Thursday, July 11, 2013

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သပြုချိုင်တောင်ပေါ်ရွာနေ ၀င်းမြင့် အသတ်ခံရခြင်းသတင်းနှင့်ပတ်သက်၍ သတင်းမှန်အား ပြည်သူများ သိရှိစေရေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သပြုချိုင်တောင်ပေါ်ရွာနေ ၀င်းမြင့် အသတ်ခံရခြင်းသတင်းနှင့်ပတ်သက်၍ သတင်းမှန်အား ပြည်သူများ သိရှိစေရေး

(အစိုးရ ထုတ်ပြန်ချက်)

၁။ သံတွဲမြို့နယ်၊ သပြုချိုင်ကျေးရွာသားတစ်ယောက် အသတ်ခံရခြင်း´နှင့် ပတ်သက်ပြီး စိစစ်ခဲ့ရာ အောက်ပါအတိုင်းသိရှိရပါသည်-

(က) ၁၀-၇-၂၀၁၃ ရက်နေ့ ၀၆၀၀ နာရီတွင် သံတွဲမြို့နယ်၊ သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဒေါ်ခင်ခင်ညို (၅၂)နှစ် (ဘ)ဦးငညို၊ ၁၁/သတန(နိုင်)၀၈၀၇၉၂ ရခိုင်/ဗဒ္ဓ¨ဘာသာ၊လယ်လုပ်၊ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော်အုပ်စု၊ သံတွဲမြို့နယ်နေသူမှ သပြုချိုင်တောင်ပေါ်ကျေးရွာတောင်ဘက် ကွင်းမကြီး လယ်ပြင်ရှိ တူတော်စပ်သူ ၀င်းမြင့်(ခ)ညီလေး (၃၈)နှစ် (ဘ)ဦးစံဖေ၊ ရခိုင်/ဗုဒ္ဓ¨ဘာသာ၊ လယ်လုပ်၊ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော် ကျေးရွာအုပ်စု၊ သံတွဲမြို့နယ်နေသူ၏လယ်တဲသို့ မျိုးစပါးအထုပ် ပို့ရန်ရောက်ရှိခဲ့ ကြောင်း။

(ခ) ၄င်းတဲအတွင်းကွပ်ပျစ်ပေါ်တွင် ၀င်းမြင့်မှာ လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက် ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ၀င်းမြင့်အားသတ်သွားသူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဒေါ်ခင်ခင်ညိုမှ ၁၀-၇-၂၀၁၃ ရက်နေ့ ၁၉၄၅ အချိန် ရွှေလှေ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း။

(ဂ) ရွှေလှေရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်မောင်လွင်မှ(ပ)၂၀/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၀၂ အရအမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိပြီး တရားခံအား ဖမ်းဆီးနိုင်ရေးအတွက်သံတွဲ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှစုံစမ်းစစ်ဖော်ထုတ်လျက်ရှိကြောင်း။

၂။ သို့ဖြစ်ပါ၍ သတင်းမှန်အားပြည်သူအများသိရှိနိုင်ရေး ထုတ်ပြန်အပ်ပါ သည်။

(ရခိုင်ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့)
(ဤသတင်းအား Rakhine Citizens Journalists မှ ကူးယူဖော်ပြပါသည်)

No comments: