ရခိုင်ပြည်နယ်
ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း သူခိုးသောင်းကျန်နေရာ
ယမန်နေ့ကလည်း လက်ထောက် ဆရာဝန်ပိုင် ငွေများအခိုးခံခဲ့ရသည်ဟု သတင်းရရှိသည်။
ဇန်န၀ါရီလ ၁၉ ရက်နေ့ ည ၉ နာရီခန့်က ပေါက်တောမြို့နယ် ဆေးရုံလက်ထောက် ဆရာဝန် ဒေါက်တာ မြတ်မြတ်ခိုင်သည် သူမနေထိုင်ရာ အခန်းသို့ ပြန်လည်ရောက်ရှိစဉ် အခန်းထဲတွင် လက်ရာခြေရာများ ပျက်နေသည်ကို တွေ့ရှိရသဖြင့် ငွေနှင့် ဆရာဝန်သုံး နားကျပ်ထည့်ထားသည့် အိတ်ကို စစ်ဆေးကြည့်ရာ ငွေတစ်သိန်းလေးသောင်း ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေါက်တာ မြတ်မြတ်ခိုင်က ပြောသည်။
ဒေါက်တာ မြတ်မြတ်ခိုင်နှင့် အခြားတစ်ဖက်တွင် နေထိုင်သည့် မြို့နယ်လက်ထောက် ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာဦးမြတ်ကို၏ အခန်းတွင်မူ ပျောက်ဆုံးမှုများမရှိသော်လည်း ၀င်ရောက်မွှေနှောက်သွားသည့် လက်ရာ ခြေရာများကို တွေ့ရသည်ဟု ဆိုသည်။
လွန်ခဲ့သော ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ်ဆေးရုံ အပြာဝတ် သူနာပြု ဆရာမကြီး တစ်ဦး၏အခန်း ဖောက်ထွင်း မွေနှောက်ခံရကြောင်း ဆေးရုံဝန်ထမ်း တစ်ဦးမှ နိရဉ္စရာကိုပြောသည်။
ဇန်န၀ါရီလ ၄ ရက် နေ့ညတွင်လည်း ပေါက်တောဆေးရုံ မှ သူနာပြု ဆရာမတစ်ဦးသည် သမီးဖြစ်သူနှင့်အတူ ပေါက်တော အထကစုံညီပွဲကို တက်ရောက်နေစဉ် နေအိမ်လိုင်းခန်း တစ်ခုလုံး မွှေနှောက်ခံရပြီး ငွေနှင့် အ၀တ်အစားများ အခိုးခံခဲ့ရသည်ဟု သိရသည်။
ပေါက်တောမြို့ ယခု ဆေးရုံဝန်ထမ်းများနေထိုင်ရာ လိုင်းခန်းတွဲများတွင် ရှိသော မျက်နှာကြက်များမှာ တစ်ခန်းမှ တစ်ခန်းသို့ အလွယ်တကူ တက်ရောက်ပြီး ကူးသွားနိုင်သည့်အနေအထားတွင် ရှိကြောင်း ဆေးရုံ ၀န်ထမ်းများက ပြောသည်။
ဝင်ရောက်ဖေါက်ထွင်း အခိုးခံရသည့် အဆောင်များမှာ လိုင်းခန်း နှစ်ခန်းတွဲ ဆေးရုံ ၀န်ထမ်းအိမ်ရာများ ဖြစ်ကြပြီး ခိုင်လုံသော ခြံစည်းရိုးများ ကားရံထားခြင်းမရှိကြောင်း၊ ယင်းပြင် ဆေးရုံတွင်လည်း ခိုင်ခန့်သော ခြံစည်းရိုးများ ကာရံထားခြင်း မရှိသဖြင့် ဆရာဝန်များ၊ ဆေးရုံဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက် ကုသနေသည့် လူနာများ အတွက် လုံခြုံရေး ကင်းမဲ့နေကြောင်း၊ သို့အတွက် ခိုင်ခန့်သော ခြံစည်းရိုးများကို အမြန်ဆုံး ကာရံရန်လိုအပ်နေကြော်း ဒေါက်တာမြတ်မြတ်ခိုင်မှ ပြောဆိုသည်။
မပေါက်တောမြို့နယ်ရဲတပ်ဖွဲ့ မှ ဒေါက်တာမြတ်မြတ်ခိုင် အခန်း အခိုးခံရသည်နှင့် ချက်ချင်း လာရောက်စစ်ဆေးခဲ့သော်လည်း ယနေ့ အချိန်ထိ တရားခံများကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
ဇန်န၀ါရီလ ၁၉ ရက်နေ့ ည ၉ နာရီခန့်က ပေါက်တောမြို့နယ် ဆေးရုံလက်ထောက် ဆရာဝန် ဒေါက်တာ မြတ်မြတ်ခိုင်သည် သူမနေထိုင်ရာ အခန်းသို့ ပြန်လည်ရောက်ရှိစဉ် အခန်းထဲတွင် လက်ရာခြေရာများ ပျက်နေသည်ကို တွေ့ရှိရသဖြင့် ငွေနှင့် ဆရာဝန်သုံး နားကျပ်ထည့်ထားသည့် အိတ်ကို စစ်ဆေးကြည့်ရာ ငွေတစ်သိန်းလေးသောင်း ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေါက်တာ မြတ်မြတ်ခိုင်က ပြောသည်။
ဒေါက်တာ မြတ်မြတ်ခိုင်နှင့် အခြားတစ်ဖက်တွင် နေထိုင်သည့် မြို့နယ်လက်ထောက် ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာဦးမြတ်ကို၏ အခန်းတွင်မူ ပျောက်ဆုံးမှုများမရှိသော်လည်
လွန်ခဲ့သော ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ်ဆေးရုံ အပြာဝတ် သူနာပြု ဆရာမကြီး တစ်ဦး၏အခန်း ဖောက်ထွင်း မွေနှောက်ခံရကြောင်း ဆေးရုံဝန်ထမ်း တစ်ဦးမှ နိရဉ္စရာကိုပြောသည်။
ဇန်န၀ါရီလ ၄ ရက် နေ့ညတွင်လည်း ပေါက်တောဆေးရုံ မှ သူနာပြု ဆရာမတစ်ဦးသည် သမီးဖြစ်သူနှင့်အတူ ပေါက်တော အထကစုံညီပွဲကို တက်ရောက်နေစဉ် နေအိမ်လိုင်းခန်း တစ်ခုလုံး မွှေနှောက်ခံရပြီး ငွေနှင့် အ၀တ်အစားများ အခိုးခံခဲ့ရသည်ဟု သိရသည်။
ပေါက်တောမြို့ ယခု ဆေးရုံဝန်ထမ်းများနေထိုင်ရာ လိုင်းခန်းတွဲများတွင် ရှိသော မျက်နှာကြက်များမှာ တစ်ခန်းမှ တစ်ခန်းသို့ အလွယ်တကူ တက်ရောက်ပြီး ကူးသွားနိုင်သည့်အနေအထားတွင်
ဝင်ရောက်ဖေါက်ထွင်း အခိုးခံရသည့် အဆောင်များမှာ လိုင်းခန်း နှစ်ခန်းတွဲ ဆေးရုံ ၀န်ထမ်းအိမ်ရာများ ဖြစ်ကြပြီး ခိုင်လုံသော ခြံစည်းရိုးများ ကားရံထားခြင်းမရှိကြောင်း၊ ယင်းပြင် ဆေးရုံတွင်လည်း ခိုင်ခန့်သော ခြံစည်းရိုးများ ကာရံထားခြင်း မရှိသဖြင့် ဆရာဝန်များ၊ ဆေးရုံဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက် ကုသနေသည့် လူနာများ အတွက် လုံခြုံရေး ကင်းမဲ့နေကြောင်း၊ သို့အတွက် ခိုင်ခန့်သော ခြံစည်းရိုးများကို အမြန်ဆုံး ကာရံရန်လိုအပ်နေကြော်း ဒေါက်တာမြတ်မြတ်ခိုင်မှ ပြောဆိုသည်။
မပေါက်တောမြို့နယ်ရဲတပ်ဖွဲ
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment