခိုင်အမျိုးသားများ၏ ဆန္ဒမပါဘဲ ရောင်းချ ဖျက်ဆီးလျှက် ရှိကြောင်း ဖေါ်ပြသည်။
နိဂုံးချုပ် အနေဖြင့် ကြေငြာချက်တွင် ဖေါ်ပြရာတွင်  ဤသို့သော အခြေအနေမျိုးအောက်တွင် ရခိုင်အမျိုးသားများ အနေဖြင့် ရခိုင့် ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေး အတွက် ရခိုင့် အချုပ်အချာ အာဏာ ရခိုင်တို့ လက်ထဲ ပြန်ရောက်ရေးသည် အဓိက ဦးစားပေး လုပ်ဆောင်ရမည့် အမျိုးသားရေး တာဝန် တစ်ရပ် ဖြစ်ကြောင်း၊ ထိုအချုပ်အချာကို ပြန်လည် ရယူရန်နှင့် ထိန်းသိမ်းကာကွယ်ရန် အတွက် ခေတ်မှီ ကျစ်လစ်သော ရခိုင်အမျိုးသား တပ်မတော် တစ်ရပ်ကို ရခိုင်တမျိုးသားလုံး ၀ိုင်းဝန်း တည်ဆောက်ကြရန် အချိန်ရောက်နေပြီ ဖြစ်ကြောင်း ဖေါ်ပြထားသည်။
ဥက္ကဌ ခိုင်မိုးလင်းသည် တပ်သား ၁၂၀ ခန့်နှင့် အတူ ၁၉၇၆ ခုနှစ်က KNU  ကရင် အမျိုးသား အစည်း အရုံး နယ်မြေ ကရင်ပြည်မှ မဟာမိတ် နယ်မြေများ ဖြစ်ကြသောာ ကရင်နီ၊ ရှမ်း၊ ကချင်နှင့် ချင်းနယ်မြေများကို ဖြတ်သန်း ချီတက်စဉ် ၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ဗမာ (မြန်မာ)  စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားစဉ် ကျဆုံးသွားခဲ့သည်။
ဥက္ကဌ ခိုင်မိုးလင်းအား ဗမာ စစ်တပ်မှ လက်နက်ချခိုင်းသော်လည်း လက်နက် မချဘဲ ပါလာသော ပစ္စတိုနှင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်ဟု သူနှင့် အတူ ချီတက်ရာတွင် ပါဝင်ခဲ့သူ ရဲဘော်ရဲဘက်များက ပြောသည်။
ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးပြီးနောက် ပါတီမှာ များစွာ အင်အားချိနဲ့ သွားခဲ့ပြီး ကျန်ရှိနေခဲ့သော ခေါင်းဆောင်များက ပါတီကို ဆက်လက် ကြိုးပမ်းထူထောင်ခဲ့သည်။ ယနေ့တွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီသည် လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင် ရခိုင်ပါတီ  တစ်ခုဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

ဒေသန္တရအမိန့်ကို ထောက်ခံသည့် စစ်တွေ ဆန္ဒဖော်ထုတ်ပွဲ လူပေါင်း ၂၀၀၀ ခန့် ပူးပေါင်း ပါဝင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ပြုလုပ်ခဲ့သော လူထု ဆန္ဒ ဖေါ်ထုတ်ပွဲသို့ အဖွဲ့အစည်း (၂၅) ဖွဲ့နှင့် လူပေါင်း ၂၀၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်ဟု သိရသည်။
Sittwe-monk-protest
ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များ အတွင်း  မူဆလင် မိသားစု တစ်အိမ်ထောင် ကလေးနှစ်ဦး ထက်ပို မယူရဟု ရခိုင်ပြည်နယ် အစိုးရ၏  ဒေသန္တာရအမိန့်ထုတ်ပြီး ကန့်သတ်မူကို ထောက်ခံသည့် အနေဖြင့် စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး အနီးရှိ ၀င်္ကပါကွင်းမှ စတင်ပြီး ယနေ့ နေ့လည် (၁) နာရီက ဆန္ဒ ဖေါ်ထုတ်ခဲ့ကြသည်။
ဆန္ဒဖေါ်ထုတ်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးသုမနက နိရဉ္စရာသို့ ပြောသည်။
“ ဦးဇင်းတို့ ၀င်္ကဘာကွင်းက တနစ်ရီမှာ စထွက်ပါတယ်။ ၀င်္ကဘာကွင်းက မင်းဘာကြီးလမ်းကို ၀င်ပြီး မင်းဘာ ကြီး လမ်းကနေမြောက်ဘက်ကိုသွားပြီး လမ်းမကြီးကနေပြီးတော့ ၀င်္ကဘာကွင်းကို ၂နာရီ ၂၀ လောက်မှာ  ပြန်ဝင်ပါမယ်။”
ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဦးသုမနက ယခုကဲ့သို့ မိန့်ကြားသည်။
“အဓိက က ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဘင်္ဂလီမူဆလင် လူဦးရေ ကြောက်ခမန်းလိလိ တိုးပွားနေတယ်။ အနာဂတ်မှာ တိုင်းပြည် အတွက် အန္တရာယ် ဖြစ်လာနိုင်တဲ့ အတွက် လူဦးရေ  ထိန်းချုပ်ဖို့ ချမှတ်ထားတဲ့ တအိမ်ထောင် ကလေးနှစ်ယောက် မွေးဖွားခွင့်နဲ့  အမျိုးသားတစ်ဦးကို မိန်းမ တယောက်သာ ယူရမယ်ဆိုတဲ့ ဒေသန္တရ အမိန့်ကို ရခိုင်ပြည်သူတရပ်လုံးက ထောက်ခံတယ်ဆိုတာကို ပြသလိုက်တဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။”
ဆန္ဒဖေါ်ထုတ်ပွဲတွင် ၎င်းကဲ့သို့ ဒေသန္တရ အမိန့်ကို ရခိုင်ပြည်နယ်တခုလုံးတွင် ထုတ်ပြန်ပေးရန်နှင့် မောင်တောမြို့နယ်အတွင်း ဆွဲ-တင်-စစ် လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည် ဖေါ်ဆောင် ပေးရန် အပါအ၀င် အချက်ပေါင်း ၁၃ ချက်ကို တောင်းဆိုခဲ့ကြသည်ဟု ဆန္ဒ ဖေါ်ထုတ်ရာတွင် ပါဝင်သူ ကျောင်းသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“  ကျွန်တော်တို့ တောင်းဆိုခဲ့တာက လူ့အခွင့်အရေးကို ရှေ့တန်းတင်သူတွေအနေနဲ့ လူ့အခွင့်အရေးကို အညီ အမျှပေးဖို့၊ ဥပဒေကို လေးစားဖို့၊ ကျွန်တော်တို့ ရခိုင်သားတွေကို သနားဖို့၊ နယ်စပ်လူဦးရေ ကန့်သတ်ပေးဖို့၊ တရားဥပဒေစိုမိုးဖို့၊ အမျိုးဘာသာ သာသနာကို ကာကွယ်ပေးတွေအပါအ၀င် ၁၃ ချက်တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။”
ဆန္ဒဖေါ်ထုတ်ပွဲကို သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာ ၀င်ရောက်ဟန့်တာခြင်းမရှိဘဲ နေ့လည် ၂နာရီ ကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။
ဆန္ဒပြပွဲကို  စစ်တွေမြို့ပေါ်ရှိ ရဟန်းသံဃာတော အပါး ၃၀၀ ကျော်ခန့်နှင့် အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ မြို့သူမြို့သား စုစုပေါင်းအင်အား ၂၀၀၀ ကျော် ပါဝင်ခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် ဘူသီးတောင်နှင့် မောင်တောဒေသတွင် ဘင်္ဂါလီလူဦးရေမှာ  စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ရှိနေသဖြင့် ဘင်္ဂါလီမိသားစုများအနေဖြင့် တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ မွေးဖွား ခွင့်ပြုရန် ဒေသန္တရအမိန့်ကို ၁၉၉၅ ခုနှစ်က စတင်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်ရမ္မာ)

“ ကျောင်းဆရာတွေ စစ်ပညာနဲ့ ကိုယ်ခံပညာ တတ်မြောက်ဖို့လိုသလား ? ”

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ခန့်အပ်မယ့် ကျောင်းဆရာတွေကို စစ်ပညာနဲ့ ကိုယ်ခံပညာတွေကို တက်မြောက်အောင် သင်တန်းပေးဖို့လိုတယ်လို့  ဒေသအတွင်းက အမည်မဖေါ်လိုသူ အရာရှိကြီး တစ်ဦးက ပြောပါတယ်။
 မြန်မာ အနောက်ဘက်နယ်စပ် ရခိုင်မှ အစိုးရစာသင်ကျောင်း တစ်ခု။
မြန်မာ အနောက်ဘက်နယ်စပ် ရခိုင်မှ အစိုးရစာသင်ကျောင်း တစ်ခု။
“ ဆရာမတွေထက် ဆရာတွေကို ဦးစားပေးခန့်သင့်တယ်။ ခန့်တဲ့ ဆရာတွေကိုလည်း စစ်ပညာနဲ့ ကိုယ်ခံ ပညာတွေကို တက်မြောက်အောင် သင်ပေးသင့်တယ်။ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ ဖြစ်တယ်။  ခန့်အပ်တဲ့ ဆရာတွေကိုလည်း ရခိုင်ပြည်နယ် တစ်ခုတည်းက မဟုတ်ဘဲ တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက ဖြစ်သင့်ပါတယ်” လို့ ပြောပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဆရာ ဆရာမတွေဟာ လုံခြုံရေးကြောင့် ကျေးလက် ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ အစိုးရ စာသင်ကျောင်းတွေကို မသွားရဲဘဲ ဖြစ်နေကြတဲ့ အတွက် ဒီပြဿနာကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲလို့ မေးကြည့်တဲ့ အခါ အဆိုပါ အရာရှိက ခုလို ပြောဆိုတာ ဖြစ်ပါတယ်။
“ အခု ဆရာ ဆရာမတွေ အများစုက လွန်ခဲ့တဲ့ နှစ် ဆူပူမူမှာ ဆရာကြီး ဦးမောင်ချမ်းသာကို သူ့တပည့်တွေ ကိုယ်တိုင်က သတ်ဖြတ်လိုက်တဲ့  နောက်ပိုင်းမှာ ဘယ်သူမှ မူဆလင်ရွာတွေကို စာပြဖို့ မသွားရဲတော့ဘူး။ ဒါကြောင့် ဒီပြဿနာကို ကျော်လွှားနိုင်မယ်ဆိုရင် ဆရာတွေကို အဲသလို စစ်ရေးနဲ့ ကိုယ်ခံ ပညာတွေကိုပါ လေ့ကျင့် သင်ကြားပေးဖို့ လိုမယ်လို့ ထင်ပါတယ်” လို့ သူက ဆိုပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ဆရာ ဆရာမတွေဟာ အခု အခါ ကျောင်းစတင် ဖွင့်ပေမယ့်  လုံခြုံရေး မရှိတဲ့အတွက် နယ်တွေကို သွားပြီး စာသွားပြဖို့ ၀န်လေးနေကြတယ်လို့ ပြောပါတယ်။
“ မောင်တောမြို့နယ်မှာ ဆိုရင် ငခူရ။ သရေကုန်ဘောင်၊ မောရ၀တီ၊ ရွှေရင်အေးတို့လို လုံခြုံရေး ရှိတဲ့ နေရာတွေလောက်ကိုဘဲ  ဆရာတွေ သွားစာပြနေကြပြီး လုံခြုံရေးမရှိတဲ့ နေရာတွေကိုတော့ သွားဖို့ မ၀ံ့မရဲ ဖြစ်နေကြပါတယ်။ တပ်ကလည်း တစ်ရွာ တစ်ယောက် ဘယ် လုံခြုံရေး ယူပေးနိုင်မလဲ။ ဒါက တကယ့် အကျပ်အတည်းကြီးပါ” လို့ ဆိုပါတယ်။
မူဆလင်ရွာများရှိ ကျောင်းများသို့ စာသွားပြလျှင် ရန်ရှာ တိုက်ခိုက်မူများ ပေါ်ပေါက်နိုင်လိမ့်မယ်လို့ ထင်ပါသလားလို့ မေးတဲ့  မေးခွန်းကိုတော့ အဲဒီ အရာရှိက ခုလို ဖြေပါတယ်။
“ ရန်ရှာ တိုက်ခိုက်မယ်။ မတိုက်ခိုက်ဘူး ဆိုတာထက် ဆရာ ဆရာမတွေက လုံးဝ ယုံကြည်မူ မဲ့သွားတယ်။ လုံးဝ ယုံကြည်မူ မရှိ ဖြစ်သွားတဲ့ အတွက် အဲဒီရွာတွေကို သွားဖို့ လုံးဝ စိတ်မချ ဖြစ်သွားတယ်။ တချို့ ဆရာ ဆရာမတွေဆိုရင် အလုပ်ကသာ ထွက်သွားမယ်။ စာတော့ သွားမပြတော့ဘူးလို့ ဆုံးဖြတ်ထားကြတဲ့ ဆရာ ဆရာမတွေလည်း အများကြီး ရှိပါတယ်” လို့ သူက  ပြောပါတယ်။
တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ဆရာတွေကို ဘာကြောင့် ရွှေးချယ် ခန့်အပ်ဖို့ လိုတယ်လို့ ထင်ပါသလဲလို့   မေးကြည့်တဲ့ အခါ “ ဒီဒေသရဲ့ အခြေအနေမှန်ကို အနယ်နယ် အရပ်ရပ်က ပြည်သူတွေ လေးစား ချစ်ခင်တဲ့ ဆရာတွေ အနေနဲ့ သိသွားစေချင်တဲ့ အတွက် ဖြစ်တယ်” လို့ ဆိုပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ဆရာ ဆရာမတွေဟာ  ဇွန်လ (၁) ရက်နေ့က စတင်ပြီး သူတို့ တာဝန် ထမ်းဆောင်နေတဲ့ မူလတန်း ကျောင်းတွေကို ဖွင့်လှစ် စာပြလိုကြပေမယ့် လုံခြုံရေး အခြေအနေကြောင့် ကျောင်းတွေကို မသွားနိုင်ဘဲ ဖြစ်နေကြတာကြောင့် သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးလည်း တွေးတော ပူပန်မူတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က  အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေ အများစုကတော့ လုံခြုံရေးတွေ ရှိတဲ့ နေရာမှာ ရှိနေတာကြောင့် ကျောင်းတွေကို ပုံမှန်ဖွင့်လှစ် သင်ကြားနေကြပြီ ဖြစ်တယ်လို့ ပြောပါတယ်။ မူဆလင်နဲ့ ရခိုင် ကျောင်းသားတွေဟာလည်း ခွဲခြားမူ မရှိဘဲ အတူ တကွ စာသင်ကြားနေကြတယ်လို့ ပြောပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

Tuesday, June 4, 2013

ပါတီနှစ်ခု ပေါင်းစည်းရေး RNDP ပါတီမှ ALD ပါတီကို ဖိတ်ခေါ်ပြီ

အနာဂတ် ရခိုင်လူမျိုးများအတွက် သံဃာတော်များအပါအဝင် ရခိုင်တိုင်းရင်းသားများ လိုလားတောင်းဆိုမှုအရ ပါတီနှစ်ခု အမြန်ဆုံးပေါင်းစည်းနိုင်ရေးအတွက် RNDP ပါတီမှ ALD ပါတီအား ရန်ကုန်မြို့ ရခိုင်သဟာယအသင်း၌ ဇွန်လ ၁၅ ရက်နေ့တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဇွန်လ ၃ ရက်နေ့က ကမ်းလှမ်းလိုက်ကြောင်း သတင်းရရှိသည်။

သို့
ဥက္ကဌ
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်
စာအမှတ်၊ ရတပ(ဗဟို)စီမံ/ ၀၀၇/၂၀၁၃
ရက်စွဲ၊ ၂၀၁၃ ခုနှစ် ဇွန်လ(၃) ရက်

အကြောင်းအရာ။ ။ နှစ်ပါတီပေါင်းရေးအတွက် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အချင်ချင်းတွေ့ဆုံ ဆွေးနွေးအဖြေရှာရေးကိစ္စ။

ရည်ညွှန်းချက်။ ။ RNDP ဗဟိုကော်မတီ၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးဆုံးဖြတ်ချက် အပုဒ်(၁၅) အပိုဒ်ခွဲ(စ)

၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်သူတစ်ရပ်လုံးနှင့် ရဟန်းသင်္ဃာတော်များကပါ တခဲနက်တောင်းဆိုလာခဲ့ကြပါသည်။ နှစ်ပါတီပူးပေါင်းရေးကိစ္စနှင့် ပတ်သက်ပြီး ပါတီနှင့်ခုမှ ကော်မတီအချင်းအချင်း အပြန်အလှန် စာဖြင့် အကြောင်းကြားခြင်း အဆင့်တွင်သာ ရပ်တည်နေခဲ့သည်မှာ (၁)နှစ်နီးပါးခန့်ရှိပြီး ဖြစ်ပါသည်။

၂။ ယခုအခါ ပါတီပူးပေါင်းရေးသည် အလွန်အရေးတကြီး လိုအပ်လာသည်ဖြစ်ပါသဖြင့် အများယုံကြည်ကိုစားခြင်းခံရသည့် တတိယအင်အားစုများ၏ ရှေ့မှောက်တွင် ကြိုတင်စည်းကမ်းချက်များ မပါရှိဘဲ မျက်နှာချင်းဆိုင်တွေ့ဆုံကာ ယုံကြည်မှု တည်ဆောက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် အခြေခံအချက်အလက်များကို ဆွေးနွေးခြင်းပြုနိုင်ပါရန် လူကြီးမင်းတို့ ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်(၅)ဦးနှင့် ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးလိုပါသည်။

၃။ သို့ဖြစ်ပါ၍ RNDP ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်(၅)ဦးစာရင်းအား လူကြီးမင်းတို့ပါတီမှ အဆိုပြုပေးပါရန် လူကြီးမင်းတို့ ပါတီမှ ရွေးချယ်ထားသည့် ထိပ်ပိုင်းခေါင်းဆောင်(၅)ဦး စာရင်းအား ပူးတွဲပြီး RNDP သို့ ပေးပို့စေလိုပါသည်။

၎။ ကျွန်တော်တို့ RNDP ပါတီမှ ဖွဲ့စည်းတာဝန်ပေးထားသည့် နှစ်ပါတီပူးပေါင်းရေး ကော်မတီသည် နှစ်ပါတီထိပ်ပိုင်း ခေါင်းဆောင်များ ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် လူကြီးမင်းတို့ပါတီမှ ဖွဲ့စည်းတာဝန်ပေးထားသည့် ကော်မတီနှင့် ပူးတွဲလျှက် ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြိုတင်ပြင်ဆင်ခြင်း အဆင့်ဆင့်အား တွေ့ဆုံညှိနှိုင်းကြရန် လိုအပ်မည်ဖြစ်ပါသည်။

၅။ RNDP ပါတီအနေဖြင့် အောက်ဖော်ပြပါ အချိန်များနှင့် နေရာတို့တွင် (၂)ပါတီ ထိပ်ပိုင်းခေါင်းဆောင်များတွေ့ဆုံ ဆွေးနွေးရန် အဆိုပြုတင်ပြအပ်ပါသည်။ ဤအစီအစဉ်အား လူကြီးမင်းတို့ပါတီမှ သဘောထားပြန်ကြားပေးပါရန်နှင့် လုပ်ငန်းကော်မတီအချင်းချင်း တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကျွန်တော်တို့ ပါတီမှ ဖွဲ့စည်းထားသော ကော်မတီများနှင့် အမြန်ဆုံး ဆက်သွယ်ပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်။


RNDP ပါတီမှ အဆိုပြုထားသော

(၂)ပါတီထိပ်ပိုင်း ခေါင်းဆောင်များတွေ့ဆုံးဆွေးနွေးပွဲ အစီအစဉ်)

ဆွေးနွေးမည့်နေ့ရက် - ၁၅-၆-၂၀၁၃ (စနေနေ့)

ဆွေးနွေးမည့်အချိန် - (နံနက် ၉ နာရီ တိတိ)

ဆွေးနွေးမည့်နေရာ - ရခိုင်သဟာယအသင်း၊ ရန်ကုန်မြို့


မှတ်ချက်။ ။ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ၏ ပါတီတာဝန်နှင့် ဖုန်းနံပါတ်များအား ဖော်ပြထားပါသည်။

(၁) ဒေါက်တာ အေးမောင် (ဥက္ကဌ) ဖုန်း- ၀၉၄၃၀၃၄၁၁၁

(၂) ဦးသာထွန်းလှ (အတွင်းရေးမှူး) ဖုန်း- ၀၉၈၅၃၂၁၁၆

(၃) ဒေါ်အေးနုစိန် (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်) ဖုန်း- ၀၉၄၂၀၀၃၁၃၅၀

(၄) ဦးဇံကျော်လှ (ဗဟိုကော်မတီဝင်) ဖုန်း- ၀၉၈၅၀၀၈၁၆

(၅) ဦးဖိုးမင်း (ဗဟိုကော်မတီဝင်) ဖုန်း- ၀၉၄၂၁၇၃၇၂၃၃

(၆) ဦး ဦးရွှေမောင် (ဗဟိုကော်မတီဝင်) ဖုန်း- ၀၉၄၅၀၅၄၂၈၅၃


(သတင်းအရင်းအမြစ်- Arakantimes ၏ Facebook စာမျက်နှာ)

ဒေသန္တရ အမိန့် ထောက်ခံကြောင်း စစ်တွေလူထု ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်


Photo: ဒေသန္တရ အမိန့် ထောက်ခံကြောင်း စစ်တွေလူထု ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော်

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပြည်နယ်အစိုးရမှ မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော လူဦးရေထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် ယနေ့ လူပေါင်း ၁၀၀၀ ကျော်ပါဝင်သော ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ကို ပြုလုပ်နေကြောင်း သိရသည်။ 

အဆိုပါဆန္ဒဖော်ထုတ်ပွဲအား  စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များမှ ဦးဆောင်သွားကြောင်း သိရသည်။  
ဆန္ဒဖော်ထုတ်သူများမှာ ဆိုင်းဘုတ်ကိုယ်စီ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက်ဆန္ဒပြနေကြောင်း သိရသည်။

“ (လူ့အခွင့်အရေး)၂  (အညီအမျှပေး)၂
(လူ့အခွင့်အရေး)၂  (ဥပဒေကိုလေးစားပါ)၂
လူမျိုးရေးအတွက်နယ်ချဲ့သူ (ဒို့ရန်သူ)၂
နယ်ချဲ့အကျိုးလိုလားသူ (ဒို့ရန်သူ)၂  ” စသည့် အချက် (၁၀) ကျော်ပါဝင်သော ကြွေးကြော်သံများကို ကြွေးကြော်နေကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြသူများမှာ ယခု ၀င်္ကမ္ဘာကွင်း အနီးသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပြည်နယ်အစိုးရမှ မောင်တောခရိုင်တွင် ထုတ်ပြန်ထားသော လူဦးရေထိန်းချုပ်သည့် ဒေသန္တရ အမိန့်အား ထောက်ခံသောအားဖြင့် ယနေ့ လူပေါင်း ၁၀၀၀ ကျော်ပါဝင်သော ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ကို ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲအား စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောင့်ရေး ရဟန်းတော်များမှ ဦးဆောင်သွားကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများမှာ ဆိုင်းဘုတ်ကိုယ်စီ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက်ဆန္ဒပြနေကြောင်း သိရသည်။

“ (လူ့အခွင့်အရေး)၂ (အညီအမျှပေး)၂
(လူ့အခွင့်အရေး)၂ (ဥပဒေကိုလေးစားပါ)၂
လူမျိုးရေးအတွက်နယ်ချဲ့သူ (ဒို့ရန်သူ)၂
နယ်ချဲ့အကျိုးလိုလားသူ (ဒို့ရန်သူ)၂ ” စသည့် အချက် (၁၀) ကျော်ပါဝင်သော ကြွေးကြော်သံများကို ကြွေးကြော်နေကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြသူများမှာ ယခု ၀င်္ကမ္ဘာကွင်း အနီးသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
(သတင်းအရင်းအမြစ်- Arakantimes ၏ Facebook စာမျက်နှာ)


မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁၀ဦး ရုံးချိန်ထပ်မံရွေ့ပြောင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို ကျောက်ဖြူမြို့နယ် တရားရုံးမှ ယနေ့ ရုံးချိန်းခေါ်သော်လည်း တရားခံဖက်မှ လူမစုံသဖြင့် ရက်ပြောင်းရွေ့လိုက်သည်ဟု သိရသည်။
Protest-Against-the-Shwe-Gas-Project-&-CNPC-in---Maday
ယနေ့ ဇွန်လ ၃ ရက်နေ့တွင် တရားရုံးချိန်း ရှိခဲ့သော်လည်း တရားခံ မစုံလင်သဖြင့် တစုံတရာ စစ်ဆေးခြင်း မရှိဘဲ ဇွန်လ ၁၃ ရက်နေ့တွင် ပြန်လည်စစ်ဆေးရန် ရက်ရွှေ့လိုက်သည်ဟု ဆန္ဒပြခေါင်းဆောင်တဦး ဖြစ်သူ ကိုထွန်းကြည်က နိရဉ္စရာသို့ ပြောသည်။
“ ဟုတ်ပါတယ်။ ကျွန်တော်အပါအ၀င် တရားစွဲထားတဲ့ဟာမှာ ကျွန်တော်က ရန်ကုန်ကို ရောက်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရှေ့နေကို ကျွန်တော့်အတွက် ခွင့်တိုင်ပေးပါလို့ ပြောလိုက်ပါတယ်။ ရှေ့နေက ခွင့် တိုင်ထားတဲ့အတွက်ကြောင့် ၁၀ ဦးမှာ ၁၀ ယောက်စလုံးမပါလို့ သက်သေတွေကို စစ်ဖို့ဥစ္စာ အစစ်မဖြစ် လိုက်ပါ။ ဒါကြောင့် နောက်ထပ် ၁၃ ရက်နေ့ကို ပြန်ချိန်းလိုက်ပါတယ်။”
ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းတွင် တရုတ်ကုမ္ပဏီ CNPC အား ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သည်ဟု ဆိုကာ မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ မေလ ၆ ရက်နေ့က တရားလိုလုပ်ကာ တရားစွဲဆိုခြင်း ဖြစ်သည်။
ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို တရားစွဲဆိုခြင်းကို မဒေးကျွန်းပေါ်ရှိ ရွာသား ၆၀၀ ခန့်က မေလ ၆ ရက်နေ့က ကျောက်ဖြူမြို့ နယ် တရားရုံးထိ ချီတက်ကာ သူတို့အား လွှတ်ပေးရန် တောင်းဆိုခဲ့ကြရာ တရားစွဲဆိုခံရသူ ရွာ သား (၁၀) ဦးအား ခံဝန်လက်မှတ် အမြန်ရေးထိုးခိုင်းကာ လွှတ်ပေးလိုက်သည်။
တရားစွဲခံရသူများမှာ မဒေးကျွန်းပေါ်ရှိ  ကျောက်တန်းရွာမှ ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာမှ ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ဦးထွန်းကြည်တို့ ဖြစ်ကြသည်။
၎င်းတို့  ၁၀ ဦးမှာ ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းမှ  ရွာသား ၈၀၀ ခန့်သည် ဥယာဉ်ခြံမြေတွေကို နိုင်ငံတကာ စံနုန်းအတိုင်း ပေးလျော်ရန်၊ ရွာဆက် လမ်းများကို ကောင်းမွန်စွာ ပြုလုပ်ပေးရန်၊ ကျွန်းပေါ်က အလုပ်သမားကဒ်ရှိသူများကို အလုပ်အကိုင် ခန့်အပ်ပေးရန်နှင့် နိုင်ငံတကာ လစာအတိုင်း ပေးရန်၊  မဒေးကျွန်းတွင်ရှိသော လူနေအိမ်များနှင့် အဆောက်အဦးများတွင် လျှပ်စစ်မီး ရရှိရန်၊ ကျွန်းပေါ်တွင် ရာဇ၀တ်မူများ မပေါ်ပေါက်ရေးအတွက် ပြင်ပက အလုပ်လာလုပ်သည့်သူများကို သေချာစွာစိစစ်ရန်၊ ကျွန်းပတ်လည်တွင် လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရန်၊ ကျွန်းပေါ်တွင်ရှိသော မြေများကို ရွာသူ ရွာသားများအား အသိမပေးဘဲ သိမ်းယူနေသည်ကို ရှောင်ရှားရန်၊ ပျက်စီးသွားသော ကျွန်းပေါ်ရှိ တာတမံကြီးများကိုပြန်လည် တည်ဆောက်ပေးရန်နှင့် စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရသော ဒေသခံများကို လျော်ကြေးများ ထုတ်ပေးရန်အတွက် တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ ချီတက်တောင်းဆို ဆန္ဒပြခဲ့ကြသဖြင့် တရားစွဲခံရသူများဖြစ်သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်ရမ္မာ)

ထီးမဆောင်း၊ အဖြူရောင် အင်္ကျီဝတ်ဆင်ပြီး ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း စစ်တွေတွင် ဆန္ဒဖော်ထုတ်မည်

စစ်တွေမြို့တွင် ရခိုင်ပြည်နယ် အစိုးရမှ ထုတ်ပြန်သော ဒေသန္တာရ အမိန့်ကို ထောက်ခံသော အားဖြင့် မနက်ဖြန်တွင် လူထု ဆန္ဒ ဖေါ်ထုတ်ပွဲ တစ်ခု ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
296149_240896472701728_577792690_n
ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး လက်ကမ်း ကျေညာချက်များအား စစ်တွေမြို့တွင် ယနေ့ ဖြန့်ဝေရာ အဆိုပါ ကျေညာချက်ထဲတွင် ဆန္ဒဖေါ်ထုတ်သူများ အနေဖြင့် ထီးမဆောင်းရ၊ အဖြူရောင် အကျီင်္များ ၀တ်ဆင်လာရမည်ဟု ဖေါ်ပြထားသည်။
ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး ယနေ့ နေ့လည်ပိုင်းက  စစ်တွေမြို့ မြို့မ ဘုန်းတော်ကြီး ကျောင်းတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ရာ အဖွဲ့အစည်းပေါင်း (၂၀) ကျော် တက်ရောက် ခဲ့သည်ဟု သိရသည်။ တက်ရောက်ခဲ့သူများမှာ ရဟန်းတော်များ၊ နိုင်ငံရေးပါတီတချို့နှင့် လူမှု ကွန်ယက်အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။
အစည်းအဝေး လုပ်ရခြင်းမှာ ရခိုင်ပြည်နယ် အစိုးရမှ ထုတ်ပြန်သော ဒေသန္တာရ အမိန့်ကို ထောက်ခံကြောင်း ဆန္ဒဖေါ်ထုတ်လို၍ ဖြစ်ကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သူ စစ်တွေမြို့ စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီထောက်ပံ့ရေး ရဟန်းတော်များ ကွန်ယက်မှ ဆရာတော် ဦးဝဏ္ဏသာမိမှ မိန့်ကြားသည်။
“ အဓိက ဦးဇင်းတို့စီစဉ်ရတာက အာဏာပိုင်တွေ ဘူးသီးတောင် မောင်တောမှာ ထုတ်ပြန်ထားတဲ့ ဘင်္ဂလီတွေ တစ်လင်တစ်မယားစနစ်နဲ့ ကလေး ၂ ယောက် ယူဖို့ ထုတ်ပြန်ထားတဲ့ ဒေသန္တရ အမိန့်ကို ထောက်ခံဖို့အတွက် ဖြစ်တယ်။”
ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ၃ ခုကို တောင်းဆိုရန် ချမှတ်ခဲ့ကြကြောင်း ဆရာတော် ဦးဝဏ္ဏသာမိက ဆက်ပြောသည်။
“ ဘူးသီးတောင်မောင်တောရှိ ဘင်္ဂလီများ တစ်လင်တစ်မယားစနစ်ဖြင့် ကလေး ၂ ယောက်ယူရန် ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်ကို ထောက်ခံတယ်။ ရခိုင်ပြည်နယ်တခုလုံးရှိ ဘင်္ဂလီတွေကိုလည်း ကလေး ၂ ယောက်ယူရန် အမိန့် ထုတ်ပြန်ဖို့ တောင်းဆိုမယ်။ နောက်ပြီး ဆွဲတင်စစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တောင်းဆိုဖို့ ဆုံး ဖြတ်ခဲ့ကြတယ်” ဟု ဆိုသည်။
ဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၄ ရက် နေ့လည် (၁)  နာရီတွင် စစ်တွေမြို့လယ်ရှိ ၀င်္ကာဘာကွင်းတွင်  စတင် ပြုလုပ် မည်ဖြစ်သည်ဟု ဆိုသည်။
နောက်ဆုံး ရရှိသည့် သတင်းအရ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် အာဏာပိုင်များမှ ရဟန်းတော်များကို အဆိုပါ ဆန္ဒ ဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး ခေါ်ယူတွေ့ဆုံနေကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန၊ ရေးသားသူ- မောင်အေး)